တင်းမာမှုတွေကြားက အရှေ့အလယ်ပိုင်းအရေး စိုးရိမ်ပူပန်မှုများ

  ဩဂုတ်-၁၃-၂၀၂၄ မျိုးဆက်(VOM) “အစ္စရေးကို အီရန်က ဘယ်အချိန်မှာ ဘယ်လိုပုံစုံနဲ့ လက်တုံ့ပြန်မလဲဆိုတာ အဖြေထက် မေးခွန်းတွေက ပိုများတယ် ” လို့ အရှေ့အလယ်ပိုင်း စစ်ရေးနဲ့ နိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။ ဒါပေမယ့် အမေရိကန်ကတော့ တင်းမာမှုတွေမြင့်တက်နေတဲ့ အရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘော စေလွှတ်ထားတဲ့အပြင် ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘော ယူအက်စ်အက်စ် ဂျော်ဂျီယာကိုပါ ထပ်မံ စေလွှတ်လိုက်ပြန်ပါတယ်။ ဟားမတ်စ်တွေနဲ့ စစ်တိုက်နေရတဲ့ အစ္စရေးအတွက် အီရန်နဲ့တင်းမာမှုက တပူပေါ်နှစ်ပူဆင့်ဖြစ်ပြီး လက်တုံ့ပြန်နိုင်ခြေအတွက် အမြင့်ဆုံး တပ်လှန့်ထားပါတယ်။ အမေရိကန်ကတော့ မဟာမိတ် အစ္စရေးကို အီရန်နဲ့ မဟာမိတ်စစ်သွေးကြွအဖွဲ့တွေက အချိန်မရွေး လက်တုံ့ပြန်လာနိုင်ခြေအပေါ် ကာကွယ်ပေးမယ်လို့ ကတိခံထားပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဂါဇာစစ်ပွဲအပြင် အီရန်မှာ ဟားမတ်စ်ခေါင်းဆောင် ဟာနီယာ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတို့ မရှေးမနှောင်းမှာပဲ လုပ်ကြံခံရပြီးနောက်မှာအစပြုခဲ့တဲ့ တင်းမာမှုတွေက ဒေသတွင်းမှာ…

Read More

This Day in History

  Voice of Myanmar ကျူးဘားကို အနောက်ကမ္ဘာခြမ်း၏ ပထမဆုံးသော ကွန်မြူနစ်နိုင်ငံအဖြစ် သွတ်သွင်းခဲ့သော ကျူးဘားခေါင်းဆောင် ဖီဒယ်လ်ကက်စထရိုကို ၁၉၂၆ ခုနှစ် ဩဂုတ် ၁၃ ရက်တွင် မွေးဖွားခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #August13

Read More

မောင်တော Unicef ရုံးမှာ UN ဒေသဆိုင်ရာဝန်ထမ်းနဲ့ မိသားစုဝင်တွေ ပိတ်မိနေ

  ဩဂုတ် ၁၃ – ၂၀၂၄ SN (VOM) ရခိုင်ပြည်၊ မောင်တောမြို့၊ မြို့မကညင်တန်းရှိ Unicef ရုံးမှာ ကုလသမဂ္ဂ (UN) ဒေသဆိုင်ရာ ဝန်ထမ်းနဲ့ မိသားစုဝင် ၂၃ ယောက်ပိတ်မိနေကြဆဲဖြစ်တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ မောင်တောမြို့ တိုက်ပွဲကြား ပိတ်မိနေကြတဲ့ အရပ်သားပြည်သူတွေကို အာရက္ခတပ်တော် (AA) က သြဂုတ်လ ၇ ရက်မှစတင်ကာ ကယ်ထုတ်နေခဲ့ပေမယ့်လည်း မြို့မကညင်တန်းရှိ Unicef ရုံးမှာတော့ ပိတ်မိနေသူတွေ ရှိနေကြဆဲဖြစ်သလို မြို့တွင်းမှာလည်း နေထိုင်မကောင်းသူနဲ့ မသန်စွမ်းသူတချို့ပါ ကျန်ရှိနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲတွေ ပြင်းထန်နေတော့ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ အခြေအနေတွေကလည်း ရှုပ်ထွေးနေတာ။ လက်နက်ကြီး ကျတာတွေလည်း ရှိနေတော့ လူတွေက စိုးရိမ်စိတ်နဲ့ ဘယ်မှ မသွားရဲကြဘူး။ ကျွန်တော်တို့အဖွဲ့တွေ သွားကူဖို့ကလည်း အခက်အခဲတွေ ရှိနေတယ်။…

Read More

ရုရှားနိုင်ငံထဲက နယ်မြေ ၁၀၀၀ စတုရန်းကီလိုမီတာထိ ယူကရိန်းတပ်တွေ ထိန်းချုပ်ထား

  ကိဗ်ယက်၊ ဩဂုတ်-၁၃-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲ နှစ်နှစ်ခွဲကျော်ကြာကာလအတွင်း အကြီးမားဆုံး နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုအဖြစ် ရုရှားနိုင်ငံထဲက နယ်မြေ ၁၀၀၀ စတုရန်းကီလိုမီတာကို ထိန်းချုပ်ထားနိုင်ပြီလို့ ယူကရိန်း ထိပ်တန်းတပ်မှူးက အတည်ပြုပြောဆိုပါတယ်။ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသမှာ ထိုးစစ်ဆင်တိုက်ခို်ကမှု ခုနှစ်ရက်မြောက်ရှိလာပြီး စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ယူကရိန်းတပ်မှူး အိုလက်ဆန်ဒါဆီရာစကီးက ပြောပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီးကလည်း ရုရှားနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်ထိုးစစ်ဆင်မှုကို အတည်ပြုထားပြီး ရုရှားဟာ တခြားနိုင်ငံထဲကိုယူလာတဲ့စစ် သူ့နိုင်ငံထဲ ပြန်ရောက်တော့မယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ဒီအတောအတွင်း ယူကရိန်းတပ်တွေလက်အောက်ကျရောက်ခဲ့တဲ့ ရုရှားဒေသရှိ ကျေးရွာ ၂၈ ရွာမှာ အရပ်သား ၁၂ ယောက်သေဆုံးခဲ့ပြီး အခြေအနေဆိုးရွားနေကြောင်း ရုရှား ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းတပ်တွေရဲ့ တို်ကခိုက်မှုကြောင့် ရုရှားအနောက်ပိုင်းနယ်စပ်က ဒေသခံအများအပြားကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး နောက်ထပ် ဒေသခံခြောက်သောင်းနီးပါးကိုလည်း ထွက်ခွာဖို့ အမိန့်ထုတ်ထားပါတယ်။ ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံထဲကို…

Read More

လားရှိုးမှာ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့တွေ စတင်ဖွဲ့စည်းနေတယ်လို့ ဒေသခံတွေပြော

  ဩဂုတ် ၁၃ – ၂၀၂၄ CC (VOM) ရှမ်းမြောက် ၊ လားရှိုးမြို့မှာ ရပ်ကွက်အလိုက်အုပ်ချုပ်ရေးအဖွဲ့တွေစတင်ဖွဲ့စည်းနေသလို ကျန်းမာရေးအတွက်လည်း ဆေးအဖွဲ့တွေဖွဲ့စည်းပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ လုပ်ဆောင် နေပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ လားရှိုးမြို့ထဲမှာ ခုချိန်ထိအုပ်စုဖွဲ့ပြီးနေအိမ်ဖောက်ထွင်းကာ ပစ္စည်းယူဆောင်မှုတွေရှိနေတာကြောင့် လုယက်သူတွေကိုတွေ့ရှိပါက သက်ဆိုင်ရာရပ်ကွက်အလိုက်အုပ်ချုပ်ရေးအဖွဲ့တွေကို ဆက်သွယ်သတင်းပေးတိုင်ကြားနိုင်ကြောင်းသိရပါတယ်။ ရပ်ကွက်အလိုက်လဲ ဆန်ပေးဝေမှုတွေကိုလုပ်ဆောင်နေတဲ့အပြင် မကြာခင်မှာ ဖုန်းလိုင်းတွေရရှိနိုင်ပြီး လျှပ်စစ်မီးရရှိအောင်လည်း လုပ်နေတယ်လို့သိရပါတယ်။ ” ခုလားရှိုးမြို့မှာ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးတွေစုဖွဲ့လုပ်တဲ့ အစည်းဝေးပြီးသွားပြီ။စစ်မရှောင်ဘဲကျန်ခဲ့တဲ့ အိမ်တိုင်းကို အစည်းဝေးခေါ်တယ်။သူခိုးတွေတွေ့ရင် လာတိုင်ဖို့ပြောတယ်။အုပ်ချုပ်ရေးရုံးတွေမှာ ဆန်ကို သွားယူလို့ရကြောင်းပြောတယ်။ဆေးအဖွဲ့လည်း ဖွဲ့ပြီးသွားပြီ ။မီးရဖို့ကြိုးစားနေတယ် ။ နောက်အပတ်ကစပြီး မြို့ထဲ ဖုန်းလိုင်းရမယ်လိူ့လည်းပြောတယ်။သူတို့မတတ်နိုင်တာ လေကြောင်းတခုပဲလို့ပြောတယ်။” လို့ လားရှိုးဒေသခံကပြောပါတယ်။ MNDAA အဖွဲ့ကလားရှိုးမြို့ကို အုပ်ချုပ်ရေးယန္တရားပြန်လည်စတင်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး မြို့ထဲမှာလုံခြုံရေးအရ လှည့်လည်စစ်ဆေးမှုတွေရှိပြီး မသင်္ကာပါကစစ်ဆေးခံရတာမျိုးရှိတယ်လို့သိရပါတယ်။ ဒါအပြင် နစက တပ်ဖွဲဝင်တွေဖြစ်တဲ့ ရဲ၊စစ်တပ် က…

Read More

ပြင်ပရွှေဈေး ကျပ် ၇၇ သိန်းကျော်နဲ့ ဒေါ်လာဈေး ကျပ် ၇၀၀၀ ကျော်ထိ မြင့်တက်လာ

  ဩဂုတ် ၁၃ – ၂၀၂၄ SS (VOM) ပြင်ပဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ကျပ် ၇၇ သိန်းကျော်အထိ ရောက်ရှိနေပြီး အမေရိကန် တဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ စံချိန်ချိုး ထပ်မံမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေနဲ့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။ ပြည်တွင်း အခေါက်ရွှေဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့ကစလို့ ကျပ် သိန်းခုနစ်ဆယ်ကျော်ကို ရောက်ရှိလာတာဖြစ်ပြီး ခြောက်ရက်အတွင်း ကျပ် ခုနစ်သိန်း ထပ်မံ မြင့်တက်လာကာ ဒီကနေ့ ဩဂုတ် ၁၃ ရက်မှာတော့ ကျပ် ခုနစ်ဆယ့်ခုနစ်သိန်း ငါးသောင်းဝန်းကျင်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ “အခုကတော့ ဈေးတွေက တရှိန်ထိုးတက်နေတဲ့ ကာလပေါ့။ ရောင်းတာဝယ်တာ သတိရှိကြဖို့ပဲ ပြောချင်ပါတယ်။ ဈေးတွေ ထပ်တက်ဦးမလား၊ ပြန်ကျနိုင်လားဆိုတော့ ဈေးကတော့ အကျမမြင်သေးဘူးလို့ပဲ…

Read More

အစ္စရေးကို လက်တုံ့ပြန်မတိုက်ခိုက်ဖို့ ဥရောပနိုင်ငံတွေရဲ့ တိုက်တွန်းချက် အီရန်ပယ်ချ

  တီဟီရန်၊ ဩဂုတ်-၁၃-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်မယ့်ကိစ္စကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် အမေရိကန်နဲ့ ဥရောပသုံးနိုင်ငံဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်တို့ရဲ့ တိုက်တွန်းမှုကို အီရန်က ပယ်ချလိုက်ပါတယ်။ အခုလို တိုက်တွန်းချက်ဟာ နိုင်ငံရေးအရ ယုတ္တိမတန်သလို နိုင်ငံတကာဥပဒေတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ “အစ္စရေးအစိုးရရဲ့ ရာဇဝတ်မှုတွေကို ကန့်ကွက်ခြင်းမရှိဘဲ ဥရောပနိုင်ငံတွေက အခုလိုထုတ်ပြန်တာဟာ အီရန်ရဲ့ အချုပ်အခြာအာဏာနဲ့နယ်မြေပိုင်ဆိုင်မှု ချိုးဖောက်ခံရတာကို တုံ့ပြန်ခြင်းမပြုဖို့ တောင်းဆိုမှုသာဖြစ်ပါတယ်” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဆာကာနန်နီက ပြောပါတယ်။ အီရန်ကတော့ အစ္စရေးရဲ့ လုပ်ရပ်တွေကို တားဆီးဖို့ ဆုံးဖြတ်ထားကြောင်း သူက ပြောပါတယ်။ “ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ လုပ်ရပ်တွေနဲ့ အစ္စရေးကို အနောက်အုပ်စုအစိုးရတွေရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ကျယ်ကျယ်ပြန့်ပြန့်ကူညီပေးမှုတွေက ဂါဇာပဋိပက္ခ ဒေသတွင်းမှာ ပိုမိုကျယ်ပြန့်လာရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်” လို့ သူက…

Read More

နိုင်ငံတဝန်း စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာပြီး ညအိပ်စောင့်ဆိုင်း ဝယ်ယူရမှုတွေရှိနေ

  ဩဂုတ် ၁၃ – ၂၀၂၄ SN (VOM) မြန်မာတနိုင်ငံလုံးမှာ စက်သုံးဆီပြတ်လပ်မှု အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေပြီး ဆီဆိုင်တွေရှေ့မှာ ညအိပ်စောင့်ဆိုင်း တန်းစီနေရတဲ့အထိ စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေတယ်လို့ မြို့နေပြည်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ကာ တနိုင်ငံလုံးမှာ စက်သုံးဆီ ရှားပါးပြတ်လပ်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၂၀ နီးပါး ကြာမြင့်လာချိန်အထိ ဆီပြတ်လပ်မှု ပြေလည်လာခြင်းမရှိဘဲ အရောင်းဆိုင်တွေမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်း တန်းစီနေရဆဲဖြစ်တယ်လို့ သိရပါတယ်။ “ဆီရဖို့ တခါတန်းစီရင် အချိန် သုံးနာရီလောက်ပေးရတယ်။ တနေ့ တနေ့ကို ဒီတနေရာတည်းမှာပဲ အချိန်တွေ အလဟဿကုန်နေရတာ။ ရန်ကုန်မှာက မြို့ထဲက ဆီဆိုင်တော်တော်များများမှာ ဆီက ရှိကိုမရှိတော့တာ။ ဆိုင်တိုင်းလိုလိုပိတ်ထားတယ်။ ရှိတဲ့နေရာကျတော့လည်း ကားက နှစ်ထပ်၊ သုံးထပ်နဲ့ ကားတန်းကလည်း အရှည်ကြီးပဲ။ အင်းစိန်၊ ရွာမကွေ့ကဆီဆိုင်ဆိုရင် ကားတန်းက…

Read More

တကောင်းမြို့ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထား

  ဩဂုတ် ၁၃ – ၂၀၂၄ SS (VOM) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို ဒေသတွင်း လက်နက်ကိုင်ပူးပေါင်းတပ်တွေ မနေ့ ဩဂုတ် ၁၂ ရက်နေ့က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တကောင်းမြို့ရှိ ရှေးဟောင်း လေးမျက်နှာဘုရားဝင်းထဲက နောက်ဆုံးကျန်ရှိတဲ့ နစကတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် မနေ့ နေ့လယ်ပိုင်းမှာ မြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲက ဩဂုတ် ၁၁ ရက်နေ့ကစပြီး ပြင်းထန်ခဲ့တာ။ မြို့ပေါ်မှာရှိတဲ့ နစကရဲ့ အထိုင်စခန်းတွေထဲက တိုက်နယ်ဆေးရုံနဲ့ ရဲစခန်းက တပ်ဖွဲ့တွေက ၁၁ ရက်နေ့မှာ လက်နက်ချပေမယ့် လေးမျက်နှာဘုရားဝင်းထဲက တပ်တွေကတော့ လက်နက်မချဘဲ လေကြောင်းအကူနဲ့ ပြန်တိုက်ခဲ့တာ။ မြို့ပေါ်တိုက်ပွဲ နှစ်ရက်ကြာတယ်။ လေးမျက်နှာစေတီလည်း တော်တော်ပျက်စီးသွားတယ်။ မနေ့ နေ့လယ်ပိုင်းမှာတော့ မြို့ကိုအလုံးစုံ ထိန်းချုပ်နိုင်သွားတာပေါ့။ အခုကတော့…

Read More

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ နေပြည်တော်ကို မနက်ဖြန် လာမယ်

  ပေကျင်း၊ ဩဂုတ်-၁၃-၂၀၂၄ မျိူးဆက်(VOM) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကို ဩဂုတ် ၁၄ ရက်ကနေ ၁၇ ရက်ထိ လာရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဝမ်ယီရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေဖို့နဲ့ ပြည်သူတွေအကြား နီးကပ်တဲ့ဆက်ဆံရေးကို မြှင့်တင်ဖို့ရည်ရွယ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး တိုးတက်ဖို့ အားထုတ်မှုတွေကို ထောက်ခံတယ်လို့ ဆိုပါတယ်။ ဝမ်ယီဟာ မြန်မာနိုင်ငံကို လာရောက်ပြီးနောက် ကိုးကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ပါဝင်တဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွ့က်မှု ယန္တယားဖြစ်ပါတယ်။ ဒီအစည်းအဝေး ပြင်ပမှာတော့ ဝမ်ယီဟာ ဒေသတွင်းအခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်း၊…

Read More
VOM News

FREE
VIEW