ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၂ ရက်)

Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၄၅၀ ကျပ် ဝယ်ဈေး – ၅၃၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၃၉၀၀ ကျပ် ဝယ်ဈေး – ၃၇၉၀ ကျပ် -ယူရို ရောင်းဈေး – ၅၇၁၂ ကျပ် ဝယ်ဈေး – ၅၄၆၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၄၉.၂၅ ကျပ် ဝယ်ဈေး – ၁၄၂.၈၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၆၀ ကျပ် ဝယ်ဈေး – ၁၁၁၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၇၃၁ ကျပ်…

Read More

သောင်ရင်းမြစ်ဘေးက ဒုက္ခသည် ငါးထောင်ကျော် ရေဘေးဒုက္ခခံစားနေရ

  ဩဂုတ် ၂ – ၂၀၂၄ SN (VOM) ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ထိုင်း – မြန်မာနယ်စပ်မှာ သောင်ရင်းမြစ်ရေ မြင့်တက်လာတာကြောင့် မြစ်နံဘေးမှာရှိတဲ့ ဒုက္ခသည် ငါးထောင်ကျော် ရေဘေးသင့်နေပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ သောင်ရင်းမြစ် (ခေါ်) မိုရေးမြစ်က တောင်ကျရေတွေတက်လာတဲ့အတွက် အဲဒီ နယ်စပ်ရှိ ပလော့တပို့ စစ်ဘေးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကနေ ၂၈ ရက်နေ့အထိ မြစ်ရေကြီးပြီး ကမ်းပါးတိုက်စားတာတွေကြောင့် အိမ်ခြေ အလုံး ၂ဝ လောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။ “တောင်ကျရေ ရုတ်တရက်ကျလာတော့ ချက်ချင်းပြောင်းရွှေ့ဖို့ အဆင်မပြေဘူး ဖြစ်သွားတယ်။ စခန်းက သောင်ရင်းမြစ်ဘေးမှာလေ။ ကမ်းက တော်တော် ပြိုသွားတာ။ တချို့အိမ်တွေဆို ရွှေ့တောင်ရွှေ့ပေးရတယ်။ စားဝတ်နေရေး အခြေအနေကလည်း…

Read More

အစ္စရေးနဲ့ ပဋိပက္ခ အဆင့်သစ်တခုကိုရောက်နေပြီး တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ဟဇ်ဘိုလာခေါင်းဆောင် သတိပေး

  ဘေရွတ်၊ ဩဂုတ်-၂-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးရဲ့ လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဟဇ်ဘိုလာ ထိပ်တန်းတပ်မှူး ဖော့ဒ်ရှူကရာ သေဆုံးသွားပြီးနောက် အစ္စရေးပဋိက္ခဟာ အဆင့်သစ်တခုရောက်သွားပြီဖြစ်ကြောင်း ဟဇ်ဘိုလာခေါင်းဆောင်က သတိပေးလိုက်ပါတယ်။ အစ္စရေးစစ်တပ်ရဲ့ အဆိုအရ ရှူကရာဟာ ပြီးခဲ့တဲ့ စနေနေ့က ဂိုလန်ကုန်းမြင့်ရှိ ဘောလုံးကွင်းမှာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက် ၁၂ ယောက်သေဆုံးခဲ့တဲ့ တိုက်ခို်ကမှုအတွက် တာဝန်ရှိတယ်လို့ ဆိုပါတယ်/ သူဟာ ဩဇာညောင်းပြီး ကာလရှည်ကြာ ဟဇ်ဘိုလာခေါင်းဆောင်ဖြစ်နေတဲ့ အယ်လ်ဟာ့ဂျ်မိုဆင်လို့ လူသိများတဲ့ ဟတ်ဆန်နာစရယ်လာရဲ့ အနီးကပ်အကြံပေးတယောက်လည်းဖြစ်ပါတယ်။ ဟဇ်ဘိုလာတို့ကတော့ အနီးနားရှိ အစ္စရေးစစ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ပြီး ဒီဖြစ်စဉ်မှာ ပါ-ဝင်ပတ်သက်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါဟာ ပစ်မှတ်လွဲသွားတာဖြစ်နိုင်တယ်လို့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်လာပါတယ်။ “အစ္စရေးနဲ့ ပဋိပက္ခက အဆင့်သစ်ကို ရောက်သွားပြီ။ ရန်သူက မျဉ်းနီကိုဖြတ်လာတာကြောင့် ရှောင်လွှဲမရတဲ့ တုံ့ပြန်မှုကို စောင့်ရမယ်”လို့ ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာစရယ်လာက ပြောပါတယ်။…

Read More

ဂျပန်နိုင်ငံရဲ့ ဇူလိုင်လအပူချိန် ၁၂၆ နှစ်အတွင်း အမြင့်ဆုံးစံချိန်တင်

  တိုကျို၊ ဩဂုတ်-၂-၂၀၂၄ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ဇူလိုင်လာဟာ နှစ်ပေါင်း ၁၂၆ နှစ်အတွင်း နိုင်ငံရဲအပူပြင်းဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။ ပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်နေတဲ့ ရာသီဥတုအခြေအနေဟာ ဇူလိုင်လမှ ပိုမိုပြင်းထန်လာပြီး နိုင်ငံတဝန်း အပူချိန်များ မြင့်တက်ကာ အန္တရာယ်ရှိတဲ့ အဆင့်ထိ ရောက်ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဇူလိုင်လမှာ ဂျပန်တနိုင်ငံလုံးရဲ့ ပျှမ်းမျှအပူချိန်ဟာ ပုံမှန်ထက် ၂ ဒသမ ၁၆ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့ပြီး ဒါဟာ ၁၈၉၈ ခုနှစ်မှာ မှတ်တမ်းတွေ ထားရှိပြီးနောက်ပိုင်း အမြင့်ဆုံးဖြစ်ပါတယ်။ ဂျပန်တောင်ပိုင်း၊ ကာဂိုရှီးမားစီရင်စုရှိ အာမာမီဒေသနဲ့ အိုကီနာဝါစီရင်စုတို့မှာ ပျှမ်းမျှအပူချိန်ဟာ ၁၉၄၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဂျပန်အနောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေဟာလည်း အပူချိန် မြင့်တက် ဒုတိယမြောက် စံချိန်တင်ခဲ့ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှု ဆက်လက်မြင့်တက်လာပါက ဂျပန်နိုင်ငံဟာ ထိခိုက်ခံစားရမယ့် နိုင်ငံတွေစာရင်းမှာ ထိပ်ဆုံးက…

Read More

လှိုင်သာယာမှာ ဖယ်ရီကား တိမ်းမှောက်ပြီး အလုပ်သမား အယောက် ၆၀ နီးပါး ဒဏ်ရာရ

  ဩဂုတ် ၂ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာ အဝေးပြေးကားဝင်းအနီးမှာ ဒီကနေ့ သြဂုတ် ၂ ရက်၊ မနက် ၈ နာရီဝန်းကျင်က စက်ရုံဝန်ထမ်း ကြို/ပို့ယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အလုပ်သမား အယောက် ၆၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ သိရပါတယ်။ အဲဒီ ဝန်ထမ်းကြို/ပို့ယာဉ်ဟာ လမ်းဖြတ်ကူးသူတယောက်ကို ရှောင်တိမ်းလိုက်ရာကနေ လက်ယာဘက်ကို တိမ်းမှောက်ခဲ့တာဖြစ်ပြီး ကားပေါ်မှာ လိုက်ပါလာသူတွေအနက် အမျိုးသား ၁၀ ယောက်၊ အမျိုးသမီး ၄၇ ‌ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။ “အမျိုးသမီးတယောက် လမ်းဖြတ်ကူးတာကို ရှောင်ရင်း တိမ်းမှောက်သွားတာပါ။ ကားပေါ်မှာ လူဘယ်နှစ်ယောက်ပါလဲ မသိပေမယ့် ဒဏ်ရာရတဲ့သူကတော့ အယောက် ၆၀ နီးပါးရှိတယ်။ ပြင်ပဒဏ်ရာတွေကတော့…

Read More

ရွှေပြင်ပပေါက်စျေး သိန်း ၇၀ ထိမြင့်တက်လာ

  ယနေ့ ရွှေဈေး (ဩဂုတ် – ၂ ရက်၊ ညနေ ၃ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၅၂ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၇၆၄၃၉၃ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၇၀၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၉၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice…

Read More

မှော်ဘီလေတပ် ရဟတ်ယာဉ်ပျက်ကျမှု   လေတပ် ဗိုလ်ချုပ်တယောက်နဲ့ တွဲဘက်လေယာဥ်မှူးသေဆုံး

  ဩဂုတ် ၂ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့၊ မှော်ဘီမြို့မှာ ဒီကနေ့ ဩဂုတ်လ ၂ ရက်၊ မနက်ပိုင်းက နစက ရဟတ်ယာဉ်တစီး လေတပ်အတွင်း ပျက်ကျပြီး တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နဲ့ တွဲဘက်လေယာဥ်မှူး သေဆုံးခဲ့ကာ အမျိုးသမီးလေယာဥ်မှူးနဲ့ စက်မှူအကြပ်တယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ Eurocopter ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး ရဟတ်ယာဉ်ကွင်းမှ ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ကွင်းအတွင်းကို ပျက်ကျခဲ့တာလို့ မှော်ဘီလေတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ “မှော်ဘီလေတပ်ကနေ ရှေ့တန်းသွားဖို့ ပျံတက်တဲ့အချိန် ပျက်ကျတာ။ ဒဏ်ရာရသူတွေလည်း စိုးရိမ်ရတဲ့ အခြေအနေ သိပ်‌မကောင်းဘူးလို့ ကြားတယ်” လို့ သူက ပြောပါတယ်။ သေဆုံးသူ ဗိုလ်ချုပ်စိုးတင်လတ်ဟာ မကွေး လေတပ်စခန်းဌာနချုပ်မှူးအဖြစ်မှ တောင်ပိုင်းတိုင်း၊ လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးအဖြစ်…

Read More

မာန်အောင်မှာ ဆေးဝါးပြတ်လပ်နေလို့ လူဦးရေခြောက်သောင်းဝန်းကျင် အခက်အခဲဖြစ်နေ

  ဩဂုတ် ၁ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှာ ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေလို့ လူဦးရေ ခြောက်သောင်းဝန်းကျင် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုလို ဆေးဝါး ပြတ်လပ်နေတာဟာ နစကတပ်က ရခိုင်ပြည်နယ်ရှိ ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့ထားတာကြောင့် ဖြစ်သလို ဗဟိုလိုင်လူငယ်အဖွဲ့ (Central Young Lai Association – CYLA) ကလည်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ ပလက်ဝမြို့နယ်ဆီ ကုန်စည်တင်သွင်းမှုကို စက်သုံးဆီနဲ့ ဆေးဝါး ကန့်သတ်ထားတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ “ဆေးဝါးသယ်လို့ရမယ့် လမ်းကြောင်းတွေက အကုန်ပိတ်ခံထားရတာလေ။ အခုဆို သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာသမားတွေအတွက်ဆေးက လုံးဝကို ရှာလို့မရတော့ဘူး။ ဆေးစွဲပြီး သောက်နေရတာလေ။ တချို့ ရောဂါသမားတွေဆို ဆေးပြတ်နေတာ နှစ်လနီးပါးလောက်ရှိပြီ။ အသက်အန္တရာယ်တောင်…

Read More

ယနေ့ ရွှေဈေး (ဩဂုတ် – ၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၄၂ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၉၂၂၃၅ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၃၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၃၀၀၀၀ ကျပ် ဝယ်ဈေး ၆၅၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၁ ရက်)

Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၄၅၀ ကျပ် ဝယ်ဈေး – ၅၃၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၃၈၇၀ ကျပ် ဝယ်ဈေး – ၃၇၆၅ ကျပ် -ယူရို ရောင်းဈေး – ၅၇၀၀ ကျပ် ဝယ်ဈေး – ၅၄၅၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၄၈.၁၅ ကျပ် ဝယ်ဈေး – ၁၄၁.၈၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၄၄ ကျပ် ဝယ်ဈေး – ၁၀၉၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၇၂၇ ကျပ်…

Read More
VOM News

FREE
VIEW