ရန်ကုန်မှာ စားအုန်းဆီ ထုတ်ယူခွင့်စာအုပ်တွေကို လာမယ့်လဆန်းပိုင်းမှ စတင်ထုတ်ပေးသွားဖို့ရှိနေ

သြဂုတ် ၂၉ – ၂၀၂၄
KG(VOM)
စားအုန်းဆီထုတ်ယူခွင့်စာအုပ်တွေကို လာမယ့်စက်တင်ဘာလဆန်းပိုင်းမှ စတင်ထုတ်ပေးသွားဖို့ရှိနေတယ်လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူများထံမှ သိရပါတယ်။
“အခုကသင်္ဃန်းကျွန်းမြို့နယ်ရယ် မြောက်ဒဂုံမြို့နယ်ပေါ့၊စာအုပ်ကအခုတော့မရသေးဘူး၊မြောက်ဒဂုံမြို့နယ်အတွက်လကုန်ရင်ရပြီလို့ကြားတယ်။မြို့နယ်/ရပ်ကွက်အချို့မှာတော့ စပြီးထုတ်ပေးနေပြီလို့ သိရတယ်။
ဆီစာအုပ်ကအိမ်ထောင်စုသန်းခေါင်စာရင်းရှိတဲ့သူကိုတစ်အုပ်ရမယ်။ ဧည့်စာရင်းရှိတဲ့သူကိုတအုပ်အဲဒီလိုလုပ်ပေးမှာပါ။ ပေးဖို့အစီအစဥ်ကတော့အခုအထိဘာမှအသေးစိတ်မသိရသေးဘူး။မြန်မာနိုင်ငံဆီကုန်သည်များအသင်းကဒေသဆိုင်ရာမြို့နယ်ကိုယ်စားလှယ်တွေရှိတယ်လေ။ အဲဒီ ဒီမြို့နယ်ကကိုယ်စားလှယ်တွေနဲ့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးဆောင်ရွက်သွားဖို့ရှိပါတယ်”လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ယခုထုတ်ဝေပေးမယ့် ဆီစာအုပ်မှာပါရှိတဲ့ စည်းကမ်းချက်တွေကတော့ ဆီစာအုပ်တွေကိုတဆင့်ရောင်းချခြင်း၊ပေါင်နှံခြင်းတွေကို(လုံးဝ)မပြုလုပ်ရဘဲ အိမ်ထောင်စုတစုလျှင်ဆီစာအုပ်တစ်အုပ်သာပိုင်ဆိုင်ခွင့်ရှိပြီး ဆီထုတ်ယူရန်သတ်မှတ်ထားသောရက်အတိုင်းထုတ်ယူဖို့နဲ့ပျက်စီးပျောက်ဆုံးပါကရပ်ကွက်အုပ်ချုပ်ရေးမှူးထံချက်ချင်းအကြောင်းကြားရမည်ဖြစ်ကာ အသက် (၁၀)နှစ်အောက်ကလေးငယ်များကိုတော့ လာရောက် ဝယ်ယူခွင့်မပြုဘူးလို့ ဖော်ပြထားပါတယ်။
“အပြင်စျေးကွက်မှာစားဆီတပိဿာကို ၂၃၀၀၀ လောက်အထိစျေးပေါက်ပါတယ်။မနေ့က ကျွန်တော်ကိုယ်တိုင် ၅၀ သားသွားဝယ်တာနှစ်သောင်းစျေး၀ယ်ခဲ့ ရပါတယ်။အဲဒါတောင်လျှို့ ဝှက်ပြီးရောင်းတာ ရင်းနှီးခင်မင်မှရောင်းပေးတာပါ။အခုကဘယ်လိုဖြစ်လဲဆို တော့ဆီခွဲတမ်းရကိုယ်စားလှယ်ကြီးတွေကလည်း စားအုန်းဆီကိုအနည်းငယ်သာ အရောင်းပြတယ်။ အပြင်ကိုမှောင်ခိုလမ်းကြောင်းနဲ့ထုတ်တယ်။ အဓိကလုပ်ရမှာကအရင်လိုစျေးကွက်အတွင်းမှာပေါများစွာဝယ်ယူရရှိနိုင်အောင်လုပ်ပေးရမှာပါ”လို့ ပြည်သူတယောက်က သူရဲ့အမြင်ကို ပြောပြပါတယ်။
ဒါအပြင် စာအုပ်ပိုင်ရှင်မှ ဆီထုတ်ယူဖို့ မအားပါက ကိုယ်စားလှယ်လွဲစာနဲ့ ထုတ်ယူနိုင်သလို စာအုပ်ကုန်တဲ့ အခါအသစ်ထပ်မံထုတ်ပေးမှာဖြစ်ပြီး ရပ်ကွက်ပြောင်းရွှေ့ပါက ဆီစာအုပ်ကိုသက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးထံပြန်လည်အပ်နှံရမယ်လို့ သိရပါတယ်။
အခုလက်ရှိကာလ သက်ဆိုင်ရာကစားအုန်းဆီဖြန့်ဝေရောင်းချမှုတွင် ရန်ကုန်တိုင်းအတွက်တန်ချိန်တစသောင်းငါးထောင် တလစာပုံမှန်ရရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီခွဲတမ်းဖြန့်ဝေမှုကရန်ကုန်တိုင်းမှာလူဦးရေက ဆယ်သန်းနီးပါးရှိတဲ့အတွက် လူတယောက်ကို တနေ့စာနှစ်ကျပ်ခွဲသားနှုန်းနဲ့တွက်ချက်ပြီးရောင်းချပေးနေတာဖြစ်တဲ့အတွက် ဒါဟာလုံလောက်တဲ့ပမာဏအနေအထားဖြစ်တယ်လို့ ဆီလုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“ဒါကတွက်လို့ရပါတယ်၊လူဆယ်သန်းကိုနှစ်ကျပ်ခွဲသားနဲ့မြှောက်ကြည့်ပါတန်ချိန်ကတသောင်းငါးထောင်ပဲရှိတဲ့အတွက်ကျွန်တော်တွက်ကြည့်တာကတော့အခုဖြန့်ဖြူးရောင်းချနေတဲ့ပုံစံကရန်ကုန်တိုင်းအတွက်ဆိုပိုပိုလျှံလျှံပဲရှိနေပါတယ်။ဒါပေမယ့် စျေးကွက်ရဲ့အခြေအနေအရအမြဲတမ်းလိုအပ်ချက်ကများနေတော့နည်းလမ်းအသွယ်သွယ်နဲ့ဒီဆီမှောင်ခိုစျေးကွက်ကိုအားပေးဖို့ဖြစ်စေတယ်။တင်သွင်းမှုကိုကန့်သတ်လိုက်တဲ့အခါမှာဒါက မလွဲမသွေဖြတ်သန်းနေရတဲ့အခြေအနေမျိုးရှိပါတယ်။
ဝယ်ယူသူတွေပြောတဲ့စကားအရဆို ဘယ်တော့မှ ၅၀ သားရောင်းလို့ ၅၀ သားမရဘူး။၄၀ သားပဲထည့်တယ်ဆိုတာမျိုးဒါကိုလည်းပဲအခုအချိန်အထိတော့အရေးယူတာမျိုးတိုင်ကြားတာမျိုးမတွေ့ရသေးပါဘူးဒါကိုလည်းကျွန်တော်တို့ကတင်ပြမှာပါ”လို့ သူက ပြောပြခဲ့ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW