လက်ဘနွန်ရှိ ဟဇ်ဘိုလာအဖွဲ့ကို ထိုးစစ်ဆင်ဖို့ အစ္စရေးစစ်တပ် အတည်ပြုပြီ

  တဲလ်အဗစ်၊ ဇွန်-၂၀-၂၀၂၄ မျိုးဆက်(VOM) လက်ဘနွန်ရှိ ဟဇ်ဘိုလာအဖွဲ့နဲ့ နယ်စပ်ဖြတ်ကျော် အပြန်အလှန်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ လက်ဘနွန်မှာ ထိုးစစ်ဆင်ဖို့ စစ်ရေးအစီအစဉ်တွေကို အစ္စရေးစစ်တပ်က အတည်ပြုလိုက်ပါတယ်။ လက်ဘနွန်နယ်စပ်အနီး အစ္စရေးမြောက်ပိုင်းမှာ အစ္စရေးတပ်တွေကို အဆင့်သင့်ထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဒါဟာ ဟဇ်ဘိုလာတို့အရဲ့ လုပ်ရပ်အပေါ် သိသာထင်ရှားတဲ့ တုံ့ပြန်မှုလည်း ဖြစ်ပါတယ်။ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာတို့ဟာ ဂါဇာအခြေစိုက် ဟားမတ်စ်တို့ကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ အစ္စရေးကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့နေ့ကတော့ အစ္စရေးရဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို အစ္စရေးနိုင်ငံကိုဖြတ်ပြီး ဒရုန်းရိုက်ယူခဲ့တာတွေကို ထုတ်ပြန်ခဲ့ပါသေးတ်။ ဂါဇာကမ်းမြှောင်ဒေသမှာတော့ အစ္စရေးဟား ဟားမတ်စ်တွေကို ဆက်လက်တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့နေ့က ဂါဇာတောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ခုနှစ်ယောက်သေဆုံးခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။ လက်ရှိမှာတော့ နှစ်ဘက်အကြား ပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံတွေပြန်လည်လွတ်မြောက်ရေးအပါအဝင် ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အမေရိကန်၊ ကာတာနဲ့…

Read More

အိန္ဒိယတောင်ပိုင်းမှာ ချက်အရက်တွေသောက်ပြီး လူ ၃၄ ယောက်သေဆုံး၊ ၈၀ ကျော် ဆေးရုံရောက်

  ဒေလီ ၊ ဇွန်-၂၀-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူပြည်နယ်မှာ အဆိပ်သင့်ချက်အရက်တွေသောက်ပြီး လူ ၃၄ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလိုသေဆုံးမှုဟာ ကာလာကူရူချီခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အရက်ပုန်းဆိုင်တွေက ချက်အရက်တွေသောက်ပြီးနောက်မှာ လူအများအပြား နေထိုင်မကောင်းစဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အလွန်အကျွံဝမ်းလျှောခြင်းအပါအဝင် ဖျားနာမှုတွေကြောင့် လူ ၈၀ ထက်မနည်းကို ဆေးရုံပို့ထားပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူနှစ်ယောက်ကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ပြည်နယ်အတွင်းမှာ တရားမဝင်အရက်ရောင်းချမှုတွေကို မျက်ကွယ်ပြုတယ်ဆိုကာ ပြည်နယ်ထိပ်တန်း ရဲအရာရှိတယောက်နဲ့ ပြည်နယ်ထိန်းသိမ်းရေးအဖွဲ့က ၁၀ ယောက်ကို ပေါ့ဆမှုနဲ့ တာဝန်တွေကနေ ဆိုင်းငံ့ထားပါတယ်။ အိနိ္ဒယနိုင်ငံမှာ လမ်းဘေးချက်အရက်တွေသောက်ပြီး နှစ်စဉ်နှစ်တိုင်း လူဒါဇင်ချီသေဆုံးလေ့ရှိပါတယ်။ အရက်ချက်သူတွေဟာ အရက်ထဲမှာ မက်သနောကိုလည်း ထည့်လေ့ရှိကြပြီး မက်သနောဟာ သောက်သုံးမိပါက မျက်စိကွယ်တာ၊ အသည်းပျက်စီးတာနဲ့သေဆုံးမှုကို ဖြစ်ပေါ်စေတတ်ပါတယ်။ Ref:BBC…

Read More

ဂျပန်အနီး ပစိတ်ဖိတ်ဒေသမှာ စစ်သင်္ဘော အစင်း ၄၀ နဲ့ ရုရှားရေတပ် စစ်ရေးလေ့ကျင့်မယ်

  တိုကျို၊ ဇွန်-၂၀-၂၀၂၄ မျိုးဆက်(VOM) ဂျပန်နိုင်ငံအနီး ပစိဖိတ်ဒေသမှာ စစ်သင်္ဘောအစင်း ၄၀ နဲ့ ရေတပ်စစ်ရေးလေ့ကျင့်မယ်လို့ ရုရှားစစ်တပ်က ထုတ်ပြန် ကြေညာပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို ပစိဖိတ်သမုဒ္ဒရာ ၊ ဂျပန်ပင်လယ်နဲ့ အိုကာတ်စ်ပင်လယ်တို့မှာ ဇွန် ၁၈ ရက်ကနေ ၂၈ ရက်ထိ စစ်သင်္ဘောအစင်း ၄၀ နဲ့ စစ်ရေးလေ့ကျင့်သွားမှာဖြစ်တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရုရှားရေတပ်စစ်သင်္ဘောသုံးစင်းဟာ ဂျပန်နိုင်ငံ ဆူဂါရူရေလက်ကြားကို ဖြတ်၍ ပစိဖိတ်သမုဒ္ဒရာကို ပြီးခဲ့တဲ့နေ့က ခုတ်မောင်းသွားခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဂျပန်နိုင်ငံအနီးတွင် စစ်ရေးလေ့ကျင့်မယ့်လို့ ရုရှားကကြေညာပြီးနောက်ပိုင်း ဂျပန်စစ်တပ်ဟာ ရုရှားရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ ရေတပ်ဖျက်သင်္ဘောတစင်းအပါအဝင် ရုရှားစစ်သင်္ဘောတွေဟာ ဟော့ကိုင်းဒိုးခရိုင်မြောက်ဘက်စွန်း အိုရှီမာကျွန်းရဲ့ အနောက်တောင်ဘက် ၅၀ ကီလိုမီတာအကွာကနေ ဖြတ်သန်းပြီးနောက် ဂျပန်ပင်လယ်အရှေ့ဘက်သို့ ခုတ်မောင်းသွားခဲ့တယ်လို့ ဂျပန်စစ်တပ်က ပြောပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံရဲ့အဓိကကျွန်းဖြစ်တဲ့…

Read More

အီရန်တော်လှန်ရေး အစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကနေဒါ ကြေညာ

  တိုရွန်တို ၊ ဇွန်-၂၀-၂၀၂၄ မျိုးဆက်(VOM) ကနေဒါအတိုက်အခံ အမတ်တွေနဲ့ အီရန်နိုင်ငံသားတချို့ရဲ့ နှစ်ပေါင်းများစွာ ဖိအားပေးခံရပြီးနောက် ကနေဒါအစိုးရဟာ အီရန်တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာလိုက်ပါတယ်။ အခုလို သတ်မှတ်ကြေညာလိုက်တာဟာ ကမ္ဘာ့အကြမ်းဖက်တိုက်ဖျက်ရေးမှာ အရေးပါတဲ့ ယန္တယားတခုဖြစ်တယ်လို့ ကနေဒါ အများပြည်သူဘေးကင်းလုံခြုံရေးဆိုင်ရာဝန်ကြီး ဒေါမနစ်လီဘလန့်က ပြောပါတယ်။ ကနေဒါအစိုးရရဲ့ အခုလိုသတ်မှတ်ကြေညာလိုက်တာကြောင့် အီရန်တော်လှန်ရေးအစောင့်တပ် ထိပ်တန်းတာဝန်ရှိသူတွေအပါအဝင် အီရန်အစိုးရထိပ်တန်းတာဝန်ရှိသူတွေအနေနဲ့ ကနေဒါနိုင်ငံကို ဝင်ရောက်ခြင်းကို တားမြစ်ခံရမှာဖြစ်ပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ဟာ အီရန်ရဲ့ အဓိကစစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အဓိကအင်အားစုဖြစ်ပြီး အီရန် ဘာသာရေးခေါင်းဆောင် ခါမေနီနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိပါတယ်။ ကနေဒါဟာ အီရန်ရဲ့ ကွပ်ဒ်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပြီးဖြစ်ပေမယ့် လက်ရှိကြေညာချက်ကတော့ အီရန်တော်လှန်ရေးအစောင့်တပ်တခုလုံးကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အီရန်ဟာ ဗျူဟာမြောက်လက်နက်တွေကို ကြီးကြပ်ကွပ်ကဲတဲ့ ကြည်းတပ်း၊ လေတပ်နဲ့ လေတပ်မှာ တပ်ဖွဲ့ဝင်ပေါင်း တသိန်းကိုးသောင်းကျော်ရှိပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ဟာ ငွေကြေး၊ လက်နက်၊…

Read More

This Day in History

  Voice of Myanmar အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့အကြား နျူကလီးယား မတော်တဆမှုဖြစ်ပွားနိုင်ခြေများကို လျှော့ချရန်အတွက် နှစ်နိုင်ငံအကြား အရေးပေါ်ဆက်သွယ်ရေးလိုင်းထူထောင်ရန် ၁၉၆၃ ခုနှစ် ဇွန် ၂၀ ရက်တွင် သဘောတူခဲ့သည်။ #Voiceofmaynmar #VOM #ThisDayInHistory #June20

Read More

တောင်ကုတ်မြို့ အဝင်အထွက် ပိတ်ထားတာ လေးရက်ထိ ကြာမြင့်လာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပြတ်လပ်မှာကို စိုးရိမ်နေကြ

  ဇွန် ၁၉ – ၂၀၂၄ GG (VOM) ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့ကို အဝင်အထွက် ပိတ်ထားတဲ့အတွက် မြို့ခံတွေ ဝင်ထွက်မရဖြစ်နေတယ်လို့သိရပါတယ်။ မြို့အဝင်အထွက်ကို တောင်ကုတ်မြို့နယ်မှာတိုက်ပွဲစတင်ဖြစ်ပွားပြီးနောက်ဇွန်လ ၁၆ ရက်နေ့ကစလို့ ပိတ်လိုက်တာဖြစ်ပြီး ဆိုင်ကယ်၊ လူ၊ကားအပြင် အရေးပေါ်လူနာတင်ယာဥ်တွေပါ ဖြတ်သန်းသွားလာခွင့်မပြုတော့တဲ့အခြေအနေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်ကုတ်မြို့အဝင်အထွက်လမ်းကြောင်းကို ပိတ်ထားတာဟာ ခုဆိုရင် လေးရက်ရှိပြီဖြစ်လို့ ကုန်စည်စီးဆင်းမှုလည်းရပ်နေကြောင်း အကယ်၍သာ လမ်းကြောင်းပိတ်ဆို့မှုသာကြာမြင့်လာမယ်ဆိုရင် မြို့ခံလူထုအတွက် ဆေးဝါးပြတ်လတ်မှုပိုမိုးဆိုးရွားလာနိုင်တဲ့အပြင် စားနပ်ရိက္ခာလိုအပ်ချက်လည်းရှိလာနိုင်တယ်လို့သိရပါတယ်။ ” အခုလမ်းတွေအကုန်ပိတ်ချလိုက်တော့ လူဆိုင်ကယ်ရော အရေးပေါ်ကားဘာတခုမှကို ဖြတ်လို့မရဘူး၊အခုလောလောဆယ်ကတော့ မြို့ကနေဘယ်သူမှထွက်မရဘူး၊အခုက မြို့တွင်းကလူလည်းအပြင်မထွက်နဲ့ အပြင်ကလူလည်း အတွင်းမဝင်နဲ့ဆိုတဲ့သဘောပါ၊အခုကတင်းတင်းကြပ်ကြပ်ကိုလုပ်နေတာ၊ မြို့ပေါ်လူထုကတော့တယောက်တမျိုးစီပေါ့ ရွာတွေထက်မြို့ကလုံခြုံတယ်ပေါ့၊တချို့ကလည်း စစ်ရှောင်မယ်ဆိုဘယ်ကလုံခြုံမလဲပေါ့ဆိုပြီး ခုထိတော့ကိုယ့်အိမ်ကိုယ် နေနေကြတုန်းပဲ၊အခုကတော့ရေကြောင်းကလည်းတရားဝင်သွားရဖို့ကတော့မလွယ်ဘူး ” လို့ တောင်ကုတ်မြို့ခံတယောက်ကပြောပါတယ်။ တောင်ကုတ်မြို့အဝင်အထွက်ကို ပိတ်လိုက်တဲ့အတွက် လတ်တလောမှာဒုက္ခရောက်နေသူတွေက ပြင်ပထွက်ပြီးဆေးကုသမှုခံယူဖို့လိုအပ်တဲ့အရေးပေါ်လူနာတွေ ဖြစ်ကြောင်း၊ မြို့တွင်းပြည်သူ့ဆေးရုံမှာလည်းဆရာဝန်အချို့နဲ့ သူနာပြုအနည်းငယ်အပါအဝင် ဒေသခံလူတွေက…

Read More

မုန့်သိုင်းခြုံ

  ဆူးငှက်   “တော်ပြီကွာ…၊ အငြိမ့်ကရတာပင်ပန်းလှတယ်၊ စိတ် နာပြီ…” “အငြိမ့်မကရင် ဘာလုပ်စားမတုန်း…” “မုန့်ရောင်းစားမယ်…” “ဘာမုန့်တုံး…” “အရပ်ကတို့ ဖမ်းလိုက်စမ်းပါ၊ ဖမ်းလိုက်စမ်းပါ… ဆို တဲ့မုန့်” “ဟ… ဘာမုန့်တုံးကွ” “မုန့်လေပွေလေ…” “သြော်… ဒီလိုလား။ ငါလည်း ပွဲမကတော့ဘူး” “မင်းက ဘာလုပ်စားမှာလဲ” “ငါလည်း မုန့်ရောင်းစားမှာပေါ့…” “ဘာမုန့်လဲကွယ်…” “ကိုင်း… ရွာစားရေ ရှမ်းဆိုင်းလေး…” (အငြမ့်တီးဝိုင်းမှ ရှမ်းအိုးစည်တီးလုံးတီးစေ) “မင်းဟာက…ရှမ်းအိုးစည်နဲ့ကတာကိုး… ဘာမုန့်တုံး ကွဲ့” “မုန့်သိုင်းခြုံလေ…”တဲ့။     ငယ်ငယ်က ကြည့်ဖူးတဲ့အငြိမ့်ပြက်လုံးပါ။ အခုလို ဘုရားပွဲတော်၊ ကထိန်ပွဲတော် ရာသီရောက်ရင်တွေ့တဲ့ အငြိမ့်ပွဲ ခင်းမှာ ပရိသတ်ထဲတိုးပြီး ဖိနပ်ဖင်ခုထိုင်ကာ အငြိမ့်ကြည့်ရတဲ့ အရသာဟာ ပြန်လှန်တွေးကြည့်တော့ အလွန်လွမ်းဆွတ်စရာ ကောင်းလှပါတယ်။ လူပြက်က တောင်ရှည်ပုဆိုးကို ဖနောင့်နဲ့ ခတ်ကာ မ,တဲ့ပြီး ခါးတောင်းကျိုက်၊…

Read More

မုံရွာမြို့ပေါ်မှာ ပြန်ပေးဆွဲအဖွဲ့ ပစ်ခတ်ဖမ်းဆီးခံရ ၊ တယောက်သေဆုံး ၊ သေနတ် သုံးလက်နဲ့ RLG ကားတစီး ဖမ်းဆီးရမိ

  ဇွန် ၊ ၂၀၂၄ SP( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ မေတ္တာလမ်းမှာရှိတဲ့ ကုန်စုံဆိုင်တခုနားမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က လူပြန်ပေးဆွဲအဖွဲ့ကို နစက လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နန္ဒဝန်ရပ်ကွက်နေ ဒေသခံတယောက်က ” မေတ္တာလမ်းပေါ်က ကုန်စုံဆိုင်ကို ပြန်ပေးလာဆွဲတဲ့ ကားက မတ်တူး ခဲရောင် ၊ ယာဥ်နံပါတ်အဝါရောင် တပ်ဆင်ထားတယ် ၊ အဲ့ဒီကားပေါ်မှာ လူသုံး ယောက်ပါတယ် ၊ တယောက်ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးတယ် ၊ တယောက်က အရှင် ဖမ်းဆီးခံရတယ် ၊ ကျန်တယောက်က ကားမောင်းပြီး ထွက်ပြေးသွားတယ်” လို့ပြောပါတယ်။ စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” နန္ဒဝန်ရပ်ကွက် ၊ မေတ္တာလမ်းပေါ်က ကုန်စုံဆိုင်ကို…

Read More

This Day in History

  Voice of Myanmar ဗြိတိန်ထံမှ လွတ်လပ်ရေးကြေညာစာတမ်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် အမေရိကန်ကို ပြင်သစ်က လက်ဆောင်ပေးသော လေဘာတီရုပ်တုသည်၁၈၈၅ ခုနှစ် ဇွန် ၁၇ ရက်တွင် နယူးယောက် ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #June17

Read More

ရုရှားတပ်တွေ ရုပ်သိမ်းတာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးပြော

  ရောမ၊ ဇွန်-၁၇-၂၀၂၄ မျိုးဆက်(VOM) ရုရှားတပ်တွေ ယူကရိန်းနယ်မြေကနေ ရုပ်သိမ်းခဲ့မယ်ဆိုရင် ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ချက်ချင်းလုပ်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ရုရှားသမ္မတပူတင်က စစ်ပွဲကို အဆုံးသတ်မှာမဟုတ်တာကြောင့် စစ်ရေးအရဖြစ်စေ၊ သံတမန်ရေးအရဖြစ်စေ အဆုံးသတ်ရမယ်လို့ ဇီလန်စကီးကဆိုပါတယ်။ အနောက်အုပ်စု မဟာမိတ်တွေရဲ့ အထောက်အပံ့တွေဟာ စစ်ပွဲကို အနိုင်ရလောက်တဲ့ထိ မရပေမယ့် ယူကရိန်းအတွက် နိုင်ငံတကာ ထောက်ခံမှုတွေကတော့ ယုတ်လျော့မသွားဘူးလို့ ဆွစ်ဇာလန်မှာ ကျင်းပတဲ့ ယူကရိန်းငြိမ်းချမ်းရေး ညီလာခံမှာ သူက ပြောပါတယ်။ ဆွစ်ဇာလန်မှာပြုလုပ်တဲ့ ယူကရိန်းငြိမ်းချမ်းရေးညီလာခံမှာ တက်ရောက်လာတဲ့နိုင်ငံတွေက ယူကရိန်းရဲ့ နယ်မြေပိုင်ဆိုင်မှု အာမခံချက်ကို ထပ်မံအတည်ပြုခဲ့ပြီး ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားကို ပြတ်သားစွာ ပြစ်တင်ရှုတ်ချတဲ့ ပူးတွဲထုတ်ပြန်ချက်ကို လည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ပူးတွဲ ထုတ်ပြန်ချက်ကို အိန္ဒိယ၊ တောင်အာဖရိကနဲ့ ဆော်ဒီအာရေဗျတို့က လက်မှတ်ထိုးခြင်းမရှိပါဘူး။ ထိပ်သီးဆွေးနွေးပွဲဟာ…

Read More
VOM News

FREE
VIEW