ဆင်သေချောင်း မိုးများပြီး ရေစီးသန်မှုကြောင့် သိုက်ချောင်းတံတား ကျိုးကျ

စက်တင်ဘာ ၁၂ – ၂၀၂၄ SS (VOM) နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်က ဆင်သေချောင်းအတွင်း မိုးများပြီး ရေစီးသန်မှုကြောင့် အဲဒီချောင်းကို ဖြတ်ကူးတဲ့ သိုက်ချောင်းတံတား ကျိုးကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီ သိုက်ချောင်းတံတားဟာ နေပြည်တော် ပုဗ္ဗသီရိဘက်ကနေ ရန်ကုန် – မန္တလေး လမ်းဟောင်းကို သွားတဲ့လမ်းပေါ်မှာ တည်ရှိပြီး လက်ရှိမှာ တံတားကျိုးကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ သိရပါတယ်။ “တံတားက အဆက်ကနေ ကျိုးကျသွားတာ။ တံတားကျိုးသွားတဲ့အတွက် ဘယ်ယာဥ်မှလည်း သွားလို့မရတော့ပါဘူး။ မိုးကလည်း ရွာနေတုန်းဆိုတော့ ဆည်တွေကလည်း ရေမနိုင်တော့ ဖွင့်ချထားတာတွေရှိတယ်။ အဲဒါကြောင့် ဆင်သေချောင်းမှာ ရေစီးကလည်း တအားသန်နေတယ်။ ရေစီးဆင်းမှု ရပ်သွားမှပဲ တံတား ပြင်ဆင်ရေးတွေ ဆောင်ရွက်နိုင်တော့မှာပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။ လတ်တလောသတင်းတွေအရ မိုးများပြီးရေ ကြီးရေလျှံမှုတွေကြောင့် ကင်းသာဆည်ကျိုး၊…

Read More

ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာမယ့်သူရွေးပွဲ အာဏာရပါတီ စတင်

တိုကျို၊ စက်တင်ဘာ-၁၂-၂၀၂၄ မျိုးဆက်(VOM) ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်နဲ့ ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာမယ့်သူရွေးပွဲကို ဒီနေ့ စက်တင်ဘာ ၁၂ ရက်မှာ ကျင်းပနေပြီဖြစ်ပါတယ်။ ဒီရွေးချယ်ပွဲမှာ ဝန်ကြီးချုပ်ဟောင်းတယောက်ရဲ့ သားဖြစ်သူနဲ့ အမျိုးသမီးတွေအပါအဝင် ကိုယ်စားလှယ်လောင်း ကိုးယောက်ထိ စံချိန်တင် ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိသူဟာ လူကြိုက်များခြင်းမရှိတဲ့ လက်ရှိဝန်ကြီးချုပ် ကီရှီဒါရဲ့ နေရာကို ဆက်ခံပြီး ဝန်ကြီးချုပ်သစ်ဖြစ်လာမှာပါ။ မဲရလဒ်တွေကိုတော့ စက်တင်ဘာ ၂၇ ရက်မှာ ရေတွက်မှာ ဖြစ်ပါတယ်။ ကွန်ဆာဗေးတစ် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ ဆယ်စုနှစ်များစွာ ပြိုင်ဘက်မရှိ နိုင်ငံအာဏာကို ရယူထားနိုင်ခဲ့ပြီး ပါတီမှာ အမတ်နေရာအများစု ရရှိထားတာကြောင့် ပါတီကအဆိုတင်သွင်းသူဟာ ဝန်ကြီးချုပ်ဖြစ်လာဖို့ သေချာနေပါတယ်။ ပါတီခေါင်းဆောင်မှု ရွေးကောက်ပွဲမှာ ဦးဆောင်နေသူတွေထဲမှာ ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း ဂျူနီချီရိုကိုင်ဇူမီရဲ့ သားဖြစ်သူ ပတ်ဝန်းကျင်ရေးရာဝန်ကြီး အသက် ၄၃ နှစ်အရွယ် ရှင်ဂျီရိုကိုင်ဇူမီလည်း…

Read More

ကလောမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူသေဆုံးမှုတွေ ရှိနေ

စက်တင်ဘာ ၁၂ – ၂၀၂၄ SN (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့မှာ ရေကြီးမြေပြိုမှုတွေကြောင့် လူသေဆုံးမှုတွေ ရှိနေ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်မှစတင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လျက်ရှိတာမှာ ရပ်ကွက်အများအပြား ရေနစ်မြုပ်နေပြီး မနေ့ စက်တင်ဘာ ၁၁ ရက်မှာတော့ ကလောမြို့အဝင်က ဆိုင်တွေအထိပါ ရေရောက်ရှိလာကာ မြေပြိုကျမှုတွေပါ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ “ကလောအဝင်မှာ မြစ်ကမ်းပါးတွေ ရှိတယ်လေ။ အဲဒီ မြစ်ကမ်းပါးတွေ ပြိုကျပြီးတော့ အိမ်တွေ၊ ဆိုင်တွေ ပြိုသွားတာ။ လူအသေအပျောက်လည်း ရှိတယ်။ ဒါပေမယ့် လူဘယ်လောက် သေဆုံးတယ်ဆိုတာက အတိအကျတော့ ပြောလို့မရသေးဘူး။ ဆက်သွယ်ရေး တာဝါတိုင်တွေလည်း ကျိုးကျတာတွေရှိတော့ အဲဒီဘက်တွေနဲ့ ဖုန်းအဆက်အသွယ်ရဖို့က မလွယ်ဘူးဖြစ်နေတယ်” လို့ ကလောဒေသခံက ပြောပါတယ်။ လက်ရှိမှာ ရှမ်းပြည်နယ်…

Read More

အချုပ်အခြာပိုင်နက်အတွင်း ပြည်ပကျူးကျော်မှု မှန်သမျှ ချေမှုန်းပစ်မယ်လို့ တရုတ်စစ်တပ် သတိပေး

ပေကျင်း၊ စက်တင်ဘာ-၁၂-၂၀၂၄ရတီ (VOM)တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အပါအဝင် တရုတ်နိုင်ငံရဲ့ အချုပ်အခြာပိုင်နယ်မြေအတွင်း ပြည်ပကျူးကျော်မှုမှန်သမျှ ချေမှုန်းသွားမယ်လို့ တရုတ်စစ်တပ် ထိပ်တန်းတာဝန်ရှိသူတယောက်က သတိပေးပြောဆိုလိုက်ပါတယ်။“တောင်တရုတ်ပင်လယ်ဟာ ငြိမ်းချမ်းရေးပင်လယ်အဖြစ်ရှိနေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”လို့ တရုတ်စစ်တပ် ဒုတိယဗိုလ်ချုပ်ကြီး ဟီလိုင်က ကာကွယ်ရေးဖိုရမ်တခုရဲ့ ပြင်ပမှာ အေအက်ပီနဲ့ အခြားသတင်းသမားတွေကို ပြောပါတယ်။အမေရိကန်က သူ့ရဲ့မဟာမိတ်တွေကို နောက်ကွယ်ကနေ အကွက်ရွှေ့မယ်၊ ထိပ်တိုက်ရင်ဆိုင်ရေး တွန်းပို့မယ် သို့မဟုတ် သူကိုယ်တိုင် ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် တရုတ်စစ်တပ်က ဘယ်တော့မှ စိတ်ရှည်သည်းခံမှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။“တရုတ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေ၊ အချုပ်အခြာနဲ့ ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေအပေါ် ခိုင်မာတဲ့သန္နိဌာန်၊ ဆန္ဒ ၊ စွမ်းရည်တွေနဲ့အတူ ပြတ်ပြတ်သားသား ချေမှုန်းပစ်မယ် ”လို့ သူကပြောပါတယ်။လက်ရှိမှာတော့ တောင်တရုတ်ပင်လယ်အပါအဝင် အငြင်းပွားဖွယ် ရေပိုင်နက်မှာ တရုတ်နိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှု တောင်းဆိုတဲ့ လုပ်ရပ်တွေကြောင့် အမေရိကန်နဲ့ တရုတ်တို့အကြား တင်းမာမှုတွေ ရှိနေပါတယ်။မကြာသေးမီကလည်း တောင်တရုတ်ပင်လယ်မှာ…

Read More

ဖားကန့် ဆိုင်းတောင်ရှိ လပ်ကီးမန်း ဟိုတယ်နားမှာ မီးလောင်နေပြီး တိုက်ပွဲ ပြင်းထန်နေ

စက်တင်ဘာ ၁၂၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ်၊ ဖားကန့် ဆိုင်းတောင်က လပ်ကီးမန်း ဟိုတယ်နားမှာ စက်တင်ဘာလ ၁၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်ကစ မီး လောင်နေပြီး တိုက်ပွဲလည်း ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဖားကန့် ဆိုင်းတောင်က လပ်ကီးမန်း ဟိုတယ် နား မီးလောင်နေပြီ။ အဆက်မပြတ် ပစ်ခတ် နေတယ်။” လို့ ဒေသခံအမျိုးသား တယောက်က ပြောပါတယ်။ ဆိုင်းတောင်ရဲစခန်းက နစကစစ်သားတွေ ထွက်ခွာသွားလို့ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ယမန်နေ့ ၁၀ နာရီ ခန့်မှာ ထိန်းချုပ်လိုက်ပြီး ရှင်းလင်းရေး လုပ်နေတာလို့ ကြားတယ်လို့ သူက ပြောပါတယ်။ “ဆိုင်းတောင်မှာ အခု တိုက်ပွဲ တော်တော် ပြင်းထန်နေတယ်။ သိမ်းတာတော့ မကြားသေးဘူး။…

Read More

မြစ်လေးစင်း ရေကြီးနိုင်ခြေကြောင့် ပဲခူး၊ တောင်ငူ၊ ဘားအံနဲ့ မဒေါက် ဒေသခံတွေ သတိပြုကြဖို့လို

စက်တင်ဘာ ၁၂ – ၂၀၂၄ GG (VOM) ပဲခူးမြစ် ၊ စစ်တောင်းမြစ်၊ သံလွင်မြစ်နဲ့ သောင်ရင်းမြစ်တို့ဟာ လက်ရှိမှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး ထပ်မံ မြင့်တက်လာနိုင်ခြေကြောင့် ပဲခူးမြို့နယ် ၊ တောင်ငူမြို့နယ် ၊ ဘားအံမြို့နယ်နဲ့ မဒေါက်မြို့မှာနေတဲ့ ဒေသခံတွေအနေနဲ့ ရေကြီးရေလျှံ သတိပြုကြဖို့ မိုး/ဇလက သတိပေးထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ ပဲခူးမှာလည်း အနိမ့်ပိုင်းရပ်ကွက်တွေကိုမြစ်ရေတွေဝင်ရောက်နေသလို တောင်ငူမှာလည်း မြစ်ရေအတက်ကြမ်းလို့ အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်နေရပြီး ဘားအံမှာလည်း ရေဝင်ရောက်နေကာမြဝတီမြို့မှာလည်း ရေအတက်ကြမ်းလို့ကယ်ဆယ်ရေးတွေလုပ်နေရပါတယ်။ စစ်တောင်းမြစ်ရေက တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၁ ပေခွဲကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်သလို မဒေါက်မြို့ ရဲ့စိုးရိမ်ရေမှတ်ထက်လည်း ၂ ပေခွဲကျော်လွန်နေကာ နောက် ၁ ရက်အတွင်း ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်တယ်လို့ဆိုပါတယ်။ ပဲခူးမြစ်ရေကလည်း ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်…

Read More

ရခိုင်မှာ မိုးစပါး ဧကခြောက်သိန်းသာ စိုက်ပျိုးနိုင်လို့ လာမယ့်နှစ် စားနပ်ရိက္ခာဖူလုံရေး အခက်တွေ့နိုင်

စက်တင်ဘာ ၁၂ – ၂၀၂၄ SS (VOM) မိုးစပါးစိုက်ပျိုးရာသီမှာ သွင်းအားစုစျေးတွေ အဆမတန် မြင့်တက်လာတာနဲ့ တိုက်ပွဲ ဖြစ်ပွားမှုတွေကြောင့် ရခိုင်ပြည်နယ်မှာ အခု ၂၀၂၄ ခုနှစ်အတွင်း မိုးစပါးစိုက်ဧက ခြောက်သိန်းခန့်သာ စိုက်ပျိုးနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိုးစပါးဧက ခြောက်သိန်းခန့် စိုက်ပျိုးမှုနှုန်းဟာ ရခိုင်တပြည်လုံး အတိုင်းအတာအနေနဲ့သာ စိုက်ပျိုးနိုင်တာဖြစ်တဲ့အတွက် လာမယ့် ၂၀၂၅ ခုနှစ်မှာ အဲဒီဒေသရဲ့ စားနပ်ရိက္ခာဖူလုံရေးဟာ စိန်ခေါ်မှုတရပ် အဖြစ် အခက်တွေ့နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “တပြည်လုံး အတိုင်းအတာနဲ့တောင် ခြောက်သိန်းလောက်ပဲ စိုက်နိုင်တာဆိုတော့ ဒီနှစ်က စိုက်ဧက က ထက်ဝက်နီးပါးလောက် လျော့ကျသွားတာပေါ့။ တိုက်ပွဲတွေကြောင့်ရော၊ ရေကြီးရေလျှံမှုကြောင့်ရော စပါးခင်းတွေ တော်တော်များလည်း ပျက်စီးကုန်တယ်။ ပြန်ပြီးစိုက်ပျိုးဖို့ ဆိုတာကလည်း သွင်းအားစုဈေးတွေ အဆမတန် မြင့်တက်နေတော့ ဘယ်လိုမှ အဆင်မပြေဘူး” လို့ ဒေသခံ…

Read More

တာချီလိတ် ဝမ်မိုင်ဘက်မှာ မြေပြိုလို့ လူ ၁၀ ယောက် ပျောက်ဆုံး

စက်တင်ဘာ ၁၂၊ ၂၀၂၄Shy V (VOM)တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်မှာ စက်တင်ဘာလ ၁၁ ရက်နေ့က မြေပြိုလို့ လူ ၁၀ ယောက်ခန့် ပျောက်ဆုံးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။“တောင်ပြိုလာတယ်လို့ ပြောတယ်။ အဲဒီနားက အိမ် ခြောက်အိမ်လောက် ပါတယ်ကြားတယ်။ ဖုန်းပျတ်၊ မီးပျက် ဆိုတော့ အသေးစိတ် မသိရသေးဘူ။ ကျွန်တော်လည်း နှစ်ရက် ထမင်း မစားရဘူး။ ခုမှ ထမင်းစားမလို့” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ ပုန်းထွန်ရပ်ကွက် အပိုင် ကျောက်တောင် ဝမ်မိုင် အကွက် ၁၅ မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုကြောင့် မြေပြိုကျနေလို့ အိမ် ခြောက်အိမ် ခန့် ပြိုပါသွားလူ ရှစ်ယောက် ကနေ ၁၀ ယောက်…

Read More

တောင်ငူမှာ ဆည်လွှတ်ရေနဲ့ တောင်ကျချောင်းရေတွေကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေမြုပ်နေ

စက်တင်ဘာ ၁၂ – ၂၀၂၄ SN (VOM) ပဲခူးတိုင်း(အရှေ့ခြမ်း)၊ တောင်ငူမြို့နယ်နဲ့ အနီးကျေးရွာ အနိမ့်ပိုင်းနေရာတွေမှာ ဆည်လွှတ်ရေနဲ့ တောင်ကျ ချောင်းရေတွေကြောင့် မနေ့ စက်တင်ဘာ ၁၁ ရက်၊ မနက်အစောပိုင်းမှစတင်ပြီး ရေစတင်နစ်မြုပ်နေပြီလို့ ကယ်ဆယ်ရေး လုပ်ဆောင်သူတွေဆီက သိရပါတယ်။ တောင်ငူမြို့အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကြက်လျှာစွန်း၊ မြစ်ကြီးပေါက်၊ အလယ်ကျွန်း၊ မြင်းဖြူအင်း၊ မြို့ကြီးရပ် စတဲ့ ရပ်ကွက်တွေမှာ ရေစတင် ဝင်ရောက်နေတာဖြစ်ပြီး မိုးအဆက်မပြတ် ရွာသွန်းကာ ရေတိုးနှုန်း မြန်နေတဲ့အတွက် အရေးပေါ် ရွှေ့ပြောင်းရေးတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ “တောင်ငူမှာလည်း ရေတိုးမြန်နေတယ်။ မြို့နယ်အတွင်းက ကျေးရွာ စုစုပေါင်း ၂၀ ထက်မနည်း ရေမြုပ်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်။ လက်ရှိ ရေမဝင်သေးတဲ့နေရာတွေလည်း အချိန်ရတုန်း ပြင်ဆင် ပြောင်းရွှေ့ထားကြဖို့လိုတယ်။ ဘာမှမဖြစ်နိုင်ဘူးထင်ပြီး မပေါ့ကြပါနဲ့လို့ ပြောချင်ပါတယ်” လို့ ကယ်ဆယ်ရေး…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၁၂ ရက်၊ နံနက် ၁၀ နာရီ)Voice of Myanmar#ရွှေဈေး-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၅၁၃ ဒေါ်လာရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား၅၀၆၃၀၅၁ ကျပ်ပြင်ပရွှေဈေးနှုန်း-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၆၈၀၀၀၀၀ ကျပ်ဝယ်ဈေး ၆၇၆၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၆၆၀၀၀၀၀ ကျပ်ဝယ်ဈေး ၆၅၆၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)#နိုင်ငံခြားငွေလဲလှယ်နှုန်း-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းအမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ်ပြင်ပပေါက်စျေး-အမေရိကန်ဒေါ်လာ‌ရောင်းဈေး – ၅၃၅၀ ကျပ်ဝယ်ဈေး – ၅၂၅၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၄၀၀၀ ကျပ်ဝယ်ဈေး – ၃၈၀၀ ကျပ်-ယူရိုရောင်းဈေး – ၅၇၆၅ ကျပ်ဝယ်ဈေး –…

Read More
VOM News

FREE
VIEW