Voice Of Myanmar ဒီကနေ့ဟာ လွန်ခဲ့တဲ့ ၅နှစ်က ရွေးကောက်ပွဲအပြီး အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ခေါ်ယူခဲ့တဲ့ ပထမဆုံးနေ့ဖြစ်ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တာတွေကို ဖြေရှင်းမပေးတာကို အကြောင်းပြုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းပြည်ရဲ့ အာဏာအလုံးစုံကို ထိမ်းသိမ်းလိုက်တဲ့ ၅နှစ်ပြည့်ဖြစ်တာ အားလုံးအသိဖြစ်ပါတယ်။ ဒီ ၅နှစ်အတော်အတွင်းမှာ လူထုဆန္ဒပြပွဲတွေကတဆင့် မျိုးဆက်သစ်လူငယ်တွရဲ့ လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့နည်းလမ်းတွေပေါ်ပေါက်လာပြီး နေရာဒေသအတော်များများမှာ PDF ဆိုတဲ့လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ပုန်ကန်တာ နယ်မြေသိမ်းတာတွေခံရပြီးနောက် အပြန်အလှန်တိုက်ပွဲတွေကြောင့် သန်းဆယ်ချီတဲ့ပြည်သူတွေ ဒုက္ခပင်လယ်ဝေရသလို အိုးမဲ့အိမ်မဲ့နဲ့ စစ်ဘေးရှောင် ဖြစ်နေရပြီး ဘဝတွေ အသက်တွေ စတေးခံနေရပါတယ်။ ၁၉၄၈ လွတ်လပ်ရေးယူပြီးကတည်းက လွတ်လပ်ရေးရဲ့ဖွားဖက်တော်လို့ ဆိုရတဲ့ ပြည်တွင်းစစ်နဲ့ယဉ်ပါးခဲ့တဲ့ မြန်မာပြည်သူတွေဟာ လက်ရှိအခြေအနေမှာ အရင်ထက်ပိုပြီးဆိုးရွားတဲ့ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာ အားလုံးမျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရပ်သားအစိုးရတရပ်ကို…
Read MoreDay: February 1, 2026
တောင်ငူမှာ အိမ်မီးလောင်ပြီး အငြိမ်းစားရဲမေသေဆုံးကာ သမီးနဲ့မြေးဖြစ်သူလည်း ဒဏ်ရာရ
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ တောင်ငူမြို့ ၊ ၁၉ရပ်ကွက် ၊ မြင်းဖြူအင်းလမ်းရှိ နေအိမ်မှာ မီးလောင်မှု ဖြစ်ပွားပြီး အမျိုးသမီးတယောက် သေဆုံးကာ နောက်ထပ် နှစ်ယောက်လည်း. မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစော ၃ နာရီလောက်မှာ နေအိမ်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် အသက် ၆၀ ကျော် အငြိမ်းစားရဲမေဖြစ်သူ ဒေါ်တင်တင်အေး သေဆုံးခဲ့ရပြီး မိသားစုဝင်ဖြစ်တဲ့ သမီးနဲ့ မြေးဖြစ်သူ တို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။ ” မီးလောင် ထိခိုက်ဒဏ်ရာရတာက သမီးနဲ့ မြေးဖြစ်သူပါ ။သမီးက အသက် ၃၀ ကျော် အရွယ် ၊ မြေးက ယောင်္ကျာလေး အသက်…
Read Moreပဲခူးမှာ မြေသယ်ကားက မီးပွိုင့်မိလို့ရပ်ထားတဲ့ ဆိုင်ကယ်တွေကို ဝင်တိုက်လို့ နှစ်ယောက်သေ ၊သားအဖနှစ်ယောက် ဒဏ်ရာရ
ဇန်နဝါရီ ၃၁ ၊ ၂၀၂၆ GG (VOM) ပဲခူးမြို့၊ ဥဿာမြို့သစ်(၆)ရပ်ကွက်၊ ပြင်စည်မီးပွိုင့်မှာ ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက်၉နာရီကျော်က ရပ်ထားတဲ့ဆိုင်ကယ်တွေကို မြေသယ် ဖောကားက ဝင်တိုက်မိရာကနေ နှစ်ယောက်သေဆုံးကာ သားအဖနှစ်ယောက်လည်းထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ် ။ ” ကားက ဘရိတ်ပေါက်ပြီး ဝင်တိုက်တာလို့သိရတယ်။ ကားက ရှစ်ပေါက်ကား မြေသယ်ကားပါ။မီးပွိုင့်နီနေချိန် ရပ်ထားတဲ့ ဆိုင်ကယ်တွေကို ဝင်တိုက်တာ ။ တယောက်က နေရာမှာ ဆုံးတယ် ။ နောက်တယောက်က ကားနဲ့ ဆေးရုံပို့ချိန် သေသွားတယ်။ နောက်ထပ် ဒဏ်ရာရတာက သားအဖနှစ်ယောက်ပါ ။ မနက်က စစ်ဆေးတာတော့ စိုးရိမ်စရာမရှိဘူးတော့ သိရတယ်။ ဒဏ်ရာရတဲ့အထဲမှာ တယောက်က ကျောင်းသူလေးပါ။ ကားအောက်ကနေဆွဲ ထုတ်ရတယ်။ ” လို့ ဖြစ်စဥ်သိတဲ့ ဒေသခံက ပြောပါတယ်။…
Read Moreသူတို့အိမ် အခန်း – ၄၅
ဆူးငှက် UBAA မှသည် ဗထူးကွင်း သို့ ————————————- မန်္တလေးကို ၁၈၈၅ ခု နိုဝင်ဘာလတွင် အင်္ဂလိပ်က သိမ်းယူပြီးနောက် ၁၈၈၅ ခုဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကော်မရှင်နာမင်းကြီး မရူတာအားနဒ်က မြို့ပြအုပ်ချုပ်ရေးလက်သို့ လွှဲပြောင်းယူပြီး ဒဗြူတီကော်မရှင်နာ လက်အောက်တွင် ထားလိုက်သည်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် အထက်မြန်မာပြည်သည် ဗြိတိသျှပိုင် နိုင်ငံ တစ်စိတ်တစ်ဒေသ ဖြစ်သည်ဟု ဘုရင်ခံချုပ်က ကြေညာသည်။ ၁၈၈၇ ခုနှစ်တွင် မန်္တလေးမြူနီစီပယ်ကို ဖွဲ့ကာ မြို့ပြကိစ်္စများ ဆောင်ရွက်သည်။ ထိုစဉ် ထိုကာလ ၁၈၉၀ ဝန်းကျင်တွင် မန်္တလေးနန်းမြို့ကြီး၏ တောင်ခြမ်း ကျွန်းလုံးယူ တံခါးနှင့် ကျော်မိုးတံခါးကြား ပြအိုးမှ တောင်ဘက် ၃ ပြအလွန်ရှိ ပတ်ကုန်းဝန်းကျင် ရပ်ကွက်ကြီးအတွင်း တစ်ပြပတ်လည် ကွက်လပ်ကြီးနေရာကို သွပ်များကာရံပြီး ခြံခတ်လိုက်သည်။…
Read More