ကလော ရေဘေး ၁၃ လောင်းတွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေ

စက်တင်ဘာ ၁၅၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့က ရေဘေးမှာ ပျောက်ဆုံးသူတွေကို ဆက်လက်ရှာဖွေနေပြီး ပြည်သူတွေ အရေးပေါ် အမိုးအကာ လိုအပ်နေကြောင်း ကလော ကြက်ခြေနီ အသင်းဆီက သိရပါတယ်။ “အမြန်ဆုံး အရမ်းလိုတာ မိုးကာတွေ ဖြစ်တယ်။ တချို့အိမ်တွေက ပျက်သွားခဲ့ကြတယ်။ အမိုးတွေ ပွင့်သွားတယ်။ အိမ်တွေ အလုံးလိုက် ပါသွားတယ်။ ဒါတွေ ကျနော်တို့ လောလောဆယ် Camp တွေကနေ ပြန်ပြီးတော့ အိမ်တွေ ပြန်ချင်နေကြပြီ။ ကိုယ့်နေရာ ကိုယ် ပြန်ပြီးမှ သန့်ရှင်းရေးတွေလုပ်၊ တဲ တွေထိုးပြီး နေချင်ကြတာ။ အဲဒါ ကျွန်တော်တို့က မိုးကာတွေ မပေးနိုင်ဘူး ဖြစ်နေတယ်ဗျ။” လို့ ကလော ကြက်ခြေနီ အသင်း ဥက္ကဌ ဦးလှဝင်းက VOM ကိုပြောပါတယ်။ ကလောမြို့တွင်းထဲ…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၁၅ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၇၈ ဒေါ်လာ ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၈၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၆၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် ပြင်ပပေါက်စျေး -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၂၀၀ ကျပ် ဝယ်ဈေး…

Read More

This Day in History

Voice of Myanmarကိုရီးယားစစ်ပွဲအတွင်း မြောက်ကိရီးယား၏ တိုက်ခိုက်မှု ခံနေရသော တောင်ကိုရီးယားနိုင်ငံ အင်ချွှန်းသို့ ကုလသမဂ္ဂတပ်ဖွဲ့ဝင်များ ၁၉၅၀ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ရောက်ရှိခဲ့သည်။

Read More

ရခိုင်မှာလည်း တကျော့ပြန် ရေကြီးမှု ဖြစ်လာနိုင်

စက်တင်ဘာ ၁၅ – ၂၀၂၄ SS (VOM) ရခိုင်ပြည်နယ်မှာ သုံးရက်ဆက်တိုက် မိုးရွာသွန်းနေတာကြောင့် လေးမြို့မြစ်ရေနဲ့ ကုလားတန်မြစ်ရေ မြင့်တက်လာ​ပြီး တကျော့ပြန် ရေကြီးမှု ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ရေကြီးခဲ့တဲ့ သံတွဲ၊ တောင်ကုတ်၊ ဂွနဲ့ ရမ်းဗြဲဒေသတို့မှာ စက်တင်ဘာ ၁၂ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်လာကာ သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့ပေါ်က ရပ်ကွက်တချို့နဲ့ အနီးအနား ကျေးရွာတချို့မှာ ရေစတင် ဝင်ရောက်နေပြီဖြစ်တယ်လို့ သိရပါတယ်။ “သံတွဲက အနိမ့်ပိုင်းရပ်ကွက်တွေတော့ ရေတွေဝင်နေပြီ။ ဒါပေမယ့် အရမ်းကြီးတော့ မဆိုးသေးဘူး။ ပြီးခဲ့တဲ့ ရက်တွေက မိုးရွာတာများသွားလို့ ‌မြစ်ရေလျှံပြီး ရပ်ကွက်တွေထဲက အနိမ့်ပိုင်းနေရာတွေ ရေတွေရောက်လာတာ။ ဒါပေမယ့် အခု မိုးရွာတာရပ်သွားတော့ ရေတက်တာလည်း တန့်နေတယ်။ အခြေအနေတော့ စောင့်ကြည့်နေရတာပေါ့။…

Read More

စစ်တောင်းမြစ်ဘေးရှိ ရွာတွေမှာ ရေဘေး ပိတ်မိနေသူတွေ ဆက်ရှိနေ

စက်တင်ဘာ ၁၅ – ၂၀၂၄ SS (VOM) ရေကြီးမှုကြောင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်းမြစ်နံဘေးရှိ ကျေးရွာတွေမှာ နေအိမ်တွေအတွင်း ပိတ်မိနေသူတွေ ရှိနေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်၊ ညပိုင်းကစပြီး ရေတာရှည်မြို့နယ်အတွင်းက စစ်တောင်းမြစ်ကမ်းဘေးရှိ ကျေးရွာတွေအတွင်း ရေဝင်ရောက်ခဲ့တာကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နိုင်သူတွေရှိခဲ့သလို နေအိမ်တွေအတွင်း ပိတ်မိနေသူတွေလည်း ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “မြစ်ကမ်းဘေး တချို့ရွာတွေက ခုချိန်ထိ ကယ်ဆယ်ရေးမရောက်သေးပါဘူး။ စားစရာတွေလည်း မရှိတော့ဘူး။ ကယ်ဆယ်ရေး လုပ်နေတဲ့သူတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ ဆက်သွယ်ပြီး အကူအညီ တောင်းကြည့်တော့လည်း အဓိကအခက်ခဲက လှေဖြစ်နေတယ်။ လှေမရှိလို့ လာဖို့အဆင်မပြေကြဘူးပြောတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ စစ်တောင်းမြစ်ရေဟာ စက်တင်ဘာ ၁၂ ရက်၊ ညပိုင်းမှစတင်ကာ မြစ်နံဘေးရှိ တာဘောင်ကို ကျော်ကျလာပြီး ကျေးရွာတွေအတွင်း…

Read More

မြစ်သားမြို့နယ်၊ နတ်လွှဲ (အရှေ့) ရွာမှာ အိမ်ခြေ ၂၀၀ ခန့် ရေဘေးသင့်ပြီး အစားအသောက်နဲ့ ဆေးဝါး လိုအပ်နေ

စက်တင်ဘာ ၁၄၊ ၂၀၂၄ Shy V (VOM) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ မြနဒီ (ဒိုင်း)ကျေးရွာအုပ်စု၊ နတ်လွှဲ (အရှေ့)ရွာမှာ အိမ်ခြေ ၂၀၀ ခန့် ရေဘေးသင့်ပြီး အစားအသောက်နဲ့ ဆေးဝါး လိုအပ်နေကြောင်း သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေး အသင်းတွေ နိုင်ငံရေးပါတီတွေဆီက သိရပါတယ်။ “အဓိကတော့ သူတို့ စားနပ်ရိက္ခာ နဲ့ ဆေးဝါး လိုမှာပဲဗျ။ စားနပ် ရိက္ခာပေါ့နော်။ ထားလို့ ရမယ့် ကုန်ခြောက် ဆန်၊ ဆီ၊ ဆား၊ ပဲ ပေါ့နော်။ အဲလိုမျိုးလေး တွေလိုမှာ‌ဗျ။” လို့ သွားရောက်ကူညီခဲ့တဲ့ အြည်သူ့ပါတီရဲ့ မန္တလေးတိုင်းတာဝန်ခံ ဦးစိုင်းသန်းထိုက်က VOM ကိုပြောပါတယ်။ တချို့က အိမ်လုံးကျွတ် ရေထဲပါသွားတာ ကြောင့် တချို့ နေစရာတောင် မရှိပဲ ကားလမ်းဘေးမှာ လာပြီးဝောာ့ တဲထိုးနေရကာ…

Read More

သံလွင်မြစ် စိုးရိမ်ရေမှတ် ၇ ပေကျော်လို့ ဘားအံ တမြို့လုံးပါး ရေကြီးနေပြန်

စက်တင်ဘာ ၁၄ – ၂၀၂၄ GG (VOM) သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၇ ပေခန့်ကျော်လွန်ပြီး ဘားအံမြို့ ရေကြီးမှုသမိုင်းတလျှောက်မှာ အမြင့်ဆုံး စံချိန်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိဘားအံမြို့ပေါ် ရပ်ကွက်အားလုံးမှာ မြစ်ရေတွေဝင်ရောက်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ရွာတွေမှာတော့ နေအိမ်တွေမြုပ်တဲ့အထိ ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံလူမှုကူညီရေးအသင်းတွေက အရေးပေါ်ကူညီကယ်ဆယ်ရေးတွေလုပ်နေတယ်လို့သိရပါတယ်။ ” တမြို့လုံးနီးပါးလမ်းတွေ အားလုံးရေကျော်နေပြီ။ ရေတွေဝင်ရောက်နေပြီ။ရွေ့ပြောင်းဖို့လိုအပ်တာတွေကိုတော့ လုပ်ပေးနေပါတယ်။အနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ အိမ်တွေခေါင်မိုးလောက်ပဲမြင်ရတော့တာတွေလည်းရှိတယ်။ ခုတခါဘားအံရေကြီးမှုက စံချိန်သစ်ပါပဲ။တခါမှရေမရောက်ဖူးတဲ့နေရာတွေအထိ ရေတွေတက်နေတာပါ၊ အခုတော့ရေအတက်နှေးနေတယ်။” လို့မြေပြင်ကယ်ဆယ်ရေးလုပ်နေသူတယောက်ကပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေတွေစီးဆင်းခဲ့တာကြောင့် သံလွင်မြစ်ရေအတက်ကြမ်းပြီး ဘားအံတမြို့လုံးမှာ ကုန်းပိုင်းရပ်ကွက်မှလွဲပြီး ကျန်နေရာအားလုံး ရေလွမ်းနေ ပြီး လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေတယ်လို့သိရပါတယ်။ ဒါအပြင် ဘားအံ – ရန်ကုန် နဲ့ ဘားအံ – မော်လမြိုင် တွေကားလမ်းတွေမှာလည်း ရေကျော်နေတာကြောင့် အဝေးပြေး ကားတွေပြေးဆွဲမှုရပ်နားထားတယ်လို့သိရပါတယ်။ သံလွင်မြစ်ရေအတက်ကြမ်းတာကြောင့်…

Read More

တောင်ငူရေဘေး ပိတ်မိနေသူတွေကို ဆက်လက် ကယ်ထုတ်နေ

စက်တင်ဘာ ၁၄ – ၂၀၂၄ SN (VOM) ပဲခူးတိုင်း၊ တောင်ငူမြို့အတွင်းက ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသူတွေကို ကယ်ထုတ်နေပြီဖြစ်တယ်လို့ ဒေသအခြေစိုက် ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ “ပိတ်မိနေတဲ့သူတွေကို စက်လှေတွေနဲ့ ကျွန်တော်တို့အကုန်လုံး ကယ်ထုတ်နေတယ်။ အခု ရွှေလင်းအေးရွာကလူတွေကို ကယ်ထုတ်နေတာ။ ရွာသစ်ရွာတရွာပဲ ကျန်တော့တယ်။ အဲဒီရွာမှာတော့ လူဦးရေ ၈၀ ဝန်းကျင်လောက် ကျန်ခဲ့တယ်။ အခု အဲဒီရွာကိုသွားကယ်ဖို့ ပြင်ဆင်နေပါတယ်” လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။ တောင်ငူမှာ ရေကြီးမှုကြောင့် တမြို့လုံးနီးပါး ရေလွှမ်းနေတာဖြစ်ပြီး အထူးသဖြင့် စစ်တောင်းမြစ်ကမ်းဘေး ဝဲ/ယာ ကျေးရွာတွေအားလုံး ရေကြီးမှုဒဏ်ခံနေရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ရေက တမြို့လုံးလွှမ်းတာ။ မြို့လယ်ခေါင်တခုပဲ ကျန်ခဲ့တာ။ မြို့လယ်ခေါင်က အရင်တုန်းက ဘုရင်နေတဲ့မြို့ဆိုတော့ ကုန်းလည်းမြင့်တယ်၊ ပတ်ပတ်လည်ကလည်း ကျုံးရှိတာဆိုတော့လေ။ ရေမတက်ဘူး။ အဲဒီ တနေရာကလွဲလို့…

Read More

တရုတ် အင်ဂျင်တပ် တိုက်ခိုက်ရေးဒရုန်းတွေ ရုရှားစစ်တပ် ထုတ်လုပ်အသုံးပြုနေရ

မော်စကို၊ စက်တင်ဘာ-၁၄-၂၀၂၄မျိုးဆက်(VOM)ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ ပြီးခဲ့တဲ့နှစ်ကအသုံးပြုခဲ့တဲ့ Garpiya-A1 တာဝေးတိုက်ခိုက်ရေး ဒရုန်းတွေကို တရုတ်အင်ဂျင်တွေနဲ့ ထုတ်လုပ်နေတာဖြစ်ကြောင်း ဥရောပထောက်လှမ်းရေး သတင်းရင်းမြစ်နှစ်ယောက်နဲ့ ရိုက်တာသတင်းဌာနက ရရှိထားတဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။ဒရုန်းအသစ်တွေ ထုတ်လုပ်မှုစာချုပ် ၊ လုပ်ငန်းစဉ်၊ ကုမ္ပဏီရဲ့စာရွက်စာတမ်းတွေအရ တရုတ်အင်ဂျင်တပ် Garpiya-A1 ဒရုန်းအစင်းပေါင်း ၂၅၀၀ ကျော်ကို ရုရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီ Almaz-Antey လက်အောက်ခံ IEMZ Kupol ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လထိ ထုတ်လုပ်ခဲ့ကြောင်း ထောက်လှမ်းရေးက ရရှိထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။တရုတ်နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ တာဝေးတို်ကခိုက်မှု ဒရုန်းတွေ ထုတ်လုပ်နေတာနဲ့ပတ်သက်ပြီး သတင်းထွက်ပေါ်လာတာမျိုးမရှိခဲ့ပါဘူး။ IEMZ Kupol နဲ့ Almaz-Antey ကုမ္ပဏီတို့ကတော့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို တုံ့ပြန်ဖြေကြားမရှိသေးပါဘူး။ဒါဟာ ရုရှားအနေနဲ့ တိုက်ခိုက်ရေးဒရုန်းတွေနဲ့ပတ်သက်ပြီး အီရန်ရဲ့ဒီဇိုင်းတွေကို မှီခိုနေရတာ နည်းပါးသွားတာဖြစ်ပြီး…

Read More

ကွန်ဂိုမှာ အာဏာသိမ်းဖို့ကြံတဲ့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံသားတွေ အပါအဝင် ၃၇ ယောက်ကို သေဒဏ်ချ

ကင်ရှာဆာ၊ စက်တင်ဘာ-၁၄-၂၀၂၄ရတီ (VOM)ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ သမ္မတကို ဖြုတ်ချအာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ အမေရိကန်သုံးယောက်၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ၊ ကနေဒါနိုင်ငံသားတယောက်စီအပါအဝင် လူ ၃၇ ယောက်ကို သေဒဏ်ချမှတ်လိုက်ပါတယ်။ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ပြီးခဲ့တဲ့ မေလအတွင်းက သမ္မတနန်းတော်နဲ့သမ္မတ မဟာမိတ်တယောက်ရဲ့ နေအိမ်ကို တိုက်ခို်ကမှုမှာ ဦးဆောင်ခဲ့တယ်လို့ အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။ သေဒဏ်စီရင်တာတွေကို ကွန်ဂိုမှာ မလုပ်တာ ပျှမ်းမျှအားဖြင့် နှစ် ၂၀ ဝန်းကျင်ရှိပြီဖြစ်ပါတယ်။လုပ်ကြံမှုရဲ့ခေါင်းဆောင်လို့ သတ်မှတ်ခံထားရတဲ့ တိုက်ခို်ကမှုရဲ့ခေါင်းဆောင် ကွန်ဂိုနွယ်ဖွား အမေရိကန်နိုင်ငံသား ခရစ်တီယန်မာလာဂါဟာ တိုက်ခို်ကမှုအတွင်း အခြားငါးယောက်နဲ့အတူ သေဆုံးခဲ့ပါတယ်။မာလာဂါရဲ့ သားဖြစ်သူ အမေရိကန်နိုင်ငံသား မာဆယ်ကတော့ ဒီတိုက်ခိုက်မှုမှာ မပါဘူးဆိုရင် သူ့ကို သတ်ပစ်မယ်လို့ ဖခင်ဖြစ်သူက ခြိမ်းခြောက်ခဲ့ကြောင်း တရားရုံးမှာ ထွက်ဆိုထားပါတယ်။ဒီအမှုနဲ့ပတ်သက်ပြီး လူပေါင်း ၅၁ ယောက်ကို စစ်ခုံရုံးမှာ စစ်ဆေးခဲ့ပြီး ကြားနာမှုတွေကို နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။…

Read More
VOM News

FREE
VIEW