လက်ဘနွန်မှာ ဆက်သွယ်ရေးစက်တွေ ဆက်တိုက်ပေါက်ကွဲလို့ လူ ၃၀၀၀ နီးပါးဒဏ်ရာရ၊ အစ္စရေး လက်ချက်လို့ စွပ်စွဲ

ဘေရွတ်၊ စက်တင်ဘာ-၁၈-၂၀၂၄ မျိုးဆက်(VOM) လက်ဘနွန်နိုင်ငံတဝန်းမှာ ကြိုးမဲ့စက်သွယ်ရေးစက် ပေဂျာတွေ တပြိုက်နက်တည်းလို ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူကိုးယောက်သေဆုံးပြီး ၃၀၀၀ နီးပါးဒဏ်ရာရှိခဲ့ပြီး ဒါဟာ အစ္စရေးလက်ချက်လို့ လက်ဘနွန် တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ လူနာတွေကို ဆေးရုံတွေဆီ ပို့ဆောင်ပေးထားပြီး ဒဏ်ရာရသူတွေထဲက အယောက် ၂၀၀ လောက်ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။ အစ္စရေးရဲ့ မော့ဆက်ထောက်လှမ်းရေးတွေဟာ ထောင်နဲ့ချီတဲ့ ဆက်သွယ်ရေးကိရိယာတွေကို မဖောက်ခွဲခင် ပြီးခဲ့တဲ့ လအတန်ကြာကတည်းက ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အစ္စရေးကတော့ ဒီကိစ္စအပေါ် ယခုအချိန်ထိ မှတ်ချက်ပေး ပြောဆိုတာမျိုးမရှိသေးပါဘူး။ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုအတွက် အစ္စရေးကို လက်တုံ့ပြန်မယ်လို့ ပြောဆိုထားပါတယ်။ အဲဒီ ဆက်သွယ်ရေးစက်တွေကို ပြီးခဲ့တဲ့လတွေအတွင် လက်ဘနွန်ကို ယူဆောင်ခဲ့တာလို့ လက်ဘနွန် လုံခြုံရေး ထိပ်တန်းသတင်းရင်းမြစ်တယောက်က ရိုက်တာသတင်းဌာနကို…

Read More

ပြည်ပရောက် အလုပ်သမားတွေရဲ့ လွှဲပို့ငွေစာရင်း မတင်ပြနိုင်တဲ့ အလုပ်အကိုင် အေဂျင်စီ ၁၅၀ နီးပါး အရေးယူခံရ

စက်တင်ဘာ ၁၈ – ၂၀၂၄SN (VOM)ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုဆီလွှဲပို့တဲ့ လစာငွေလွှဲစာရင်း တင်ပြနိုင်ခြင်းမရှိတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၁၅၀ နီးပါး အရေးယူခံရတယ်လို့ အလုပ်သမားဝန်ကြီးဌာနက သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကို အလုပ်သမားစေလွှတ်ခဲ့တဲ့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို စစ်ဆေးခဲ့တာမှာ မိသားစုလွှဲပို့ငွေစာရင်း စစ်ဆေးခံဖို့ ပျက်ကွက်တဲ့ အေဂျင်စီ ရှစ်ခု၊ အထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီ ၇၁ ခုနဲ့ သတ်မှတ်ရာခိုင်နှုန်းပြည့်မီစွာ အထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီ ၆၇ ခု၊ စုစုပေါင်း အေဂျင်စီ ၁၄၆ ခုကို အရေးယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ဒါနဲ့ ပတ်သက်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က “စာရင်းတွေက သူတို့သတ်မှတ်ချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ဖို့က တော်တော်ခက်ပါတယ်။ စာရင်းပို့နိုင်ပါတယ်ဆိုတဲ့ အေဂျင်စီတွေတောင်…

Read More

ရေဘေးအတွက် အိမ်အမိုးသွပ်တွေ ၄၀ ရာခိုင်နှုန်း စျေးလျှော့ရောင်းမယ်လို့ ဆောက်လုပ်ရေးအသင်းချုပ် ပြော

စက်တင်ဘာ ၁၈ ၊ ၂၀၂၄KH(VOM)ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေး အထောက်အပံဖြစ်ဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEF) က အိမ်မိုးသွပ်တွေကို ပေါက်ဈေးထက် ၄၀ရာခိုင်နှုန်းလျော့ရောင်းဖို့ စီစဉ်ထားကြောင်းသိရပါတယ်။အိမ်အမိုးသွပ် 0.348mm ရှိ 4 Angle Roofing Sheets သွပ်ပြားတွေကို အချပ်ရေ သုံးသောင်းအထိ သက်သာတဲ့နှုန်းထားနဲ့ ကာလပေါက်ဈေးရဲ့ ၄၀ ရာခိုင်နှုန်းအထိ လျော့ရောင်း မှာဖြစ်ရာ ပုဂ္ဂလိက လှူဒါန်းလိုသူတွေအနေနဲ့ ရေဘေးသင့်ဒေသတွေကို ကူညီနိုင်ဖို့ ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။” ရေဘေးသင့်ဒေသတွေကို လှူဖို့ အလှူရှင်တွေ အတွက် လက်ရှိပေါက်ဈေးထက်သက်သာတဲ့ဈေးနှုန်းနဲ့ ကျွန်တော်တို့ အရှုံးခံပြီး အလှူပုံစံမျိုးရောင်းပေးတာပါ။ပြီးတော့ ဘယ်အဖွဲ့အစည်းရယ်လို့မဟုတ်ပဲ အလှူရှင်တွေရယ် ၊ ပရဟိတအသင်းတွေရယ်ကိုပေါ့ ၊ ကုမ္ပဏီ တွေကိုတော့မရောင်းပေးပါဘူး။ ဘာလို့လဲဆိုတော့ ကုမ္ပဏီတွေဆိုတာကုမ္ပဏီ သီသန့်ဆောက်တဲ့ အဆောက်အဦးတွေလည်းရှိနေတော့ အဲ့ဒါတွေအတွက် မရည်ရွယ်ပါဘူး ။ရေဘေးသင့်ပြည်သူတွေအတွက်သာအထောက်အပံ့ဖြစ်စေနိုင်တဲ့ရည်ရွယ်ချက်မျိုးနဲ့ လုပ်တာပါ။”လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEF) ကတာဝန်ရှိသူကပြောပါတယ်။အိမ်အမိုးသွပ်…

Read More

တပ်ကုန်းမှာ ကယ်ဆယ်ရေးသမားနဲ့ ဒေသခံ အယောက် ၇၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

စက်တင်ဘာ ၁၈ – ၂၀၂၄ SS (VOM) နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားရွာမှာ မနေ့ စက်တင်ဘာ ၁၇ ရက်၊ ည ၈ နာရီဝန်းကျင်က ကယ်ဆယ်ရေးသမားနဲ့ ဒေသခံ အယောက် ၇၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။ အလှူရှင်တွေလှူဒါန်းထားတဲ့ အစားအစာတွေကနေ အစာအဆိပ်သင့်တာဖြစ်ပြီး လူဦးရေ ၇၅ ယောက်ခန့် မူးဝေ၊ အော့အန်၊ ဝမ်းလျှောတာတွေ ဖြစ်လာတဲ့အတွက် တပ်ကုန်း ကုတင် (၁၀၀) ဆေးရုံကို အရင်ပို့ဆောင်ပြီး အဲဒီကနေမှ နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံကို လူနာခွဲပြီး ပို့ဆောင်ထားတယ်လို့ ပုဗ္ဗသီရိမြို့နယ်က လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ “အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ဆေးရုံကို အကုန်လုံး အချိန်မီ ရောက်သွားနိုင်တယ်လေ။ မူးဝေ၊ အော့အန်ပြီး အကုန်လုံး ခေါင်းမထူနိုင်…

Read More

ယူကရိန်းရဲ့ ဒရုန်းအကြီးအကျယ်တိုက်ခိုက်မှု ရုရှားဒေသခံ ထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်း

မော်စကို၊ စက်တင်ဘာ-၁၈-၂၀၂၄မျိုးဆက်(VOM)ရုရှားနိုင်ငံ တီဗာဒေသမှာ ယူကရိန်းရဲ့ ဒရုန်းအကြီးအကျယ်တိုက်ခိုက်မှုကြောင့် ဒေသခံထောင်ပေါင်းများစွာကို အရေးပေါ်ပြောင်းရွှေ့မိန် တစိတ်တပိုင်း ထုတ်ပြန်ခဲ့ရကြောင်း ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရတဲ့ တိုရိုပက်မြို့ဟာ ရုရှားနိုင်ငံ မြို့တော်မော်စကိုနဲ့ ၂၃၆ မိုင်အကွာမှာ တည်ရှိပြီး ယူကရိန်းနယ်စပ်ကနေ မြောက်ဘက် ကီလိုမီတာ ၄၇၀ အကွာမှာ တည်ရှိပါတယ်။ဒေသခံတွေ ပြောင်းရွှေ့ဖို့ ဘတ်စ်ကားတွေ အသင့်စီစဉ်ပေးခဲ့တယ်လို့ ပြောပါတယ်။ မြို့ပေါ်ကို ယူကရိန်းဒရုန်း အပျက်အစီးတွေ ကျရောက်ပေါက်ကွဲ မီးလောင်မှုတွေကို ငြှိမ်းသတ်နေရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး သတင်းတွေထွက်ပေါ်ခြင်းမရှိသေးပါဘူး။ဒါအပြင် မြို့မှာရှိတဲ့ လက်နက်သိုလှောင်ရုံတခုမှာ ယူကရိန်းဒရုန်းတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ နေထိုင်သူ ၁၃၀၀၀ လောက်ရှိတဲ့ အဲဒီမြို့ရဲ့ အခြေအနေကိုတော့ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။ဒီအတောအတွင်း အဲဒီဒေသက စာသင်ကျောင်းတွေကို ပိတ်မယ်လို့ ရုရှားနိုင်ငံပိုင် သတင်းဌာနက…

Read More

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းက ရေဘေးသင့်သူတွေ ဆေးဝါးနဲ့ တကိုယ်ရေသုံး ပစ္စည်းတွေ အရေးပေါ်လိုအပ်

စက်တင်ဘာ ၁၈၊ ၁၀၂၄-၂၀၂၄ Shy V(VOM) ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းက ရေကြီးရေလျှံ ဖြစ်ခဲ့တဲ့ နေရာက လတ်တလော ရေဘေးဒုက္ခသည်တွေ ဆေးဝါးနဲ့ တကိုယ်ရေ သုံးပစ္စည်းတွေ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့က ကယ်ဆယ်ရေး စင်တာတွေထဲက သိရတာတော့ ဆန်၊ ဆီ၊ ဆား ပေါ့နော်။ ပြီးတော့ ကျနော်တို့ အရေးပေါ် သုံးတဲ့ ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်ဗျ။” လို့ ကလောဒေသခံ အမျိုးသား တစ်ဦးက VOM ကို ပြောပါတယ်။ ရေကြီးရေလျှံမှုကြောင့် ကလောမြို့ပေါ်က အိမ်ထောင်စုပေါင်း တထောင်လောက် ရေနစ်မြုပ်သွားခဲ့ပြီး လူပေါင်း လေးထောင်ကျော် ရေဘေး ဒုက္ခရောက်ခဲ့ကာ ကယ်ဆယ်ရေး စခန်း ၁၂ ခုမှာ လူတစ်ထောင်နီးပါးရှိေနတယ် လို့ သူက ပြောပါတယ်။ လက်ရှိမှာ…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၁၈ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၇၃ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၂၀၉၅၃၇ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၅၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More

ဆူဒန်နိုင်ငံတဝန်း အငတ်ဘေးဆိုက်နေကြောင်း WHO အကြီးအကဲ သတိပေး

ခါတွမ်၊ စက်တင်ဘာ-၁၈-၂၀၂၄မျိုးဆက်(VOM)စစ်မက်ဖြစ်ပွားနေတဲ့ ဆူဒန်နိုင်ငံ နေရာတိုင်းမှာ အငတ်ဘေးဆိုက် နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရို့စ်က ဆူဒန်ကိုသွားရောက်ခဲ့ပြီးနောက် သတိပေးပြောဆိုလိုက်ပါတယ်။“ ဆူဒန်ရဲ့အခြေအနေက အရမ်းကြောက်စရာကောင်းနေပါပြီ။ ကြီးမားတဲ့ နေရပ်စွန့်ခွာမှုတွေဖြစ်ပေါ်ခဲ့ပြီး အခု ကမ္ဘာပေါ်မှာ အကြီးမားဆုံး အငတ်ဘေးဆိုက်နေပါတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအကြီးအကဲက ပြောပါတယ်။ပဋိပက္ခတွေကြောင့် လူ ၁၂ ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဆူဒန်အရေးကို ကမ္ဘာ့နိုင်ငံများက အာရုံစူးစိုက်မှု နည်းပါးနေကြောင်း သူက ထောက်ပြပြောဆိုပါတယ်။ ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်တွေအကြား ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။ပျက်စီးဆုံးရှုံးမှုတွေ၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုတွေနဲ့ အစာရေစာခေါင်းပါးမှုအပြင် ရောဂါတွေက နေရာတိုင်းပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ပြောပါတယ်။ လူဦးရေး ၂၅ သန်းနီးပါး သို့မဟုတ် ဆူဒန်ပြည်သူ ထက်ဝက်ခန့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သူကဆိုပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း…

Read More

အပူပိုင်းမုန်တိုင်းငယ်ကြောင့် မိုးကြီးပြီး ရုတ်တရက် ရေကြီး၊ မြေပြိုမှုတွေ သတိပြုဖို့ မိုး/ဇလ သတိပေး ထုတ်ပြန်

စက်တင်ဘာ ၁၈ – ၂၀၂၄SN (VOM)လက်ရှိ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ လာမယ့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေကို ဖြတ်ကျော် ရောက်ရှိလာနိုင်တဲ့အတွက် မိုးကြီးရေလျှံမှု သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မနေ့ စက်တင်ဘာ ၁၇ ရက်မှာ အသိပေးချက် ထုတ်ပြန်ထားပါတယ်။အဲဒီ အပူပိုင်းမုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာနိုင်ပြီး စက်တင်ဘာ ၂၀ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေကို ဖြတ်ကျော်ပြီးနောက် စက်တင်ဘာ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေကို စတင်ဖြတ်ကျော် ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။“အခုကာလက အဓိကအားဖြင့် မုတ်သုံထွက်တဲ့ကာလ ဖြစ်တဲ့အချိန်ဆိုတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေဖြစ်နိုင်သလို တောင်တရုတ်ပင်လယ်ပြင်မှာလည်း မုန်တိုင်းတွေ ဖြစ်နိုင်တယ်။ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်တဲ့ မုန်တိုင်းတွေထဲက တချို့ မုန်တိုင်းတွေရဲ့ အကြွင်းအကျန်တိမ်တိုက်တွေက မြန်မာနိုင်ငံကို ဖြတ်နိုင်တဲ့ အနေအထားမျိုး…

Read More

This Day in History

Voice of Myanmarကမ္ဘာ့အကြီးဆုံး နျူကလီးယားမတော်ဆမှုဖြစ်ပွားခဲ့သည့် ချာနိုဘိုင်း နျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွဓါတ်များ ထုတ်လွှတ်နေခြင်းကို ကြီးမားသည့် သံမဏိဖြင့်ဖုံးအုပ်မည့် အစီအစဉ်ကို ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ယူကရိန်းအစိုးရက ကြေညာခဲ့ပြီး ယင်းအစီအစဉ်အတွက် ငါးနှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ကုန်ကျမည်ဖြစ်သည်။

Read More
VOM News

FREE
VIEW