မိုးကုတ်မှာ ဖုန်းလိုင်းတွေပြတ်ပြီး ကုန်စျေးနှုန်းလည်း မြင့်တက်နေသလို စစ်ရှောင်တွေလည်း လမ်းမှာပိတ်မိ

  ဇူလိုင် ၅ – ၂၀၂၄ GG (VOM) မိုးကုတ်မြို့ အနောက်ပိုင်းရော အရှေ့ပိုင်းမှာပါ တိုက်ပွဲတွေ လတ်တလော ငြိမ်သွားပေမယ့် တယ်လီဖုန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး စစ်ရှောင်ကြသူတွေလည်း လမ်းမှာပိတ်မိနေတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးကုတ်အနောက်ပိုင်းမှာတော့ နှစ်ဖက်တိုက်ပွဲမရှိတော့ဘဲ မိုးကုတ်အရှေ့ပိုင်းမှာသာ ရံဖန်ရံခါ ပစ်ခတ်မှုအချို့နဲ့ လက်နက်ကြီးပစ်ခတ်မှုရှိနေတာဖြစ်ကြောင်း၊ စစ်ရှောင်တွေဟာ အနောက်ပိုင်းအကျော် ကျောက်ဖားနဲ့ လိပ်ကျဘက်မှာပိတ်မိနေကြတာဖြစ်တယ်လို့သိရပါတယ်။ ” မိုးကုတ်မှာ.ဆိုးဆိုးရွားရွားပစ်ခတ်တာမျိုးတော့မရှိတော့ဘူး။တခါတလေ လက်နက်ကြီးပစ်သံနဲ့သေနတ်သံတော့ကြားရတယ်။ ခုမနက်လည်းငြိမ်နေတယ်။အနောက်ပိုင်းမှာတော့ TNLA ဘက်ကသွားလာနေတာရှိတယ် “လို့ မိုးကုတ်မြို့အနောက် ပိုင်းနေထိုင်သူတယောက်ကပြောပါတယ်။ မိုးကုတ်မြို့မှာတိုက်ပွဲတွေ ငြိမ်နေပေမယ့် အရှေ့ပိုင်းနဲ့အနောက်ပိုင်းကတော့ ကူးလူးသွားလာနိုင်တဲ့ အခြေအနေ မရှိသေးသလို ဖုန်းလိုင်းတွေကလည်း MPT ၊ အော်ရီဒူးကပြတ်တောက်နေပြီး Atom နဲ့ Mytel ကလည်း လိုင်း ရတချက်မရတချက်ဖြစ်နေတယ်လို့သိရပါတယ်။ တိုက်ပွဲကြောင့် မိုးကုတ်ကို ကုန်စည်စီးဆင်းမှုတွေမရှိသလောက်ပြတ်တောက်သွားတဲ့အတွက် ကုန်စျေးနူန်းတွေလည်း မြင့်တက်နေပြီး ခရမ်းချဥ်သီးတပိဿာကို…

Read More

သီပေါ တံတားမှာ တိုက်ပွဲ ဖြစ်ပွားနေလို့ ကုန်ကားနဲ့ ခရီးသည်ကားတွေ ပိတ်မိနေ

  ဇူလိုင် ၅ ၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ တံတားမှာ ဇူလိုင်လ ၄ ရက်နေ့ ညနေ ၆ နာရီခွဲ ဝန်းကျင်ခန့်ကစ တိုက်ပွဲ ဖြစ်ပွားလာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “သီပေါ တံတား ပစ်နေတယ် လို့ကြားနေရတယ်။ အခု ပစ်ခတ်သံတွေလည်း ကြားနေရတယ်။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။ ဇွန်လ ၂၅ ရက်နေ့ကစ ကျောက်မဲ၊ နောင်ချို မြို့တွေမှာ တိုက်ပွဲ ဖြစ်ပွားလာတဲ့ အပြင် သီပေါမှာလည်း စစ်ရေး အခြေအနေတင်းမာနေတာကြောင့် ကုန်ကား၊ ခရီးသွားကား တချို့ သီပေါမှာ ပိတ်မိ သောင်တင် နေကြတာလို့ သူက ပြောပါတယ်။ “သီပေါ တံတားနား ည ၇ နာရီ မထိုးခင် လောက်ကစ ပစ်နေတယ်။ ရေတား…

Read More

လားရှိုး၊ ကျောက်မဲ၊ နောင်ချို မြို့တွေမှာ တိုက်ပွဲ အတွင်း လက်နက်ကျည်ကြီးထိမှန်လို့ အရပ်သား ၉၀ ထက်မနည်း သေဆုံး

  ဇူလိုင် ၅၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ ကျောက်မဲ၊ နောင်ချို မြို့တွေမှာ ဇွန်လ ၂၅ ရက်ကနေ ဇူလိုင်လ ၄ ရက်နေ့အထိ တိုက်ပွဲ အတွင်း လက်နက်ကျည်ကြီးထိမှန်လို့ အရပ်သား ၉၀ ထက်မနည်း သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နောင်ချိုမှာလည်း လက်နက်ကျည်ကြီးစ တွေ ထိမှန်လို့ အရပ်သား ပြည်သူတွေ အယောက် ၃၀ လောက် သေဆုံးတယ်။ ကျောက်မဲ မှာ ပိုများတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ နောင်ချို – မန္တလေး လမ်းမပေါ်ကရွာတွေဖြစ်တဲ့ ကျောက်ကြမ်း၊ ရွှေညောင်ပင်၊ အုမ္မခါး၊ အုမ္မတီး၊ သဲခေါ်၊ ရေဝင်၊ စတဲ့ရွာတွေထဲက ဒေသခံ ပြည်သူတွေ အကုန်လုံး တိုက်ပွဲရှောင်ကြရပြီဖြစ်ပြီး…

Read More

မတူပီစစ်ရှောင်တွေ အရေးပေါ်အကူအညီ လိုအပ်နေ

  ဇူလိုင် ၅ – ၂၀၂၄ SN (VOM) ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တွေက ချင်းပြည်နယ် (တောင်ပိုင်း)၊ မတူပီမြို့ကို ထိန်းချုပ်လိုက်ပေမယ့်လည်း ဒေသခံစစ်ရှောင်တွေ အိမ်ပြန်လို့မရသေးတာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ အဲဒီစစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ မတူပီမြို့သိမ်းတိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ဇွန်လဆန်းမှစပြီး ဘေးလွတ်ရာ မတူပီ-မင်းတပ်၊ မတူပီ-ပလက်ဝ၊ မတူပီ-ရေဇွာနဲ့ မတူပီ-ဟာခါးလမ်းပိုင်းရှိ ကျေးရွာတွေအပြင် နီးစပ်ရာ တောတောင်တွေနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ဒေသခံ လူဦးရေ ၃၀၀၀ ကျော် တိမ်းရှောင်နေရတာဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။ “စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေးပေါ် လိုအပ်နေတာပါ။ လမ်းခရီး သွားလာရခက်ခဲတာရယ်၊ ဆက်သွယ်ရေး အဆင်မပြေတာရယ်ဆိုတော့ အကူအညီတွေ အလွယ်တကူ မရောက်နိုင်ဘူးဖြစ်နေတယ်။ မိုးတွင်းကာလလည်းဖြစ်တော့ အမိုးအကာအတွက်လည်း လိုတယ်” လို့ သူက ပြောပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက်…

Read More

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ဟုမ္မလင်းစစ်ဘေးရှောင်တွေနဲ့ ဒေသခံတချို့ ကုန်းမြင့်ပိုင်းကို ပြောင်းရွှေ့နေရ

  ဇူလိုင် ၅ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတာကြောင့် ဟုမ္မလင်းစစ်ဘေးရှောင်တွေနဲ့ ဒေသခံတချို့ ကုန်းမြင့်ပိုင်းကို ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချင်းတွင်းမြစ်ရေဟာ ဇူလိုင် ၃ ရက်နေ့မှစတင်ကာ ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်မထက် ၄ ပေကျော် မြင့်တက်လာတာကြောင့် တမြို့လုံးနီးပါး ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဟုမ္မလင်း – နောင်ပိုအောင် အဓိကလမ်းမကြီးလည်း ရေမြုပ်နေပြီ။ အဲဒီရွာ နှစ်ရွာလုံးလည်း မြုပ်နေပြီ။ နောင်တောမှာရောပဲ။ ဥရုချောင်းရေလည်း တိုးနေတယ်။ မိုးကလည်း ကောင်းတယ်။ တမြို့လုံး ရေဝင်နေပြီဆိုတော့ မြစ်ကမ်းဘေး မြေနိမ့်ပိုင်းနေရာတွေကနေ ကုန်းမြင့်ရှိတဲ့နေရာတွေကို ပြောင်းရွှေ့နေရတာ။ နဂိုကမှ ဖုန်းလိုင်းတွေမကောင်းပါဘူးဆို ရေဘေးနဲ့ဆိုတော့ပိုဆိုးနေပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဟုမ္မလင်းမှာ ၂၀၂၃…

Read More

ရှားလိုလားတာတွေကို ယူကရိန်းသဘောတူမှ အပစ်အခတ်ရပ်ရေး ဆွေးနွေးမယ်လို့ ပူတင်ပြော

ရု မော်စကို၊ ဇူလိုင်-၅-၂၀၂၄ မျိုးဆက်(VOM) ရုရှားနိုင်ငံဘက်က လိုလားတဲ့အခြေအနေတွေကို ယူကရိန်းဘက်က သဘောတူမှသာ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးကို သဘောတူမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကာဇက်စတန်နိုင်ငံ အန်စ်တာနာမှာ ကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို သမ္မတပူတင်က အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ “ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို မထိခိုက်စေတဲ့ လက်ခံနိုင်လောက်တဲ့ အခြေအနေတွေကို ဆန့်ကျင်ဘက်နိုင်ငံက သဘောတူကြောင်း သေချာအောင်လုပ်ဖို့လိုတယ်” လို့ ရုရှားသမ္မတက ပြောပါတယ်။ ဒီသဘောတူညီချက်မရဘဲ အပစ်အခတ်ရပ်စဲရေး မဖြစ်နိုင်ဘူးလို့ သူကဆိုပါတယ်။ ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းရှိ ရုရှားသိမ်းပိုက်ထားတဲ့ ဒေသလေးခုမှ ယူကရိန်းတပ်တွေ ဆုတ်ခွာဖို့ သဘောတူမယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်နိုင်မယ်လို့ ပူတင်က ပြီးခဲ့တဲ့လမှာ ပြောဆိုထားပြီး ယူကရိန်းကတော့ ပြတ်ပြတ်သားသား ပယ်ချထားပါတယ်။ လက်ရှိမှာတော့ ရုရှားဟာ ယူကရိန်းရှေ့တန်းစစ်မျက်နှာတွေမှာ ထိုးစစ်အရှိန်မြှင့်တင်နေပြီး ယူကရိန်းရဲ့…

Read More

ဗြိတိန်အထွေထွေ ရွေးကောက်ပွဲ လေဘာပါတီ အပြတ်အသတ်အနိုင်ရပြီး ကီယာစတာမာ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ်

  လန်ဒန်၊ ဇူလိုင်-၅-၂၀၂၄ မျိုးဆက်(VOM) ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာ လေဘာပါတီက အပြတ်အသတ်အနိုင်ရရှိနေတာကြောင့် ပါတီခေါင်းဆောင်ဖြစ်သူ ကီယာစတာမာဟာ ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲစစ်တမ်းတွေမှာတော့ လေဘာပါတီဟာ အမတ်နေရာ ၄၁၀ နဲ့ ကွန်ဆာဗေးတစ်တွေက ၁၄၄ နေရာအနိုင်ရတယ်လို့ ခန့်မှန်းထားပြီး ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် စတာမာကတော့ အပြောင်းအလဲတွေ ခုကစတော့မယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲမှာ လေဘာပါတီအနိုင်ရရှိကြောင်း လက်ရှိဝန်ကြီးချုပ် ရီရှီဆူနက်ခ်က ဝန်ခံပြောဆိုပါတယ်။ “ လေဘာပါတီက ဒီအထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပါပြီ ။ ဒီအနိုင်အတွက် ဂုဏ်ပြုဖို့ စတာမာကို ကျွန်တော်ဖုန်းဆက်ခဲ့ပြီးပြီ” လို့ ဝန်ကြီးချုပ် ဆူနက်ခ်က ပြောပါတယ်။ ဒီအရှုံးအတွက် တာဝန်ယူ၊ တာဝန်ခံတယ်လို့လည်း သူကဆိုပါတယ်။ “ဒီနေ့ ဗြိတိန်ရဲ့လုပ်ပိုင်ခွင့်အာဏာတွေကို ငြိမ်းချမ်း၊ စည်းစနစ်ကျပြီး ဘက်ပေါင်းစုံက စေတနာပါသူတွေရဲ့လက်ထဲ လွှဲပြောင်းပေးနိုင်ခဲ့ပြီး ဒါဟာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနဲ့အနာဂတ်အတွက် အားလုံးယုံကြည်ရမယ်လို့ ”ဝန်ကြီးချုပ်ဆူနက်ခ်က ပြောပါတယ်။…

Read More

အစ္စရေးဘက်ကို ဒုံးကျည်၊ ဒရုန်း အစင်း ၂၀၀ ကျော်နဲ့ ဟဇ်ဘိုလာအဖွဲ့ တိုက်ခိုက်

တဲလ်အဗစ်၊ ဇူလိုင်-၅-၂၀၂၄ မျိုးဆက်(VOM) လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်၊ ဒရုန်း အစင်း ၂၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ဒါဟာ လက်ဘနွန်တောင်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတခုအတွင်း ဟဇ်ဘိုလာ ထိပ်တန်းတပ်မှူး မိုဟာမက်နီမာ့နက်ဆာ သေဆုံးမှုအပေါ် လက်တုံ့ပြန်ခြင်းဖြစ်တယ်လို့ ဟဇ်ဘိုလာအဖွဲ့က ပြောပါတယ်။ ဟဇ်ဘိုလာတို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်တပ်တာဝန်ရှိသူတယောက် သေဆုံးခဲ့ပြီး မီးလောင်မှုအများအပြားလည်း ဖြစ်ပွားခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။ အဆိုပါတိုက်ခိုက်မှုသည် နယ်စပ်ဖြတ်ကျော် အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ကိုးလအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုတခုလည်းဖြစ်ပြီး ဂါဇာရှိ ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတာလို့ ဟဇ်ဘိုလာအဖွဲ့က ဆိုပါတယ်။ အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်းနှင့် အခြားနေရာများရှိ ဟဇ်ဘိုလာတို့၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပါတယ်။ ဟူလာမြို့တွင် အစ္စရေး၏ ဒရုန်းတိုက်ခိုက်မှုကြောင့် လူတယောက်သေဆုံးခဲ့ကြောင်း လက်ဘနွန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း လက်ဘနွန်မှာ…

Read More

This Day in History

  Voice of Myanmar အက် ၁၈ နှစ်ပြည့်ပြီးသူ အမေရိကန်နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ပြုသည့် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆ ကြိမ်မြောက် ပြင်ဆင်ချက်ကို ၁၉၇၁ ခုနှစ် ဇူလိုင် ၅ ရက်တွင် အတည်ပြုခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #July5

Read More
VOM News

FREE
VIEW