ရုရှားတပ်တွေ ရုပ်သိမ်းတာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးပြော

 

ရောမ၊ ဇွန်-၁၇-၂၀၂၄
မျိုးဆက်(VOM)

ရုရှားတပ်တွေ ယူကရိန်းနယ်မြေကနေ ရုပ်သိမ်းခဲ့မယ်ဆိုရင် ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ချက်ချင်းလုပ်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း ရုရှားသမ္မတပူတင်က စစ်ပွဲကို အဆုံးသတ်မှာမဟုတ်တာကြောင့် စစ်ရေးအရဖြစ်စေ၊ သံတမန်ရေးအရဖြစ်စေ အဆုံးသတ်ရမယ်လို့ ဇီလန်စကီးကဆိုပါတယ်။

အနောက်အုပ်စု မဟာမိတ်တွေရဲ့ အထောက်အပံ့တွေဟာ စစ်ပွဲကို အနိုင်ရလောက်တဲ့ထိ မရပေမယ့် ယူကရိန်းအတွက် နိုင်ငံတကာ ထောက်ခံမှုတွေကတော့ ယုတ်လျော့မသွားဘူးလို့ ဆွစ်ဇာလန်မှာ ကျင်းပတဲ့ ယူကရိန်းငြိမ်းချမ်းရေး ညီလာခံမှာ သူက ပြောပါတယ်။

ဆွစ်ဇာလန်မှာပြုလုပ်တဲ့ ယူကရိန်းငြိမ်းချမ်းရေးညီလာခံမှာ တက်ရောက်လာတဲ့နိုင်ငံတွေက ယူကရိန်းရဲ့ နယ်မြေပိုင်ဆိုင်မှု အာမခံချက်ကို ထပ်မံအတည်ပြုခဲ့ပြီး ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားကို ပြတ်သားစွာ ပြစ်တင်ရှုတ်ချတဲ့ ပူးတွဲထုတ်ပြန်ချက်ကို လည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ပူးတွဲ ထုတ်ပြန်ချက်ကို အိန္ဒိယ၊ တောင်အာဖရိကနဲ့ ဆော်ဒီအာရေဗျတို့က လက်မှတ်ထိုးခြင်းမရှိပါဘူး။ ထိပ်သီးဆွေးနွေးပွဲဟာ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အထောက်အကူဖြစ်စေမယ့် လုပ်ငန်းစဉ်အတွက် ဖြစ်နိုင်ခြေရှိတာတွေကို ကျောထောက်နောက်ခံပြုဖို့ ရည်ရွယ်ပါတယ်။

ဆွစ်ဇာလန်မှာ ကျင်းပတဲ့ ဒီထိပ်သီးဆွေးနွေးပွဲကို နိုင်ငံနဲ့ နို်ငငံတကာအဖွဲ့အစည်းပေါင်း ၉၀ ကျော်တက်ရောက်ခဲ့ပြီး ရုရှားကတော့ ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး အသိအမှတ်မပြုသလို ပြောစရာလည်းမရှိဘူးလို့ ဆိုပါတယ်။

Ref:BBC
Photo:PBS

#Voiceofmyanmar #VOM #ယူကရိန်း #ငြိမ်းချမ်းရေးညီလာခံ #ဇီလန်စကီး #ရုရှားတပ် #ရုပ်သိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW