လားရှိုးမှာ ဆရာဝန်တွေ စစ်ရှောင်ကုန်လို့ လူနာတွေ အခက်ကြုံနေ

  ဇူလိုင် ၁၀၊ ၂၀၂၄ Shy V (VOM) လားရှိုးမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် လက်ရှိ ဆရာဝန်တွေ စစ်ရှောင်ကုန်ပြီး ဓာတ်ဆီပါ ပြတ်လပ်လာလို့ ပြည်သူတွေ ခက်ခဲနေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။ “အရေးပေါ်လူနာတွေကလွဲပြီး အခြေအနေ မစိုးရိမ်ရတဲ့ လူနာတွေကို လိုအပ်တဲ့ဆေး ကုသမှုရရင် ကိုယ်နေထိုင်တဲ့ နေရာမှာပဲ ပြုစုစောင့် ရှောက်တာတွေလုပ်ကြဖို့ ညွှန်ကြားထားတယ်လို့ သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ လက်ရှိ လားရှိုး ဆေးရုံကြီးက ဆရာဝန်တချို့လည်း စစ်ရှောင်သွားတာကြောင့် ဆရာဝန်တွေ လုံလုံလောက်လောက် မရှိတော့ကြောင်း၊ စစ်ဆေးရုံမှာလည်း လူနာတွေကိုလက်ခံ ဆေးကုသ ပေးနေ‌ေကြာင်း သိရတယ်လို့ သူက ပြောပါတယ်။ ဒီနေ့တော့ မြို့ထဲမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီး ဓာတ်ဆီ တလီတာ နှစ်သောင်းအထိ ဈေးတက်လာတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။…

Read More

ဂါဇာစီးတီး တမြို့လုံး ဘေးလွတ်ရာပြောင်းရွှေ့ဖို့ အစ္စရေးစစ်တပ် အမိန့်ထုတ်

  ဂါဇာစီးတီး၊ ဇူလိုင်-၁၁-၂၀၂၄ မျိုးဆက်(VOM) ဂါဇာမြောက်ပိုင်းမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ပြင်းထန်နေချိန်မှာ ဂါဇာစီးတီးမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ ဂါဇာအလယ်ပိုင်းကို ရွှေ့ပြောင်းကြဖို့ အစ္စရေးစစ်တပ်က အမိန့်ထုတ်လိုက်ပါတယ်။ ဒေသခံတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဘေးကင်းရေးလမ်းကြောင်းတွေကနေ ဘေးလွတ်ရာသွားကြဖို့ အစ္စရေးစစ်တပ်က လေယာဉ်ပေါ်ကနေ ကြဲချတဲ့ အသိပေးလက်ကမ်းစာရွက်တွေမှာ တိုက်တွန်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂါဇာစီးတီးတမြို့လုံးကို ဘေးလွတ်ရာရွှေ့ပြောင်းခိုင်းတာဟာ ဂါဇာစစ်ပွဲစတင်ပြီးနောက် ဒုတိယအကြိမ်ဖြစ်ပြီး အခုလို ရွှေ့ပြောင်းခိုင်းတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသဂ္ဂက ထုတ်ပြန်ထားပါတယ်။ အစ္စရေးစစ်တပ်ဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကလည်းက ဟာမတ်စ်တို့ ပြန်လည်ဝင်ရောက်စုဖွဲ့နေတယ်လို့ ယုံကြည်ရတဲ့ ခရိုင်အများအပြားကို ပြန်လည်ဝင်ရောက်နေခဲ့တာဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံလွတ်မြောက်ရေးသဘောတူညီချက်အတွက် အစ္စရေးရဲ့ ခုလုပ်ရပ်ဟာ သဘောတူညီချက်ရရှိဖို့ ခြိမ်းခြောက်မှုတရပ်ဖြစ်တယ်လို့ ဟားမတ်စ်တို့က ပြောပါတယ်။ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှု ၊ နေရာရွှေ့ပြောင်းမှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို အရှိန်မြှင့်ပြီး စေ့စပ်ညှိနှိုင်းရေးအတွက် ဖိအားပေးဖို့ ကြိုးစားတာလို့ ဟားမတ်စ်ထိပ်တန်းတာဝန်ရှိသူတယောက်…

Read More

မြစ်ကြီးနားရေကြီးမှု လူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ပြန်လည်ထူထောင်ရေး အကူအညီတွေ လိုအပ် ဇူလိုင် ၁၁ – ၂၀၂၄ GG (VOM) ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ရေကြီးနစ်မြုပ်မှုဖြစ်စဥ်အတွင်း ဒေသခံလူ ၁၀ ယောက်ထက်မနည်း သေဆုံးမှုရှိခဲ့တယ်လို့ ဒေသအခြေစိုက်လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။ အဆိုပါ သေဆုံးရုပ်အလောင်းတွေကရေစီးနဲ့အတူမျောပြီး ရေကျသွားချိန်မှာ တွေ့ရှိခဲ့ရတာဖြစ်ပြီး သေဆုံးသူတွေထဲကမိသားစုဝင်တွေနဲ့အဆက်အသွယ်ရတာရှိသလို ပိုင်ရှင်မဲ့ရုပ်အလောင်းတွေလည်းပါတယ်လို့သိရပါတယ်။ ” ကျွန်တော်တို့အသင်းကတင် ငါးလောင်းကောက်ရတယ်။အမျိုးသားတွေချည်းပဲ။ကျန်တဲ့အသင်းတွေလည်း ကောက်တာရှိတယ်။ငါးလောင်းထဲမှာ တယောက်ကပိုင်ရှင်မဲ့ဖြစ်ပါတယ်။ ” လို့ မြစ်ကြီးနား အခြေစိုက်လူမှုကူညီရေးအသင်းတခုကပြောပါတယ်။ မြစ်ကြီးနားမြို့မှာ ဇူလိုင်လ ၁ ရက်နေ့မှာစပြီး မြစ်ရေအတက်ကြမ်းကာ ရေတွေစတင်ဝင်ရောက်ပြီး နေအိမ်တွေအလုံးလိုက်မျောပါခြင်း၊အိမ်မြုပ်တဲ့အထိရေအတက်ကြမ်းတာကြောင့် တမြို့လုံးအထိအခိုက်အပျက်အစီးများခဲ့သလို ရေစီးနဲ့မျောပါသေဆုံးသူတွေအထိရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” အိမ်တွေ၊ ဘုရားကျောင်းတွေပျက်စီးတာရှိတယ်။အခုရေပြန်ကျသွားတော့လည်း သေတဲ့သူတွေတွေ့ရတယ်။ကျွန်တော်တို့အသင်းက အလောင်း တခုကောက်ခဲ့ရတယ်။ကျန်အသင်းတွေလည်းကောက်ရတာတွေရှိတယ်။အခုရေပြန်ကျပေမယ့် တချို့ရေဘေးသင့်သူတွေအိမ်မပြန်နိုင်သေးဘူး ။အကူအညီတွေလိုအပ်နေတုန်းပဲ ။ရေကပေါင်လောက်အထိရှိတဲ့နေရာရှိသေးတယ်။မြစ်ဘေးတလျှောက်ပေါ့။ ” လို့ နောက်ထပ် လူမှုကူညီရေး အသင်းဝင်တယောက်ကပြောပါတယ်။ လက်ရှိမြစ်ကြီးနားမြို့နယ်မှာ…

Read More

တရုတ်မှာ မသန့်စင်ရသေးတဲ့ လောင်စာကားတွေနဲ့ ဟင်းချက်ဆီတွေ သယ်ယူပို့ဆောင်နေလို့ စုံစမ်းစစ်ဆေးနေ

  ပေကျင်း၊ ဇူလိုင်-၁၁-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ ဟင်းချက်ဆီများသယ်ဆောင်ရာတွင် အဆိပ်သင့်ဓါတုဗေဒပစ္စည်းများ တင်ဆောင်ပြီးနောက် စနစ်တကျသန့်စင်ခြင်းမပြုရသေးတဲ့ လောင်စာကားတွေ အသုံးပြုနေကြောင်း သတင်းတွေထွက်ပေါ်နေတဲ့အပေါ် စုံစမ်းစစ်ဆေးနေတယ်လို့ တရုတ်အစိုးရက ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေစတင်နေပြီး ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေကို အပြစ်ပေးအရေးယူသွားမယ်လို့ တရုတ်အစိုးရက ကတိပြုထားပါတယ်။ လောင်စာဆီလိုမျိုးပစ္စည်းတွေသယ်ယူရာမှာ အသုံးပြုတဲ့မော်တော်ယာဉ်တွေကို သေချာစွာမသန့်စင်ဘဲ ဟင်းချက်ဆီနဲ့ ဖျော်ရည်လို စားသောက်ကုန်တွေ သယ်ယူပို့ဆောင်နေတဲ့ အပေါ် တရုတ်လူမှုကွန်ရက်တွေမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဝေဖန်သူအများစုကတော့ အစားအသောက်ဘေးကင်းရေးက အဓိကဦးစားပေးရယ့် အချက်ဖြစ်ကြောင်း ပြောဆိုထားပြီး ၂၀၀၈ ခုနှစ်အတွင်းကဖြစ်ပွားခဲ့တဲ့ မယ်လ်မင်းဓါတ်ပါဝင်တဲ့ နို့မှုန့်တွေ့ကြောင့် ကလေးငယ် သုံးသိန်းနာမကျန်းမဖြစ်ခဲ့ရပြီး ခြောက်ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ နှိုင်ယှဉ်ဝေဖန်နေကြပါတယ်။ ဒီကိစ္စကတော့ မယ်လ်မင်းပါဝင်တဲ့ နို့မှုန့်ပြသနာလို တခါတည်း ဖြေရှင်းလို့မရဘူးကြောင်း ပြောဆိုပါတယ်။ တရုတ်နိုင်ငံမှာ ဆီတင်ယာဉ်တွေဟာ များသောအားဖြင့်…

Read More

ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၃၆၀ ကျော်ထိ မြင့်တက်လာပြီး ၄၀ ကျော်မှာ ကာလဝမ်းရောဂါတွေ့

  ဇူလိုင် ၁၁ – ၂၀၂၄ GG (VOM ) ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမြင့်တက်နေဆဲဖြစ်ပြီး မနေ့ကဇူလိုင်လ ၁၀ ရက်နေ့မှာပင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၁၁၅ ယောက်တွေ့ရှိခဲ့ရတယ်လို့ နစကသတင်းထုတ်ပြန်မှုအရသိရပါတယ်။ အဆိုပါဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူတွေထဲက ၂၂ ယောက်မှာတော့ ကာလဝမ်းရောဂါပိုး တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဇူလိုင်လ ၃ ရက်ကနေ ၁၀ ရက်အထိဆိုရင်ရန်ကုန်တိုင်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၃၆၃ ယောက်အထိရှိပြီး အဲဒီအထဲကမှ ကာလဝမ်းရောဂါဖြစ်သူ အယောက် ၄၀ ကျော်ထိ မြင့်တက်လာပါတယ်။ လက်ရှိမြေပြင်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါက ဗိုလ်တထောင်ခရိုင်ထဲမှာရှိတဲ့ သာကေတမြို့နယ်၊ဒေါပုံမြို့နယ်၊မင်္ဂလာတောင်ညွှန့်၊ဗိုလ်တထောင်မြို့နယ်တွေမှာ တွေ့ရှိနေရတာဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တွေဆီကသိရပါတယ်။ ” ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့သူတွေကတော့ရှိတုန်းပဲ။အခုဒေါပုံမှာမနေ့ကတင် ငါးယောက်တွေ့တယ်။တခြားသာကေတနဲ့ မင်္ဂလာတောင်ညွှန့်ဘက်တွေမှာလည်း ဖြစ်ပွားသူတွေတွေ့ရတာရှိတယ်။စာရင်းအတိကျကတော့ကျန်းမာရေးဘက်မှာပဲရှိမှာပါ။ထိန်းချုပ်နိုင်အောင်တော့ ကျန်းမာရေး အဖွဲ့တွေနဲ့ရပ်ကွက်တွေထဲလိုက်ပြီး ဆောင်ရွက်ပေးနေပါတယ်။နေ့ည မနားရပါဘူး။ ” လို့ ဒေါပုံအခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်တယောက်ကပြောပါတယ်။ နစကဘက်ကတော့…

Read More

ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီတွေနဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လာရေး နေတိုးခေါင်းဆောင်တွေ ကတိပြု

  ဝါရှင်တန်၊ ဇူလိုင်-၁၁-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ နောက်ပြန်မဆုတ်တဲ့လမ်းကြောင်းနဲ့ နောက်ထပ် စစ်ရေးအကူအညီတွေပေးဖို့ နေတိုးအဖွဲ့ခေါင်းဆောင်တွေက အမေရိကန်မှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူလိုက်ပါတယ်။ မဟာမိတ်အဖွဲ့သို့ ယူကရိန်းဝင်ရောက်မယ့် အချိန်ကာလနဲ့ပတ်သက်ပြီး သဘောတူထားတာမျိုးမရှိသေးပေမယ့် နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံ ယူကရိန်းအတွက် မယိမ်းမယိုင်ထောက်ခံနေကြောင်း ခေါင်းဆောင်တွေက ကတိပြုပြောဆိုပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲမှာတော့ ယူကရိန်းအတွက် အဖွဲ့ဝင်နိုင်ငံတွေက အက်ဖ်-၁၆ တိုက်လေယာဉ်များအပါအဝင် လာမယ့်နှစ်အတွက် ဒေါ်လာ ၄၃ ဘီလီယံကျော်တန်ဖိုးရှိ စစ်ရေးအထောက်အပံ့တွေ ယူကရိန်းကို ပေးဖို့သဘောတူခဲ့ကြပါတယ်။ “ ယူကရိန်းကို ထောက်ပံ့နေတာဟာ ပရဟိတလုပ်နေတာ မဟုတ်ပါဘူး ။ ဒါဟာ ကျွန်တော်တို့ရဲ့ လုံခြုံရေး အတွက်ဖြစ်တယ်” လို့ နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ဂ်က ပြောပါတယ်။ နေတိုးအဖွဲ့ ခေါင်းဆောင်တွေဟာ ယူကရိန်းစစ်တပ်အတွက် စစ်ရေးအကူအညီတွေနဲ့ လေ့ကျင့်မှုပေါင်းစည်းရေးအတွက် ယူနစ်တခုကိုလည်း ထူထောင်ဖို့သဘောတူခဲ့ကြပြီး နေတိုးအဖွဲ့နဲ့ ယူကရိန်းအကြား ဆက်ဆံရေးပိုမိုခိုင်မာစေမယ့်…

Read More

ဘဏ်တွေ သတ်မှတ်စည်းကမ်း မလိုက်နာရင် အရေးယူမယ်လို့ နစက ပြော

  ဇူလိုင် ၁၁ – ၂၀၂၄ SN (VOM) ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေအနေနဲ့ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့အညီ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး လုပ်ထုံးလုပ်နည်းတွေကို လိုက်နာမှုမရှိရင်တော့ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နစက မနေ့ ဇူလိုင် ၁၀ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ အသိပေး ပြောဆိုလိုက်တယ်လို့ ဘဏ်လုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စည်းစနစ်နဲ့ယှဉ်ပြိုင်ခြင်းထက် ကိုယ်ကျိုးစီးပွားကြောင့် လက်ဝါးကြီးအုပ်ခြင်း၊ ဈေးကစားမှု ပြုခြင်းတွေကြောင့် အများပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတဲ့အတွက် တားဆီးကာကွယ်ပေးရမှာဖြစ်တယ်လို့ နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးက အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ “ပြည်တွင်း ဘဏ်တွေအနေနဲ့က သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်တာရှိတယ်ပေါ့။ ဒါက နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒတွေကို ထိပါးစေတဲ့အတွက် ခေါ်တွေ့တာလို့ ပြောတယ်။…

Read More
VOM News

FREE
VIEW