ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် သင်္ဘောနစ်မြုပ်ပြီး မြန်မာသင်္ဘောသား ကိုးယောက် ပျောက်ဆုံး

  တို်ငပေ၊ ဇူလိုင်-၂၅-၂၀၂၄ မျိုးဆက်(VOM) ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း ဂေမီတိုက်ခတ်မှုကြောင့် တောင်ပိုင်းကမ်းရိုးတန်းမှာ ကုန်တင်သင်္ဘောနစ်မြုပ်မှုမှ ပျောက်ဆုံးနေတဲ့ အမှုထမ်းကိုးယောက်ကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်က အပူတပြင်း ရှာဖွေနေပါတယ်။ တိုင်မွန်းမုန်တိုင်းတိုက်ခတ်ချိန်မှာ တန်ဇန်နီးယားအလံတင်ကုန်တင်သင်္ဘော Fu Shunဟာ တောင်ပိုင်းဆိပ်ကမ်းရှိ ကောင်ရွှန်းမြို့အနီးမှာ နစ်မြုပ်ခဲ့ပြီး သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသားကိုးယောက် လိုက်ပါလာတယ်လို့ ကမ်းခြေစောင့်တပ်က ပြောပါတယ်။ ထိုင် ဝမ်အရှေ့ဘက်ကမ်းရိုးတန်း ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တဲ့ ဂေမီမုန်တိုင်းကြောင့် လူ သုံးဦး သေဆုံးသွားပြီး ရာပေါင်းများစွာဒဏ်ရာရရှိခဲ့ကာ မု်နတိုင်းကြောင့် အခြားသင်္ဘောနှစ်စင်းလည်း သောင်တင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းကြောင့် ထိုင်ဝမ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုများကိုလည်း တစိတ်တပိုင်း ဖျက်သိမ်းခဲ့ရပြီး ပြည်တွင်းလေယာဉ်ခရီးစဉ်တွေအားလုံးနီးပါးနဲ့ နိုင်ငံတကာ လေယာဉ်ခရီးစဉ် ၂၀၀ ဖျက်သိမ်းခဲ့ရပါတယ်။ မုန်တိုင်းတိုက်ခတ်ခဲ့တဲ့နေ့မှာတော့ ကင်မင်ကျွန်းစုကလွဲ၍ ကျန်နေရာမဒေသတွေမှာ အလုပ်တွေနဲ့ စာသင်ကြားမှုတွေကို ဖျက်သိမ်းခဲ့ပါတယ်။ ထိုင်ဝမ်ကို မတိုက်ခတ်မီ တိုင်ဖွန်းမုန်တိုင်း ဂေမီဟာ…

Read More

ထိုင်းနိုင်ငံရောက် CDM ဝန်ထမ်းတွေက အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးဖို့ လျှောက်ထားမှုတွေ ရှိနေတယ်လို့ မြန်မာသံရုံး ပြော

  ဇူလိုင် ၂၅ – ၂၀၂၄ SN (VOM) ထိုင်းနိုင်ငံရောက် CDM ဝန်ထမ်းတွေက အမည်ပျက်စာရင်း (Black Lists) မှ ပယ်ဖျက်ပေးဖို့ မြန်မာသံရုံး (ဘန်ကောက်) ကို လာရောက် လျှောက်ထားမှုတွေ ရှိနေတယ်လို့ အဲဒီသံရုံးက သတင်းထုတ်ပြန်ပါတယ်။ မြန်မာသံရုံးအနေနဲ့ လက်ရှိမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ Black Lists စာရင်း ပယ်ဖျက်ပေးဖို့ လာရောက် လျှောက်ထားမှုတွေကို လက်ခံ ဆောင်ရွက်ပေးလျက် ရှိနေတယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။ ဆက်လက် လျှောက်ထားလိုသူတွေအနေနဲ့ မိမိတို့ရဲ့ ဝန်ကြီးဌာနကို လိပ်မူပြီးမှတဆင့် သံအမတ်ကြီး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့လို့ ဖော်ပြကာ လုပ်ငန်းခွင် စွန့်ခွာရတဲ့အကြောင်းရင်း ဖော်ပြထားတဲ့ ကိုယ်ရေးစာ၊ ခြောက်လအတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံ၊ ထိုင်းနိုင်ငံအတွင်း နေရပ်လိပ်စာအပြည့်အစုံ၊…

Read More

ဂျပန်နိုင်ငံရဲ့ လူဦးရေ ၁၅ နှစ်ဆက်တိုက် စံချိန်တင် ကျဆင်း

  တိုကျို၊ ဇူလိုင်-၂၅ မျိုးဆက်(VOM) ဂျပန်နိုင်ငံရဲ့ လူဦးရေဟာ ၁၅ နှစ်ဆက်တိုက် ကျဆင်းသွားပြီး နိုင်ငံတွင်းနေထိုင်သည့် ပြည်ပနိုင်ငံသားဦးရေ စံချိန်တင်မြင့်တက်လာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ထိ ဂျပန်လူဦးရေ ၁၂၄ ဒသမ ၈၈၅ သန်းကျော်ရှိနေပြီး လွန်ခဲ့တဲ့နှစ်ကထက် လူဦးရေ ငါးသိန်းသုံးသောင်း သို့မဟုတ် သုည ဒသမ ၄၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဂျပန်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဒီလို လူဦးရေကျဆင်းမှုဟာ ၁၉၆၈ ခုနှစ်မှာ မှတ်တမ်းတွေစတင်ပြီးနောက်ပိုင်း စံချိန်တင်လည်းဖြစ်ပါတယ်။ နိုင်ငံလူဦးရေဟာ ၂၀၀၉ ခုနှစ်မှာ ၁၂၇ သန်းထိ အထွတ်အထိပ်ရောက်ရှိပြီးနောက် ၁၅ နှစ်ဆက်တိုက် ကျဆင်းလာခြင်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားဦးရေဟာလည်း ၃ ဒသမ ၃၂၃ သန်းထိရှိလာပြီး ယခင်နှစ်ကထက် သုံးသိန်းနှစ်သောင်းကျော်…

Read More

မိုးကုတ်ကို TNLA ထိန်းချုပ်ပြီးနောက် မြို့အဝင်အထွက်ကို ဆက်လက်ပိတ်ထားဆဲ

  ဇူလိုင် ၂၅ – ၂၀၂၄ GG (VOM) မိုးကုတ်မြို့ကို TNLA ပူးပေါင်းတပ်တွေထိန်းချုပ်လိုက်ပြီးနောက် မနေ့ကညနေကတည်းက ဒီနေ့ဇူလိုင်လ ၂၅ ရက်နေ့မနက်ပိုင်းအထိ ပစ်ခတ်မှုမရှိ တိုက်ပွဲတွေငြိမ်သက်နေတယ်လို့သိရပါတယ်။ ဒါပေမယ့် အရှေ့ပိုင်းမှာ pdf တပ်တွေ၊တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်လိုက်တဲ့မြို့အများစုမှာ လေကြောင်းပစ်ခတ်မှု လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးပျက်စီးမှုတွေ ရှိနေတဲ့အတွက် မြို့ခံတွေကတော့ တိုက်ပွဲထပ်မံဖြစ်မှာကိုစိုးရိမ်နေကြပါတယ်။ ” သတင်းတွေအရ သိနေတာပဲလေ။မြို့တွေသိမ်းသွားပြီဆိုရင် မြေပြင်ပစ်ခတ်မှုထက်လေ ကြောင်းပစ်ခတ်မှုတွေ၊လက်နက်ကြီးတွေအပြန်အလှန်ပစ်ကြတာမျက်မြင်ပဲ။ဒီတော့စိုးရိမ်တာပေါ့။ကျွန်တော်တို့ဒေသခံတွေကလေကြောင်းကိုအကြောက်ဆုံးပဲ။မြေပြင်နှစ်ဖက်ပစ်တာက ကိုယ့်အိမ်ထဲကိုယ်နေရသေးတယ်။လေကြောင်းနဲ့လက်နက်ကြီးကတော့ အိမ်ထဲနေလည်း အိမ်ပေါ်လာကျရင် ခံရတာပဲ။ညကပေါင်၅၀၀ဗုံးကြဲတယ်ဆိုတာသတင်းမှားပါ။ခုထိတော့ငြိမ်နေတုန်းပဲ ။မြို့ထဲမှာတော့မနေ့ထဲက TNLA နဲ့ PDF တပ်တွေရောက်နေပြီ ။ ” လို့ ဒေသခံတယောက်ကပြောပါတယ်။ မိုးကုတ်မြို့နယ်တခုလုံးကို TNLA ပူးပေါင်းတပ်တွေထိန်းချုပ်လိုက်ပေမယ့် လက်ရှိအထိတော့ ကားလမ်းတွေပြန်မဖွင့်သေးသလို မြို့အဝင်အထွက်လည်းပိတ်ထားဆဲဖြစ်ပြီး ဖုန်းလိုင်းတွေလည်းဆက်သွယ်လို့မရသေးဘူးလို့သိရပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်းက နစကတပ်စခန်းတွေကိုတော့ TNLA ပူးပေါင်းတပ်တွေက မနေ့ကဇူလိုင်လ ၂၄ ရက်နေ့ညနေပိုင်းမှာအပြီးသတ်တိုက်ခိုက်ထိန်းချုပ်ခဲ့တာဖြစ်တယ်လို့ TNLA ဘက်ကထုတ်ပြန်သလို…

Read More

မြန်မာ့အရေး ပါဝင်ဆွေးနွေးမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး စတင်

  ဗီယင်ကျန်း ၊ ဇူလိုင်-၂၅-၂၀၂၄ မျိုးဆက်(VOM) အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ဒီနေ့ စတင်ကျင်းပနေပြီး မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ်အရေးတွေက အစည်းအဝေးကို လွှမ်းမိုးဖွယ်ရှိနေပါတယ်။ အစည်းအဝေးတွေကို လာမယ့် စနေနေ့ထိ ကျင်းပသွားမှာဖြစ်ပြီး ဆက်စပ်အစည်းအဝေးတွေကိုတော့ အမေရိကန်၊ တရုတ်၊ ရုရှားနဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တက်ရောက်ကြမှာဖြစ်ပါတယ်။ မြန်မာဘက်ကတော့ နိုင်ငံရေးနဲ့ဆက်နွယ်မှုမရှိတဲ့ ပုဂ္ဂိုလ်ကိုသာ တက်ရောက်ဖို့ အာဆီယံအဖွဲ့က ကန့်သတ်ထားတာကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်ဖွယ်ရှိတယ်လို့ သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်. သူဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်အပါအဝင် ဒေသတွင်းအင်အားကြီးနိုင်ငံက ကိုယ်စားလှယ်တွေတက်ရောက်မယ့် စနေနေ့မှာကျင်းပမယ့် အာဆီယံဒေသတွင်းဖိုရမ်ကို တက်ရောက်မယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သုံးနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်မှာ အာဆီယံနဲ့ မြန်မာအာဏာပိုင်တွေအကြား အာဆီယံဘုံသဘောတူညီချက် ငါးချက်ရရှိခဲ့ပြီး ဒီထဲမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးတို့ကို…

Read More

This Day in History

  Voice of Myanmar အိန္ဒိယရှေ့နေနှင့် နိုင်ငံရေးသမားဖြစ်သူ ပရာတီဘာပါတီသည် ၂၀၀၇ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ၎င်းသည် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးသမ္မတဖြစ်လာသည်။ #Voiceofmyanmar #VOM #ThisDayInHistory #July25

Read More

နီပေါမှာ လေယာဉ်တစင်းပျက်ကျမှု လေယာဉ်မှူးကလွဲပြီး လိုက်ပါသူအားလုံး သေဆုံး

  ခတ္တမန္ဒူ ၊ ဇူလိုင်-၂၄-၂၀၂၄ မျိုးဆက်(VOM) နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူလေဆိပ်ကနေ ဒီနေ့ ဇူလိုင် ၂၄ ရက်က ပျံတက်သွားတဲ့ လေယာဉ်တစင်း ပျက်ကျမီးလောင်မှုကြောင့် လိုက်ပါသူ ၁၈ ယောက် သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ မီးလောင်နေတဲ့ အပျက်အစီးတွေအောက်နေ လေယာဉ်မှူးကိုသာ ကယ်ထုတ်နိုင်ခဲ့ပြီး လက်ရှိမှာတော့ ဆေးရုံမှာ ကုသမှုခံယူနေရပြီး သူဟာ လေယာဉ်ပျက်ကျမှုကနေ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ တဦးတည်းသောသူဖြစ်ပါတယ်။ Saurya လေကြောင်းလိုင်းက အဲဒီလေယာဉ်ဟာ နည်းပညာကျွမ်းကျင်သူတွေအပါအဝင် ကုမ္ပဏီဝန်ထမ်း ၁၈ ယောက်နဲ့ လေယာဉ်မှူးနှစ်ယောက်တို့လိုက်ပါပြီး ဟိမ၀န္တာဒေသခရီးသွားလုပ်ငန်း ဗဟိုချက်ဖြစ်တဲ့ နိုင်ငံအနောက်ပိုင်း ပေါ့ပ်ဟာရာကို သွားရောက်စဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။ ပုံမှန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်ရဲ့တစိတ်တပိုင်းအဖြစ် ပေါ့ပ်ဟာရာကို ဦးတည်နေတဲ့ လေယာဉ်ဟာ ဒီနေ့မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၁၅ မိနစ်မှာ ထရစ်ဟူဗန်နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာပြီး မိနစ်အနည်းငယ်အကြာမှာ ပျက်ကျခဲ့တာပါ။…

Read More

လားရှိုး ထောင်ပွင့်သွားတယ်ဆိုတဲ့ သတင်း ကောလဟလသာဖြစ်ပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

ဇူလိုင် ၂၄၊ ၂၀၂၄ Shy V (VOM) လားရှိုး ထောင်ပွင့်သွားတယ်ဆိုတဲ့ သတင်း ကောလဟလသာဖြစ်ပြီး ဒီနေ့ ဇူလိုင်လ ၂၄ ရက်မှာလည်း တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပစ်လိုက် မပစ်လိုက်ပဲ။ လားရှိုး ထောင် ပွင့်တယ်ဆိုတာ မဟုတ်ပါဘူး။ စစ်တပ်ဘက်က အမြဲ လက်နက်ကြီး ပစ်နေတာ။ လေယာဉ်တွေနဲ့ကော ပစ် ဆိုတော့ လွယ်လွယ်နဲ့တော့ ဝင်လို့ မရပါဘူး။” လို့ လားရှိုး ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ နစက တပ်ဖွဲ့တွေကတော့ မြို့ထဲ နေရာ အနှံ့ နေရာယူထားကြကာ လက်နက်ကြီး ပစ်ကူ‌တာတွေ လေယာဉ်နဲ့ ကင်းလှည့်နေတာတွေ တချိန်လုံး ရှိနေတယ်လို့ သူက ပြောပါတယ်။ တိုက်ပွဲက ငြိမ်နေတယ် ဆိုပေမယ့် ပုံသေတွက်လို့ မရပဲ ဖြစ်ချင်တဲ့…

Read More

KNU ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ နော်စီဖိုးရာစိန် ကွယ်လွန်

  ဇူလိုင် ၂၄- ၂၀၂၄ GG (VOM) ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ နော်စီဖိုးရာစိန်ဟာ ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့၊ နေ့လယ် ၂ နာရီမှာ ကင်ဆာရောဂါ ​နဲ့ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။ နော်စီဖိုးရာစိန်ဟာ ကင်ဆာရောဂါကို ခံစားနေရတာကြာပြီဖြစ်ပြီး မကြာခဏဆေးကုသမှုလုပ်ခဲ့ရကြောင်း KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောဆိုထား ပါတယ်။ ဲ ကွယ်လွန်ချိန်မှာအသက် ၆၉ နှစ်ရှိပြီး သူရဲ့နေအိမ်ဖြစ်တဲ့ ထိုင်း- မြန်မာနယ်စပ်က မဲ့စလိယန်းမြို့မှာ ကွယ်လွန်သွားတာဖြစ်တယ်လို့သိရပါတယ်။ နော်စီဖိုးရာစိန်က KNU စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘောရဲ့ သားသမီးတွေထဲက လေးယောက်မြောက်သမီးဖြစ်ပြီး ကရင်တော်လှန်ရေးကဏ္ဍမှာ ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။ နော်စီဖိုးရာစိန်ကွယ်လွန်သွားတဲ့အပေါ် ကရင်တိုင်းရင်းသားတွေအပါအဝင်နိုင်ငံရေးအသိုင်းဝိုင်းကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ယက်ကနေ ရေးသားနေကြပါတယ်။ နော်စီဖိုးရာစိန်ကို ၁၉၅၅ ခုနှစ်၊ ကရင်ပြည်နယ်မှာ မွေးဖွားခဲ့ပြီး ကျောင်းဆရာမအဖြစ် ၁၉၉၅ ခုနှစ်အထိ…

Read More

မကွေးတိုင်းမှာ တပတ်အတွင်း အုပ်ချုပ်ရေးမှူးလေးယောက်အပါ ငါးယောက်သတ်ခံရပြီးတိုက်ပွဲတွေ လည်းဖြစ်ပွား

  ဇူလိုင် ၂၄ -၂၀၂၄ GG (VOM) မကွေးတိုင်းမှာ တပတ်အတွင်း အုပ်ချုပ်ရေးမှူးလေးယောက်နဲ့မိသားစုဝင်အပါအဝင် ငါးယောက်ထက်မနည်း အသတ်ခံခဲ့ရတဲ့အပြင် တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင် ၂၃ ရက်နေ့ က မကွေးတိုင်း ဆိပ်ဖြူမြို့နယ်၊ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အောက်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဆိုသူတို့ သူတို့ရဲ့နေအိမ်တွေမှာ လာရောက်ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ ” ဟုတ်တယ်။မနေ့ကတရက်တည်း နှစ်ယောက်သတ်ခံရတာ။ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်လွင် နဲ့ အောက်ဆိပ်ရွာအုပ်ကြီး ဦးမြင့်ချိုပါ။ သူတို့အိမ်ကိုလာသတ်သွားတာ။ ညပိုင်းမှာပဲ။နှစ်ယောက်လုံးဆိပ်ဖြူဆေးရုံရင်ခွဲရုံမှာပါ။ ” လို့ ဒေသခံတယောက်ကပြောပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း မြို့သစ်မြို့နယ်၊ သီးကုန်းကျေးရွာက ရပ်ကျေး အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးနဲ့ သားဖြစ်သူ ကိုဝေဇော်ထွန်းတို့လည်း သူတို့ရဲ့နေအိမ်မှာပဲ သေနတ်နဲ့လာရောက်ပစ်သတ်ခံခဲ့ရပါတယ်။ ဇူလိုင်လ ၁၇ ရက်မှာလည်း မကွေးမြို့နယ်၊ လက်ပံရွာသစ်ကျေးရွာအနီးက သစ်ရာကောက်-ကိုးပင်လမ်းပိုင်းပေါ်မှာ လယ်ဘိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဆိုင်ကယ်စီးလာစဥ် ပစ်သတ်ခံရတယ်လို်သိရပါတယ်။ ဒါအပြင် တပတ်အတွင်းမှာ…

Read More
VOM News

FREE
VIEW