တောင်ကိုရီးယားဒရုန်းတွေ မြောက်ကိုရီးယားလေပိုင်နက်ထဲ ဝင်ရောက်ခဲ့တယ်လို့ စွပ်စွဲ



ပြုံးယမ်း၊ အောက်တိုဘာ-၁၂-၂၀၂၄
ရတီ(VOM)

တောင်ကိုရီးယားဒရုန်းတွေဟာ မြောက်ကိုရီးယား လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြောဆိုလိုက်ပါတယ်။

ယခုလအတွင်း တောင်ကိုရီးယားဒရုန်းတွေဟာ မြောက်ကိုရီးယားလေပိုင်နက်ထဲကို သုံးကြိမ်တိုင်ဝင်ရောက်ပြီး မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်စာရွက်တွေ ကြဲချခဲ့တာဖြစ်ပြီး ဒရုန်းတွေထပ်မံစေလွှတ်မယ်ဆိုရင် အရေးယူမှုတွေ ချက်ချင်းလုပ်မယ်လိုပ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

အခုလို လုပ်ဆောင်တဲ့ အခြေအနေအားလုံးကို တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားစစ်တပ်ကတော့ ဒရုန်းတွေကို စေလွှတ်ခြင်းမရှိဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်ခံရရင် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေကဆိုပါတယ်။ ဒရုန်းတွေကို တက်ကြွလှုပ်ရှားသူတွေက စေလွှတ်ခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ဆက်သွယ်ထားတဲ့ ကားလမ်း၊ ရထားလမ်းတွေကို ဖျက်သိမ်းလိုက်ပြီး ပြည်ပနိုင်ငံတွေက မြောက်ကိုရီးယားကို ကျူးကျော်တိုက်ခိုက်မှုပြုမယ်ဆိုရင် နျူကလီးယားလက်နက် အသုံးပြုတုံ့ပြန်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:NHK
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW