မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ ဆေးရုံတက်နေရ

 

ကွာလာလမ်ပူ၊ ဇူလိုင် -၁၈-၂၀၂၄
မျိုးဆက်(VOM)

အသက် ၁၀၀ နီးပါးရှိပြီဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်ဟာ ချောင်းဆိုက်တိုက်ဆိုးနေတဲ့ ဝေဒနာကြောင့် ဆေးရုံတင်ထားရတယ်လို့ သူ့ရဲ့လက်ထောက်က အေအက်ဖ်ပီကို ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း မဟာသီယာဟာ ဒီဝေဒနဲ့ပတ်သက်ပြီး လာမယ့် ရက်အနည်းငယ်အတွင်းမှာ ကုသမှုခံယူသွားမှာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဆူဖီယူဆွတ်ဖ်က အတည်ပြုပြောဆိုပါတယ်။

နှစ်ကြိမ်တိုင် ဝန်ကြီးချုပ်ဟောင်းဘ၀နဲ့ နိုင်ငံရေးဖြတ်သန်းခဲ့တဲ့ မဟာသီယာမိုဟာမက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အသက် ၉၉ နှစ်ပြည့်ခဲ့ပါတယ်။ သူဟာ မကြာသေးမီနှစ်တွေအတွင်း နှလုံးရောဂါခံစားရပြီးနောက် ခွဲစိတ်မှုတွေလည်း ခံယူထားရသူဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းမှာတော့ သူဟာ ဆေးရုံမှာသုံးလနီးပါးထိ တက်ရောက်ခဲ့ရပါသေးတယ်။ ၁၉၂၅ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ မွေးဖွားခဲ့တဲ့ မဟာသီယာမိုဟာမက်ဟာ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ပထမဆုံးအကြိမ်ကတော့ ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ နိုင်ငံရဲ့ စတုတ္ထမြောက် အမျိုးသားခေါင်းဆောင်အဖြစ် ပထမဆုံး တာဝန်ယူခဲ့ပြီး အဲံဒီနောက် အသက် ၉၂ နှစ်အရွယ်ရောက်ချိန် ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ထိ ဒုတိယအကြိမ်မြောက် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

Ref:AFP
Photo:AFP

#Voiceofmyanmar #VOM #မလေးရှား #ဝန်ကြီးချုပ် #ချောင်းဆိုးဝေဒနာ #ဆေးရုံတက်

Related posts

✕
VOM News

FREE
VIEW