မုံရွာမြို့ပေါ်မှာ ပြန်ပေးဆွဲအဖွဲ့ ပစ်ခတ်ဖမ်းဆီးခံရ ၊ တယောက်သေဆုံး ၊ သေနတ် သုံးလက်နဲ့ RLG ကားတစီး ဖမ်းဆီးရမိ

 

ဇွန် ၊ ၂၀၂၄
SP( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ မေတ္တာလမ်းမှာရှိတဲ့ ကုန်စုံဆိုင်တခုနားမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က လူပြန်ပေးဆွဲအဖွဲ့ကို နစက လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နန္ဒဝန်ရပ်ကွက်နေ ဒေသခံတယောက်က ” မေတ္တာလမ်းပေါ်က ကုန်စုံဆိုင်ကို ပြန်ပေးလာဆွဲတဲ့ ကားက မတ်တူး ခဲရောင် ၊ ယာဥ်နံပါတ်အဝါရောင် တပ်ဆင်ထားတယ် ၊ အဲ့ဒီကားပေါ်မှာ လူသုံး ယောက်ပါတယ် ၊ တယောက်ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးတယ် ၊ တယောက်က အရှင် ဖမ်းဆီးခံရတယ် ၊ ကျန်တယောက်က ကားမောင်းပြီး ထွက်ပြေးသွားတယ်” လို့ပြောပါတယ်။

စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” နန္ဒဝန်ရပ်ကွက် ၊ မေတ္တာလမ်းပေါ်က ကုန်စုံဆိုင်ကို ပြန်ပေးဆွဲဖို့ စောင့်နေတဲ့အဖွဲ့ တဖွဲ့ကို လုံခြုံရေးအဖွဲ့က ဖမ်းမိတယ် ၊ ဖြစ်စဥ်က ဒီမနက် ၉ နာရီဝန်းကျင်လောက်က မုံရွာမြို့ပေါ်မှာ YGN / RLG-8073 နံပါတ်ပါ Mask II အမျိုးအစား ခဲရောင်ယာဥ်တစီးနဲ့ အမျိုးသား သုံးယောက် မသင်္ကါဖွယ်ရာသွားလာနေတယ်လို့ သိရတယ် ၊ အဲ့ဒါကြောင့် လုံခြုံရေး အဖွဲ့တွေက အဲ့ဒီကားကို ပိတ်ဆို့ ရှာဖွေစစ်ဆေးတဲ့အခါ မောင်မောင်စိုး (ခ) မောင်စိုး ဆိုသူလွယ်ထားတဲ့ လွယ်အိတ်ထဲက သေနတ်အတို တလက်တွေ့ရှိရတယ် ၊ အဲ့ဒီအချိန် သူနဲ့အတူပါလာတဲ့ လူနှစ်ယောက်က ထွက်ပြေးတယ် ၊ အဲ့ဒီအချိန် လုံခြုံရေးအဖွဲ့က ပစ်ခတ်ဖမ်းဆီးတဲ့အခါ ဖြိုးဝေယံ ( ခ) ရုပ်ဆိုး ၁၉ နှစ်ဆိုသူ နောက်ကျောကနေ ကျည်ဆံဖောက်ဝင်ပြီး နေရာမှာတင် သေဆုံးသွားတယ် ၊ ကျန်တယောက်က ကားမောင်းပြီး ထွက်ပြေးတယ် ၊ အဲ့ဒီထွက်ပြေးတဲ့ကားက ချမ်းမြဝတီရပ်ကွက် ၊ တိုင်းရင်းဆေးရုံလမ်းမှာ ပစ်ခတ်ဖမ်းဆီးရမိတယ် ၊ ကားပေါ်မှာ မောင်းပြန်ရိုင်ဖယ် သေနတ် နှစ်လက် ၊ ကျည်အိမ် ၊ ကျည်ကာ စတဲ့ ပစ္စည်းတွေ သိမ်းဆည်းရမိတယ် ၊ ဒါပေမယ့် ကားမောင်းပြေးတဲ့သူက်ုတော့ ရှာဖွေနေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။

မနေ့ ဇွန် ၁၆ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်က နစက နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့ဟာ မုံရွာမြို့နယ် ၊ ကျောက္ကာတိုက်နယ် ၊ ညောင်ပင်သစ်ရွာနားမှာရှိတဲ့ ဒေသတွင်း လက်နက်ကိုင် PDF စခန်းတခုကို ဝင်ရောက်စီးနင်းပြီး ပြန်ပေးဆွဲ ဖမ်းဆီးခံထားရတဲ့ ပညာရေး ဝန်ထမ်း ( ကျောင်းဆရာ)နှစ်ယောက်ကို ပြန်လည်ကယ်တင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM#မုံရွာမြို့#ပြန်ပေးဆွဲအဖွဲ့ပစ်ခတ်ဖမ်းဆီးခံရ

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW