ဆိုးလ်၊ ဇူလိုင်-၇-၂၀၂၄
မျိုးဆက်(VOM)
တောင်ကိုရီးယားနိုင်ငံမှာ နိုရိုဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့ ကင်မ်ချီတွေ စားမိပြီး လူ ၁၀၀၀ ကျော်ဆေးရုံ တင်ထားရကကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ကနဦးမှာ အစာအဆိပ်သင့်သူ ၉၉၆ ယောက်ရှိခဲ့ပေမယ့်လည်း မနေ့ကတော့ ၁၀၂၄ ယောက်ထိ မြင့်တက်လာပါတယ်။ အစာအဆိပ်သင့်သူတွေဟာ အဲဒီကင်မ်ချီတွေကို မြို့မှာရှိတဲ့ ကျောင်းအစားအစာတွေကတဆင့် ရရှိခဲ့တာဖြစ်ပါတယ်။
အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ဗိုက်အောင့်တာမျိုး ဝေဒနာခံစားရပြီး ဆေးရုံတက်နေရသူတွေထဲမှာ စာသင်ကျောင်း ၂၄ ကျောင်း ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ နမ်ဝန်မြို့ အာဏာပိုင်တွေက ပြောပါတယ်။
လက်ရှိမှာတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ကင်မ်ချီထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို ပြန်သိမ်းပြီး ရောင်းချမှုကိုလည်း ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားပါတယ်။
နိုရိုဗိုင်းရပ်စ်ဟာ အလွန်ကူးစက်တတ်ပြီး အိမ်သာရေဆေးလက်ကိုင်လို ညစ်ညမ်းတဲ့ မျက်နှာပြင်ပစ္စည်းတွေနဲ့ ရောဂါပိုးရှိပြီးသားသူတွေနဲ့ ထိတွေ့မှုကတဆင့် ကူးစက်တတ်ပြီး အများစုကတော့ ဆေးရုံတက်ဖို့မလိုဘဲ ရက်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာပေမယ့် အချို့ကတော့ ပြင်းထန်တတ်ပါတယ်။
Ref:BBC
Photo:Namwon City
#Voiceofmyanmar #VOM #တောင်ကိုရီးယား #ကင်မ်ချီ #အစာအဆိပ်သင့် #လူ၁၀၀၀ကျော် #ဆေးရုံရောက်
