နစကဥက္ကဋ္ဌ ဘီလာရုဇ်နိုင်ငံကို သွားရောက်ဖွယ်ရှိ

အောက်တိုဘာ ၆-၂၀၂၄KKO(VOM)နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယခုအောက်တိုဘာလလယ်အတွင်း ဘီလာရုဇ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ဖို့ရှိနေတယ်လို့ နေပြည်တော်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။“နစက ဥက္ကဋ္ဌ က ဘီလာရုဇ်နိုင်ငံကို သွားဖို့ရှိနေတယ်လို့ သိရတယ်။ အခုအောက်တိုဘာလလယ်ပိုင်းလောက်တော့ဖြစ်ဖို့များပါတယ်။ ခရီးစဉ်ကတော့နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်ပါပဲ”လို့ သူက ပြောပြပါတယ်။ယခု နစကလက်ထက်မှာ မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံ အပါအဝင် ဘီလာရုဇ်နိုင်ငံတို့နဲ့ ရင်းနှီးသောဆက်ဆံမှုတွေရှိထားတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်၂၀၂၂ ခုနှစ်၊စက်တင်ဘာလ ၇ ရက်နေ့ မှာ နစက ဥက္ကဋ္ဌ ဟာ ရုရှားနိုင်ငံသမ္မတ ဗလာ ဒီမီယာ ပူတင်နဲ့ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေကိုလည်းပြုလုပ်ခဲ့ပါသေးတယ်။ဒါ့အပြင် ရုရှားနိုင်ငံမှာကျင်းပခဲ့တဲ့ (၇)ကြိမ်မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ်မျက်နှာစုံညီအစည်းအဝေးသို့လည်း နစက ဥက္ကဋ္ဌ က တက်ရောက်ခဲ့တာဖြစ်ပါတယ်။“ဘီလာရုဇ်နိုင်ငံက ရုရှားရဲ့ တကယ့်အမာခံနိုင်ငံပဲလေ။ ကျွန်တော်တို့ အမြင်ပြောရရင် ဒီခရီးစဉ်မှာ နှစ်နိုင်ငံစစ်ရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတာတွေရှိကောင်းရှိသလို အခြားသောနှစ်နိုင်ငံရေးရာ ကိစ္စရပ်တွေကိုလည်းဆွေးနွေးဖို့ရှိနိုင်ပါမယ်”လို့ ပြည်တွင်းရှိ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က သူရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။ဘီလာရုဇ်နိုင်ငံဟာ…

Read More

ဒေါက်တာ ဇော်မြင့်မောင့် ကျန်းမာရေး မကောင်းလို့ လွတ်/ငြိမ်းခွင့် ပေးတယ်လို့ သတင်းထွက်ပေါ်

မန္တလေး ၊ အောက်တိုဘာ ၆-၂၀၂၄Voice Of Myanmar (VOM)မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေး မကောင်းတဲ့အတွက် လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ အခုတပတ်အတွင်းမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကတော့” မနေ့က သွေးတွင်းအောက်ဆီဂျင်ထိုးကျတယ်၊မနေ့ နေ့လယ်လောက်က ပြည်သူ့ဆေးရုံ ICU မှာ အောက်ဆီဂျင်နှာခေါင်းပိုက်ပေးပြီးကုသတယ်၊အသက်သိပ်မရှုနိုင်ဘူးထင်တယ်၊အောက်ဆီဂျင်တက်မလာသေးဘူး။အကျဥ်းဦးစီးကတော့ လွတ်ငြိမ်းပေးတယ်”လို့ ပြောပါတယ်။နောက်ထပ် လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူတဦးကလည်း” ဒီတပတ်ထဲမှာ လွတ်ငြိမ်း ပေးထားတယ်လို့ သိရတယ်၊ ကျန်းမာရေးအခြေအနေကတော့ မကောင်းပါဘူး၊ အခုတပတ်အတွင်းမှာပဲ ဖြစ်သွားတာပါ”လို့ ပြောပါတယ်။ဒေါက်တာဇော်မြင့်မောင် ရဲ့ မိသားစုအသိုင်းအဝိုင်းကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရ‌သေးတဲ့အတွက် သတင်းအတည်ပြုဖို့ ခက်ခဲနေပါတယ်။နောက်ထပ်အသေးစိတ်သိရသမျှကိုတော့ ထပ်မံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပုံစာ – ယခင် NLDအစိုးရလက်ထက်က VOMရဲ့ အင်တာဗျူးကို လက်ခံဖြေဆိုနေပုံ

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

အောက်တိုဘာ ၆ – ၂၀၂၄SN (VOM)လက်ရှိ ပြင်ပ ရွှေဈေးကွက်အတွင်းမှာ ဈေးနှုန်းတွေ ပြန်လည် ကျဆင်းနေပြီ ဆိုပေမယ့် သိန်း ၆၀ စွန်းစွန်းမှာပဲ တဝဲလည်လည်နဲ့ ရှိနေသေးပြီး လက်ရှိအချိန်အထိ ထိပ်စီး မပြောင်းသေးပါဘူး။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း ကျပ် ၅၀၀၀ နီးပါးမှာပဲ အတက်အကျ အနည်းငယ်စီနဲ့ ရှိနေဆဲ ဖြစ်ပါတယ်။စက်သုံးဆီဈေးတွေကတော့ ဒီတပတ်မှာ ပြန်လည် ကျဆင်းလာတာကို တွေ့ရပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ တချို့ ကုန်စည်ဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေဆဲဖြစ်သလို တချို့ ကုန်စည်ဈေးတွေကတော့ ပုံမှန်အတိုင်း ရှိနေပါတယ်။#ပြည်တွင်းရွှေဈေးနှုန်းပြီးခဲ့တဲ့တပတ်က ပြင်ပဈေးကွက်ရဲ့ အခေါက်ရွှေ ဈေးနှုန်းတွေဟာ ကျပ် ၆၃ သိန်းဝန်းကျင်အထိကို ပြန်လည် ကျဆင်းလာတာပါ။ ဒါပေမယ့် ၆၅ သိန်း၊ ၆၃ သိန်းဝန်းကျင်မှာပဲ အတက်အကျ အနည်းငယ်စီနဲ့ အပြောင်းအလဲ ရှိနေပြီး ဈေးကွက်အေးနေပါတယ်။ဒီတပတ်ထဲ…

Read More

ဖယ်ခုံအနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတွေမှာ ဆေးဝါးပြတ်လပ်နေလို့ အခက်ကြုံနေရ

အောက်တိုဘာ-၆၊ ၂၀၂၄ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်း အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတွေမှာ အောက်တိုဘာလအစပိုင်းကနေ ဒီကနေ့အချိန်ထိ ဆေးဝါးပြတ်လပ်မှု ဖြစ်ပေါ်နေတာကြောင့် ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေထံကနေ သိရပါတယ်။ အဲဒီစစ်ရှောင်စခန်းတွေမှာ စက်တင်ဘာလကုန်ပိုင်းကနေ ဒီကနေ့အထိ ရာသီတုပ်ကွေး၊ ဖျားနာမှုတွေအပြင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အရေပြားရောဂါတွေ၊ ဝမ်းရောဂါတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။ “အဲဒီကတော့ ရေပြဿနာကြောင့်ဖြစ်တာပေါ့၊ သောက်ရေကော သုံးရေကောက တမျိုးတည်း သုံးနေရတာ။ အဲဒီကနေ အရေပြားရောဂါတွေက စဖြစ်ပြီး ကူးကုန်ကြတယ်။ ဝမ်းရောဂါဖြစ်တာကလည်း ဆက်တိုက် ဖြစ်လာပြီ။ နောက်တစ်ခုက ဆောင်းတွင်းရောက်လာတာရယ်၊ ခြင်ထောင်တွေမရှိတာတွေကြောင့် ရာသီ တုပ်ကွေးတွေလည်း ဖြစ်နေကြပြီ”လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတယောက်က VOMကို ပြောပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ ဆေးခန်းတွေနဲ့ သူနာပြုတွေရှိပေမယ့် ဈေးဝါးပြတ်လပ်မှုတွေကြောင့် လူနာတွေကို…

Read More

ပလက်ဝစစ်ရှောင် တသောင်းကျော် အကူအညီ‌တွေ လိုအပ်နေ

အောက်တိုဘာ ၆ – ၂၀၂၄SN (VOM)ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က ပလက်ဝ စစ်ဘေးရှောင်ပြည်သူ တသောင်းကျော်အတွက် ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ ဆောင်းတွင်းအဝတ်အထည်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။အဲဒီ စစ်ဘေးရှောင်ပြည်သူ တသောင်းကျော်ဟာ ပလက်ဝမြို့နယ်နဲ့ မီဇိုရမ်ပြည်က လူဦးရေစာရင်းဖြစ်ပြီး လက်ရှိ မီဇိုရမ်မှာ ပလက်ဝစစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိကာ ပလက်ဝမြို့နယ်မှာတော့ တသောင်းကျော်ရှိတယ်လို့ သိရပါတယ်။“စစ်ရှောင်တွေက အလုပ်အကိုင်ကလည်း မရှိကြတော့ ပုံမှန်ဝင်ငွေလည်း မရှိကြဘူး။ အရမ်းဒုက္ခရောက်နေကြတယ်။ အလှူရှင်တွေရဲ့ အားနဲ့ပဲ ရပ်တည်နေရတာပေါ့။ စားနပ်ရိက္ခာ၊ ဆေးဝါး အဲဒါတွေလည်း မလုံလောက်ကြဘူး။ ပြီး‌တော့ ဆောင်းရာသီကလည်း ရောက်လာတော့မှာဆိုတော့ အနွေးထည်အင်္ကျီ၊ ဘောင်းဘီ၊ စောင် စတဲ့ အကူညီတွေလည်း လိုအပ်နေကြတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။ပလက်ဝမြို့ကို အာရက္ခတပ်တော် (AA) က အခု…

Read More

ဂျပန်က သစ်တောကဏ္ဍ နည်းပညာအလုပ်သင်အတွက် မြန်မာလုပ်သားတွေ ခေါ်ယူမယ်

အောက်တိုဘာ၆ ၊၂၀၂၄Ms(VOM)ဂျပန်နိုင်ငံရဲ့ မြန်မာလုပ်သားခေါ်ယူတဲ့အစီစဉ်မှာ သစ်တောကဏ္ဍ နဲ့ဆိုင်တဲ့နည်းပညာအလုပ်သင် လုပ်ငန်းတစ်မျိုးအသစ်ထပ်တိုး ခေါ်ယူ လိုက်ကြောင်း တိုကျိုမြို့ ရှိမြန်မာသံရုံးက နေသိရပါတယ်။ဂျပန်နိုင်ငံ ဟာ မြန်မာ လုပ်သားတွေကို နည်းပညာအလုပ်သင်သင်တန်းသားအစီအစဉ်နဲ့ ခေါ်ယူနေတဲ့ လုပ်ငန်းအမျိုးအစားတွေအနက် Agriculture and Forestry လုပ်ငန်းနယ်ပယ်က သစ်တောကဏ္ဍလုပ်ငန်းအမျိုးအစားအသစ် တစ်မျိုး ထပ်မံဖြည့်စွက်လိုက်တယ်လို့ Organization for Technical Intern Training (OTIT)က အကြောင်းကြားလာတာဖြစ်တယ် ဆိုပြီး တိုကျိုမြို့ မြန်မာသံရုံမှ အောက်တိုဘာ၄ရက်က စာထုတ်ပြန်အသိပေးဖော်ပြလာတာပါ။အဲဒီ့Agriculture and Forestry လုပ်ငန်းနယ်ပယ်က အလုပ်အမျိုးအစားဟာ သစ်တောလုပ်ငန်းအတွက် သစ်တော သစ်ပင်စိုက်ပျိုးထုတ်လုပ်ရတဲ့ လုပ်ငန်းဖြစ်တယ်လို့သိရပါတယ်။” ဂျပန်က လုပ်ငန်းသစ်တခုအတွက် သင်တန်းသားအလုပ်အကိုင်ခေါ်တာက ဟုတ်ပါတယ်။စိုက်ပျိုးရေး သစ်တောကဏ္ဍအတွက် လို့ပြောထားတော့ အဓိကတော့ အမျိုးသားတွေအတွက် လုပ်ငန်းမျိုး ပေါ့။သတ်လတ်ပိုင်းအမျိုးသားတွေအတွက် လို့ သံရုံးဘက်က အတိအကျမထုတ်ပြန်သေးပေမယ့် အသံထွက်နေတယ်။ ခေါ်ရင်လည်း အနည်းဆုံး…

Read More

မြေပြို၊ တံတားကျိုးခဲ့တဲ့ ပင်လောင်း-နေပြည်တော်လမ်းမှာ အိမ်စီးကားနဲ့ ကုန်တင်ကားတွေ ဖြတ်လို့ရပြီ

အောက်တိုဘာ ၆-၂၀၂၄ ZY (VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ နေပြည်တော်တိုင်းဒေသကြီးကို ဆက်သွယ်ထားတဲ့ လမ်းမကြီးဟာ မြေပြို၊ တံတားကျိုးမှုကြောင့် တလနီးပါးပိတ်ဆို့နေခဲ့ရာကနေ ဒီကနေ့ အောက်တိုဘာလ ၅ ရက်မှာတော့ ပုံမှန်အတိုင်း ဖြတ်သန်းလာအသုံးပြုလို့ ရပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေ ထံကနေ သိရပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြို၊ တံတားကျိုး၊ ရေကြီးရေလျှံဖြစ်ကာ ပင်လောင်း-ပေါင်းလောင်း-ကင်းသာ-နေပြည်တော်လမ်းမကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ရက်ကတည်းက လမ်းပိတ်ဆို့နေခဲ့ရာ ဒေသခံတွေနဲ့ ရပ်နီးရပ်ဝေးအလှူရှင်တွေနဲ့ ဝိုင်းဝန်းပြုပြင်မှုကြောင့် အောက်တိုဘာလ ၃ရက်မှာတော့ ဆိုင်ကယ်တွေစတင်သွားလာလို့ ရပြီဖြစ်တယ်လို့ သိရပါတယ်။ “ဆိုင်ကယ်တွေကတော့ ၃ရက်နေ့ကတည်းက စသွားလို့ ရပြီ။ အိမ်စီးကားငယ်တွေနဲ့ ကုန်တင်ကားငယ် တွေကတော့ ဒီနေ့စသွားနေပါပြီ။ ကားကြီးတွေကတော့ မရသေးဘူး။ ပိတ်နေတာက တလနီးပါးရှိပြီ။ ဘယ်လမ်းကမှ သွားလာလို့ အဆင်မပြေဘူး။ လမ်း၊ တံတား အကုန် မိုးကြီးမြေပြိုမှုကြောင့် ပျက်စီးသွား…

Read More

သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့တွေ တိုက်ခိုက်ခံရမှုတွေ ရှိနေ

အောက်တိုဘာ ၆ – ၂၀၂၄GG (VOM)သန်းခေါင်စားရင်းစတင်ကောက်ယူတဲ့ အောက်တိုဘာလ ၁ရက်ကနေ ၄ ရက်နေအတွင်းမှာ စာရင်းကောက်ယူတဲ့အဖွဲ့တွေ တိုက်ခိုက်ခံရသလို စာရင်းကောက်ရာမှာပါဝင်သူအချို့လည်းဖမ်းဆီးခံရတဲ့အပြင် အသတ်ခံရတာတွေပါရှိခဲ့တယ်လို့ သိရပါတယ်။မနေ့က အောက်တိုဘာလ ၄ ရက်နေ့တရက်တည်းမှာတင် ပဲခူးအနောက်ခြမ်းကရွှေတောင်မြို့နယ်နဲ့ တနင်္သာရီ တိုင်းက ပုလောမြို့နယ်မှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့တွေတိုက်ခိုက်ခံခဲ့ရပါတယ်။ရွှေတောင်မြို့နယ် ဖြစ်စဥ်က ညနေ ၅ နာရီလောက်မှာ သန်းခေါင်စာရင်း ကောက်ပြီးပြန်လာတဲ့ ယွန်းတန်းအုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး အုပ်ချုပ်ရေးမှူး ကတော့ဆေးရုံတင်ထားရတယ်လို့သိရပါတယ်။” အုပ်ကြီးကတော့ ဖြစ်ပြီးပြီချင်းဆေးရုံတင်လိုက်ရတယ်။ပေါက်ကွဲမှုဖြစ်ပြီးမကြာဘူး ပိတ်ဆို့စစ်ဆေးတာတွေလုပ်တယ်။ကျန်တဲ့သူတွေထိခိုက်ဒဏ်ရာ ရသလားမရဘူးကတော့သေချာမသိပါဘူး။” လို့ ရွှေတောင်ဒေသခံကပြောပါတယ်။ပုလောမြို့နယ်မှာကလည်း သန်းခေါင်စာရင်း ကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးနေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့စခန်းငါးခုကို အောက်တိုဘာ ၄ ရက်နေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့တယ်လို့ သိရပါတယ်။ပုလောမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၅) အနီးမှာရှိတဲ့ မိုင်ခရိုဝေ့တောင်၊ တာဝါတိုင်ကုန်း၊ ကျောက်ဖားတောင်ဂိတ်၊ ပလရဲစခန်းနဲ့ မီးလောင်ချောင်းဂိတ်တွေဖြစ်တယ်လို့သိရပါတယ်။ချင်းပြည်နယ်၊ တီးတိန်မြို့မှာလည်း အောက်တိုဘာ၄ရက်နေ့ကပဲ…

Read More

မြို့သာစက်မှုဇုန် ကွတ်ကီးစက်ရုံထဲ ဓားပြဝင်တိုက်လို့ ငွေသိန်း ၃၀၀နဲ့ ကားတစီးပါသွား

အောက်တိုဘာ ၅ – ၂၀၂၄GG (VOM)မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မန္တလေး – မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းထဲက Myanmar Ding Wang ဒင်းဝမ်ကွတ်ကီး စက်ရုံအတွင်းကို လက်နက်ကိုင်ဆောင်ထားသူတွေဝင်ရောက်လာပြီး ဓားပြတိုက် မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖြစ်စဥ်က ဒီနေ့အောက်တိုဘာလ ၅ ရက်နေ့မနက်အစောပိုင်း ၇ နာရီလောက်မှာ စက်ရုံတွင်းကို လက်နက်ကိုင်ထားတဲ့အမည်မသိ အမျိုးအသား ငါး ယောက်ရောက်လာပြီး သေနတ်ပြခြိမ်းခြောက်ကာ ဝန်ထမ်းတွေကိုလစာပေးဖို့သိမ်းထားတဲ့ငွေသား သိန်း၃၀၀ နဲ့အတူကားတစီးကိုပါ ယူသွားတယ်လို့သိရပါတယ်။” ဆိုင်ကယ်က သုံး စီးနဲ့ စက်ရုံ ကိုရောက်လာတယ်။သူတို့မှာကသေနတ်က အတို ၂ လက်၊ အရှည် ၁ လက်ပါတယ်၊ ဝန်ထမ်းတွေလည်းရှိပေမယ့် သူတို့ကသေနတ်နဲ့ဆိုတော့ ဘယ်သူမှမလှုပ်ရဲဘူးလေ။ ပိုက်ဆံတွေက ဝန်ထမ်းတွေကို လစာပေးမယ့်ငွေတွေပေါ့၊ ကားကလည်းစက်ရုံပိုင်ကားပါပဲ။ လူတွေကိုတော့ပစ်ခတ်သွားတာမရှိဘူး။အခုတော့ဒီအခြေနေပဲသိရသေးတယ်။ ” လို့ စက်ရုံနဲ့နီးစပ်သူ ငါးဇွန်ဒေသခံတယောက်ကပြောပါတယ်။စက်ရုံတွင်း ဓားပြတိုက်မှုဖြစ်ပွားပြီးနောက်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေပြုလုပ်ခဲ့သလို ဓားပြတိုက်သူတွေကို…

Read More

နိုင်ငံ အထက်ပိုင်းဒေသတချို့ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှု သတိပြုဖို့ လို

အောက်တိုဘာ ၅ – ၂၀၂၄SN (VOM)ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသတချို့ အခုရက်ပိုင်းအတွင်း မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှု သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။မိုး/ဇလဌာနရဲ့ ဒီကနေ့ အောက်တိုဘာ ၅ ရက်၊ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းနဲ့ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်တို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက် တည်ရှိနေတယ်လို့ သိရပါတယ်။“သူကတော့ သိပ်ပြီးတော့ အားကောင်းမယ့်အနေအထား မရှိဘူး။ ပြီးရင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယထဲဝင်ပြီး အားပျော့သွားမယ့် အနေအထားမျိုးရှိတယ်။ ဒါပေမယ့်သူက အပေါ်ကိုသွားမှာ ဖြစ်တဲ့အတွက်ကြောင့် မိုးရွာပြီဆိုလည်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ဧရာဝတီတို့ ချင်းတွင်းမြစ်တို့ အဲဒီနေရာတွေမှာတော့ ရေနည်းနည်းလေး…

Read More
VOM News

FREE
VIEW