မှော်ဘီဗိုလ်သင်တန်းကျောင်း အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ၊ နစကလုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုရှိ

  ဇွန် ၂၁ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း မနေ့ ဇွန် ၂၀ ရက်၊ ည ၇ နာရီဝန်းကျင်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး နစက လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ညက အသံအကျယ်ကြီး နှစ်ချက် ကြားလိုက်ရတယ်။ နစကဘက်ကလူတွေ တော်တော်များများ ထိကုန်တယ်လို့လည်း ပြောကြတယ်။ လူနာတင်ကားတွေလည်း သွားတာတွေ့တယ်။ ရန်ကုန်ဘက်ကလာတဲ့ ကားတွေကိုလည်း မှော်ဘီ တိုးဂိတ်အကျော်မှာ တားပြီး စစ်ဆေးနေတာတွေလည်း လုပ်ကြတယ်။ ဒီမနက်ကတော့ အေးအေးဆေးဆေးပါပဲ။ စစ်သင်တန်းကျောင်းမှာရော၊ အဲဒီနားတဝိုက်မှာရော ထူးခြားတာမျိုး မတွေ့ခဲ့ရဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။ အဲဒီ ဖောက်ခွဲတိုက်ခိုက်မှုကို Operation Flame (OF)…

Read More

ရုရှားကို တိုက်ဖို့ ယူကရိန်းကိုလက်နက်တွေ ထောက်ပံ့ရင် အမှားကြီးမှားလိမ့်မယ်လို့ တောင်ကိုရီးယားကို ပူတင်သတိပေး

  မော်စကို ၊ ဇွန်-၂၁-၂၀၂၄ မျိုးဆက်(VOM) ရုရှားကိုပြန်တိုက်ဖို့ ယူကရိန်းကို လက်နက်တွေပေးမယ်ဆိုရင် အမှားကြီးမှားလိမ့်မယ်လို့ တောင်ကိုရီးယားကို ရုရှားသမ္မတပူတင်က သတိပေးပြောဆိုလိုက်ပါတယ်။ ရုရှားနဲ့မြောက်ကိုရီးယားတို့ရဲ့ စစ်ဘက်ဆိုင်အရာ အပြန်အလှန်ကူညီပေးမှုတွေပါဝင်တဲ့ သဘောတူညီချက်ထွက်ပေါ်ပြီးနောက် ဒီအပေါ်တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတနိုင်ငံကို ရန်စမှုတွေကြုံရင် အလားတူကူညီပေးဖို့ ဖြစ်နိုင်ခြေကို တောင်ကိုရီးယားက စဉ်းစားနေတယ်လို့ တောင်ကိုရီးယားက ပြောဆိုပြီးနောက်မှာ ပူတင်က အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် တောင်ကိုရီးယားက ရှုတ်ချခဲ့ပြီး တောင်ကိုရီးယားအနေနဲ့ယူကရိန်းကို လက်နက်ထောက်ပံ့ရေး ပြန်လည်စဉ်းစားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “ တောင်ကိုရီးယားက ယူကရိန်းကို လက်နက်တွေထောက်ပံ့ဖို့ ဆုံးဖြတ်မယ်ဆိုရင် လက်ရှိတောင်ကိုရီးယားအစိုးရ ကျေနပ်လက်ခံနိုင်ဖွယ်မရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှာပါ” လို့ ပူတင်က သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေက ယူကရိန်းကို လက်နက်တွေ ဆက်လက်ထောက်ပံ့နေမယ်ဆိုရင် ရုရှားကလည်း မြောက်ကိုရီးယားကို လက်နက်တွေပေးဖို့ ဆန္ဒရှိတယ်လို့ ပူတင်က…

Read More

ကမ္ဘာ့ရွှေ့ပြောင်းဒုက္ခသည် အရေအတွက် ၁၂ နှစ်ဆက်တိုက် မြင့်တက်လာပြီး သန်း ၁၂၀ ကျော်ထိရှိလာ

  ကုလသမဂ္ဂ၊ ဇွန်-၂၁-၂၀၂၄ မျိုးဆက်(VOM) ကမ္ဘာပေါ်မှာ ရွှေ့ပြောင်းဒုက္ခသည်အရေအတွက် ဆက်တိုက်တိုးမြှင့်လာတာဟာ လွန်စွာစိုးရိမ်ဖွယ်ဖြစ်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ အကြီးအကဲက သတိပေးပြောဆိုလိုက်ပါတယ်။ ကမ္ဘာတဝန်းရှိ ရွှေ့ပြောင်းဒုက္ခသည်အရေအတွက်ဟာ ၁၂ ဆက်တိုက်တိုးလာနေပြီး ၂၀၂၄ ခုနှစ် ဧပြီလကုန်ထိ သန်း ၁၂၀ ကျော်လွန်ခဲ့ကြောင်း ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီက ပြောပါတယ်။ အဆိုပါအရေအတွက်ဟာ ဂျပန်နိုင်ငံရဲ့ လူဦးရေအချိုးအစားနဲ့လည်း ညီမျှနေပါတယ်။ အခုလို ဒုက္ခသည်အရေအတွက်တိုးလာခြင်းဟာ ကမ္ဘာနိုင်ငံတွေမှာ ပဋိပက္ခဖြစ်စဉ်တွေ တိုးပွားလာမှုကြောင့်လို့ သူက ထောက်ပြပြောဆိုပါတယ်။ အာဖဂန်၊ ဆီးရီးယားလို ပဋိပက္ခဖြစ်ပွားခဲ့ရာ နေရာတွေမှာလည်း လအနည်းငယ်ကြာတိုင်း ပဋိပက္ခသစ်များဖြစ်ပေါ်နေတယ်လို့ သူကဆိုပါတယ်။ ပဋိပက္ခများကို ဖြေရှင်းရေးအတွက် ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ကြဖို့ ပိုမိုအရေးကြီးပြီး ကွဲပြားခြားနားတဲ့ ပဋိပက္ခများကို ကိုင်တွယ်ရန်မှာလည်း လွန်စွာခက်ခဲ့ကြောင်း ဖိလစ်ပိုဂရန်ဒီက ပြောပါတယ်။ အထူးသဖြင့် ယူကရိန်းနဲ့ ဂါဇာမှာ ဖြစ်ပွားနေတဲ့ မကြာသေးမီက…

Read More

ဆော်ဒီမှာ ဟာ့ဂျ်ဘုရားဖူးရင်း အပူချိန်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ထိရှိလာ

  ရီယတ်၊ ဇွန်-၂၁-၂၀၂၄ မျိုးဆက်(VOM) ယခုနှစ်အတွင် ဆော်ဒီအာရေဗျသို့ သွားရောက်ပြီး ဟာ့ဂျ်ဘုရားဖူးရင်း အပူဒဏ်ကြောင့် သေဆုံးသူအရေးအတွက် ၁၀၀၀ ကျော်သွားပြီဖြစ်ကြောင်း သေဆုံးသူတွေထဲက ထက်ဝက်ဟာ ဘုရားဖူးတွေအဖြစ် မှတ်ပုံတင်မထားကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။ နိုင်ငံပေါင်း ၁၀ နိုင်ငံဝန်းကျင်မှလာရောက်ကြသော ဘုရားဖူးခရီးစဉ်အတွင်း သေဆုံးသူ ၁၀၈၁ ဦးရှိပြီး ဟာ့ဂျ်ဘုရားဖူးခြင်းဟာ မွတ်ဆလင်များတကြိမ်အနည်းဆုံး ဖြည့်ကျင့်ရတဲ့ အစ္စလာမ် ထုံးတမ်းစဉ်လာများထဲမှ တခုဖြစ်ပါတယ်။ ယခုနှစ်အတွင်း ဆော်ဒီအာရေဗျမှာ ဟာ့ဂျ်ဘုရားဖူးရာသီအတွင်း စံချိန်တင်ပူပြင်းမှုနဲ့ ကြုံတွေ့နေရပြီး မက္ကာမြို့မှာ အပူချိန်ဟာ ၅၁ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်နေပါတယ်။ ပြီးခဲ့တဲ့လမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာတော့ အဲဒီဒေသမှာ အပူချိန်ဟာ ဆယ်စုနှစ်တခုကို သုည ဒသမ ၄ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာနေတယ်လို့ ဆိုပါတယ် နှစ်စဉ်နှစ်တိုင်း သိန်းနဲ့ချီတဲ့ ဘုရားဖူးတွေဟာ စျေးနှုန်းမြင့်တဲ့ တရားဝင်လမ်းကြောင်းမျိုးကမဟုတ်ဘဲ…

Read More

တောင်ကိုရီးယားနဲ့နယ်စပ်မှာ မြောက်ကိုရီးယားက တံတိုင်းတွေ တည်ဆောက်နေ

  ပြုံးယမ်း၊ ဇွန်-၂၁-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်အနီးရှိ နေရာအများအပြားမှာ တံတိုင်းပုံသဏ္ဍာန်အကာအရံ အပိုင်းတွေကိုတည်ဆောက်နေတယ်လို့ ဂြိုဟ်တုဓါတ်ပုံတွေက ဖော်ပြနေပါတယ်။ ဂြိုဟ်တုပုံရိပ်တွေအရ စစ်မဲ့ဇုန်အနီးမှာ အတားဆီးတွေလုပ်ထားတဲ့ အပိုင်းသုံးပိုင်းကိုတည်ဆောက်ထားပြီး နယ်စပ်ရဲ့ အရှေ့ဘက်စွန်းမှာ တစ်ကီလိုမီတာလောက်ရှိပြီး ဒါတွေဟာ နယ်စပ်မျဉ်းတလျှောက်မှာ နောက်ထပ်အတားအဆီးတွေ ထပ်မံဆောက်လုပ်နေဖွယ်ရှိပါတယ်။ စစ်မဲ့ဇုန်အနီးမှာ ဒီလိုလုပ်တာဟာ နှစ်နိုင်ငံအကြား ကာလရှည်ကြာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တာလည်းဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ စစ်မဲ့ဇုန်ဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့အကြား ၂ ဒသမ ၅ မိုင်ကျယ်ဝန်းတဲ့ ကြားခံဇုန်ဖြစ်ပါတယ်။ နှစ်နိင်ငံအကြား ကိုရီးယားစစ်ပွဲကို ငြိမ်းချမ်းရေးစာချုပ်လက်မှတ်မထိုးရသေးတာကြောင့် သဘောတရားအရ နှစ်နိုင်စစ်ဖြစ်နေဆဲလို့ သတ်မှတ်လို့ပြီး စစ်မဲ့ဇုန်ကို နှစ်ပိုင်းခွဲပြီး ထိန်းချုပ်ထားကြပါတယ်။ နှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်တက်လာချိန်မှာ ထွက်ပေါ်လာတဲ့ ဒီလုပ်ဆောင်မှုဟာ ပုံမှန်မဟုတ်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ မြောက်ကိုရီးယားဟာ နယ်စပ်တလျှောက် သူရဲ့တပ်တွေတည်ရှိမှုနဲ့ ခံတပ်တွေကို…

Read More

This Day in History

  Voice of Myanmar ဒုတိယကမ္ဘာစစ်အတွင်း သုံးလနီးပါးကြာမြင့်သည် တိုက်ပွဲများအပြီးတွင် အမေရိကန်တပ်ဖွဲ့ဝင်များသည် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းကို ၁၉၄၅ ခုနှစ် ဇွန် ၂၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြသည်။ #Voiceofmyanmar #VOM #ThisDayInHistory #June21

Read More

ကံပိုင်တည်မှာ ပိတ်မိနေတဲ့ ကုန်ကား ၉၉ စီး လွှတ်ပေး

ဇွန် ၂၀၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ်၊ ကံပိုင်တည် နယ်စပ်မှာ ပိတ်မိနေတဲ့ ကုန်ကား ၉၉ စီးကို ဒီနေ့ ဇွန် ၂၀ ရက်နေ့မှာ လွှတ်ပေးနေကြောင်း ကုန်တင် ယာဉ်မောင်းတွေဆီက သိရပါတယ်။ “ဒီနေ့ ၉၉ စီး ပဲ လွှတ်ပေးတာတဲ့ ပြည်သူ့စစ်က။ ပိတ်မိနေတဲ့ ကားတွေက ၅၀၀ လောက်ရှိတယ်။ ကားတွေက ဆင်းလာတဲ့ ကားတွေက ဆင်းလာပြီ။ ကားတွေက ကုန်ပါပြီးသားတွေပါ” လို့ ကုန်တင်ယာ်မောင်း တယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဝိုင်းမော် – ကံပိုင်တည် လမ်းပိုင်းမှာ စစ်တပ်နဲ့ KIA ပူးပေါင်း တပ်ဖွဲ့ တွေအကြား တိုက်ပွဲ ဖြစ်ပွားရာက စစ်တပ်နဲ့ ပြည်သူ့စစ် တွေက ကုန်ကားတွေကို ဖြတ်သန်းခွင့် ပိတ်ထားတာ…

Read More

ပန်ဝါမှာ မြေရှားသတ္တုတွင်းပြိုကျလို့ လူ အယောက် ၅၀ မြေအောက်နစ်မြုပ် ပျောက်ဆုံး

  ဇွန် ၂၀၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ် ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် ပါဝင်သော တရုတ်မြန်မာနယ်စပ်မြို့ ပန်ဝါဘက်မှာ ဇွန်လ ၁၉ ရက်နေ့ည ၁၂ နာရီခန့်က မြေရှားသတ္တုတွင်း မြေပြိုလာလို့ လူ အယောက် ၅၀ ခန့်နစ်မြုပ် ပျောက်ဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပန်ဝါဘက် မနေ့ည မြေပြိုလို့ လူ အယောက် ၅၀ လောက်မြုပ်သွားတယ်။ အိမ်တွေတောင် မမြင်ရတော့ဘူး။ မြေကြီးတွေ ဖုံးသွားပြီ။ လူ တယောက်မှ မလွတ်ဘူးထင်တယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ မနက် အစောကြီးသွားကြည့်တော့ လူ တယောက်မှ ထွက်မလာလို့ အလောင်းတွေ တူးပြီး ဖော်ထုတ်နေရတယ်လို့ သူကပြောပါတယ်။ “ပန်ဝါ ပါထိုင်ဟော့်နားမှာ မနေ့ည ၁၂ နာရီခန့်…

Read More

လားရှိုး အဝင် အထွက် ပိတ်ထားတာကြောင့် အနီးဝန်းကျင်က ဒေသခံတွေ အစားအသောက် ဝယ် မရလို့ အခက်ကြုံနေ

  ဇွန် ၂၀၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ လားရှိုးမြို့အဝင်အထွက်ပိတ်ထားတာကြောင့် လားရှိုးခရိုင် ကောင်းကြဲ (အီ) ကျေးရွာအုပ်စု ကုန်းညောင်ရွာက ဒေသခံဟာ အစားအသောက် ဝယ် မရလို့ အခက်ကြုံနေကြရကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “ရွာက လူတွေ လားရှိုးဘက် အဝင် မရလို့ အစားအသောက်တွေလည်း ဝယ်ယူ မရဖြစ်နေတာ။ ရွာ ကနေ လားရှိုးမြို့ထဲ နေ့တိုင်း ဟင်းသီး ဟင်းရွက်တွေ လာရောင်းနေကျ ဟာကို အခုက ဈေးလည်း လာရောင်းလို့ မရတော့ဘူး” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ အာဏာပိုင်တွဘက်က ရုတ်တရက် လမ်းတွေပိတ်ဆို့ဖြတ်တောက်လိုက်လိုက်တာကြောင့် ဘာမှလည်း ကြိုတင် ဝယ်ထားတာ မရှိထားဘူး လို့ သူက ပြောပါတယ်။ အဲဒီ…

Read More

ရုရှားနဲ့မြောက်ကိုရီးယားကို လာတိုက်ခိုက်ရင် စစ်ရေးအကူအညီတွေ အပြန်အလှန်ပေးဖို့ ပူတင်နဲ့ ကင်ဂျုံအန် သဘောတူ

  ပြုံးယမ်း၊ ဇွန်-၂၀-၂၀၂၄ မျိုးဆက်(VOM) ရုရှားသမ္မတပူတင် မြောက်ကိုရီးယားကို လာရောက်ပြီး ကင်ဂျုံအန်နဲ့ ထိပ်သီးဆွေးနွေးပြီးနောက် ရရှိခဲ့တဲ့ အထင်ကရ သဘောတူညီချက်တွေကို မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဒီနေ ဇွန် ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီသဘောတူညီချက်ထဲမှာတော့ မြောက်ကိုရီးယားနဲ့ရုရှားတို့အနေနဲ့ လက်နက်ကိုင်ရန်စမှုတွေ ကြုံခဲ့မယ်ဆိုရင် စစ်ရေးအကူအညီ ချက်ချင်းပေးဖို့အချက်လည်း ပါဝင်နေပါတယ်။ ပူတင်ဟာ မြောက်ကိုရီးယားကနေ ဗီယက်နမ်ကို ဆက်လက်ထွက်ခွာပြီးနောက် နာရီပိုင်းအကြာမှာ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၁၉၆၀ ခုနှစ်တွေက ပျက်ပြယ်သွားတဲ့ ရုရှားနဲ့ အပြန်အလှန်ကာကွယ်ရေးသဘောတူညီချက်ကို ပြန်လည်အသက်ဝင်စေတဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ထဲမှာတော့ မြောက်ကိုရီးယား သို့မဟုတ် ရုရှားကို လက်နက်ကိုင်ကျူးကျော်မှုတွေကြောင့် စစ်မက်ဖြစ်ပွားမယ်ဆိုရင် စစ်ရေးနဲ့အခြားအကူအညီတွေ အပြန်အလှန်ပံ့ပိုးပေးရမယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။ သဘောတူညီချက်ကြောင့် ၂၀၂၂ ခုနှစ်မှာစတင်ခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲအပေါ် ဘယ်လောက်ထိ အကျိုးသက်ရောက်မယ်ဆိုတာကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။…

Read More
VOM News

FREE
VIEW