ဝါတွင်းကာလဖြစ်ပေမယ့် ရန်ကုန်မြို့ အိမ်ခြံမြေဈေး မြင့်တက်လာ

  ဩဂုတ် ၉ – ၂၀၂၄ SS (VOM) ဝါတွင်းကာလဖြစ်ပေမယ့် စစ်ရှောင်တွေ ရှိလာတဲ့အတွက် ရန်ကုန်မြို့မှာ အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား လုပ်ငန်းတွေ အလုပ်ဖြစ်လာနေပြီး ဈေးနှုန်းတွေလည်း ထပ်မံ မြင့်တက်လာနေတယ်လို့ ရန်ကုန်မြို့အခြေစိုက် အိမ်ခြံမြေ ရောင်းဝယ်သူတွေဆီက သိရပါတယ်။ အိမ်ခြံမြေကို အရင်က နေထိုင်ဖို့ထက် ငွေကြေး ရင်းနှီးမြှုပ်နှံလိုတဲ့အတွက်သာ ဝယ်ယူကြတာများပေမယ့် လက်ရှိအချိန်မှာတော့ နယ်မြို့တွေကနေ အိမ်ခြံမြေ၊ တိုက်ခန်း လာရောက် ဝယ်ယူသူ၊ ငှားရမ်းသူတွေ များပြားနေတယ်လို့ သိရပါတယ်။ “နယ်က အဝယ်များတယ်ဆိုတာက ဈေးနှုန်းအဆင်ပြေတာမျိုးကို အဝယ်များတယ်။ အဆင်မပြေရင်တော့ ငှားဖို့သင့်တော်တာမျိုးကို ရှာဖွေကြတယ်။ စစ်ရှောင်ကြလာကြတာဆိုတော့ နေဖို့ထိုင်ဖို့ အရေးတကြီး စုံစမ်းတာ‌မျိုးတွေ ရှိလာတယ်။ အရောင်းအဝယ်တွေလည်း ပိုဖြစ်လာတာပေါ့။ အရင်အချိန် ဝါတွင်းဆိုရင် လုံးဝနီးပါးကို ဝယ်ရောင်းသိပ်မရှိတာ။ အခုက ရောင်းချင်တဲ့သူတွေကလည်း ဈေးတွေဖွင့်ထားတယ်။ ဝယ်ချင်တဲ့သူတွေကလည်း နေ့တိုင်းနီးပါးကို…

Read More

ပြည်ပရောက် အလုပ်သမားတွေရဲ့ လစာငွေလွှဲစာရင်း မပြနိုင်တဲ့ အေဂျင်စီတွေကို လုပ်ငန်း ယာယီ ဆိုင်းငံ့မယ်

  ဩဂုတ် ၉ – ၂၀၂၄ SN (VOM) ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုဆီလွှဲပို့တဲ့ လစာငွေလွှဲစာရင်း တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီတွေကို အခု ဩဂုတ်လမှစတင်ကာ လုပ်ငန်းစဉ်တွေ ယာယီ ဆိုင်းငံ့သွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။ အေဂျင်စီတွေအနေနဲ့ မိမိတို့စေလွှတ်တဲ့ အလုပ်သမားတယောက်ချင်းစီရဲ့ မိသားစုဆီ ငွေလွှဲပို့ထားမှု အခြေအနေတွေကို နိုင်ငံအလိုက် အသေးစိတ် ပြုစုတင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။ “အလုပ်သမားတွေက လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်တွေကနေ သူတို့မိသားစုဆီ လွှဲပို့ထားကြောင်း အထောက်အထားတွေကို တောင်းခိုင်းနေတာပါ။ အေဂျင်စီတွေ အကုန်လုံးကိုလည်း ဝန်ကြီးဌာနက စာပို့ထားတယ်။ ဒါပေမယ့် စာရင်းတောင်းဖို့ ဆိုတာက သူတို့ပြောသလောက် မလွယ်ဘူး။ ပြည်ပကို ရောက်သွားတဲ့ အလုပ်သမားတွေက သူ့ပိုက်ဆံ သူ့သဘောနဲ့သူ သုံးကြမှာပဲလေ။ အဲဒါကို ကြားထဲက လိုက်ပြောပေး၊ စာရင်းလိုက်ကောက်ရတာ လွယ်တာမှမဟုတ်ဘဲ။ ဒီကိစ္စကို…

Read More

This Day in History

  Voice of Myanmar အမေရိကန် ကွင်းဆက်လူသတ်သမား ဒေးဗစ် ဘာကိုဝစ်ဇ်သည် နယူးယောက်မြို့တွင် လူခြောက်ဦးကို သတ်ဖြတ်မှုဖြင့် ၁၉၇၇ ခုနှစ် ဩဂုတ် ၁၀ ရက်၌ ဖမ်းဆီးခံရပြီး နောက်ပိုင်းတွင် ဝန်ခံခဲ့သဖြင့် ထောင်ဒဏ် ၃၆၅ နှစ်ချမှတ်ခံခဲ့ရသည်။ #Voiceofmyanmar #VOM #ThisDayInHistrory #August10

Read More

ဘရာဇီးမှာ လေယာဉ်ပျက်ကျလို့ လိုက်ပါသူ ၆၁ ယောက် သေဆုံး

  ဆော်ပေါ်လို၊ ဩဂုတ်-၁၀-၂၀၂၄ မျိုးဆက်(VOM) ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုပြည်နယ်တွင် လေယာဉ်တစင်းပျက်ကျမှုကြောင့် လိုက်ပါသွားသူ ၆၁ ယောက် သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အင်ဂျင်နှစ်လုံးတပ် အဲဒီလေယာဉ်ဟာ တောင်ပိုင်း ပါရာနာပြည်နယ်ကနေ ဆော်ပေါ်လိုရှိ ဂွါရူဟော့စ်လေဆိပ်ကို ပျံသန်းစဉ် ပျက်ကျခဲ့တာဖြစ်တယ်လို့ Voepass လေကြောင်းလိုင်းက ပြောပါတယ်။ လေယာဉ်ဟာ လေထဲမှာ လှည့်ပတ်ကာဒေါင်လိုက် ပျက်ကျခဲ့တယ်လို့ ရုပ်သံမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ATR 72-500 အမျိုးအစားလေယာဉ်ဟာ ခရီးငည် ၅၇ ယောက်နဲ့ အမှုထမ်းလေးယောက်ကို တင်ဆောင်ပျံသန်းခဲ့တာဖြစ်ပြီး အသက်ရှင်သူမရှိခဲ့ပါဘူး။ သေဆုံးသူတွေအတွက်လွန်စွာ ဝမ်းနည်းကြေကွဲကြောင်း ဘရာဇီးသမ္မတ လူလာကပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့် ပြည်နယ်အတွင်းမှာ သုံးရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို ဆော်ပေါ်လိုပြည်နယ် အုပ်ချုပ်ရေးမှူးက ကြေညာခဲ့ပါတယ်။ လက်ရှိတွင် လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာတွေကို ရှာဖွေတွေ့ရှိထားပြီး စုံစမ်းစစ်ဆေးမှုကို ပြင်သစ်-အီတလီ လေယာဉ်ကုမ္ပဏီ ART ကလည်း ပူးပေါင်းပါဝင်သွားမယ်လို့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၁၀ ရက်)

Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၆၀၀၀ ကျပ် ဝယ်ဈေး – ၅၉၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၄၂၅၀ ကျပ် ဝယ်ဈေး – ၄၁၁၀ ကျပ် -ယူရို ရောင်းဈေး – ၆၄၀၀ ကျပ် ဝယ်ဈေး – ၆၁၀၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၆၈.၀၇ ကျပ် ဝယ်ဈေး – ၁၆၀.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၃၁၇ ကျပ် ဝယ်ဈေး – ၁၂၅၄ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၈၂၀ ကျပ်…

Read More

CNG တက္ကဆီတွေ တရက်အုံနာကြေး ၃၇၀၀၀ အထိစျေးပေးနေရလို့ အငှားယာဉ်မောင်းတွေ အခက်တွေ့

  သြဂုတ် ၁၀ – ၂၀၂၄ KG CNG တက္ကဆီကားတွေ တစ်ရက်အုံနာကြေး ၃၇၀၀၀ အထိစျေးပေးနေရလို့ အငှားယာဥ်မောင်းနှင်သူတွေ အနေနဲ့ နေ့စဥ်အုံနာကြေးပေးသွင်းဖို့အခက်တွေ့နေရတယ်လို့ ရန်ကုန်တက္ကစီအဌားယာဥ်မောင်းနှင်သူတွေထံကနေ သိရပါတယ်။ “အရင်ကဆိုအုံနာကြေးကအဲ့လောက်မရှိဘူးလေ။ CNG ဂတ်စ်ကားမှတနေ့အများဆုံးပေးရ ၁၅၀၀၀ နဲ့ ၁၈၀၀၀ လောက်ပဲရှိတာလေ။အခုကခေတ်စနစ်တွေပြောင်းလာတော့အုံနာကြေးကတဖြေးဖြေးနဲ့တက်လာလိုက်တာအခုအုံနာကြေးနဲ့ ဆီဖိုးတင်တစ်နေ့ လေးသောင်းခွဲလောက်ရှာပြီးမှကျန်တာကိုကိုယ့်မိသားစုနဲ့အိမ်စရိတ်စျေးဖိုးအတွက်ရှာရတာပေါ့။အုံနာကြေးတက်လာတော့ အငှားယူပြီးမောင်းတဲ့သူတွေမှာအခက်အခဲတွေအများကြီးရှိလာပါတယ်။ တခါတလေ ကားဆွဲမကောင်းတဲ့နေ့မျိုးတွေဆိုအုံနာကြေးကကိုယ့်အိတ်ထဲကစိုက်ရတာပေါ့။လဆန်းပိုင်းရက်တွေဆိုရင်တော့တက္ကစီကဆွဲကောင်းတယ်။ဝန်ထမ်းတွေလစာထုတ်တော့သွားကြ၊လာကြနဲ့ လလယ်ပိုင်းနဲ့လကုန်ပိုင်းကျကားဆွဲရတာကပါးသွားတယ်၊ ကားငှားစီးတဲ့သူသိပ်မရှိဘူးပေါ့။ဆီကားကတော့သူကအုံနာကြေးအဲ့လောက်မရှိဘူး။ဒါပေမယ့် သူကဆီဖိုးတော့ပြန်ရှိမယ်။ဆီစျေးတွေကလည်းအခုကတအားတက်နေတော့တက္ကစီအဌားယာဥ်မောင်းတွေအတွက်နေ့စဥ်စားဝတ်နေရေးနဲ့အုံနာကြေးပေးနိုင်ရေးဆိုတာကအတော်လေးအခက်ရှိလာပါတယ်”လို့ ရန်ကုန်မြို့ရှိ တက္ကစီယာဥ်မောင်းတယောက် ကိုထွန်း(အမည်လွဲ)က ပြောပြခဲ့ပါတယ်။ အခုလိုတက္ကစီအငှားယာဥ်တွေရဲ့ အုံနာကြေးစျေးနှုန်း မြင့်တက်လာရခြင်းမှာခေတ်စနစ်အခြေအနေကြောင့်နဲ့ ယာဥ်ပြုပြင်ထိန်းသိမ်းရေးစရိတ်စကတွေဟာ အဆမတန်မြင့်တက်လာတာကြောင့်ဖြစ်တယ်လို့ တက္ကစီအငှားယာဥ်တည်ထောင်ထားသူအုံနာ(ကားပိုင်ရှင်)တွေက အခုလိုဆက်ပြီး ပြောပြပါတယ်။ “အခုကကားပြင်ရတဲ့စရိတ်စကတွေကမတအားတက်လာတယ်။တာယာတစ်လုံးတင်တသိန်းရှစ်သောင်းလောက်စျေးရှိနေတယ်။ယာဥ်ပြုပြင်ထိန်းသိမ်းရတဲ့အပိုင်းမှာအုံနာတွေအတွက်အခက်အခဲရှိလာပါတယ်။အခုကကားပိုင်အုံနာရော၊ယာဥ်မောင်းရောမလွယ်ကူတဲ့အခြေအနေတစ်ရပ်ပါ”လို့ အမည်မဖော်လိုတဲ့ တက္ကစီပိုင်ရှင်တယောက်က ပြောပါတယ်။ လက်ရှိတွင် ရန်ကုန်မြို့ရဲ့ တက္ကစီအငှားယာဥ်စျေးကွက်တွင် CNG ကားဆိုပါက ကားအမျိုးအစားပေါ်မူတည်ပြီးတရက်ကို အုံနာကြေး ၃၅၀၀၀ ကနေ ၃၇၀၀၀ ကျော်အထိရှိနေသလို ဆီကားဆိုပါက တရက်ကို…

Read More

ထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ နိုင်ငံကိုပြန်လာမယ်

  ဒါကာ၊ ဩဂုတ်-၁၀-၂၀၂၄ မျိုးဆက်(VOM) ရာထူးကနေ နုတ်ထွက်သွားပြီး နိုင်ငံကနေ ထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာဟာ နိုင်ငံကို ပြန်လာမှာဖြစ်ကြောင်း သားဖြစ်သူက အတည်ပြုပြောဆိုပါယ်။ နိုင်ငံတွင်းမှာ ဆူပူမငြိမ်သက်မှုတွေ မြင့်တက်ပြီးနောက် သူမဟာ ရာထူးကနေနုတ်ထွက်ကာ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေပါတယ်။ ဒါဟာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေးရပြီးနောက် အဆိုးရွားဆုံး နိုင်ငံရေး အကျပ်အတည်းလည်း ဖြစ်ပါတယ်။ “ဘင်္ဂလားဒေ့ရှ်ကို လုံး၀ပြန်လာမှာပါ။ ကြားဖြတ်အစိုးရက ရွေးကောက်ပွဲကျင်းပဖို့ ကြေညာတဲ့အချိန် ဖြစ်လိမ့်မယ်” လို့ သားဖြစ်သူ Wazed ကပြောပါတယ်။ ဒါပမေယ့် နိုင်ငံရေးလောကထဲ ပြန်ဝင်မလားဆိုတာတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။ သားဖြစ်သူဟာ အမေရိကန်မှာ နည်းပညာကျွမ်းကျင်သူအဖြစ် လုပ်ကိုင်နေထိုင်သူဖြစ်ပြီး ၂၀၀၉ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်ထိ မိခင်ဖြစ်သူ ဝန်ကြီးချုပ်သက်တမ်းအတွင်းကလည်း နည်းပညာအကြံပေးအဖြစ် အချိန်အတန်ကြာ လုပ်ဆောင်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ငြိမ်းချမ်းရေး…

Read More

ဂါဇာရှိ စာသင်ကျောင်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု လူ ၁၀၀ နီးပါး သေဆုံးပြန်

  ဂါဇာစီးတီး၊ ဩဂုတ်-၁၀-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသ ဂါဇာစီးတီးရှိ စာသင်ကျောင်းတကျောင်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀၀ နီးပါး သေဆုံးသွားကြောင်း ဂါဇာကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အစ္စရေးစစ်တပ်ကလည်း ဒီတိုက်ခို်ကမှုကို အတည်ပြုထားပြီး စာသင်ကျောင်းထဲရှိ ဟားမတ်စ်ခြေကုပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဂါဇာတာဝန်ရှိသူတွေရဲ့ အဆိုအရ ဒါရက်ချ်ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ လူ ၉၀ ကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ “အစ္စရေးရဲ့ ဒုံးကျည်သုံးစင်းက ပါလက်စတိုင်း ဒုက္ခသည်တွေနေတဲ့ စာသင်ကျောင်းထဲကို ကျရောက်ခဲ့တာပါ။ ၁၀၀ နီးပါးလောက်သေပြီး ဒါဇင်များစွာ ဒဏ်ရာရခဲ့တယ်” လို့ ဂါဇာတာဝန်ရှိသူတယောက်က ပြောပါတယ်။ အစ္စရေးကတော့ အယ်လ်တာဘာအင်ကျောင်းထဲမှာ ဟားမတ်စ်ကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးဌာနလည်ပတ်နေတာကို တိတိကျကျလုပ်ကြံခဲ့တာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကလည်း ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခို်ကမှုကြောင့် အရပ်သားသေဆုံးမှုတွေ မြင့်တက်လို့နေပါတယ်။ အောက်တိုဘာ ၇…

Read More

နေ့စားလုပ်အားခ ၆၈၀၀ ကျပ်ဟာ ခေတ်ကာလနဲ့ကိုက်ညီတဲ့ လုပ်ခလစာ မဟုတ်သေးဘူးလို့ ဆို

  ဩဂုတ် ၁၀ – ၂၀၂၄ SS (VOM) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လက်ရှိ တိုးမြှင့် ခံစားခွင့်ပြုထားတဲ့ နေ့စားလုပ်အားခ ၆၈၀၀ ကျပ်ဟာ ခေတ်ကာလနဲ့ကိုက်ညီတဲ့ လုပ်ခလစာ မဟုတ်သေးဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ အစိုးရဌာနတွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေက နေ့စားဝန်ထမ်းတွေ၊ အလုပ်သမားတွေရဲ့ အလုပ်ချိန် ၈ နာရီအတွက် နေ့စဉ်လုပ်ခကို ၆၈၀၀ ကျပ်အဖြစ် တိုးမြှင့် သတ်မှတ်လိုက်တယ်လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ထုတ်ပြန်လာပါတယ်။ ဒီသတ်မှတ်ချက်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အခု သြဂုတ်လ ၁ ရက်နေ့မှာ စတင် ခံစားခွင့်ရှိမယ်လို့ အမျိုးသားကော်မတီက အသိပေးထားပါတယ်။ လက်ရှိ ခေတ်ကာလ အခြေအနေအရ နေ့စဉ်ဆိုသလို မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း၊…

Read More

ရုရှားနိုင်ငံထဲကို ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု ငါးရက်မြောက်နေ့ တိုက်ပွဲပြင်းထန်

  မော်စကို၊ ဩဂုတ်-၁၀-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံထဲကို အံ့အားသင့်ဖွယ် နယ်စပ်ဖြတ်ကျော် တိုက်ခို်ကမှုဟာ ငါးရက်ရှိလာပြီး ကွတ်ခ်ဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရန်သူ ၂၈၀ လောက်သေဆုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ယူကရိန်းတပ်တွေကို ဆက်လက်ချေမှုန်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီသေဆုံးမှုကို သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ ယူ့ကရိန်းတပ်တွေဟာ ရုရှားရဲ့ ကွတ်ဒ်ဒေသကို ၁၀၀ ကီလိုမီတာထိ ဝင်ရောက်နေပြီလို့ အမေရိကန် စစ်ဘက်ဆိုင်ရာ သုတေသနာအဖွဲ့တဖွဲ့က ဆိုပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ရုရှားပိုင်နက်ထဲကို ယူကရိန်းတပ်တွေ အနက်ရှိုင်းဆုံး ထိုးဖောက်ဝင်ရောက်မှုလည်း ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို ယူကရိန်းက လူသိရှင်ကြား ဝန်ခံပြောဆိုတာမရှိသေးပေမယ့် ယူကရိန်းစစ်ပွဲရဲ့ အကျိုးဆက်တွေကို ရုရှားကြုံရလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။ တိုက်ပွဲတွေဟာ ကွတ်ဒ်ဒေသရှိ နျူကလီးယား ဓါတ်အားပေးစက်ရုံနဲ့…

Read More
VOM News

FREE
VIEW