မိုင်းရယ် ရှန်တော်ရွာမှာ လေကြောင်း တိုက်ခိုက်ခံရလို့ သကြားစက်ရုံထိမှန်ပြီး ထိခိုက် သေဆုံးမှုရှိ

ကအာက်တိုဘာ ၉၊ ၂၀၂၄ Shy V VOM ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ ခိုဆိုင်းကျေးရွာအုပ်စု၊ ရှန်တော်ရွာမှာ အောက်တိုဘာလ ၉ ရက်နေ့ မနက် ၂ နာရီခွဲ ဝန်းကျင်မှာ လေကြောင်း တိုက်ခိုက်ခံရလို့ သံတောင်ဦးကုမ္ပဏီပိုင် သကြားစက်ရုံကို ထိမှန်ပြီး လူ ထိခိုက် သေဆုံးမှုရှိတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ “သကြားစက်ရုံ ကို လေယာဉ် နဲ့ ဗုံး ကြဲ သွားတာ။ နှစ် ယောက် သေပြီး ခြောက် ယောက် ဒဏ်ရာရတယ်လို့ သိရတယ်။ အဆောက်အဦးတော့ ပျက်စီးသွားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ထိခိုက် ဒဏ်ရာရတဲ့ လူနာတွေကိုတော့ ကျေးသီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။ “ကိုးကန့်…

Read More

တောင်ကိုရီးယား သွားလို့ရတဲ့ ကားလမ်း၊ ရထားလမ်းတွေ မြောက်ကိုရီးယား အ​ပြီးတိုင် ဖြတ်တောက်

  ပြုံးယမ်း၊ အောက်တိုဘာ-၉-၂၀၂၄ မျိုးဆက်(VOM) တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံကို လုံး၀ခွဲခြားဖို့ လုပ်ဆောင်မှုအဖြစ် တောင်ကိုရီးယားနဲ့ဆက်သွယ်ထားတဲ့ ကားလမ်း၊ ရထားလမ်းအကုန်လုံးကို အ​ပြီးတိုင် ဖြတ်တောက်မယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ မြောက်ကိုရီးယား တောင်ပိုင်းနယ်စပ်ကို အပြီးပိတ်ဆို့လိုက်တာဟာ အဲဒီဘက်ခြမ်းမှာရှိတဲ့ နယ်မြေတွေရဲ့ လုံခြုံရေး ပိုမိုခိုင်မာစေတယ်လို့ မြောက်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒါဟာ စစ်ပွဲကိုတားဆီးဖို့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပို်ငခွင့်လို့ ဆိုပါတယ်။ ဒေသတွင်းမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ မဟာမိတ်ဆက်ဆံရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ် မြောက်ကိုရီးယားက ကြိမ်ဖန်များစွာ ဝေဖန်ခဲ့ပြီး ကားလမ်းနဲ့ ရထားလမ်းတွေ ဖြတ်တောက်မယ့်အစီအစဉ်က မကြာသေးမီကာလတွေအတွင်း တင်းမာမှုအမြင့်ဆုံးရောက်လာတယ်ဆိုတဲ့ အရိပ်လက္ခဏာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းကလည်း မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ဦးတည်သွားရောက်နိုင်တဲ့ လမ်းတွေကို မြောက်ကိုရီးယား အာဏာပိုင်တွေက တဖြည်းဖြည်း ပိတ်ပင်ဖြတ်တောက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ မကြာသေးမီကလည်း အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ၊ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေအပြင်…

Read More

ယူကရိန်းစစ်မြေပြင်ကို မြောက်ကိုရီးယားတပ်တွေ စေလွှတ်ဖွယ်ရှိကြောင်း တောင်ကိုရီးယား သတိပေး

ဆိုးလ်၊ အောက်တိုဘာ-၉-၂၀၂၄ရတီ (VOM)ယူကရိန်းစစ်မြေပြင်မှာ ရုရှားတပ်တွေကို ကူညီဖို့အတွက် မြောက်ကိုရီးယားတပ်တွေကို စေလွှတ်ဖွယ်ရှိနေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ယောင်ဟွန်းက သတိပေးပြောကြားလိုက်ပါတယ်။မြောက်ကိုရီးယားဟာ ရုရှားအတွက် ဒုံးကျည်နဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ကူညီနေပြီး နှစ်နိုင်ငံအကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အလေးထားနေပြီး စစ်ရေးမဟာမိတ်အဆင့်ထိဖြစ်ဖို့ နီးကပ်လာပြီလို့ ကင်ယောင်ဟွန်က ပါလီမန်ကော်မတီမှာ ပြောပါတယ်။ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရုရှားထိန်းချုပ်ထားရာဒေသမှာ ယူကရိန်းရဲ့ ဒုံးကျည်တိုက်ခိုက်မှုအတွင်း မြောက်ကိုရီးယားစစ်သား ခြောက်ယောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းသတင်းဌာနများက မကြာသေးခင်က ရေးသားဖော်ပြထားပါတယ်။ဒီသတင်းဟာ အမှန်ဖြစ်နိုင်တယ်လို့ ကင်ယောင်ဟွန်းကဆိုပါတယ်။ ယူကရိန်းမှာ မြောက်ကိုရီးယားတပ်တွေကို ဖြန့်ကြက်နို်ငခြေရှိမရှိ ပါလီမန်အမတ်တယောက်ရဲ့ မေးမြန်းမှုအပေါ် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ဒါဟာ ဖြစ်လာနိုင်ခြေ မြင့်မားတယ်လို့ ပြောပါတယ်။ယူကရိန်းစစ်ပွဲ ကာလရှည်လာတာနဲ့အမျှ ရုရှားရဲ့ လက်နက်လိုအပ်ချက်ကြီးမားလားနေပြီး လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို မြောက်ကိုရီးယားအပြင် တရုတ်နဲ့ အီရန်တို့က ထောက်ပံ့နေတယ်လို့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက စွပ်စွဲထားပါတယ်။လက်ရှိမှာတော့ ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံထဲက…

Read More

ဖလော်ရီဒါမှာ ဟာရီကိန်းမုန်တိုင်းကြောင့် လူတသန်းကျော် ဘေးလွတ်ရာပြောင်းဖို့ အမိန့်ထုတ်

ဝါရှင်တန်၊ အောက်တိုဘာ-၉-၂၀၂၄မျိုးဆက်(VOM)အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို ဟာရီကိန်းမုန်တိုင်း မီလ်တန်ချဉ်းကပ်လာချိန်မှာ လူ တသန်းကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့ဖို့ အာဏာပိုင်တွေက အမိန့်ထုတ်လိုက်တာကြောင့် ပြည်နယ်တွင်း အချို့ဒေသတွေမှာ ယာဉ်ကြောပိတ်ဆို့မှုနဲ့ လောင်စာဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။လူနေထူထပ်တဲ့ တမ်ပါပင်လယ်အော်ကိုဖြတ်ပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ့် အဆင့် ၅ ဟာရီကိန်းမုန်တိုင်း မီလ်တန်ကြောင့် ပြည်နယ်ဒေသခံတွေဟာ အရေးပေါ်ပြင်ဆင်မှုတွေကို အလျင်စလို လုပ်ဆောင်နေကြပါတယ်။မီလ်တန်ဟာ တနာရီ ၁၆၅ မိုင်နှုန်းနဲ့ ဖလော်ရီဒါပြည်နယ်ကို တိုက်ခတ်နေပြီး လူရာကျော်သေဆုံးပြီး ပျက်စီးဆှုံးမှုများစွာ ဖြစ်ပေါ်စေခဲ့တဲ့ ဟာရီကိန်း ဟယ်လင်တိုက်ခတ်ပြီး နှစ်ပတ်မပြည်မီ ဒုတိယမြောက် အင်အားပြင်းမုန်တိုင်းလည်းဖြစ်ပါတယ်။မုန်တိုင်းကြောင့် သောင်တင်နေတဲ့ ဒေသခံတွေကို ကူညီဖိုပ ကယ်ဆယ်ရေးသတ်မှတ်ဇုန်တွေရဲ့ ပြင်ပမှာ ယာယီအမိုးအကာ ဒါဇင်ပေါင်းများစွာ စီစဉ်ထားတယ်လို့ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က ပြောပါတယ်။မုန်တိုင်းဟာ ဖလော်ရီဒါပြည်နယ်မှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးမုန်တိုင်းလို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ မီလ်တန်မုန်တိုင်း ကြိုတင်ပြင်ဆင်ရေးနဲ့ ဟယ်လင်မုန်တိုင်းဒဏ်ပြန်လည်ထူထောင်ရေးတို့ကြောင့်…

Read More

လက်ဘနွန်ကို ဂါဇာလိုမဖြစ်အောင် ဟဇ်ဘိုလာတွေကို မထောက်ခံကြဖို့ နေတန်ယာဟု သတိပေး

တဲလ်အဗစ်၊ အောက်တိုဘာ-၉-၂၀၂၄မျိုးဆက်(VOM)ဟဇ်ဘိုလာတွေကို မထောက်ခံကြဖို့နဲ့ ဂါဇာမှာဖြစ်သလိုမျိုး ရှောင်ရှားကြဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လက်ဘနွန်ပြည်သူတွေကို တိုက်ရိုက်ပန်ကြား လိုက်ပါတယ်။အစ္စရေးတပ်တွေဟာ လက်ဘနွန်အနောက်တောင်ပိုင်း ဒေသတခုကို နောက်ထပ်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ စေလွှတ်ပြီး မြေပြင်ထိုးစစ်ချဲ့ထွင်နေချိန်မှာ နေတန်ယာဟုက အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။“ဂါဇာမှာ မြင်နေရတဲ့ ပျက်စီးခြင်းနဲ့ ဆင်းရဲဒုက္ခတွေကို ဖြစ်ပေါ်စေတဲ့ ကာလရှည်ကြာစစ်ပွဲထဲမရောက်အောင် လက်ဘနွန်ကို ကယ်တင်ဖို့ သင်တို့မှာအခွင့်အရေးရှိတယ်။ ဟဇ်ဘိုလာတို့လက်က သင်တို့နိုင်ငံ လွတ်မြောက်မှသာ စစ်ပွဲပြီးဆုံးနိုင်လိမ့်မယ် ”လို့ နေတန်ယာဟုက ပြောပါတယ်။အစ္စရေးတပ်တွေဟာ ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာဆရယ်လာကို ဆက်ခံမယ့်သူကို သုတ်သင်နိုင်ခဲ့တယ်လို့ အစောပိုင်းက သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။ဒီအတောအတွင်း ဟဇ်ဘိုလာတို့ကလည်း အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့ကို ဒုံးကျည်တွေနဲ့ သုံးရက်ဆက် တိုက်ခိုက်ခဲ့ရာ လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။ လက်ဘနွန်မှာတော့ အစ္စရေးရဲ့ သုံးပတ်ကြာ တိုက်ခိုက်မှုအတွင်း လက်ရှိချိန်ထိ လူ…

Read More

This Day in History

Voice of Myanmarအာဖဂန်နစ္စတန်တွင် အမျိုးသမီးများ ပညာသင်ကြားခွင့်ကို ကန့်သတ်တားမြစ်ခြင်းအား ဆန့်ကျင့်သည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မာလာလာယူဆွတ်ဇိုင်ကို တာလီဘန်သေနတ်သမားများက ၂၀၁၂ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ပစ်ခတ်လုပ်ကြံခဲ့သော်လည်း ၎င်းသည် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

Read More

ဖယ်ခုံ၊ မိုးဗြဲဒေသ စပါးစိုက်ခင်းတွေပျက်စီးမှု စားနပ်ရိက္ခာ ဖူလုံရေး စိုးရိမ်နေ

ZY(VOM)အောက်တိုဘာ ၉၊ ၂၀၂၄ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်ရဲ့ နယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ ဖယ်ခုံနဲ့ မိုးဗြဲဒေသမှာ စပါးစိုက်ခင်းဧက ထောင်ကျော် ပျက်စီးသွားတဲ့အတွက် လာမယ့်နှစ်အတွက် စားနပ်ရိက္ခာ လုံလောက်မှု မရှိမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံဆန်ကုန်သည်တွေထံကနေ သိရပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ဒုတိယပါတ်အတွင်းက ဘီလူးချောင်းဆည်ရေ လျှံကျမှုကြောင့် ဆည်အောက်ပိုင်းရှိ ရပ်ကွက်ကျေးရွာတွေနဲ့ စိုက်ခင်း၊ လယ်ခင်းဧရိယာတွေ ရေနစ်မြှုပ်မှုတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာတော့ ရေပြန်ကျနေပြီဖြစ်ပေမယ့် စပါးစိုက်ခင်း ဧကထက်ဝက်ကျော်က ပျက်စီးသွားပြီဖြစ်တယ်လို့ သိရပါတယ်။“ရေမြှုပ်သွားတဲ့ စပါးခင်းကတော့ ဧကအားဖြင့်တော့ ၆ထောင်နီးပါးလောက် ရှိနိုင်တယ်။ ရေပြန်ကျသွားပေမဲ့ ဧက ၃၅၀၀လောက်ကတော့ ပျက်စီးသွားပြီ။ ရေကတော့ တရက်ကို နှစ်လက်မစီလောက် ပြန်ကျနေတယ်။ လာမယ့်နှစ်ကတော့ စားနပ်ရိက္ခာအတွက် အတော်လေးဒုက္ခရောက်မယ့် အခြေအနေရှိတယ်။ လမ်းပန်း ဆက်သွယ်ရေးကလည်း တော်တော်ခက်ခဲနေတယ်။ ကားလတ်တွေတောင် သွားလို့မရသေးဘူး။ အလှုူရှင်တွေ စက်လှေတွေနဲ့ လာလှူတာရှိပေမယ့် နည်းတယ်”လို့ ဆန်ကုန်သည်…

Read More

ဝါကျွတ်အကြို ရန်ကုန် အိမ်ခြံမြေဈေးကွက် ယမန်နှစ် အလားတူကာလကထက် အငှားပိုသွက်

အောက်တိုဘာ ၉ ၊၂၀၂၄Ms(VOM)ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်ထဲ လတ်တလော ဝါကျွတ်ကာလ မရောက်ခင် မှာပဲ မနှစ်က ကာလ အလားတူအချိန်ကထက် အိမ်အငှား ဈေးကွက်များပိုသွက်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။မြန်မာလူမျိုးတွေရဲ့ဓလေ့ထုံးစံအရ ဝါကျွတ်ကာလ အိမ်အပြောင်းအရွေ့ ပြုကြသူများတာ အပါအဝင် နယ်မြို့တွေက စစ်ဘေး၊ရေဘေးစတဲ့ အခက်ခဲတွေကြောင့်ရန်ကုန်ကို ရွှေ့ပြောင်းလာသူများလာတဲ့အတွက် အိမ်ငှားလိုသူများနေရာ အိမ်အငှားဈေးနှုန်းများလည် ဆတိုးမြင့်တက်လာနေတယ်လို့ဆိုပါတယ်။” အခုက အငှားအရမ်းလိုက်နေတာ။ နယ်တွေဘက်ကနေ စစ်ရှောင်တွေ ရန်ကုန်ဘက်ဆင်းလာပြီး အိမ်ငှားတာလည်းများတယ်။ အငှားများတော့ အိမ်က ရှာရတာခက်နေကြတာ။မနှစ်က အဲဒီလောက်မများဘူး။ အိမ်ငှားများတော့ ဈေးကလည်းတက်တယ်။အရင်ဆိုနှစ်သိန်း နဲ့နှစ်သိန်းခွဲလောက်ရတဲ့အိမ်က သုံးသိန်း အထက် က ဈေးအောက်ထစ်ဖြစ်ပြီ အငှားများတော့ ဒီလူမငှားလည်း နောက်လူငှားမှာပဲ ဆိုတာတော့ရှိလာတာပေါ့။ လချုပ်ရယ် လချင်းပေးရယ် သတ်မှတ်ထားတယ်။အစားစားပါပဲ။ တချို့လည်း စပေါ်များများ လခနည်းနည်းပေးပေါ့ ။ အခုကာလကတော့ မိုးပါးလာတာကြောင့် အိမ်ခြံမြေ အရောင်း၊အဝယ် ၊အငှားအကုန်မေးလာကြပြီ ဆိုတော့…

Read More
VOM News

FREE
VIEW