အလည်အပတ်ဗီဇာ PV နဲ့ပြည်ပထွက် အလုပ်လုပ်တာကို ထိန်းချုပ်ဖို့ စီစဉ်နေ

 

ဇူလိုင် ၈ – ၂၀၂၄
GG (VOM)

အလည်အပတ် နိုင်ငံကူးလက်မှတ် Passport for Job ( PV) နဲ့ ပြည်ပနိုင်ငံတွေကိုသွားရောက်ပြီးအလုပ်လုပ်တာတွေကို ထိန်းချုပ်ဖို့စီစဥ်သွားမယ့်အကြောင်း အလုပ်သမားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးကပြောဆိုလိုက်တယ်လို့သိရပါတယ်။

” တချို့က PJ မလုပ်တော့ဘူး။ပတ်စပို့မှာလည်းအခက်အခဲရှိတော့ PV နဲ့ပဲသွားကြတယ်။Visit သွားရင်ကျချက်ခြင်းထွက်သွားနိုင်တဲ့အခြေအနေရှိတယ်။စင်ကာပူတို့ ဂျပန်တို့အဓိကပေါ့။တချို့လည်းထိုင်း၊မလေးရှားသွားကြတယ်။အပြင်ထွက်တာချင်းအတူတူ Visit နဲ့သွားတာကပိုများသွားတော့ အဲဒါကိုထိန်းချုပ်မယ်လို့ပြောတာဖြစ်ပါတယ်။ ” လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF )က တာဝန်ရှိသူတယောက်က ပြောပါတယ်။

PV ကိုင်ပြီး အလုပ်လုပ်တာတွေ ကိုထိန်းချုပ်ဖို့နဲ့ပတ်သက်ပြီး ဇူလိုင်လ ၆ ရက်နေ့မှာပြု လုပ်ခဲ့တဲ့ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်ကပြောခဲ့တာဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက် အသက် ၂၃ မှ ၃၁ အရွယ်အမျိုးသားတွေကို အလုပ်ခေါ်စာအသစ်နဲ့ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ထားတာကြောင့် အမျိုးသားအချို့ဟာ PJ ကနေ PV ပြောင်းပြီး ပြည်ပထွက်အလုပ်လုပ်ကိုင်မှုများလာသလို အမျိုးသမီးတွေ လည်းပြည်ပထွက်အလုပ်လုပ်ကိုင်မှုများပြားလာတာဖြစ် ပါတယ်။

“စနစ်ကအလုပ်တရားဝင်သွားမယ်ဆိုရင်PJ နဲ့ပဲသွားရမယ် ။PJ လုပ်ရမယ်၊ work permit တွေဘာတွေအကုန်လုံးထွက်လာရင်တော့ smart ကတ်နဲ့ထွက်ရမယ်ပေါ့ ၊ဒါပေမယ့် ခုနောက်ပိုင်းကျစစ်မှုထမ်းဥပဒေအရအသက်ကန့်သတ်ချက်တွေရှိလာတော့ ကလေးတွေကဒီမှာမနေချင်ဘူးဆိုပြီးထွက်ကြတယ်။အလုပ်အကိုင်ကလည်းရှားပါးတယ်ဆိုတဲ့အခါမျိုးဖြစ်နေတော့ အလုပ်အကိုင်ရှားပါးတာထက်ဟိုဘက်မှာစျေးပိုရတဲ့အချက်တွေရှိမယ်။ဒီဘက်မှာကအလုပ်အကိုင်ခက်ခဲတာရှိတော့ ဟိုဘက်သွားကြတာများသွားတယ်။ဒါပေမယ့်တရားဝင်သွားဖို့က စနစ်တွေက က တင်းကျပ်တယ်။ခက်ခဲတယ်။အချိန်စောင့်ရတာရှိတယ်။ဒီတော့ PV နဲ့သွားတာများလာတာပေါ့ ။ ” ပြည်ပအလုပ်အကိုင်အေဂျင်စီတခုရဲ့တာဝန်ရှိသူတယောက်က ပြောပါတယ်။

PV နဲ့အလုပ်လုပ်တာတွေကို ထိန်းချုပ်တဲ့အခါမှာ တာဝန်ရှိသူတွေက ပတ်စပို့ ထုတ်ပေးမှုကိုထိန်းချုပ်ကန့်သတ်လာနိုင်သလို လေဆိပ်အထွက်မှာလည်းထိန်းချုပ်မှုတွေ ပြုလုပ်လာနိုင်တဲ့ အခြေအနေတွေလုပ်လာနိုင်တယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်တွေကမှတ်ချက်ပြုပါတယ်။

လက်ရှိမှာတော့ PJ (Passport for Job)ပြည်ပထွက်အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ်ကို PV (Passport for Visit) အလည်အပတ် နိုင်ငံကူးလက်မှတ် အဖြစ် ပြောင်းလဲလျှောက်ထားမှုကိုအကန့်အသတ်နဲ့သာ ခွင့်ပြုပြီး လုပ်ပေးနေတာ တလလောက်ရှိပြီလို့သိရပါတယ်။

#Voiceofmyanmar #vom #PJ #PV #ပြည်ပထွက်အလုပ်လုပ်ခွင

Related posts

Leave a Comment

VOM News

FREE
VIEW