ဘရာဇီးမှာ လေယာဉ်ပျက်ကျလို့ လိုက်ပါသူ ၆၁ ယောက် သေဆုံး

 

ဆော်ပေါ်လို၊ ဩဂုတ်-၁၀-၂၀၂၄
မျိုးဆက်(VOM)

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုပြည်နယ်တွင် လေယာဉ်တစင်းပျက်ကျမှုကြောင့် လိုက်ပါသွားသူ ၆၁ ယောက် သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ဂျင်နှစ်လုံးတပ် အဲဒီလေယာဉ်ဟာ တောင်ပိုင်း ပါရာနာပြည်နယ်ကနေ ဆော်ပေါ်လိုရှိ ဂွါရူဟော့စ်လေဆိပ်ကို ပျံသန်းစဉ် ပျက်ကျခဲ့တာဖြစ်တယ်လို့ Voepass လေကြောင်းလိုင်းက ပြောပါတယ်။

လေယာဉ်ဟာ လေထဲမှာ လှည့်ပတ်ကာဒေါင်လိုက် ပျက်ကျခဲ့တယ်လို့ ရုပ်သံမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ATR 72-500 အမျိုးအစားလေယာဉ်ဟာ ခရီးငည် ၅၇ ယောက်နဲ့ အမှုထမ်းလေးယောက်ကို တင်ဆောင်ပျံသန်းခဲ့တာဖြစ်ပြီး အသက်ရှင်သူမရှိခဲ့ပါဘူး။

သေဆုံးသူတွေအတွက်လွန်စွာ ဝမ်းနည်းကြေကွဲကြောင်း ဘရာဇီးသမ္မတ လူလာကပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့် ပြည်နယ်အတွင်းမှာ သုံးရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို ဆော်ပေါ်လိုပြည်နယ် အုပ်ချုပ်ရေးမှူးက ကြေညာခဲ့ပါတယ်။

လက်ရှိတွင် လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာတွေကို ရှာဖွေတွေ့ရှိထားပြီး စုံစမ်းစစ်ဆေးမှုကို ပြင်သစ်-အီတလီ လေယာဉ်ကုမ္ပဏီ ART ကလည်း ပူးပေါင်းပါဝင်သွားမယ်လို့ သိရပါတယ်။ လေယာဉ်ဟာ လူနေရပ်ကွက်ပေါ်ပျက်ကျခဲ့ပေမယ့် မြေပြင်ကလူတယောက်မှ မထိခိုက်ခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC
Photo:AP

#Voiceofmyanmar #VOM #ဘရာဇီး #ဆော်ပေါ်လို #လေယာဉ်ပျက်ကျ #၆၁ယောက်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW