ISS မှာသောင်တင်နေတဲ့ အာကာသယာဉ်မှူးနှစ်ယောက်ကို SpceX အာကာသယာဉ်နဲ့ ပြန်ခေါ်မယ်



ဝါရှင်တန်၊ စက်တင်ဘာ-၃၀-၂၀၂၄
မျိုးဆက်(VOM)

နိုင်ငံတကာ အာကာသစခန်း(ISS)မှာ ဇွန်လကတည်းက သောင်တင်နေတဲ့ နာဆာကာသယာဉ်မှူးနှစ်ယောက်ကို ပြန်ခေါ်မယ့် SpaceX ရဲ့မစ်ရှင်ကို စတင်လိုက်ပြီဖြစ်ပါတယ်။

အာကသစခန်းမှာ သောင်တင်နေတဲ့ ဘတ်ချ်ဝေလ်မိုးနဲ့ ဆူနီဝီလီယံ တို့ကို ပြန်ခေါ်မယ့် SpaceX ရဲ့ Dragon အာကာသယာဉ်ကို ဖလော်ရီဒါပြည်နယ် ကိပ်ကာနီဗယ်ရှိ အာကာသစခန်းကနေ ပြီးခဲ့တဲ့နေမှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

ဒီမစ်ရှင်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ လွှတ်တင်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဖလော်ရီဒါအပါအဝင် ပြည်နယ်အချို့ကို ဝင်ရောက်ခဲ့သည့် အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဟယ်လင်ကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

နာဆာအာကာသယာဉ်မှူးနှစ်ယောက်ရဲ့ အာကာသခရီးစဉ်ဟာ ရှစ်ရက်သာကြာမြင့်မယ်လို့ ကနဦးသတ်မှတ်ခဲ့ပေမယ့် သူတို့စီးနှင်းသွားတဲ့ ဘိုးအင်းရဲ့ စတားလိုင်နာအာကာသယာဉ်မှာ နည်းပညာချို့ယွင်းချက်အချို့ကြောင့် ကမ္ဘောမြေကို လူလိုက်ပါခြင်းမရှိဘဲ ပြန်လည်ဆင်းသက်ခဲ့ပါတယ်။

သောင်တင်နေတဲ့ အာကာသယာဉ်မှူးတွေကို ပြန်ခေါ်မယ့် Dragon အာကာသယာဉ်ဟာ ဒီနေ့မှာတော့ အိုင်အက်စ်အက်စ်ကို ဆိုက်ရောက်ဖွယ်ရှိပြီး လာမယ့်ဖေဖော်ဝါရီလအတွင်းမှာ ကမ္ဘာမြေပြန်ခေါ်ဖို့ စီစဉ်ထားပါတယ်။

ဘီလျံနာ အီလွန်မာ့ခ် တည်ထောင်ထားတဲ့ SpaceX ကုမ္ပဏီဟာ နိုင်ငံတကာအာကာသစခန်းကို ခြောက်လတကြိမ် အာကာသယာဉ်မှူးတွေ ပို့ဆောင်ပေးဖို့ အမေရိကန်အာကာသအေဂျင်စီ(နာဆာ)နဲ့ သဘောတူထားပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW