လားရှိုးမှာ တရက်အတွင်း လေကြောင်းကနေ ၄ကြိမ်ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိသလို ထောင်က စစ်သုံ့ပန်း ၁၀ဦးလွတ်မြောက်သွား

သတင်း-ZY+Shy V (VOM) အောက်တိုဘာ ၂၃၊ ၂၀၂၄ ကိုးကန့်တပ် MNDAAထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို နစကေလတပ်က ဒီကနေ့ အောက်တိုဘာလ ၂၃ရက်မှ လေကြောင်းကနေ ၄ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လားရှိုးအကျဉ်းထောင်ရှိ စစ်သုံ့ပန်း ၁၀ဦး လွတ်မြောက်သွားသလို သေဆုံးမှုတွေရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံနေ သိရပါတယ်။ ဒီကနေ့ မနက် ၈နာရီခွဲဝန်းကျင်မှာ လားရှိုးမြို့အဝင်ရှိ ရိုးရာ ဆန်အရက်ချက်စက်ရုံကို ၂ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သလို နံနက် ၁၀နာရီဝန်းကျင်မှာ ရပ်ကွက် ၁၂ဖက်နဲ့ လားရှိုးမြို့ပြင်ရှိ ဟက်ကာရွာဖက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ညနေ ၃နာရီ ၅မိနစ်ဝန်းကျင်မှာ လားရှိုးရဲစခန်းနဲ့ အကျဉ်းထောင်ဖက်ကို ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “ထောင်ကို ဗုံးထိပြီး ထောင်က စစ်သုံ့ပန်း ၁၀ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်။ အရက်ချက်စက်ရုံကိုတော့ ၂ကြိမ်လာကြဲတာ။ ညနေကတော့ ထောင်ကိုလာကြဲတာဆိုတော့ စစ်သုံ့ပန်းတွေ ထွက်ပြေးဖို့…

Read More

ဖိလစ်ပိုင်မှာ မုန်တိုင်း ထရမီကြောင့် ခုနှစ်ယောက်သေပြီး ထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်း

မနီလာ၊ အောက်တိုဘာ-၂၃-၂၀၂၄ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်း ထရမီတိုက်ခတ်မှုကြောင့် လူခုနှစ်ယောက်သေဆုံးပြီး ထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ မုန်တိုင်းဟာ လက်ရှိမှာတော့ အရှေ့ဘက်ကမ်းရိုးတန်းကို ဦးတည်နေပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရွာလုံးကျွတ်ရေမြုပ်တာတွေ နဲ့ လမ်းတံတားတွေ မော်တော်ယာဉ်တွေပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မု်နတိုင်းဟာ ဖိလစ်ပိုင်ရဲ့ အဓိကကျွန်းဖြစ်တဲ့ လူဇွန်ကျွန်းကို ချဉ်းကပ်လာတာကြောင့် ဒေသခံ သုံးသောင်းနှစ်ထောင်ကျော်ဟာ နေအိမ်တွေကနေ စွန့်ခွာပြီး ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ မြို့တော်မနီလာရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀၀ အကွာရှိ ဘီကိုဒေသမှာတော့ ရေကြီးမှုတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေပါ နှောင့်နှေးခက်ခဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘီကိုနဲ့ နာဂါမြို့မှာ ရေကြီးရေလျှံမှုကြောင့် လူသုံးယောက်သေဆုံးခဲ့ပါတယ်။ မနီလာအရှေ့တောင်ဘက် ကွီဇွန်ပြည်နယ်မှာတော့ သက်ကြီးရွယ်အိုတယောက်နဲ့ ကလေးငယ်တယောက် ရေနစ်သေဆုံးခဲ့ပါတယ်။ ဒီနေ့ မွန်းလွဲ ၂ နာရီထိ မုန်တိုင်းရဲ့ ဗဟိုချက်ဟာ လူဇွန်ကျွန်းရှိ အော်ရိုရာပြည်နယ်အရှေ့ဘက်…

Read More

ဘုတလင်မှာ စစ်ရေးတင်းမာနေလို့ ဒေသခံ ငါးသောင်းဝန်းကျင် အရေးပေါ်တိမ်းရှောင်နေရ

အောက်တိုဘာ ၂၃ – ၂၀၂၄ SS (VOM) စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ဒေသခံပြည်သူ ငါးသောင်းဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ အကူအညီပေးနေသူတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့မှ စတင်ကာ ဘုတလင်မြို့နယ်အတွင်း နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေအကြား စစ်ရေးအခြေအနေ တင်းမာမှုတွေကြောင့် ဒေသခံပြည်သူတွေ စစ်ရှောင်နေရတာဖြစ်ပြီး အကူအညီများစွာ လိုအပ်နေတယ်လို့ သိရပါတယ်။ “စစ်ရှောင်နေရတာက မီးဘေးသင့် ဒေသခံတွေလည်း ရှိတယ်။ စစ်ဘေးကြောင့် ရှောင်နေရတာလည်း ရှိတယ်။ စစ်ရှောင်နေရတဲ့ ကျေးရွာပေါင်းကတော့ ၂၅ ရွာထက်မနည်း ရှိနိုင်တယ်။ စစ်ရှောင်ရတဲ့ရက် ကြာလာတာနဲ့အမျှ သူတို့အတွက်က နေရေးထိုင်ရေး၊ စားရေးသောက်ရေး အခက်အခဲ ရှိလာတယ်။ စားနပ်ရိက္ခာတွေလည်း လိုသလို ဆေးဝါး၊ အမိုးအကာ၊ အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း အရေးပေါ် လိုအပ်နေတယ်” လို့ အကူအညီပေးနေသူက ပြောပါတယ်။…

Read More

ခြံအမှတ် ၅၄ ကို ကြမ်းခင်းစျေး ကျပ်ဘီလီယံ၂၉၀ နဲ့လျှော့ချလေလံပစ်ဖို့ တရားရုံးမှာ လျှောက်ထားပြန်

အောက်တိုဘာ၂၃ ၊၂၀၂၄Ms(VOM)ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ငွေကျပ်ဘီလီယံ၂၉၀ နဲ့ ဈေးလျော့လေလံပစ်ဖို့ကို မနေ့က အောက်တိုဘာ၂၂ရက်နေ့ မှာ တရားရုံးကို ဦးအောင်ဆန်းဦး ရဲ့ရှေ့နေကတင်ပြ လျှောက်ထားလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။ခြံအမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လေလံတင် ရောင်းချနိုင်ဖို့ အရေး ဒုတိယအကြိမ်ဈေးခေါ်ထားခဲ့တုန်းက လေလံကြမ်းခင်းဈေး ကျပ်ငွေ ၃၀၀ ဘီလီယံတန်ဖိုးကနေ ကျပ် ၁၀ဘီလီယံ လျော့ချပေးပြီး ကျပ်၂၉၀ ဘီလီယံနဲ့ လေလံတင်ဖို့ ရန်ကုန်တိုင်း ကမာရွတ်ခရိုင် တရားရုံး ရဲ့ရုံးချိန်းမှာ တင်ပြ ခဲ့တာဖြစ်ပြီး အဲဒီလို တင်ပြမှုအပေါ် လာမယ့်ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေက ပြန်လည်တင်ပြဖို့ရှိနေပြီး နှစ်ဖက်စလုံးကို တင်ပြချက်တွေကို ကြားနာပြီးမှသာ တရားရုံးက ဆုံးဖြတ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။” ပထမအကြိမ်နဲ့ဒုတိယအကြိမ် လေလံမအောင်တော့ နောက်ထပ် မရမခြင်း အကြိမ်ကြိမ်လေလံတင်ဖို့လုပ်မယ့်ပုံပေါ်တယ်။ လာမယ့်ရုံးချိန်းက နိုဝင်ဘာ၁၃ဆိုတော့…

Read More

၂၄ နာရီအတွင်း ဟဇ်ဘိုလာ တပ်မှူးသုံးယောက်နဲ့ တိုက်ခိုက်ရေးသမား ၇၀ ကို သုတ်သင်ခဲ့ကြောင်း အစ္စရေးထုတ်ပြန်

တဲလ်အဗစ်၊ အောက်တိုဘာ-၂၃-၂၀၂၄မျိုးဆက်(VOM)လက်ဘနွန်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ဟဇ်ဘိုလာတပ်မှူး သုံးယောက်နဲ့ တိုက်ခိုက်ရေးသမား ၇၀ ကို သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။ဟဇ်ဘိုလာအဖွဲ့ရဲ့ ခေါင်းဆောင်သစ်ဖြစ်လာမယ့် ဟတ်ရှန်ဆာဖီဒင်းကို ဘေရွတ်တောင်ပိုင်းမှာ လွန်ခဲ့တဲ့ သုံးပတ်က ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း သုတ်သက်ခဲ့တယ်လို့ အစ္စရေးကအတည်ပြုပြီးနောက် ဟဇ်ဘိုလာ တပ်မှူးတွေနဲ့ တိုက်ခိုက်ရေးသမားတွေ သေဆုံးမှုကို ထုတ်ပြန်လာတာဖြစ်ပါတယ်။လက်ဘနွန်တောင်ပိုင်းမှာ ဟဇ်ဘိုလာတွေရဲ့ အခြေခံအဆောက်အအုံတွေနဲ့ သူတို့ရဲ့ စစ်ဆင်ရေးတွေကို အစ္စရေးတပ်တွေက အကန့်အသတ် ၊ ဒေသအလိုက် ပစ်မှတ်ထားစီးနှင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ဒီအတောအတွင်း လက်ဘနွန်တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ တိုင်ရီရှိ ရပ်ကွက်အများအပြားက ဒေသခံတွေကို ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့ အစ္စရေးစစ်တပ်က သတိပေးချက် ထုတ်ပြန်ထားပါတယ်။အစ္စရေးဟာ အရှေ့အလယ်ပိုင်းမှာ အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့နဲ့ တနှစ်ကြာ ထိပ်တိုက်ပဋိပက္ခတွေ မြင့်တက်လာပြီးနောက် လက်ရှိမှာတော့ လက်ဘနွန်မှာ ထိုးစစ်တရပ် ဆင်နွှဲနေပါတယ်။အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့်…

Read More

ဟိုပုံးမှာ ရွာလုံးကျွတ်ရေနစ်မြှုပ်နေလို့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေ

ZY(VOM) အောက်တိုဘာ ၂၃၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ နားပုံကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ရက်ကနေ ဒီကနေ့ အောက်တိုဘာလ ၂၃ရက်အထိ ရွာလုံးကျွတ်ရေနစ်မြှုပ်နေလို့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ရေဘေးကူညီနေသူတွေထံကနေ သိရပါတယ်။ ဟိုပုံးမြို့နယ်ရဲ့ မြောက်ဘက် အစွန်အဖျားရှိ နားပုံကျေးရွာမှာ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် အိမ်ခြေ ၃၀၀ခန့်ရှိတဲ့ နားပုံကျေးရွာဟာ ရွာလုံးကျွတ်နီးပါး ရေနှစ်မြုပ်နေသလို ကျေးရွာနေ လူဦးရေ ၈၀၀ခန့်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “တရွာလုံးနီးပါးမြှုပ်သွားတာ တပါတ်လောက်ရှိပြီ။ ဒီနေ့အထိပဲ။ စမြှုပ်တုန်းကထက်တော့ နည်းနည်းတော့ ပြန်ကျလာပေမယ့် အရမ်းသိသိသာသာကြီး ကျသွားတာမျိုး မဟုတ်သေးဘူး။ ဖုန်းလိုင်းကလည်း အခုမှပြန်ရတာ။ ဒါတောင် ကုန်းမြင့်တွေပေါ်မှာပဲရတာ၊ အင်တာနက်လိုင်းကတော့ အခုထိ ပြန်မရသေးဘူး”လို့ ရေဘေးကူညီနေသူတစ်ဦးက VOMကို ပြောပါတယ်။ အဲဒီလို တရွာလုံးနီးပါးရေနစ်မြှုပ်နေတာကြောင့် ဆန်၊…

Read More

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို နှစ်ရက်ဆက်တိုက် လေကြောင်း တိုက်ခိုက်

အောက်တိုဘာ ၂၃၊ ၂၀၂၄ Shy V (VOM) ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ အောက်တိုဘာ ၂၂ ရက်နေ့မနက် အစောပိုင်းနဲ့ အောက်တိုဘာ ၂၃ ရက်နေ့ မနက်ပိုင်းနှစ်ရက် ဆက်တိုက် နစက ဘက်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လူ အထိအခိုက်တော့ မရှိဘူး။ ရိုးရာ အရက်ချက် စက်ရုံဘက်။ မယ်ဟန် ဘက်မှာ” လို့ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ အောက်တိုဘာလ ၂၃ ရက်နေ့ မနက် ၈ နာရီ ၃၅ မိနစ်ခန့်က ကြဲသွားတာဖြစ်ပြီး ပျက်စီးမှု အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။ “ရိုးရာအရက်စက်ရုံ ခိုဆမ်တန်ကို လေယာဉ် ဗုံး ကြဲချသွားတယ်။ ၁၀ နာရီခွဲ ဝန်းကျင်မှာလည်း လေယာဉ်ဝဲနေဆဲပါ”…

Read More

တိုက်ပွဲတွေကြောင့် အမ်းလေဆိပ် လေယာဉ်အတက်အဆင်းမရှိတာ လေးရက်ခန့် ကြာမြင့်လာ

အောက်တိုဘာ ၂၃ – ၂၀၂၄SN (VOM)ရခိုင်ပြည်နယ်၊ အမ်းမြို့အနီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အမ်းလေဆိပ် လေယာဉ်အတက်အဆင်း ရပ်တန့်နေမှု လေးရက်ခန့် ကြာမြင့်လာပြီဖြစ်တယ်လို့ လေယာဉ်လက်မှတ် အရောင်းဝန်ထမ်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။အမ်းမြို့မှာ နစကတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး AA အနေနဲ့ အမ်းမြို့နယ်က နစကရဲ့ အရေးပါတဲ့ ဗျူဟာကုန်းတွေကို သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။“လက်ရှိအချိန်မှာတော့ တိုက်ပွဲကြောင့် လေယာဉ်အတက်အဆင်း မရှိသေးဘူးလို့ သိရပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့ကတည်းက ဖြစ်တာ။ တိုက်ပွဲမငြိမ်သေးတဲ့အတွက် လေဆိပ်ကို လေယာဉ်မဆင်းနိုင်ဘူး ဖြစ်နေတယ် ပြောတယ်။ အခြေအနေ အသေးစိတ်ကိုတော့ ကျွန်မတို့လည်း သေချာမသိရသေးဘူး” လို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် တယောက်က ပြောပါတယ်။အမ်းမြို့လေယာဉ်ကွင်းမှာ လေယာဉ်…

Read More

ဗြိတိန်နဲ့ ဂျာမနီတို့ အထင်ကရ ကာကွယ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးမယ်

လန်ဒန်၊ အောက်တိုဘာ-၂၃-၂၀၂၄ရတီ (VOM)ဗြိတိန်နဲ့ ဂျာမနီတို့ဟာ လုံခြုံရေး၊ ရင်းနှီးမြုပ်နှံမှုနဲ့ အလုပ်အကိုင်တွေမြှင့်တင်နိုင်မယ့် အထင်ကရ ကာကွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ရှိနေပါတယ်။နှစ်နိုင်ငံ သဘောတူညီချက်အရ ဂျာမနီကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ ရိုင်မက်တဲလ်ဟာ အမြောက်ကျည်တွေ ထုတ်လုပ်ဖို့ ဗြိတိန်မှာ စက်ရုံဖွင့်လှစ်မှာဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၄၀၀ ကျော်ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။နှစ်နိင်ငံစလုံးအနေနဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ဒရုန်းတွေထုတ်လုပ်ဖို့ကိုလည်း အတူတကွပူးပေါင်းသွားမှာဖြစ်ပါတယ်။ ဂျာမနီရေကြောင်း စောင့်ကြည့်ရေး လေယာဉ်တွေဟာလည်း စကော့တလန်ကနေ မြောက်အတ္တလန္တိတ်ထိ ကင်းလှည့်မှုတွေကို အခါအားလျော်စွာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ဂျာမနီနဲ့ ပိုမိုနီးကပ်သော စစ်ဘက်ဆက်ဆံရေးတည်ဆောက်ဖို့ ဗြိတိန်အာဏာရ လေဘာပါတီက ကတိပြုထားပြီး ဒါဟာ ဘရီဇစ်အလွန်မှာ ဥရောပ အဓိကမဟာမိတ်တွေနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ဗြိတိန်အစိုးရရဲ့ ပိုမိုကျယ်ပြန်တဲ့ အစီအစဉ်တစိတ်တပိုင်းဖြစ်ပါတယ်။ဒါဟာ ဂျာမနီနဲ့ ဗြိတိန်တို့ရဲ့ စစ်ဘက်နဲ့ ကာကွယ်ရေးလုပ်ငန်းတွေ ပိုမိုနီးကပ်စေမယ့် သမိုင်းဝင်သဘောတူညီချက်ဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေက ပြောပါတယ်။ ဂျာမနီနဲ့ ဗြိတိန်တို့ဟာ ဥရောပမှာ ကာကွယ်ရေးစရိတ်အသုံးအများဆုံးနဲ့…

Read More
VOM News

FREE
VIEW