This Day in History

  Voice of Myanmar ဗီယက်နမ်စစ်ပွဲမှ အမေရိကန်တပ်များ ရုပ်သိမ်းမှု ပထမအဆင့်အဖြစ် ပထမဆုံးသောတပ်ဖွဲ့ဝင် နှစ်သောင်းငါးထောင် ရုပ်သိမ်းရေးအတွက် တောင်ဗီယက်နမ်မှ အမေရိကန်ခြေလျင်တပ်မ အမှတ်-၉ က ၁၉၆၉ ခုနှစ် ဇူလိုင် ၇ ရက်တွင် စတင်ခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #July7

Read More

ရူပီးနဲ့ ကျပ် တိုက်ရိုက်ပေးချေမှုလတ်တလော အရာမထင်နိုင်သေး

  ဇူလိုင် ၇ – ၂၀၂၄ SN (VOM) အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ ရူပီးနဲ့ ကျပ် တိုက်ရိုက်ပေးချေမှုစနစ်ဟာ နယ်မြေတည်ငြိမ်မှု မရှိတဲ့ အခြေအနေတွေကြောင့် လတ်တလောမှာ အရာမထင်နိုင်သေးဘူးလို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရူပီးနဲ့ ကျပ်ငွေ ကုန်သွယ်မှု ငွေပေးချေရေးယန္တရား ပထမဆုံး စတင်လည်ပတ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်ထားပြီး နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ပြည်တွင်းငွေကြေး သုံးစွဲမှုကို မြှင့်တင်ဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တယောက်က “လက်ရှိမှာက နိုင်ငံရဲ့ စီးပွားရေး၊ လုံခြုံရေး ချွတ်ခြုံကျနေချိန်ဖြစ်တယ်။ အိန္ဒိယနယ်စပ်မှာလည်း ကုန်သွယ်မှုက မရှိသလောက်ဖြစ်နေတယ်။ နယ်မြေတည်ငြိမ်မှု မရှိတဲ့အခြေအနေမှာ နယ်စပ်ကုန်သွယ်‌ရေးတွေအားလုံးက ရပ်တန့်နေတယ်။…

Read More

ဒုက္ခသည်တွေခိုလှုံနေတဲ့ စာသင်ကျောင်ကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှု ၁၆ ယောက်သေဆုံး

  ဂါဇာစီးတီး ၊ ဇူလိုင်-၇-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသရှိ စာသင်ကျောင်းတကျောင်းကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၆ ယောက်သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီစာသင်ကျောင်းဟာ ဂါဇာအလယ်ပိုင်း နူဆီရက်ဒုက္ခသည်စခန်းမှ ဒုက္ခသည် ထောင်ချီပြီး ခိုလှုံနေတဲ့ နေရာဖြစ်ကြောင်း ဟာမတ်စ်ကျန်းမာရေးအာဏာပိုင်တွေက ဆိုပါတယ်။ အစ္စရေးကတော့ အဲဒီစာသင်ကျောင်း ဧရိယာမှ လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ တိုက်ခိုက်မှုဟာ လူစည်ကားတဲ့ စျေးအနီးရှိ စာသင်ကျောင်းခေါင်မိုးကို ပစ်မှတ်ထားခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒီစာသင်ကျောင်းကို ခိုလှုံရာနေရာအဖြစ် လူ ၇၀၀၀ ခိုလှုံနေတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသသူတွေထဲမှာ သတင်းထောက်ငါးယောက်ပါတယ်လို့ ဟားမတ်စ်တို့ကပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်မှာစတင်ခဲ့တဲ့ ဂါဇာစစ်ပွဲအတွင်း သေဆုံးသွားတဲ့ သတင်းသမား ၁၅၈ ယောက်ထိရှိလာပြီလို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့က ပြောပါတယ်။ စာသင်ကျောင်းကို ထိမှန်ခဲ့တာနဲ့ပတ်သက်ပြီး အစ္စရေးကလည်း…

Read More

တောင်ကိုရီးယားမှာ နိုရိုဗိုင်းရပ်စ်ပါတဲ့ ကင်မ်ချီစားမိပြီး လူ ၁၀၀၀ ကျော် ဆေးရုံရောက်

  ဆိုးလ်၊ ဇူလိုင်-၇-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံမှာ နိုရိုဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့ ကင်မ်ချီတွေ စားမိပြီး လူ ၁၀၀၀ ကျော်ဆေးရုံ တင်ထားရကကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကနဦးမှာ အစာအဆိပ်သင့်သူ ၉၉၆ ယောက်ရှိခဲ့ပေမယ့်လည်း မနေ့ကတော့ ၁၀၂၄ ယောက်ထိ မြင့်တက်လာပါတယ်။ အစာအဆိပ်သင့်သူတွေဟာ အဲဒီကင်မ်ချီတွေကို မြို့မှာရှိတဲ့ ကျောင်းအစားအစာတွေကတဆင့် ရရှိခဲ့တာဖြစ်ပါတယ်။ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ဗိုက်အောင့်တာမျိုး ဝေဒနာခံစားရပြီး ဆေးရုံတက်နေရသူတွေထဲမှာ စာသင်ကျောင်း ၂၄ ကျောင်း ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ နမ်ဝန်မြို့ အာဏာပိုင်တွေက ပြောပါတယ်။ လက်ရှိမှာတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ကင်မ်ချီထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို ပြန်သိမ်းပြီး ရောင်းချမှုကိုလည်း ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားပါတယ်။ နိုရိုဗိုင်းရပ်စ်ဟာ အလွန်ကူးစက်တတ်ပြီး အိမ်သာရေဆေးလက်ကိုင်လို ညစ်ညမ်းတဲ့ မျက်နှာပြင်ပစ္စည်းတွေနဲ့ ရောဂါပိုးရှိပြီးသားသူတွေနဲ့…

Read More

သံတွဲကစစ်ရှောင်တွေကို ဘုန်းကြီးကျောင်းမှာနေခွင့်မပြုသလို စစ်ရှောင်စခန်းလည်းမရှိလို့ အခက်ကြုံနေ

  ွဇူလိုင် ၇ – ၂၀၂၄ GG (VOM) ရခိုင်ပြည်နယ်၊ သံတွဲမြို့ကနေ ဂွမြို့ကို စစ်ရှောင်လာသူတွေကို ဂွမြို့တာဝန်ရှိသူတွေက ဘုန်းကြီးကျောင်းတွေမှာ တည်းခို နေထိုင်ခွင့်မပြုသလို စစ်ရှောင်စခန်းလည်းဖွင့်လှစ်ပြီးစိစစ်လက်ခံ မပေးတာကြောင့် ငွေကြေးမပြည်စုံတဲ့စစ်ရှောင်တွေ အခက်တွေ့နေရတယ်လို့ သိရပါတယ် ။ သံတွဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ကျေးရွာဒေသခံပြည်သူတွေ၊ မြို့ပေါ်နေထိုင်သူအများစုဟာ ကျိန္တလီမြို့နဲ့ ဂွမြို့အပါအဝင် နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေကြရပြီး ဂွမြို့ပေါ်စစ်ရှောင်လာသူတွေအတွက် ဘုန်းကြီးကျောင်းရော စစ်ရှောင်စခန်းပါမရှိလို့ အိမ်ခန်းငှားနေရလို့ အဆင်မပြေဒုက္ခရောက်နေကြရတာဖြစ်တယ်လို့သိရပါတယ်။ ” တချို့ဆို ဂွကိုစစ်ရှောင်လာဖို့တောင်ကားခမတတ်နိုင်လို့ ခြေကျင်လာရသူတွေရှိတယ်။ဧရာဝတီအထိကိုခြေကျင်သွားရမယ့်သူတွေရှိတယ်။ဂွမှာက ဘုန်းကြီးကျောင်းလည်းနေခွင့်မပြုဘူး။စစ်ရှောင်စခန်းလည်းမဖွင့်ပေးထားတော့ ရန်ကုန်ဘက်။ဧရာဝတီဘက်စစ်ရှောင်မယ့်သူတွေရော ။ဂွမှာပဲနေကြမယ့်သူတွေရောက အိမ်ငှားနေရတယ်။တည်းခိုခန်းတွေမှာနေရတယ်၊အကုန်အပြည့်ဘဲ။ငွေကြေးမပြည့်စုံသူတွေကတော့ ဒုက္ခရောက်နေရတယ်၊ သံတွဲနဲ့ဂွကြားကရွာတွေမှာတော့ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတာလည်းရှိတယ် ” လို့ စစ်ရှောင်လာသူတွေကို ကူညီပေးနေတဲ့ ဂွမြို့ဒေသခံတယောက်ကပြောပါတယ်။ ဂွမြို့ကို ရောက်လာတဲ့ ငွေကြေးမပြည့်စုံတဲ့ စစ်ဘေးရှောင်တွေအတွက် စစ်ရှောင်စခန်းတွေဖွင့်ပေးဖို့လိုအပ်နေပြီး အကူအညီအထောက်အပ့ံတွေလိုအပ်နေသလို ကျေးရွာဘုန်းကြီးကျောင်းကစစ်ရှောင်တွေအတွက်လည်း အမျိုးသမီးလစဥ်သုံး ပစ္စည်းအပါအဝင်…

Read More

ယူကရိန်း စွမ်းအင်စက်ရုံတွေကို ရုရှားရဲ့တိုက်ခိုက်မှု အရှိန်မြှင့်နေ

  ကိဗ်ယက်၊ ဇူလိုင်-၇-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဓါတ်အားပေး စွမ်းအင်စက်ရုံတရုံကို ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဲဒီဒေသက လူတသိန်းကျော် လျှပ်စစ်ဓါတ်အား ပြတ်တောက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်ခံရတဲ့ ဆူမီဒေသရှိဓါတ်အားပေးစက်ရုံမှာ ထိခိုက်သေဆုံးမှုမရှိကြောင်းနဲ့ မြို့နဲ့ ဝန်းကျင်ဒေသတွေ ဓါတ်အား ပြန်လည်ရရှိဖို့ အရေးပေါ် ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရုရှားဟာ မကြာသေးမီကာလတွေအတွင်း ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုအရှိန်မြှင်ခဲ့ပြီး ဒီလိုတိုက်ခိုက်မှုတွေကို အချိန်မီကာကွယ်ဖို့အတွက် ပိုမိုခေတ်မီတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ပေးအပ်ဖို့ ယူကရိန်းသမ္မတဇီလန်စကီးက အနောက်အုပ်စုမဟာမိတ်တွေကို တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ သုံးလအတွင်း အပူစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေနဲ့ ရေအားလျှပ်စစ်စက်ရုံတွေ ပျက်စီးခဲ့တာကြောင့် လျှပ်စစ်ထုတ်လုပ်မှု ပမာဏ ကိုးဂ္ဂါဝပ်ထိ ကျဆင်းခဲ့တယ်လို့ ယူကရိန်းအမျိုးသားစွမ်းအင် ကုမ္ပဏီက ပြောပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ဆုံးရှုံးတာတွေကို ကာမိစေဖို့အတွက် ပိုလန်ဟာ ပိုလျှံလျှပ်စစ်ဓါတ်အားတွေကို…

Read More

လားရှိုးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး မြို့ထဲထိ လက်နက်ကြီးကျည်တွေကျလို့ ထိခိုက်တာတွေရှိ

  ဇူလိုင် ၇၊ ၂၀၂၄ Shy V (VOM) လားရှိုးမှာ ဇူလိုင်လ ၇ ရက်ေန့မှာလည်းတိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပြီး မြို့ထဲ လက်နက်ကြီးကျည်တွေကျကာ ထိခိုက်မှုတွေ ဆက်ရှိနေကြောင်း ဒေသခံေတွဆီက သိရပါတယ်။ “ဒီနေ့ ဇူလိုင်လ ၇ ရက်နေ့မှာတော့ မနက် အစောကြီး မိုးသိပ် မလင်းခင်ကတည်းက လက်နက်ကြီးရော လက်နက်သေးတွေရော အဆက်မပြတ် ပစ်နေတယ်။ ရပ်ကွက် ၅၊ ၆ နဲ့ ၇ ရဲ့ ဝောာင်ပေါ်ဘက်မှာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ နေ့လယ်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နောက်ပိုင်းမှာ ငြိမ်သက်သွားတယ်လို့ ဆိုပါတယ်။ “လက်နက်ကြီးတွေက ရပ်ကွက်တွေထဲ ကျတယ်။ မနက်တုန်းက ရပ်ကွက် ၇ ဘက် ကျတာတော့ ကွင်းပြင်ထဲ ကျတယ်လို့ ပြောတယ်။…

Read More

မော်လိုက်မှာမြို့ပေါ်နဲ့ ဝန်းကျင် ရွာဆယ်ရွာထက်မနည်း ရေကြီးနစ်မြုပ်​လို့ အကူအညီလိုအပ်​ေန​

ဇူလိုင် ၆ – ၂၀၂၄ GG (VOM) စစ်ကိုင်းတိုင်း၊မော်လိုက်မြို့မှာ ချင်းတွင်းမြစ်ရေဆက်တိုက်တိုးနေပြီး ဒီနေ့ဇူလိုင်လ ၆ ရက်နေ့မှာ စိုးရိမ်ရေမှတ်ထက် ၂ ပေခွဲခန့် ( ၇၄ စင်တီမီတာ) ကျော်လွန်နေပြီဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် လက်ရှိမော်လိုက်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေအပြင် ချင်းတွင်းမြစ်ကမ်းတလျှောက်မှာရှိတဲ့ ကျေးရွာပေါင်း၁၀ ရွာထက်မနည်း ရေကြီးနစ်မြုပ်နေပြီး အရေးပေါ်ကူညီရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့သိရပါတယ်။ ” မြို့ပေါ်မှာဆို အောင်မင်္ဂလာရပ်ကွတေနဲ့အောင်ချမ်းသာရပ်ကွက်တွေ ရေကျော်နေပြီ။မြစ်ရေကလည်းထပ်တက်ဦးမယ်လို့မိုးဇလကထုတ်တာတွေ့တယ်။ရွာတွေဘက်မှာတော့ ရွာတော်တော်များများရေနစ်မြုပ်နေပြီ၊ရွာဘက်တွေကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ လိုအပ်နေတယ်။ တပ်ကုန်း၊ ရေခါတွန်၊ ဝဲကသာ ဘက်ကအခြေအနေပိုဆိုးနေတာ သိရတယ်၊ ရေဝင်တော့ ချက်ပြုတ်စားမရအလုပ်ကမလုပ်ရတဲ့ စားစရာအခက်အခဲဖြစ်နေတာပိုများတယ် ” လို့ မော်လိုက်ဒေသခံတယောက်ကပြောပါတယ်။ လက်ရှိ ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မော်လိုက်မြို့နယ်ထဲက ဝဲကသာ၊ ရေခါတွန်၊ တပ်ကုန်း၊သဝန်၊ ဆွတ်နန်း၊ ယူးဝ၊ ရွှေလင်းတ၊ လက်ပန် အပါအဝင် ရွာပေါင်း ၁၀ရွာခက်မနည်း ရေကြီးနစ်မြုပ်နေတာဖြစ်တယ်လို့…

Read More

မိုးကုတ်စစ်ရှောင် ထောင်ချီ သပိတ်ကျင်းအနီး ပိတ်မိနေမှု တပတ်ခန့် ကြာမြင့်လာပြီ ဖြစ်

  ဇူလိုင် ၆ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ မိုးကုတ် – သပိတ်ကျင်း ကားလမ်းပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မိုးကုတ်စစ်ရှောင် ထောင်ချီ သပိတ်ကျင်းအနီး ပိတ်မိနေတာဟာ တပတ်ခန့် ကြာမြင့်လာပြီဖြစ်တယ်လို့ သပိတ်ကျင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဇွန် ၃၀ ရက်၊ မနက်အစောပိုင်းမှစတင်ကာ မိုးကုတ်မြို့ကိုစွန့်ခွာပြီး မန္တလေးဘက်ကို ရှောင်တိမ်းလာကြတဲ့ ပြည်သူ ထောင်နဲ့ချီ သပိတ်ကျင်းမြိုနယ်၊ ဇရပ်ကွင်းကျေးရွာမှာ ပိတ်မိနေကြတာဖြစ်ပြီး နစကနဲ့ အတက်အဆင်းလမ်းတွေကို ပိတ်ဆို့ထားတဲ့အတွက် မန္တ‌လေးကိုလည်း ဆင်းမရ၊ မိုးကုတ်ကိုလည်း ပြန်တက်မရ ဖြစ်နေတယ်လို့ အဲဒီ ဒေသခံတွေက ပြောပါတယ်။ “သူတို့ကို ဒီက ဒေသခံတွေကပဲ အလှူခံပြီး ချက်ကျွေးနေရတာပေါ့။ ပိတ်မိနေတဲ့ သူတွေက အများကြီးပဲ။ မိုးကုတ် မြို့တဝက်နီးပါးပဲ။ အခု ဆန်မလောက်တော့ဘူး။ ရေရှည်…

Read More

ဥ့်ကူ-ရွှေဘိုကားလမ်း ပိတ်သွားလို့ ဒေသခံတွေ စစ်ရှောင်မရဖြစ်နေ

စ ဇူလိုင် ၆ – ၂၀၂၄ GG (VOM) မန္တလေး ၊စဥ့်ကူးမြို့နယ်ထဲက ရွှေပြည်ရွာ ရဲကင်းစခန်းအပါအဝင် ကျေးရွာတွေမှာ ဒီနေ့ဇူလိုင်လ ၆ ရက်နေ့အထိတိုက်ပွဲဖြစ်ပွားနေပြီး လမ်းတွေပိတ်လိုက်တာကြောင့် စစ်ရှောင်တွေ စဥ့်ကူးနယ်ထဲကနေထွက်မရဘဲ ပိတ်မိနေတယ်လို့သိရပါတယ်။ ရွှေပြည်ရွာရဲကင်းစခန်းကို ဒေသတွင် PDF အဖွဲ့တွေကတိုက်ခိုက်နေပြီး နစကတပ်တွေနဲ့ အပြန်အလှန်တို်ကပွဲတွေဟာ လက်ပန်လှ၊ပင်လယ်ကြီး ဘက်မှာပါပစ်ခတ်မှုတွေရှိနေလို့ ဒေသခံတွေက ဘေးလွတ်ရာ ရွှေဘိုနယ်ဘက်ကို စစ်ရှောင်လိုပေမယ့် ထွက်ခွင့်ပိတ်ထားတာကြောင့် နီးစပ်ရာတွေကိုပဲ ထွက်ပြေးတိမ်းရှောင်နေ ကြရတာဖြစ်တယ်လို့သိရပါတယ်။ ” ကျွန်တော်တို့ကိုယ်တိုင်ပြေးနေရတာပဲ။အရင်ရက်ကရွှေဘိုဘက်ကို စစ်ရှောင်လို့ရတယ်၊အခု ရွှေဘိုဘက်လည်းရှောင်လို့ မရတော့ဘူး။ ပိတ်လိုက်တယ်။မန္တလေးဘက်ကျတော့လည်း အလှမ်းဝေးတယ် ၊ရွှေကျင်ဂိတ်ကပေးမဖြတ်ဘူးသိရတယ် ” လို့ လက်ပန်လှရွာဒေသခံတယောက်ကပြောပါတယ်။ လက်ရှိမှာ ရွှေဘိုဘက်ကို စစ်ရှောင်ခွင့်မရတာကြောင့် လက်ပန်လှ၊ရွှေပြည်ရွာ၊ပင်လယ်ကြီး၊ကျည်တောက်ပေါက်၊နွယ်ရုံက ဒေသခံတွေဟာ နီးစပ်ရာဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ရှောင်နေရသလို ဗုံးခိုကျင်း ၊ နီးစပ်ရာအိမ်တွေနဲ့ တောထဲမှာပဲ စစ်ရှောင်ပြီး လမ်းဖွင့်ပေးမယ့်အချိန်ကိုစောင့်နေကြတယ်လို့သိရပါတယ်။ ”…

Read More
VOM News

FREE
VIEW