မန္တလေး ၊ အောက်တိုဘာ ၂၉- ၂၀၂၄
အဂတိလိုက်စားမှုစွဲချက်နဲ့ အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၈ နှစ် ကျခံနေရတဲ ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းခိုင်ကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း သက်ဆိုင်ရာက သိရပါတယ်။
လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းခိုင် ဟာ ကျမ္မာရေးမကောင်းလို့ အရေးပေါ် ေဆးဝါးကုသမှုခံယူနေရသူဖြစ်ပါတယ်။
သူ့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖမ်းဆီးခဲ့ပြီး နိုင်ငံ့ဘဏ္ဍာငွေ ကျပ် ၆ ဘီလီယံခန့် နစ်နာမှုကြောင့်လို့ဆိုကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ နဲ့ အမှုဖွင့်ခံရပြီးနောက် ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။
ဦးဝင်းခိုင်ဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်က ဆောက်လုပ်ရေးဝန်ကြီးအဖြစ် စတင် ခန့်အပ်ခံရသူဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသူဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်လက်ထက် ဝန်ကြီးဦးဖေဇင်ထွန်း တာဝန်ကအနားယူခဲ့တဲ့အတွက် ဦးဝင်းခိုင်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၆ ရက်နေ့ကလည်း မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို အရေးပေါ်ကုသနေချိန်မှာ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး နောက်ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ပုံ crd#ပြန်ကြာရေးဝန်ကြီးဌာန