ဖားကန့် ဆိုင်းတောင်ရှိ လပ်ကီးမန်း ဟိုတယ်နားမှာ မီးလောင်နေပြီး တိုက်ပွဲ ပြင်းထန်နေ

စက်တင်ဘာ ၁၂၊ ၂၀၂၄
Shy V (VOM)
ကချင်ပြည်နယ်၊ ဖားကန့် ဆိုင်းတောင်က လပ်ကီးမန်း ဟိုတယ်နားမှာ စက်တင်ဘာလ ၁၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်ကစ မီး လောင်နေပြီး တိုက်ပွဲလည်း ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဖားကန့် ဆိုင်းတောင်က လပ်ကီးမန်း ဟိုတယ် နား မီးလောင်နေပြီ။ အဆက်မပြတ် ပစ်ခတ် နေတယ်။” လို့ ဒေသခံအမျိုးသား တယောက်က ပြောပါတယ်။
ဆိုင်းတောင်ရဲစခန်းက နစကစစ်သားတွေ ထွက်ခွာသွားလို့ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ယမန်နေ့ ၁၀ နာရီ ခန့်မှာ ထိန်းချုပ်လိုက်ပြီး ရှင်းလင်းရေး လုပ်နေတာလို့ ကြားတယ်လို့ သူက ပြောပါတယ်။
“ဆိုင်းတောင်မှာ အခု တိုက်ပွဲ တော်တော် ပြင်းထန်နေတယ်။ သိမ်းတာတော့ မကြားသေးဘူး။ ” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။ တိုက်ပွဲက ဆိုင်းဝောင် ရပ်ကွက် ၃၊ ရပ်ကွက် ၄ နဲ့ ကျောက်သွေးတောင်ဘက် ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
လပ်ကီးမန်းဟိုတယ်ဘက်မှာ နေ့တိုင်းနီးပါး ပြင်းထန်နေတာဖြစ်ပြီး နစက တပ်ဖွဲ့ နဲ့ KIA ပူးပေါင်းတပ်ဖွဲ့ တို့အကြား အပြန်အလှန် ဝိုင်းဝန်း ပိတ်ဆို့ပြီး စက်တင်ဘာ ၇ ရက်နေ့ကစ တိုက်ပွဲ ဖြစ်ပွားနေတာ လို့ သူက ပြောပါတယ်။
ဖားကန့် လမောင် ဗျူဟာ နဲ့ တောမှော်စခန်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW