ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ထက် ဟားရစ်က အနိုင်ယူရပိုလွယ်မယ်လို့ ဒေါ်နယ်ထရန့်ပြော

 

ဝါရှင်တန် ၊ ဇူလိုင်-၂၂-၂၀၂၄
မျိုးဆက်(VOM)

ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ်ကနေ ဂျိုးဘိုင်ဒင်နှုတ်ထွက်သွားပြီးနောက်မှာ သမ္မတလောင်းဖြစ်လာဖွယ်ရှိတဲ့ ဒုသမ္မတ ကမလာဟားရစ်ဟာ ဂျိုးဘိုင်ဒင်ထက် အနိုင်ယူရပိုလွယ်တယ်လို့ထင်ကြောင်း ဒေါ်နယ်ထရန့်ကပြောပါတယ်။

“ ဟားရစ်က ဘိုင်ဒင်ထက်ပိုပြီး အနိုင်ယူဖို့လွယ်တယ်” လို့ သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်ကြောင်း ဂျိုးဘိုင်ဒင်ကြေညာပြီးနောက် များမကြာခင်မှာ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့် ပြောပါတယ်။

ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်တဲ့ လက်ရှိသမ္မတဂျိုးဘိုင်ဒင်ဟာ သူ့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအရ နောက်ထပ်သမ္မတသက်တမ်းအတွက် ယှဉ်ပြိုင်ဖို့မသင့်လျော်ကြောင်း ပြီးခဲ့တဲ့လနှောင်းပိုင်းက ထရန့်နဲ့ စကားစစ်ထိုးပွဲပြီးနောက် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

“ဘိုင်ဒင်က သမ္မတအဖြစ် အရွေးချယ်ခံဖို့နဲ့ တာဝန်ထမ်းဆောင်ဖို့ မသင့်တော့ပါဘူး” လို့ဒေါ်နယ်ထရန့်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ထရန့်အပြင် ဘိုင်ဒင်ရဲ့ ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော်ဥက္ကဌ မိုက်ဂျွန်ဆင်အပါအဝင် အခြားသောဒီမိုကရက်တစ်တွေကလည်း ဘိုင်ဒင်ရဲ့ အခြေအနေအပေါ် ဝေဖန်ခဲ့ကြပါတယ်။

ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်လာနိုင်တဲ့ ဒုသမ္မတ ကမလာဟားရစ်ကို ရင်ဆိုင်ဖို့ မစိုးရိမ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ငွေကြေးဖောင်းပွမှုလို ကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ ဂျိုးဘိုင်ဒင်ရဲ့ မူဝါဒနဲ့ ကွာခြားမှုမရှိဘူးလို့ ထရန့်ရဲ့ မဲဆွယ်စည်းရုံးရေးအကြံပေးတွေနဲ့ မဟာမိတ်တွေက လူသိရှင်ကြား ပြောဆိုထားပါတယ်။

Ref:CNA
Photo:Getty Images

#Voiceofmyanmar #VOM #အမေရိကန် #သမ္မတရွေးကောက်ပွဲ #ဟားရစ် #ဒေါ်နယ်ထရန့်

Related posts

Leave a Comment

VOM News

FREE
VIEW