နေပြည်တော်မှာ မိသားစုလိုက် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား

  ဩဂုတ် ၁၁ – ၂၀၂၄ GG (VOM) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းက အိမ်တအိမ်မှာ သုံးလောင်းပြိုင်လူသတ်မှု ဩဂုတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အသတ်ခံရတဲ့သူသုံးယောက်က မိသားစုဝင်တွေဖြစ်ပြီး ဓားဒဏ်ရာတွေနဲ့နေအိမ်အတွင်းရှိ တနေရာစီမှာ အသတ်ခံထားရတာဖြစ်ကြောင်း၊ ကားတစီးနဲ့ဖုန်းတွေလည်း ပျောက်ဆုံးနေ တယ်လို့သိရပါတယ်။ ” အဖေ၊အမေ၊သား အားလုံးသုံးယောက်။အဖေဖြစ်သူကမီးဖိုချောင်ထဲမှာအသတ်ခံရတယ်။အမေဖြစ်သူကရေချိုးခန်းထဲမှာ၊သားဖြစ်သူကတော့သူ့အခန်းထဲမှာအသတ်ခံထားရတာတွေ့တယ်။အကုန်လုံးဓားဒဏ်ရာပဲတွေ့တယ်။သားဖြစ်သူကတော့ကုတင်ပေါ်မှာမှောက်ရက်အနေအထားနဲ့သေနေတာ ။ ” လို့ နေပြည်တော်အခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်တယောက်ကပြောပါတယ်။ အသတ်ခံရသူတွေထဲက အသက်၄၉ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူ ဦးသန်းနိုင်ထွန်းမှာ ထိုးသွင်းဒဏ်ရာ နှစ် ချက် ၊အသက် ၄၈ နှစ်အရွယ် မိခင် ဖြစ်သူ ဒေါ်စောသန္တာဦးမှာ ထိုးသွင်းဒဏ်ရာ လေးချက်နဲ့ အသက် ၂၉ နှစ်အရွယ် သားဖြစ်သူ မောင်ရွှေအုပ်စိုးမှာ ထိုးသွင်းဒဏ်ရာ သုံးချက်တွေ့ရှိရတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ ရုပ်အလောင်းတွေကို နေပြည်တော် ကုတင်တထောင်ဆေးရုံကို…

Read More

ပြည်တွင်းထုတ် သတင်းစာ ၊ဂျာနယ် ၊စာစောင်တွေ ရောင်းအားကျဆင်းမှု နာလန်မထူနိုင်သေး

  သြဂုတ် ၁၁ – ၂၀၂၄ KG ယခုနှစ်ပိုင်းအတွင်းပြည်တွင်းထုတ်သတင်းစာ၊ဂျာနယ်၊စာစောင်တွေ ရောင်းအားကျဆင်းမှုဟာ ဆက်လက်ဖြစ်ပေါ်နေပြီး နာလန်မထူသေးကြောင်း သတင်းစာ၊ဂျာနယ်ဖြန့်ချိရေးကိုယ်စား လှယ်တွေက ပြောပါတယ်။ ကိုဗစ် ၁၉ ကာလမှစတင်လို့ ပြည်တွင်းထုတ်သတင်းစာ၊စာစောင်ရောင်းအားတွေကျဆင်းခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာလည်း အဆိုးဆုံးအခြေအနေကိုဖြတ်ကျော်နေခဲ့ရပြီး လက်ရှိမှာ ရောင်းအားထက်ဝက်ခန့် ကျဆင်းနေတယ်လို့ ဖြန့်ချိရေးလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။ “သတင်းစာ၊စာစောင်ဖြန့်ချိရေးလောကရဲ့ ရွှေခေတ်က ၂၀၀၈ ခုကနေပြီး ၂၀၂၀ အထိလို့ပြောလို့ရပါတယ်။လက်ပွေ့ရောင်းတဲ့သူတွေတောင်အိမ်တွေ၊ဝိုင်းတွေဝယ်နိုင်ခဲ့တယ်။အဲဒီနောက်ကိုဗစ်ကနေစပြီး တဖြည်းဖြည်း ပါးလာလိုက်တာ၊နိုင်ငံရေးအပြောင်းအလဲဖြစ်တော့ပိုဆိုးသွားတာပေါ့။သတင်းစာပို့တဲ့သူတွေကလည်းနေ့တွက်စားစရိတ်တောင်မကိုက်တော့မလုပ်ကြတော့ပါဘူး။ဒီလုပ်ငန်းကိုစွန့်ခွာသွားကြတယ်။ဒီလောကမှာကျန်တဲ့သူတွေက လိုင်းကြီးသမားတွေနဲ့ စာပေကိုချစ်မြတ်နိုးတဲ့သူတွေဘဲကျန်ရစ်တော့တယ်”လို့ ဝါရင့်ဖြန့်ချိရေးသမားဖြစ်သူ ကိုကျော်မြင့်(ဓါတု)က ပြောပြခဲ့ပါတယ်။ ဒါအပြင် လက်ရှိပြည်တွင်းမှာထုတ်လုပ်မှုစရိတ်စကတွေမြင့်တက်လာတာကြောင့် သတင်းစာတစောင်စျေးကလည်းကျပ် ၇၀၀ နဲ့ကျပ် ၈၀၀ လောက်အထိဖြစ်နေပြီးလူတိုင်းဝယ်မဖတ်နိုင်ကြတော့တဲ့အပြင် ယခုလိုဂျာနယ်၊စာစောင်တွေရောင်းပါးကျဆင်းရတာဟာ ပြည်သူတွေခမျာမှာလည်းစားဝတ်နေရေးခက်ခဲတဲ့ကာလကိုဖြတ်သန်းနေရတာကြောင့်ဖြစ်တယ်လို့ သူက ဆက်ပြီးပြောပြခဲ့ပါတယ်။ “အခုအပါတ်စဥ်ထုတ်ဝေတဲ့စာစောင်တွေကသိပ်မရှိတော့ဘူးလေ။ဘာရှိမလဲဆို ပြည်မြန်မာတို့ ၊ ဘောလုံးစာစောင်က Sports Eleven တို့ စနေနေ့ဆိုအားကစားစာစောင်တွေလောက်ပဲထွက်တယ်။ကျွန်တော်ဆိုသတင်းစာဖြန့်ချိရေးလုပ်သက်နှစ်ပေါင်းသုံးဆယ်ရှိပါပြီ။အခုအချိန်အထိသတင်းစာပို့နေတုန်းပါဘဲ။အခုတော့အစိုးရသတင်းစာတွေဖြစ်တဲ့ကြေးမုံ၊မြန်မာ့အလင်းတို့ ရဲ့ ရောင်းအားနဲ့ပဲခြေကန်ထားရတာပေါ့။ပုဂ္ဂလိကသတင်းစာတွေအနေနဲ့က…

Read More

This Day in History

  Voice of Myanmar ၁၉၅၆ ခုနှစ် ဩဂုတ် ၁၁ ရက်တွင်ကျင်းပသော အာရပ်ကုန်သွယ်ရေးသမဂ္ဂ အစည်းအဝေးတွင် အီဂျစ်သမ္မတ ဂါနယ်အဗ္ဗဒယ်နက်ဆာက စူးအက်တူးမြောင်းကို ထိန်းချုပ်ပြီး အာရပ်အမျိုးသားရေးဝါဒ ပြန်လည်ရှင်သန်လိုကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး ဗြိတိန်သို့မဟုတ် ပြင်သစ်က အီဂျစ်ကို တိုက်ခိုက်ခဲ့ပါက အနောက်နိုင်ငံများ၏ စစ်အခြေစိုက်စခန်းများနှင့် ရေနံတူးစင်များကို တိုက်ခိုက်မည်ဟု သမဂ္ဂက သဘောတူခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #August11

Read More

ယူကရိန်းရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှု ကွတ်ဒ်ဒေသကို ရုရှားတပ်ကူတွေ စေလွှတ်

  မော်စကို၊ ဩဂုတ်-၁၁-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲစတင်ချိန်ပြီးနောက်ပိုင်း ရုရှားနိုင်ငံထဲကို ယူကရိန်းတပ်တွေရဲ့ အကြီးမားဆုံး နယ်စပ်ဖြတ်ကျော်တိုက်ခို်ကမှုကို ကာကွယ်ဖို့ ရုရှားဟာ ကွတ်ဒ်သေကို တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်နေရပါတယ်။ ယူကရိန်းတပ်တွေဟာ ရုရှားအနောက်ပိုင်း ကွတ်ဒ်ဒေသကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး ကျေးရွာအများအပြားကို သိမ်းယူခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဒုံးပစ်လောင်ချာတွေ၊ အမြောက်တွေနဲ့အတူ တင့်ကားတပ်ဖွဲ့တွေကို စေလွှတ်ထားတယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အမေရိကန်အခြေစိုက် စစ်ပွဲလေ့လာရေးအင်စတီကျုကတော့ ရုရှားစစ်တပ်ဟာ ယူကရိန်းတပ်တွေနဲ့ တိုက်ခိုက်သား ပြည့်၀နေပြီးဖြစ်တဲ့ ယူကရိန်းအရှေ့ပိုင်း သို့မဟုတ် တောင်ပိုင်းက တပ်တွေကို ကွတ်ဒေသ စေလွှတ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ကွတ်ဒ်ဒေသမှာ တိုက်ခို်ကဖို့ ပျံသန်းလာတဲ့ မောင်းသူမဲ့လေယာဉ် ၂၆ စင်းကို ကြားဖြတ်ဖျက်စီးနိုင်ခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။ ကွတ်ဒ်ဒေသရှိ နျူကလီးယားဓါတ်အားပေးစက်ရုံ အနီးမှာလည်း ဒုံးကျည် အစိတ်အပိုင်းတွေ ကျရောက်ခဲ့တယ်လို့ ရုရှားကပြောပါတယ်။ ယူကရိန်းတပ်တွေဟာ…

Read More

ယနေ့ ရွှေဈေး (ဩဂုတ် – ၁၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၃၁ ဒေါ်လာ ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၇၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၇၅၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၇၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၇၃၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၁၁ ရက်)

Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၆၁၀၀ ကျပ် ဝယ်ဈေး – ၆၀၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၄၄၀၀ ကျပ် ဝယ်ဈေး – ၄၂၅၀ ကျပ် -ယူရို ရောင်းဈေး – ၆၅၂၅ ကျပ် ဝယ်ဈေး – ၆၂၀၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၆၉.၄၉ ကျပ် ဝယ်ဈေး – ၁၆၁.၂၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၃၄၀ ကျပ် ဝယ်ဈေး – ၁၂၇၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၈၃၂ ကျပ်…

Read More

တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဖိလစ်ပိုင် တိုက်လေယာဉ်တွေ အန္တရယ်မကင်းတဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွား

  မနီလာ၊ ဩဂုတ်-၁၁-၂၀၂၄ မျိုးဆက်(VOM) ဖိလစ်ပို်ငနဲ့ တရုတ်တိုက်လေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားဖွယ် ဒေသတခုမှာ အန္တရာယ်မကင်းတဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံကြား အပြန်အလှန် ပြစ်တင်စွပ်စွဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တရုတ်လေတပ်က လေယာဉ်နှစ်စင်းဟာ အန္တရာယ်များပြီး ရန်စတဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းပြောဆိုထားပြီး တရုတ်စစ်တပ်ကတော့ ပရော်ဖက်ရှင်ဆန်ဆန်နဲ့ ဥပဒေအတိုင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ ရာထူးတက်လာပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကစပြီး ရေတပ် သို့မဟုတ် ကမ်းခြေစောင့်တပ်တွေအပေါ် တရုတ်စစ်တပ်ရဲ့ ပြုမူတာနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်က ယခင်ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ တရုတ်လေတပ်က တိုက်လေယာဉ်နှစ်စင်းဟာ ဖိလစ်ပိုင်လေတပ် လေယာဉ်တစင်းရဲ့ လမ်းကြောင်းပေါ်မှာ အန္တရာယ်မကင်းတဲ့ ပျံသန်းမှုမျိုး လုပ်ဆောင်ခဲ့ပြီး ဒါဟာ လေကြောင်းဘေးကင်းမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာလို့ ဖိလစ်ပိုင် စစ်တပ်က ဆိုပါတယ်။ တရုတ်စစ်တပ်ကတော့ ဖိလစ်ပိုင်လေယာဉ်ဟာ အကြိမ်ကြိမ် သတိပေးနေတဲ့ကြားက Huangyan…

Read More

ပြည်ပလုပ်သားတွေရဲ့ မိသားစုဆီ လွှဲပို့ငွေစာရင်းနဲ့ ပတ်သက်လို့ အေဂျင်စီတွေကို အလှည့်ကျ ခေါ်ယူစစ်ဆေးမယ်

  ဩဂုတ် ၁၁ – ၂၀၂၄ SN (VOM) ပြည်ပရောက် လုပ်သားတွေထံကနေ မိသားစုလွှဲပို့ငွေစာရင်းနဲ့ ပတ်သက်လို့ အေဂျင်စီတွေကို အလုပ်သမားဝန်ကြီးဌာန၊ နေပြည်တော်ရုံးကို အလှည့်ကျ ခေါ်ယူစစ်ဆေးသွားမယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) က သိရပါတယ်။ မိမိစေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ မိသားစုထံလွှဲပို့ငွေကို တရားဝင်ဘဏ်ကနေတဆင့် လွှဲပို့ထားတဲ့ အထောက်အထားတွေကို ယူဆောင်ကာ အလုပ်သမားဝန်ကြီးဌာန၊ နေပြည်တော်ရုံးချုပ်ကို အေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ (ဒါမှမဟုတ်) ဒါရိုက်တာအဖွဲ့ဝင် တယောက်ယောက်က ဩဂုတ်လ ၁၂ ရက် (မနက်ဖြန်) ကစပြီး အလှည့်ကျ သွားရောက်ရမယ် ဖြစ်တယ်လို့ သိရပါတယ်။ “ဒါက ကျွန်တော်တို့ဆီတော့ တိုက်ရိုက် မလာဘူး။ အေဂျင်စီကုမ္ပဏီတွေကို သူတို့ဘာသာသူတို့ ခေါ်တယ်လို့ ပြောတယ်။ ခေါ်တာတော့ သေချာတယ်။ ဘာခေါ်ပြောမလဲ၊ ဘာသတင်းထူးမလဲ ဆိုတာကိုတော့ မနက်ဖြန်ညနေမှ အကျိုးအကြောင်း သေသေချာချာသိရမှာပေါ့”…

Read More

နွားထိုး တိုက်ပွဲမှာ ဘဏ်အပါအဝင် အစိုးရအဆောက်အဦတွေ ပျက်စီးခဲ့ပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုရှိ

  ဩဂုတ် ၁၁ – ၂၀၂၄ CC (VOM) နွားထိုးကြီးမြို့ပေါ်မှာမနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် အစိုးရဌာနဆိုင်ရာ ရုံးအချို့မီးလောင်ပျက်စီးခဲ့သလို KBZ ဘဏ်လည်းထိခိုက်ပျက်စီးပြီး PDF နဲ့ နစကတပ်နှစ်ဘက်စလုံး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။ အစိုးရရုံးတွေက စည်ပင်ရုံး၊ဆောက်လုပ်ရေးဌာန၊တရားရုံး အပါအဝင်အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့တာဖြစ်ကြောင်း ၊ရဲစခန်းလည်း တိုက်ခိုက်ခံခဲ့ရကာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာဖြစ်တယ်လို့ကနဦးသိရပါတယ်။ ” ကမ္ဘောဇဘဏ်ပျက်စီးတယ်၊တရားရုံးလည်းပါတယ်။အခုမြို့ပေါ်အခြေအနေကတော့ သွားလာလှုပ်ရှားတာရှိပေမယ့်စည်စည်ကားကားမဟုတ်ဘူး။လိုအပ်တာဝယ်အိမ်ပြန်ပေါ့။တချို့လည်း စစ်ရှောင်ဖို့ လုပ်ကြတယ်။ရှောင်ကြတယ်။” လို့ ဒေသခံတယောက်ကပြောပါတယ်။ ဒီနေ့ဩဂုတ်လ ၁၁ ရက်နေ့မှာတော့ နွားထိုးကြီး မြို့ပေါ်မှာ မြေပြင်နှစ်ဘက်ထိတွေ့တိုက်ပွဲရော လက်နက်ကြီးပစ်ခတ်မှုတွေပါမရှိဘဲ ငြိမ်နေတာကြောင့် မြို့ခံအချို့ကတော့ရရာနည်းလမ်းသုံးပြီး မြို့ကနေထွက်ခွာကာစစ်ဘေးရှောင်မှုရှိတယ်လို့လည်းသိရပါတယ်။ လတ်တလောမှာတော့ တိုက်ပွဲဂယက်အပြင် ရုံးပိတ်ရက်ဖြစ်တာကတကြောင်း ၊ အစိုးရဌာနဆိုင်ရာ ရုံးအားလုံးပိတ်ထားပြီး အုပ်ချုပ်ရေးယန္တရားလည်း ယာယီရပ်နေတယ်လို့ဒေသခံတွေကပြောပြချက်အရသိရပါတယ်။ နွားထိုးကြီး မြို့ပေါ်တိုက်ပွဲမှာ နစကတပ်ဖွဲ့ဝင်တွေဘက်ကလည်းကျဆုံးရှိသလို PDF တွေဘက်ကလည်းကျဆုံးရှိကြောင်း နယ်မြေခံ PDF တပ်ဖွဲ့တွေက ပြောဆိုနေတာတွေ့ရပြီး နစကဘက်ကတော့…

Read More
VOM News

FREE
VIEW