ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တု အာကာသထဲ လွှတ်တင်ပြီ

တိုကျို၊ နိုဝင်ဘာ-၅-၂၀၂၄
ရတီ(VOM)
ဂျပန်သုတေသီတွေ တည်ဆောက်ဖန်တီးထားတဲ့ ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တုတလုံးကို ဒီကနေ့မှာ အာကာသထဲကို လွှတ်တင်လိုက်ပြီး ဒါဟာ လကမ္ဘာနဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးတွေမှာ အသုံးပြုဖို့ ကနဦးစမ်းသပ်မှုလည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်နဲ့ အိမ်ဆောက်လုပ်ရေးကုမ္ပဏီ ဆူမစ်တိုမိုကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ထားတဲ့ LignoSat ဆိုတဲ့ သစ်သားဂြိုဟ်တုကို Space X ရဲ့မစ်ရှင်နဲ့အတူ နိုင်ငံတကာ အာကသစခန်းကို သယ်ဆောင်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာမြေအထက် ကီလိုမီတာ ၄၀၀ အကွာမှာ လွှတ်တင်ခဲ့မှာဖြစ်ပါတယ်။
ဂြိုဟ်တုဟာ ကမ္ဘာမြေပြင်ပမှာ လူသားတွေရှင်သန်နေထိုင်နိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေရှိနေချိန်မှာ အာကာသထဲမှာ ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေရဲ့ အလားအလာနဲ့ပတ်သက်ပြီး စမ်းသပ်မှုလည်း ဖြစ်ပါတယ်။
လနဲ့ အင်္ဂါဲဂြိုဟ်ပေါ်မှာ သစ်ပင်စိုက်ပျိုးတာ၊ သစ်သားအိမ်တွေဆောက်လုပ်ရေးနဲ့ပတ်သက်ပြီး နှစ် ၅၀ စီမံချက်ရှိထားတဲ့ ဂျပန်သုတေသီအဖွဲ့ဟာ ဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး နာဆာအသိအမှတ်ပြု သစ်သားဂြိုဟ်တုတလုံးတည်ဆောက်ဖို့ကို ဆုံးဖြတ်ခဲ့တာပါ။
အာကာသထဲမှာ သစ်သားကို ဆွေးမြေးစေတဲ့ သို့မဟုတ် ကျုံ့ကြွမှုဖြစ်စေတဲ့ အောက်ဆီဂျင်မရှိတာကြောင့် ကမ္ဘာမြေမှာထက် အာကာသထဲမှာ ပိုပြီးကြာရှည်ခံမယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါအပြင် ဂြိုဟ်တုရဲ့သက်တမ်းကုန်ဆုံးချိန်မှာ သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းပါးစေတယ်လို့ ပြောပါတယ်။
ဖျက်သိမ်းလိုက်တဲ့ ဂြိုဟ်တုတွေဟာ အာကာအမှိုက်တွေဖြစ်မလာစေဖို့ လေထုထဲကို ပြန်လည်ဝင်ရောက်ကြရပြီး သတ္တုဂြိုဟ်တုတွေဟာ ပြန်လည်ဝင်ရောက်ချိန်မှာ အလူမီနီယမ်အောက်ဆိုဒ်အမှုန်တွေ ဖန်တီးပေမယ့် သစ်သားဂြိုဟ်တုကတော့ လေထဲထဲမှာ မီးလောင်ပျက်စီးစေတယ်လို့ ဆိုပါတယ်။
Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW