ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ထက် ဟားရစ်က အနိုင်ယူရပိုလွယ်မယ်လို့ ဒေါ်နယ်ထရန့်ပြော

  ဝါရှင်တန် ၊ ဇူလိုင်-၂၂-၂၀၂၄ မျိုးဆက်(VOM) ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ်ကနေ ဂျိုးဘိုင်ဒင်နှုတ်ထွက်သွားပြီးနောက်မှာ သမ္မတလောင်းဖြစ်လာဖွယ်ရှိတဲ့ ဒုသမ္မတ ကမလာဟားရစ်ဟာ ဂျိုးဘိုင်ဒင်ထက် အနိုင်ယူရပိုလွယ်တယ်လို့ထင်ကြောင်း ဒေါ်နယ်ထရန့်ကပြောပါတယ်။ “ ဟားရစ်က ဘိုင်ဒင်ထက်ပိုပြီး အနိုင်ယူဖို့လွယ်တယ်” လို့ သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်ကြောင်း ဂျိုးဘိုင်ဒင်ကြေညာပြီးနောက် များမကြာခင်မှာ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့် ပြောပါတယ်။ ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်တဲ့ လက်ရှိသမ္မတဂျိုးဘိုင်ဒင်ဟာ သူ့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအရ နောက်ထပ်သမ္မတသက်တမ်းအတွက် ယှဉ်ပြိုင်ဖို့မသင့်လျော်ကြောင်း ပြီးခဲ့တဲ့လနှောင်းပိုင်းက ထရန့်နဲ့ စကားစစ်ထိုးပွဲပြီးနောက် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ “ဘိုင်ဒင်က သမ္မတအဖြစ် အရွေးချယ်ခံဖို့နဲ့ တာဝန်ထမ်းဆောင်ဖို့ မသင့်တော့ပါဘူး” လို့ဒေါ်နယ်ထရန့်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ထရန့်အပြင် ဘိုင်ဒင်ရဲ့ ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော်ဥက္ကဌ မိုက်ဂျွန်ဆင်အပါအဝင် အခြားသောဒီမိုကရက်တစ်တွေကလည်း ဘိုင်ဒင်ရဲ့ အခြေအနေအပေါ် ဝေဖန်ခဲ့ကြပါတယ်။ ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်လာနိုင်တဲ့ ဒုသမ္မတ ကမလာဟားရစ်ကို ရင်ဆိုင်ဖို့ မစိုးရိမ်ကြောင်း၊…

Read More

ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြပွဲတွေ ပိုမိုဲပြင်းထန်လာပြီးနောက် အစိုးရအလုပ်ခွဲတမ်းအများစု ပယ်ဖျက်ပေးပြီ

  ဒါကာ၊ ဇူလိုင်-၂၂-၂၀၂၄ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် အစိုးရအလုပ်အကိုင် ခွဲတမ်းအများစုကို ပယ်ဖျက်လိုက်ကြောင်း တရားရုံးချပ်က ဆုံးဖြတ်လိုက်ပါတယ်။ ၁၉၇၁ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေးရယူခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ပြန်တွေရဲ့ ဆွေမျိုးတွေအတွက် အစိုးရအလုပ်အကိုင်တွေရဲ့ သုံးပုံတပုံထားရှိမှုအပေါ် နိုင်ငံတဝန်းမှာ ကျောင်းသားတွေဦးဆောင်ပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ စစ်ပြန်တွေရဲ့ ဆွေမျိုးများအတွက် အစိုးရအလုပ်အကိုင်တွေရဲ့ ၅ ရာခိုင်နှုန်းကိုသာ ခွဲတမ်းထားရှိတော့မှာဖြစ်ပြီး ဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ရက်ပိုင်းအတွင်းအ ကောင်အထည်ဖော်မှာဖြစ်တယ်လို့ ဥပဒေရေးရာဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့် ကျောင်းသားခေါင်းဆောင်တွေကတော့ ဆက်လက်ဆန္ဒပြမယ်လို့ ကတိပြုထားပါတယ်။ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေထဲမှာတော့ မကြာသေးမီရက်ပိုင်းအတွင်းက သေဆုံးသွားတဲ့ ဆန္ဒပြသူတွေအတွက် တရားမျှတမှုရရှိရေး၊ ဖမ်းဆီးထားတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရေး၊ မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုတွေ ပြန်ပေးရေးနဲ့ အစိုးရဝန်ကြီးတွေ ရာထူးကနေ နုတ်ထွက်ရေးတို့…

Read More

ထေရဝါဒ ဗုဒ္ဓဘာသာ အသုံးအနှုန်းတွေကို တခြားဘာသာဝင်တွေက သုံးစွဲခြင်းမပြုဖို့ အသိပေး

  ဇူလိုင် ၂၂ – ၂၀၂၄ SN (VOM) ဘာသာအချင်းချင်း အပြန်အလှန်လေးစားတဲ့အနေနဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေကို တခြားသာဘာတွေက အသုံးပြုတာမျိုးမလုပ်ဖို့ အစည်းအ‌ဝေးခေါ်ယူပြီး အသိပေးခဲ့တယ်လို့ ဟင်္သာတခရိုင်၊ ခရိုင်သာသနာရေးမှူးရုံးမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ “ကျွန်တော်တို့ကို အထက် အကြီးအကဲတွေက အဆင့်ဆင့်ညွှန်ကြားတဲ့အတွက် ညွှန်ကြားချက်အရ လုပ်ရိုးလုပ်စဥ်အတိုင်းလုပ်တာပါ။ ကျွန်တော်တို့ မြို့နယ်ကတော့ ဒီဘာသာရေးလုပ်ငန်းတွေကို ဘာသာပေါင်းစုံ တပြေးညီပေါ့၊ ကိစ္စတခုခုရှိလာတဲ့အခါ ညှိညှိနှိုင်းနှိုင်းဖြစ်အောင် လေးစားသမှုနဲ့ ခေါ်ယူပြီးတော့မှ အသိပေးလိုက်တာပါ။ စာပို့လိုက်ရင် တမျိုးဖြစ်နေမှာစိုးလို့ အကြီးအကဲတွေရဲ့ ညွှန်ကြားချက်နဲ့ ရုံးမှာဖိတ်ပြီးတော့မှ ရှင်းလင်းပြတာပါ” လို့ သူက ပြောပါတယ်။ အဲဒီ အစည်းအဝေးမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဘယ်လို အသုံးအနှုန်းတွေကို သိရှိလိုက်နာရမယ်ဆိုတဲ့ အချက်တွေကို အဓိကထား ဆွေးနွေးခဲ့တယ်ဆိုတာနဲ့ တခြား အသေးစိတ် အကြောင်းအရာတွေကိုတော့ လတ်တလော အစည်းအဝေးရှိနေတာကြောင့်…

Read More

ရန်ကုန် လသာ ၁၉လမ်းက Bar တခုမှာဗုံးပေါက်ကွဲလို့ သုံးယောက်ဒဏ်ရာရခဲ့

  ဇူလိုင် ၂၂ – ၂၀၂၄ GG (VOM) ရန်ကုန်၊ လသာမြို့နယ်၊တရုတ်တန်းလမ်း ၁၉ လမ်းမှာဖွင့်ထားတဲ့ Black House Bar မှာ ညတုန်းက ဗုံးပေါက်ကွဲခဲ့ပြီး ဆိုင်အတွင်းစားသောက်နေသူတွေထဲက လူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဇူလိုင်လ ၂၁ ရက်နေ့၊ည ၁၀ နာရီခွဲလောက်မှာ Bar အတွင်းရှိ စားပွဲဝိုင်းတခုမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူသုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆိုင်အတွင်းလည်းပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ ” စားပွဲဝိုင်းတခုကနေပေါက်တော့အဲ့ဝိုင်းမှာထိုင်သူတွေထိကြတာ။ သုံးယောက်တော့ထိတယ်။ယောကျ်ားလေးတွေချည်းပဲထိတာ။ညကတည်းကဆေးရုံခေါ်သွားကြတယ်။ပေါက်ကွဲမှုဖြစ်ပြီးတော့စစ်တပ်ရောက်လာပြီးစစ်ဆေးတာတွေလုပ်တယ်။ညကတော့တလမ်းလုံးအကုန်ပိတ်လိုက်ရတဲ့ အခြေအနေဖြစ်သွားတာပေါ့။” လို့ လသာမြို့နယ်နေထိုင်သူတယောက်ကပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူ တွေကို ညတွင်းချင်းရန်ကုန်ဆေးရုံကို ပို့ဆောင်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ Bar အတွင်း ဖောက်ခွဲမှုကိုတော့ ရန်ကုန်အခြေစိုက် Urban Special Ranger Force အဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သူတို့ရဲ့ လူမှုကွန်ယက်ကနေသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ Black House Bar…

Read More

ကြို့ပင်ကောက်နဲ့ လက်ပံတန်းမြို့မှာ မြစ်ရေကြီးမှုကြောင့် လယ်ဧကတသောင်းကျော် ပျက်စီးဆုံးရှုံးပြီး ကျောင်းတွေလည်း ပိတ်ထားရ

  ဇူလိုင် ၂၂ – ၂၀၂၄ SN (VOM) ပဲခူးတိုင်းအတွင်းက ကြို့ပင်ကောက်နဲ့ လက်ပံတန်းမြို့တွေမှာ မြစ်ရေ အဆမတန် မြင့်တက်လာမှုကြောင့် လယ်ဧက တသောင်းကျော် ပျက်စီးဆုံးရှုံးပြီး ကျောင်းတွေလည်း ခေတ္တ ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ မြို့တွေမှာ ဧရာဝတီနဲ့ မြစ်ခမြစ်ရေ မြင့်တက်လာမှုကြောင့် စပါးစိုက်ခင်းတွေအပြင် ပဲ၊ ပြောင်း၊ နှမ်း စတဲ့ သီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်နေပြီး စာသင်ကျောင်း ၁၀ ကျောင်းဝန်းကျင်လည်း ပိတ်ထားရတယ်လို့ သိရပါတယ်။ လက်ပံတန်းမှာ ရက်ပိုင်းအတွင်း တရိပ်ရိပ် မြင့်တက်လာတဲ့ မြစ်ခမြစ်ရေမြစ်ရေကြောင့် တော်လဿ၊ မဟာပေါင်း၊ ခမုံ၊ ဘီးလင်း စတဲ့ ကျေးရွာ ၃၀ ကျော်မှာ ရေဝင်ရောက်နေတာဖြစ်ပြီး လယ်ကွင်းတွေထဲမှာပါ လှေနဲ့ သွားလာလို့ရတဲ့ အခြေအနေ ဖြစ်နေပြီလို့ ဒေသခံတယောက်က ပြောပါတယ်။ “ဒီရက်ပိုင်း…

Read More

ကပ်ရောဂါ ဖြစ်ပွားနိုင်တဲ့ နီပါ့ဗိုင်းရပ်စ်ကြောင့် အိန္ဒိယမှာ ကလေးငယ်တယောက် သေဆုံး

  ဒေလီ၊ ဇူလိုင်-၂၂-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာ နီပါ့ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးသွားပြီးနောက် ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေကို အာဏာပို်ငတွေက ထုတ်ပြန်လိုက်ပါတယ်။ နီပါ့ဗိုင်းရပ်စ်ဟာ ဝက်နဲ့ အသီးစားလင်းနို့လို သတ္တဝါတွေကနေ လူကို ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တမျိုးဖြစ်ပြီး ကပ်ရောဂါဖြစ်စေနိုင်တဲ့ အလားအလာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထိပ်တန်းစောင့်ကြည့်စာရင်းမှာ ပါဝင်တဲ့ ဗိုင်းရပ်စ်လည်းဖြစ်ပါတယ်။ ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ ပြည်နယ်အတွင်းက နောက်ထပ် လူ ၆၀ မှာလည်း နီပါ့ဗိုင်းရပ်စ် ကူးစက်နိုင်ခြေမြင့်တဲ့ အခြေအနေရှိနေပြီး သေဆုံးသွားတဲ့ ကလေးငယ်ဟာ ပန်ဒစ်ကက်မှဖြစ်ကာ သူနဲ့ ထိတွေ့ခဲ့သူတွေကို သီးခြားထား စစ်ဆေးနေကြောင်း ပြောပါတယ်။ အဲဒီဒေသမှာ နေထိုင်သူတွေကို ပြင်ပသွားလာရာမှာ နှာခေါင်းစည်းတွေ ဝတ်ဆင်ကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ အိန္ဒိယကျန်းမာရေး တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ ညစ်ညမ်းတဲ့…

Read More

မိုးကုတ်ဆေးရုံမှာ ဆရာဝန်တွေစစ်ရှောင်ကုန်လို့ နာမကျန်းဖြစ်သူတွေ ဆေးဝါးကုသဖို့ အခက်ကြုံ

  ဇူလိုင် ၂၂ – ၂၀၂၄ GG (VOM) မိုးကုတ်မြို့အရှေ့ပိုင်းမှာ တိုက်ပွဲကြောင့် ဆေးရုံမှာ ဆရာဝန်နဲ့ သူနာပြုတွေမရှိတော့တဲ့အတွက် ဆေးဝါးကုသမှုမပေးနိုင်တော့လို့ နာမကျန်းဖြစ်သူတွေ ဆေးဝါးကုသဖို့ အခက်ကြုံနေရကြောင်း မြိုကခံတွေက ပြောပါတယ်။ ပြည်သူ့ဆေးရုံအနီးမှာ မိုးကုတ်ရဲစခန်းရှိတဲ့အပြင် မလှမ်းမကမ်းမှာပါ စစ်တပ်ဗျူဟာကုန်းရှိတာကြောင့် ဆေးရုံမှာတာဝန်ကျဆရာဝန်တွေ သူနာပြုတွေဟာဆေးရုံမှာမနေရဲတော့တဲ့အတွက် တိမ်းရှောင်နေကြရပြီး ဆေးဝါးကူသမှုတွေမပေးနိူင်လို့ လူနာတွေလည်းမရှိတော့ဘဲ အစောင့်တွေလောက်သာရှိတော့တဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။ ” ဆေးရုံမှာ ဆရာဝန်တွေ သူနာပြုတွေရှောင်နေကြပြီ။ရှောင်ကြတာက မြို့မရဲစခန်းကဆေးရုံအနောက်မှာရှိတယ်။နောက်ဗျူဟာကုန်းကလည်းဆေးရုံကြီးရဲ့အနောက်မြောက်ဒေါင့်မှာရှိတော့ခုလိုတိုက်ပွဲဖြစ်ရင်လက်နက်ကြီးကျမှာစိုးလို့ ဆရာဝန်တွေက ရှောင်ကြတယ်။အခုဆိုအိုဂျီတွေမရှိတော့သလို ပြင်ပလူနာဌာနမှာလည်းဘာမှမရှိလို့ ကုသမှုတွေရပ်နားနေတဲ့အခြေအနေဖြစ်တယ်။ဆေးရုံကြီးကလုံးဝပိတ်ထားတာမဟုတ်ဘူးအစောင့်သဘောထားတာရှိတယ်။ကုသမှုကတော့ရပ်ဆိုင်းနေတဲ့သဘောရှိတယ်။” လို့ မိုးကုတ်ဒေသခံတယောက်ကပြောပြပါတယ်။ ဒါကြောင့် လက်ရှိမိုးကုတ်မှာ တိုက်ပွဲကြောင့် လက်နက်ကြီးထိမှန်သူတွေနဲ့ ကျန်းမာရေးမကောင်းသူတွေ ဒုက္ခရောက်နေကြရတဲ့အတွက် ဒေသခံကြက်ခြေနီတပ်ဖွဲ့တွေ၊ လူမှုကူညီရေး၊မီးသတ်တပ်ဖွဲ့တွေ၊ ဒေသခံလူငယ်တွေပူးပေါင်းပြီး လိုအပ်တဲ့ အကူအညီနဲ့ ဆေးဝါးကုသမှုတွေကို တတ်နိုင်သလောက်လုပ်ဆောင်ပေးနေရတယ်လို့သိရပါတယ်။ ငွေကြေးပြည့်စုံတဲ့ သူတွေကတော့ ပြင်ပဆေးခန်းတွေကနေ ဆေးဝါးတွေဝယ်ယူပြီး ဆရာဝန်တွေရှိရာကိုလိုက်လံစုံစမ်းပြီးကူသမှုခံယူတာမျိုးအထိလုပ်နေရတယ်လို့သိရပါတယ်။ နာတာရှည်ရောဂါသည်၊မဖြစ်မနေဆေးသွင်းဖို့လိုအပ်သူတွေ၊ ဆေးရုံပြသဖို့လိုအပ်သူတွေ၊ကလေးခွဲစိတ်မွေးဖွားဖို့လိုအပ်သူတွေ ဒုက္ခရောက်တာကြောင့်…

Read More

အမေရိကန် သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်ကြောင်း ဂျိုးဘိုင်ဒင်ကြေညာ

  ဝါရှင်တန်၊ ၊ဇူလိုင်-၂၂-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ လာမယ့်နိုဝင်ဘာသမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှုကနေ နှုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါဟာ နိုင်ငံနဲ့ပါတီရဲ့ ကောင်းကျိုးအတွက် အခုလို ဆုံးဖြတ်လိုက်တာလို့ သမ္မတဂျိုးဘိုင်ဒင်က ဆိုထားပြီး သူ့ရဲ့ ဒုတိယသမ္မတအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲမိတ်ဖက် ကမလာဟားရစ်ကို သမ္မတလောင်းအမည်စာရင်းတင်သွင်းဖို့ သူက တိုက်တွန်းထားပါတယ်။ ကမလာဟားရစ်ကတော့ သူမဟာပါတီရဲ့ သမ္မတလောင်းရွေးချယ်မှုကို အနိုင်ရဖို့နဲ့ နိုင်ငံပြန်လည်ပေါင်းစည်းရေးအတွက် ပြိုင်ဘက်သမ္မတလောင်း ဒေါ်နယ်ထရန့်ကို အနိုင်ယူသွားမယ်လို့ ကတိပြုပြောဆိုထားပါတယ်။ အသက် ၈၁ နှစ်အရွယ် သမ္မတဂျိုးဘိုင်ဒင်ဟာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဒေါ်နယ်ထရန့်နဲ့ စကားစစ်ထိုးပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မပြနိုင်တဲ့အပြင် သူ့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအပေါ် စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေခဲ့ပါတယ်။ သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်မယ့် ဂျိုးဘိုင်ဒင်ရဲ့ ရာထူးသက်တမ်းဟာ ခြောက်လကျန်ရှိနေပါသေးတယ်။ ဒီကျန်ရှိနေတဲ့သက်တမ်းအတွက် သမ္မတတာဝန်အကောင်းဆုံးထမ်းဆောင်မယ်လို့ သူကဆိုထားပြီး လာမယ့် သီတင်းပတ်မှာ နိုင်ငံတော်အခြေပြုမိ်န့ခွန်း ပြောကြားမှာဖြစ်ပါတယ်။ သူနှုတ်ထွက်သွားပြီးနောက်…

Read More

This Day in History

  Voice of Myanmar ကိုလံဘီယာ မူးယစ်ရာဇာ ပါဘလိုအက်စကိုဘားသည် ၎င်းတည်ဆောက်ထားသော ဇိမ်ခံအကျဉ်းထောင်မှ လုံခြုံရေးတင်းကြပ်သော အကျဉ်းထောင်သို့ ၁၉၉၂ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #July22

Read More

တိုက်ပွဲတွေကြောင့် စဉ့်ကူး တမြို့လုံးနီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေ ပြော

  ဇူလိုင် ၂၁ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ စဉ့်ကူးမြို့မှာ တိုက်ပွဲတွေကြောင့် တမြို့လုံးနီးပါး ပျက်စီးသွားပြီး လူအသေအပျောက်တွေလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှစတင်ပြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၊ မတ္တရာမြို့မြောက်ဘက်၊ စဉ့်ကူးမြို့နယ်မှာ နစကတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ကြား ဒေသတွင်း တိုက်ပွဲတွေ ပြင်းထန်လာခြင်းဖြစ်ပြီး အခု ဇူလိုင်လ ဒုတိယပတ်မှာတော့ မြို့ပေါ်အထိ တိုက်ပွဲတွေ ကူးစက်ခဲ့ကာ ဇူလိုင် ၁၄၊ ၁၅၊ ၁၆ ရက်တို့မှာ တိုက်ပွဲ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စဉ့်ကူးမြို့က အထင်ကရ ရွှေမုဋ္ဌောဘုရားကြီးလည်း ပျက်စီးသွားတယ်။ တမြို့လုံးနီးပါးပါပဲ၊ ပျက်စီးကုန်တာ။ မြို့ထဲမနေရဲလို့ တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ရှောင်သွားကြတဲ့သူတွေလည်း ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ စစ်ရှောင်အများစုမှာ…

Read More
VOM News

FREE
VIEW