ညောင်ဦး River House ဟိုတယ်မန်နေဂျာနဲ့အဖွဲ့က လာတည်းခိုတဲ့ လူငယ်အဖွဲ့ကို ဝိုင်းရိုက်လို့ တယောက်သေပြီး လေးယောက်ဒဏ်ရာရ

နိုဝင်ဘာ ၈ – ၂၀၂၄ GG (VOM) ပုဂံနဲ့ေညာင်ဦးကို အလည်အပတ်လာတဲ့ အမျိုးသားလူငယ် ၇ ယောက်ကို သူတို့တည်းတဲ့ ဟိုတယ်ရဲ့မန်နေဂျာအပါအဖွဲ့က ဝိုင်းရိုက်လို့ တယောက်သေပြီး လေးယောက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ် ။ ခရီးသွားလူငယ်အဖွဲ့ကို ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ဟိုတယ်က ပုဂံညောင်ဦး ၊ ရွှေစည်းခုံဘုရားအနီး၊အမှတ် ၇ ၊ ဝက်ကြီးအင်းရပ်က River House Hotel ဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့ညမှာ ဟိုတယ်မန်နေဂျာအပါ အဖွဲ့က ရိုက်နှက်ခဲ့ကြတာဖြစ်တယ်လို့ အရိုက်ခံရပြီးသေဆုံးသွားသူရဲ့အကိုက ပြောဆိုထားပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့ညက ဟိုတယ်ရဲ့မြစ်ကမ်းနံဘေးမှာ ခရီးသွားအမျိုးသားလူငယ် ၇ ယောက်အဖွဲ့ဟာ bluetooth box ဖွင့်ပြီး သီချင်းသီဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောဆို အချင်းများပြီးနောက် လူငယ် ၅ ယောက်က အခန်းကိုပြန်လာချိန်မှာ အရိုက်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” ဟိုတယ်မှာ ၃ရက် ည…

Read More

တောင်ကယ်ရိုလိုင်းနားမှာ သုတေသနစမ်းသပ်ခန်းကနေ မျောက် ၄၃ ကောင် ထွက်ပြေးလွတ်မြောက်

ဝါရှင်တန်၊ နိုဝင်ဘာ-၈-၂၀၂၄ရတီ (VOM)အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားရှိ ဆေးဘက်ဆိုင်ရာ သုတေသနစမ်းသပ်ခန်းတခုကနေ မျောက် ၄၃ ကောင် ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြည်နယ်တာဝန်ရှိသူတွေနဲ့ ဆေးဘက်ဆိုင်ရာ ကုမ္ပဏီက ပြောပါတယ်။ဓါတ်ခွဲခန်း ဝန်ထမ်းတယောက်ဟာ မျောက်တွေထားတဲ့အဆောင်ရဲ့ တံခါးကို သေချာမပိတ်ရာကနေ မျောက်တွေဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းက ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပြီး မျောက်တွေဟာ ခုနှစ်ပေါင် အလေးချိန်ရှိတဲ့ မျောက်မတွေဖြစ်တယ်လို့ Alpha Genesis ကုမ္ပဏီက ပြောပါတယ်။မျောက်တွေဟာ အရွယ်ငယ်လွန်သေးတာကြောင့် ရောဂါကူးစက်စေပြီး စမ်းသပ်မှုတွေ မပြုလုပ်ရသေးတာကြောင့် Yemassee မြို့ ဒေသခံတွေအတွက် ဘေးအန္တရာယ်မဖြစ်စေကြောင်း၊ ဒါပေမယ့်လည်း အနားကို အကပ်မခံကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ကုမ္ပဏီအနေနဲ့ ပျောက်ဆုံးနေတဲ့ မျောက်အုပ်စုကို ရှာဖွေတွေ့ရှိထားတယ်လို့ အကြောင်းကြားလာတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လွတ်မြောက်သွားမှုဟာ စိတ်ပျက်စရာဖြစ်ပေမယ့် သူတို့တွေ့ရှိထားပြီး နောက်နှစ်ရက်လောက်အကြာမှာ ဖမ်းနိုင်မယ်လို့ မျှော်လင့်ကြောင်း Alpha Genesis စီအီးအို ဂရက်ဝက်စ်တာဂါ့က ဆိုပါတယ်။တောင်ကယ်ရိုလိုင်းနားအခြေစိုက်…

Read More

ထရန့် သမ္မတမဖြစ်ခင် ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ အမြန်ပေးဖို့ ဘိုင်ဒင်အစိုးရ စီစဉ်နေ

ဝါရှင်တန်၊ နိုဝင်ဘာ-၈-၂၀၂၄မျိုးဆက်(VOM)အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့် တာဝန်မယူခင်မှာ ယူကရိန်းအတွက် လက်ကျန် စစ်ရေးအကူအညီတွေကို အရှိန်မြှင့်ပေးအပ်ဖို့ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရက စီစဉ်နေကြောင်း အမည်ဖော်လိုတဲ့ အစိုးရအရာရှိတွေကို ကိုးကားပြီး Politico သတင်းဌာနက ဖော်ပြထားပါတယ်။ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် ယူကရိန်းလုံခြုံရေး အကူအညီပေးမယ့် အစီအစဉ်ရဲ့ နောက်ဆုံးလက်ကျန် ဒေါ်လာ ခြောက်ဘီလီယံကျော်ကို အမြန်ပေးအပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကူအညီတွေကိုတော့ ကွန်ဂရက်က အတည်ပြုထားပြီး ဖြစ်ပါတယ်။ဒါဟာ သမ္မတဖြစ်လာမယ့် ထရန့်လက်ထက်မှာ ယူကရိန်းအတွက် အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေ ဆက်ပေးမှာလားဆိုတဲ့ ဘိုင်ဒင်အစိုးရရဲ့ စိုးရိမ်ပူပန်မှုကိုလည်း ထင်ဟပ်စေပါတယ်။ ယူကရိန်းအတွက် ကူညီထောက်ပံ့မှုတွေကို ဒေါ်နယ်ထရန့်က ပြစ်တင်ခဲ့ပါတယ်။ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ဒေါ်နယ်ထရန့်နဲ့ ဖုန်းပြောခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရလဒ်အပေါ် ဂုဏ်ပြုခဲ့ကြောင်း၊ အနီးကပ်တွေ့ဆုံဆွေးနွေးမှုတွေကို နှစ်ဖက်အကြား ဆက်လက်ထိန်းသိမ်းထားပြီး ပူးပေါင်းဆောင်ရွက်မှုတွေ မြင့်တင်မယ်လို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ငြိမ်းချမ်းရေးကို အင်အားသုံးရယူမယ်ဆိုတာ အမေရိကန်သမ္မတသစ်နဲ့ အမေရိကန်ရဲ့ မူဝါဒဖြစ်ခဲ့မယ်ဆိုရင်…

Read More

နစ်ဆန်းကားကုမ္ပဏီက ဝန်ထမ်းအယောက် ၉၀၀၀ လျှော့မယ်လို့ ကြေညာ

တိုကျို၊ နိုဝင်ဘာ-၈-၂၀၂၄ရတီ(VOM)နစ်ဆန်း မော်တော်ကားကုမ္ပဏီဟာ တရုတ်နဲ့ အမေရိကန်မှာ ရောင်းအားကျဆင်းမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုကို လျှော့ချလိုက်တာကြောင့် အလုပ်သမားထောင်ပေါင်းများစွာကို အလုပ်ကနေ ရပ်နားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ဂျပန်အခြေစိုက် မော်တော်ကားကုမ္ပဏီကြီးဟာ ကမ္ဘာတဝန်းမှာ ထုတ်လုပ်မှု ငါးပုံတပုံလျှော့ချမှာဖြစ်ပြီး ကုန်ကျစရိတ်သက်သာအောင်ကြိုးပမ်းမှုအဖြစ် အလုပ်အကိုင်ပေါင်း ၉၀၀၀ ကျော်ကို လျှော့ချမယ်လို့ ဆိုပါတယ်။ဘယ်ဌာနတွေကို အဓိက လျှော့ချမလဲဆိုတာကိုတော့ အသေးစိတ် ပြောဆိုတာမျိုးမရှိသေးပါဘူး။ အင်္ဂလန်အရှေ့မြောက်ပိုင်း ဆန်းဒါးလန်းရှိ ကားစက်ရုံမှာတော့ အလုပ်သမားပေါင်း ၆၀၀၀ ကျော် ခန့်အပ်ထားပါတယ်။နစ်ဆန်းဟာ ၂၀၂၄ ခုနှစ်အတွင်း သူ့ရဲ့လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်းကို ၇၀ ရာခိုင်နှုန်းထိ လျှော့ချခန့်မှန်းထားပြီး ဒါဟာ ဒုတိယအကြိမ်မြောက် စီးပွားရေးခန့်မှန်းချက်ကို ပြင်ဆင်တာလည်းဖြစ်ပါတယ်။ဒီလို အလုပ်အကိုင်တွေလျှော့ချတာဟာ ကုမ္ပဏီကို သေးငယ်သွားစေတာမဟုတ်ဘဲ လုပ်ငန်းစုကို ကျစ်ကျစ်လစ်လစ်နဲ့ ရေရှည်ခံနိုင်ရည်ရှိအောင် ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ နစ်ဆန်းအမှုဆောင်အရာရှိချုပ် မာကိုတိုယူချီဒါက ပြောပါတယ်။နိုဝင်ဘာ ၈ ရက်မနက်ပိုင်းမှာတော့ တိုကျိုစတော့စျေးကွက်မှာ နစ်ဆန်းရဲ့…

Read More

This Day in History

Voice of Myanamarအင်အားပြင်း စူပါတိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်သည် ဖိလစ်ပိုင်နိုင်ငံကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၈ ရက်က ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၈၀၀၀ ကျော်သေဆုံးခဲ့ပြီး ပြည်သူ ၁၄ သန်းကျော် မုန်တိုင်းဒဏ် သင့်ခဲ့ရသည်။

Read More
VOM News

FREE
VIEW