မဟာမြိုင်ကားလမ်း ပြန်ဖွင့်လို့ ပိတ်မိနေတဲ့ကားတွေ သွားလာနိုင်ပြီ

 

ဇူလိုင် ၁၈ – ၂၀၂၄
GG (VOM)

စစ်ကိုင်းတိုင်း၊ ရေဦး – ကလေးဝကြား မဟာမြိုင်ကားလမ်းမှာ ပိတ်မိနေတဲ့ ကားတွေကို ဒီနေ့ဇူလိုင်လ ၁၇ ရက်နေ့မနက်ပိုင်းကစပြီး လမ်းဖွင့်ပေးပြီးသွားလာခွင့်ပြုလိုက်ပြီလို့သိရပါတယ်။

ရေဦး – ကလေးဝလမ်းမှာပိတ်မိနေတဲ့ ဆီဘောက်ဆာကား၊ကုန်ကားတွေကိုပဲ သွားခွင့်ပြုတာမျိုးမဟုတ်ဘဲ ကားလမ်းပိတ်ထားတာကို ပြန်ဖွင့်ပေးလိုက်တာဖြစ်လို့ ခရီးသွားတွေအားလုံးသွားလာနိုင်တဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။

” ကားတွေခုမနက်စလွှတ်လိုက်ပါပြီ။ပေးလွှတ်မယ့်အကြောင်းပြောလို့ ကားတွေစစ်ဘာညာအသင့်လုပ်ထားပြီးမကြာဘူး ဖွင့်ပေးတာပါ။လမ်းပိုင်းကိုပြန် ဖွင့်လိုက်တဲ့သဘောပါ။ကားသမားတွေနဲ့pdfတွေ ပြဿနာတက်ပြီးနောက်မှာ ခုလိုဖွင့်ပေးလိုက်တာ ။ ” လို့ပိတ်မိတဲ့အထဲက ကုန်ကားပိုင်ရှင်တယောက်ကပြောပါတယ်။

အဆိုပါလမ်းပိုင်းက နယ်မြေခံ ကလေးPDF တပ်ဖွဲ့ဘက်ကလည်း ရေဦး – ကလေးဝ မဟာမြိုင်ကားလမ်းကို အောင်ချမ်းသာ တိုက်ပွဲကြောင့် ယာယီပိတ်ထားတာဖြစ်ကြောင်း ဒီနေ့ကစပြီး ပြည်သူတွေ အန္တရာယ်ကင်းစွာ သွားလာနိုင်ပြီလို့ အသိပေးထားတာတွေ့ရပါတယ်။

ဇူလိုင်လ ၈ ရက်နေ့မှာ နယ်မြေခံ PDF တပ်ဖွဲ့ဝင်တွေနဲ့ ကုန်ကသမားတွေ အဓိကရုဏ်း PDF တွေအပေါ်ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပြီး ဇူလိုင်လ ၁၅ ရက်မှာ ပြဿနာတက်ရတဲ့ဖြစ်စဥ်အပေါ် ကလေးဝ pdf ဘက်ကစာထုတ်ဖြေရှင်းခဲ့ပါတယ်။

အဲဒီနောက် ဒီနေ့ဇူလိုင်လ ၁၇ ရက်မှာတော့ ပိတ်ထားတဲ့ မဟာမြိုင်ကားလမ်းကိုPDF ဘက်က သွားလာခွင့်ပြန်လည် ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။

မဟာမြိုင်ကာလမ်းမှာက စက်သုံးဆီကားတွေအပါအဝင် ကုန်ကားအစီးရေ ရာနဲ့ချီပိတ်မိနေတာ ရက်ပေါင်းလေးဆယ်ထက်မနည်းကြာမြင့်ခဲ့တယ်လို့သိရပါတယ်။

ရေဦး – ကလေးဝ မဟာမြိုင်ကားလမ်းပြန်ဖွင့်ပေးလိုက်တာကြောင့် ကလေးမြို့ရဲ့ကုန်စျေးနူန်းလည်း ပုံမှန်အခြေအနေကိုပြန်လည်ရောက်ရှိသွားနိုင်ပြီး ဒေသခံတွေလည်း သွားလာရေးအဆင်ပြေမှာဖြစ်တယ်လို့သိရပါတယ်။

#Voiceofmyanmar #vom #ရေဦး #ကလေးဝ #မဟာမြိုင်လမ်းပြန်ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW