နိုင်ငံခြားငွေကြေး ရောင်းဝယ်တဲ့ NUGGETS Viber Group ကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူမယ်လို့ ဗဟိုဘဏ် ထပ်မံ ကြေညာ

  ဩဂုတ် ၁၁ – ၂၀၂၄ SS (VOM) မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေဖို့ မဟုတ်မမှန်တဲ့ သတင်းတွေ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး NUGGETS Viber Group ကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေး ကြေညာထားပါတယ်။ ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်ကလည်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ အဲဒီကြေညာချက်မှာ ဒေါ်လာစျေး ဆွဲတင်တဲ့ NUGGETS စတဲ့ Viber Group တွေ၊ Hlaing Htet Arkar(nGa wAi)၊ ယူရိုဒေါ်လာ ရောင်းဝယ်ပို့ဆောင်သူများ ဆုံဆည်းရာ၊ ဒေါ်လာရောင်းသူဝယ်သူတိုက်ရိုက် (dollor buyer seller direct)၊ Su Myat Kyaw ၊ US vs BURMA Dollar…

Read More

ဂရိနိုင်ငံ အေသင်မြောက်ပိုင်းမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းလို့ လူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်း

  အေသင်၊ ဩဂုတ်-၁၂-၂၀၂၄ မျိုးဆက်(VOM) ဂရိနိုင်ငံ အေသင်မြို့မြောက်ဘက်မှာ တောမီးအကြီးအကျယ် ဆက်လက်လောင်ကျွမ်းနေပြီး မီးတောက်တွေဟာ ပေ ၈၀ အမြင့်ထိရှိလာတဲ့အတွက် ဒေသခံထောင်ပေါင်းများစွာကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားပါတယ်။ ရှေးယခင်က မာရသွန်ပြိုင်ပွဲများကျင်းပခဲ့တဲ့ သမိုင်ဝင်နေရာဖြစ်ပြီး အနီးနားရှိ ဗာနာဗက်စ်မြို့မှာလည်း နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ တောမီးရှောင်ရှားရင် ပိတ်မိနေသော ကား ၂၅ စီးပေါ်မှ လူများကို ကယ်ဆယ်ရေးသမားတွေက ကယ်တင်ခဲ့ရပါတယ်။ တောမီးလောင်ကျွမ်းမှုဟာ ယမန်နေ့ကထိ နေရာပေါင်း ၃၀ ကျော်မှာ လောင်ကျွမ်းနေဆဲဖြစ်ပြီး မီးငြှိမ်းသတ်ရေးအတွက် မီးသတ်သမားတွေ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ပူပြင်းတဲ့ ရာသီဥတုအခြေအနေကြောင်း တောမီးလောင်ကျွမ်းမှု ပိုမိုဆိုးရွာနိုင်ကြောင်း ဂရိတာဝန်ရှိသူတွေက သတိပေးထားပါတယ်။ တောမီးလောင်ကျွမ်းမှု အခြေအနေဆိုးရွားလာတာကြောင့် ဂရိဝန်ကြီးချုပ် ကီရီယာကော့စ် မစ်ဆိုတာကစ်ဟာ အားလပ်ရက်ခရီးထွက်မယ့်အစီအစဉ်ကို ဖျက်သိမ်းပြီး အေသင်ကို ပြန်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဗာနာဗက်စ်နဲ့ ဂရမ်မာတီကိုမြို့ခံတွေကို ဘေးလွတ်ရာပြောင်းရွှေ့ဖို့ ဒေသန္တရာ တာဝန်ရှိသူတွေက အမိန့်ထုတ်ထားပါတယ်။…

Read More

ဂါဇာတောင်ပိုင်း ခန်းယွန်းနစ်ဒေသခံတွေ ဘေးလွတ်ရာပြောင်းရွှေ့ဖို့ အစ္စရေး အမိန့်ထုတ်

  ဂါဇာစီးတီး၊ ဩဂုတ်-၁၂-၂၀၂၄ မျိုးဆက်(VOM) ဂါဇာတောင်ပိုင်း ခန်းယွန်နစ်မြို့မှာ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေ လှုပ်ရှားနေတယ်ဆိုကာ အဲဒီမြို့ကနေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အစ္စရေးစစ်တပ်က အမိန့်သစ် ထုတ်ပြန်လိုက်ပါတယ်။ အစ္စရေးထုတ်ပြန်လိုက်တဲ့ ပြောင်းရွှေ့မိန့်ထဲမှာ အစ္စရေးသတ်မှတ်ပေးထားတဲ့ လူသားချင်းစာနာထောက်ထားမှုဇုန်လည်း တစိတ်တပိုင်း ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခို်ကမှုကြောင့် လူ ခုနှစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဂါဇာစီးတီးရှိ စာသင်ကျောင်းတကျောင်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခို်ကမှုအတွင်း လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့တဲ့အပေါ် နိုင်ငံတကာက ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ စာသင်ကျောင်းဟာ ဟားမတ်စ်တို့ရဲ့ အမာခံနယ်မြေဖြစ်တယ်လို့ အစ္စရေးကတော့ ဆိုပါတယ်။ ကလေးငယ်တွေအပါအဝင် လူရာချီသေဆုံးခဲ့တဲ့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လာမယ့် အင်္ဂါနေ့အစောပိုင်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကျင်းပဖို့ရှိနေတယ်လို့ သံတမန်အရင်းအမြစ်တွေက ပြောပါတယ်။ ဒီအတောအတွင်း အမေရိကန်၊ အီဂျစ်၊ ကာတာတို့ကြားဝင်မှုနဲ့ ပြုလုပ်နေတဲ့ အစ္စရေးနဲ့ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေကတော့ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ သတ်ဖြတ်ခံရမှုနဲ့အတူ…

Read More

တရားမျှတမှုနဲ့ ဖိအားပေးဖို့ ရုရှားနိုင်ငံထဲ ဝင်တိုက်တာလို့ ယူကရိန်းသမ္မတ ဇီလန်စကီးပြော

  ကိဗ်ယက်၊ ဩဂုတ်-၁၂-၂၀၂၄ မျိုးဆက်(VOM) တရားမျှတမှုနဲ့ ရုရှားတပ်တွေကို ဖိအားပေးဖို့အတွက် ရုရှားနိုင်ငံထဲကို ဝင်ရောက်တို်ကခိုက်တာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါဟာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ရုရှားပိုင်နက်ထဲကို ယူကရိန်းတပ်တွေ အံ့အားသင့်ဖွယ် ထိုးစစ်ဆင်တိုက်ခို်ကမှုကို ပထမဆုံးအကြိမ် ဝန်ခံလိုက်တာလည်း ဖြစ်ပါတယ်။ “ ယူကရိန်းဟာ တရားမျှတမှုကို အမှန်တကယ်ပြန်လည်ရရှိနိုင်ကြောင်း သက်သေပြနေတာဖြစ်ပြီး ရန်သူအပေါ် လိုအပ်တဲ့ဖိအားမျိုးတွေ ပေးသွားမယ်” လို့ သမ္မတ ဇီလန်စကီးက ညစဉ်မိန့်ခွန်းမှာပြောပါတယ်။ ရုရှားနိုင်ငံ ကွတ်ခ်ဒေသကို ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတာဟာ ခြောက်ရက်မြောက်နေ့ရှိနေပြီး ရုရှားကတော့ အဲဒီဒေသမှာ စစ်ကူတွေ စေလွှတ်ထားပါတယ်။ မြို့ခံတွေကိုလည်း ရုရှားအာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေပါတယ်။ ဒီအတော့အတွင်း အဲဒီဒေသရှိ နျူကလီးယား ဓါတ်အားပေးစက်ရုံ အနီးမှာ ဒုံးကျည်ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့ပြီး ဒီကိစ္စကို ရုရှားနဲ့ ယူကရိန်းတို့က အပြန်အလှန်စွပ်စွဲထားပြီး အိုင်အေအီးအေကတော့ နျူကလီးယားမတော်တဆမှုတွေ ရှောင်ရှားနိုင်ဖို့…

Read More

တကောင်းမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သား သေဆုံးမှုတွေ ရှိ

  ဩဂုတ် ၁၂ – ၂၀၂၄ SS (VOM) မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ စစ်ကိုင်းတိုင်းအစပ်မှာရှိတဲ့ တကောင်းမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သား ထိခိုက် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက တကောင်းမြို့ရှိ နစက တပ်စခန်းတွေကို မနေ့ ဩဂုတ် ၁၁ ရက်၊ မနက် ၅ နာရီဝန်းကျင်မှစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ကာ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ စစ်ခန်းတခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ တိုက်ပွဲကြား လက်နက်ကြီး ထိမှန်တာ‌ကြောင့် ဒေသခံပြည်သူ အမျိုးသမီးကြီး တယောက် သေဆုံးပြီး အမျိုးသမီးငယ် တယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မနေ့က တနေကုန်ပဲ တိုက်ပွဲတွေပြင်းထန်နေတာ။ မြို့ပေါ်မှာရှိတဲ့ နစကရဲ့ အထိုင်စခန်းတွေဖြစ်တဲ့ ‌တိုက်နယ်ဆေးရုံနဲ့ ရဲစခန်းက တပ်ဖွဲ့တွေ လက်နက်ချပေမယ့်…

Read More

တောင်သာမှာ တိုက်ပွဲတွေကြောင့် အစိုးရပိုင်အထည်ချုပ်စက်ရုံ မီးလောင်

  ဩဂုတ် ၁၂ – ၂၀၂၄ GG (VOM) မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ဒီနေ့ဩဂုတ်လ ၁၂ ရက်နေ့မနက်အစောပိုင်းကစပြီး တိုက်ပွဲတွေပြင်းထန်နေပြီး အရပ်သားတွေကျည်ထိမှန်ထားသလို အစိုးရပိုင် အထည်ချုပ်စက်ရုံအပါ အဝင် အဆောက်အဦအချို့လည်းလက်နက်ကြီးထိမှန်ပျက်စီးမှုတွေရှိနေတယ်လို့သိရပါတယ်။ တောင်သာမြို့နယ်ရှိ အစိုးရပိုင် အမှတ်(၁၀)အထည်ချုပ်စက်ရုံ(စွပ်ကျယ်စက်ရုံ)နဲ့ တောင်သာ-မိတ္ထီလာလမ်းပိုင်းမှာရှိ ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံရှိ နစက တပ်ဖွဲ့ဝင်တွေကို နယ်မြေခံ PDF တပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာကနေ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။ ” တိုက်ပွဲဖြစ်တဲ့ဘက်တွေသွားလာလို့မရဘူးလေ။လူနာကောက်ဖို့တောင်မသွားရဲလို့ အခြေအနေကြည့်လှုပ်ရှားနေရတဲ့အခြေအနေပါ။စွပ်ကျယ်စက်ရုံမီးလောင်တယ်။တောင်သာမြို့အဝင်က ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံမှာလည်းစစ်တပ်ရှိတော့အဲ့ဒီနေရာတွေကို ဝင်တိုက်ကြတာပါ။ကားတစီးထဲကလူနှစ်ယောက်ကျည်ထိထားတယ်။” လို့ ဒေသခံတယောက်ကပြောပါတယ်။ တိုက်ပွဲအကြားသွားလာတဲ့ ကားတစီးကျည်ထိမှန်ပြီး အရပ်သားနှစ်ယောက်ကျည်ထိမှန်ခဲ့တာဖြစ်ကြောင်း ၊ လက်ရှိမှာ ကျည်ထိမှန်ထားတဲ့ အရပ်သားနှစ်ယောက်ကို လူနာတင်ကားနဲ့မြင်းခြံကိုသယ်ဆောင်သွားနေပြီဖြစ်တယ်လို့သိရပါတယ်။ ” စွပ်ကျယ်စက်ရုံမီးလောင်တာတော့မှန်တယ်။ သူကမြို့အဝင် မြင်းခြံဘက်အထွက်မှာရှိတာ။အဲ့ဘက်ကတိုက်ပွဲဖြစ်တော့မသွားရဲဘူး။မြို့ထဲတောင်အသွားအလာရှင်းပါတယ်။ စက်ရုံက အကုန်လုံးတော့ မပျက်စီးဘူးသိရတယ် “လို့ နောက်ထပ်ဒေသခံတယောက်ကပြောပါတယ်။ အဆောက်အဦကျည်ထိမှန်မှုအနေနဲ့က မနေ့ကညပိုင်းမှာ လှည်းကူးမအုပ်စု ၊ ပြဿဒ်ကြီးကျေးရွာ…

Read More

နျူကလီးယား ပစ္စည်းနဲ့လျှို့ဝှက်ချက်တွေ လွှဲပြောင်းဖို့ ဩစတြေးလျနဲ့ အမေရိကန်၊ ဗြိတိန်တို့ လက်မှတ်ထိုး

  ဆစ်ဒနီ၊ ဩဂုတ်-၁၂-၂၀၂၄ မျိုးဆက်(VOM) ဩစတြေးလျဟာ သူ့ရဲ့ ရေတပ်မှာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေတိုးချဲ့ဖို့အတွက် အဓိကခြေလှမ်းအဖြစ် နျူကလီးယားလျှို့ဝှက်ချက်တွေနဲ့ ပစ္စည်းတွေကို အပြန်အလှန်လွှဲပြောင်းခွင့်ပြုတဲ့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီသဘောတူညီချက်ကို ဝါရှင်တန်မှာ လက်မှတ်ရေးထိုးပြီးနောက် ဒီနေ့ကျင်းပတဲ့ ဩစတြေးလျပါလီမန်မှာ တင်သွင်းပြီး အတည်ပြုခဲ့ပါတယ်။ ဒီသဘောတူညီချက်က ဩစတြေးလျရေတပ်မှာ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ဝယ်ယူဖို့ အရေးပါတဲ့ခြေလှမ်းလို့ ရေတပ်တာဝန်ရှိသူတွေက ပြောပါတယ်။ သဘောတူညီချက်ဟာ ၂၀၂၁ ခုနှစ်ကရရှိထားတဲ့ အော့ကပ်စ်လုံခြုံရေး သဘောတူစာချုပ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ နျူကလီးယားပစ္စည်းနဲ့ နည်းပညာတွေ လွှဲပြောင်းရေးအတွက် ဖြစ်ပါတယ်။ ဩစတြေးလျကို ပေးပို့မယ့် နျူကလီးယားပစ္စည်းတွေ ဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်အတွက် ဩစတြေးလျက တာဝန်ယူရမှာဖြစ်ပြီး ရေဒီယိုသတ္တိကြွပစ္စည်းတွေ သိုလှောင်ခြင်းနဲ့ စွန့်ပစ်ခြင်းအတွက်လည်း တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။ ဩစတြေးလျနဲ့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော တည်ဆောက်ဖို့နဲ့ အဆင့်မြင့်တိုက်ခိုက်ရေးနည်းပညာတွေ ပူးတွဲတီထွင်ဖို့တွေပါဝင်တဲ့ အော့ကပ်စ်သဘောတူစာချုပ်ဟာ…

Read More

ဂွ-ငါးသိုင်းချောင်း ကုန်စည်လမ်းကြောင်း ပိတ်ထားလို့ ရခိုင်မှာ အခြေခံစားသောက်ကုန် ပိုမိုပြတ်လပ်လာ

  ဩဂုတ် ၁၂ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်ထဲကို ကုန်စည်တင်ပို့ရာမှာ ဧရာ၀တီတိုင်း ရေကြည်မြို့ကနေ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း အခြေခံစားသောက်ကုန် သယ်ယူခွင့်ကို ဆက်လက် ပိတ်ပင်ထားတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် ထပ်မံ မြင့်တက်လာကာ ပစ္စည်းပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ဂွ – ငါးသိုင်းချောင်း လမ်းမအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ပထမအပတ်ကစပြီး ရေကြည်မြို့ကနေ ရခိုင်ပြည်နယ်အတွင်း ပစ္စည်းတင်ပို့ခွင့်ကို ပိတ်ပင်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့က တင်ပို့ သယ်ယူခွင့် ပိတ်ထားတယ်လို့ ကြိုပြောတာမဟုတ်ဘူး။ ဂိတ်ရောက်မှ ဆက်သွားခွင့်မပေးတာ။ ရေကြည်ကနေ ဂွမြို့ကို ဘာကုန်စည်တွေကိုပဲ ပို့ပို့ ဂွ – ငါးသိုင်းချောင်းလမ်း၊ ဗေဒါစစ်ဆေးရေးဂိတ် အဝင်အထွက်ကနေ ပြန်လွှတ်ခံနေရတယ်” လို့ ကုန်သည်တယောက်က ပြောပါတယ်။ ရခိုင်ပြည်နယ်ဘက်ကို…

Read More

သီပေါမှာ သုံးရက်အတွင် လက်နက်ကြီးကြောင့် အရပ်သား ကိုးယောက်သေပြီး ခြောက်ယောက်ဒဏ်ရာရ

  ဩဂုတ် ၁၂ – ၂၀၂၄ CC (VOM) ရှမ်းမြောက် ၊သီပေါမြို့နယ်မှာ တိုက်ပွဲမရှိပေမယ့် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့မှာ မိသားစုသုံးယောက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ သီပေါမြို့နယ်မှာ ဩဂုတ်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တုန်းကလည်း လက်နက်ကြီးထိမှန်လို့ သေဆုံးခဲ့ရသူ ခြောက်ယောက်နဲ့ထိခိုက်ဒဏ်ရာရသူခြောက်ယောက်ရှိခဲ့တာကြောင့် ဒီနေ့အထိ သုံးရက်အတွင်းမှာဆိုရင် အရပ်သားသေဆုံးမှု ကိုးယောက်အထိရှိတယ်လို့သိရပါတယ်။ ” ဒီနေ့သေတဲ့မိသားစုသုံးယောက်က သီပေါဒေသခံတွေမဟုတ်ဘဲအိမ်ငှားနေကြသူတွေလို့သိရတယ်။သူတို့အိမ်ပေါ်လက်နက်ကြီးကျတာပါ။သီပေါမှာကအခုထိငြိမ်နေတယ်တိုက်ပွဲမရှိပါဘူး။အိမ်ကမြို့လယ်ရပ်၊ပြောင်းပွဲရုံနားကအိမ်ပါ။တိုက်ပွဲမရှိဘဲ မြို့ထဲကိုလက်နက်ကြီးတွေကျတာပါ။” လို့ဒေသခံကပြောပါတယ်။ သီပေါမှာ အရက်ရက်တွေက နှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်ပြီး ဒရုန်းဗုံးတွေပစ်ခတ်ခြင်း၊လေကြောင်းပစ်ကူပစ်ခတ်ခြင်းတွေအထိရှိခဲ့တာကြောင့် မြို့ထဲကို လက်နက်ကြီးကျပေါက်ပွဲကာ အရပ်သားသေဆုံးရတာဖြစ်ပြီး လူနေအိမ်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့သိရပါတယ်။ သီပေါမြို့နယ်မှာ မနေ့ကဩဂုတ်လ၁၁ ရက်နေ့ညပိုင်းကစပြီး မြေပြင်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရပ်သွားတာ လက်ရှိအချိန်ထိဖြစ်ကြောင်း ၊ တိုက်ပွဲကြောင့်သီပေါမြို့ဒေသခံအများအပြားစစ်ရှောင်နေကြသလို အချို့ဒေသခံတွေကလည်းခုထိမပြောင်းရွှေ့သေးဘဲ မြို့ထဲမှာနေထိုင်မှုရှိနေတယ်လို့သိရပါတယ်။ သီပေါမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇူလိူင်လ ၄ရက်နေ့ညနေပိုင်းကစပြီး TNLA ပူးပေါင်းတြ်တွေနဲ့ နဲ့နစက တပ်တွေ…

Read More
VOM News

FREE
VIEW