မကွေးမြို့မှာ ဆရာဝန်မကြီးတယောက် ဆေးခန်းအတွင်း ဓားထိုးခံရပြီး သေဆုံး

နိုဝင်ဘာ ၂၂ – ၂၀၂၄SS (VOM)မကွေးတိုင်း၊ မကွေးမြို့မှာ မနေ့ နိုဝင်ဘာ ၂၁ ရက်၊ ညနေပိုင်းက ဆရာဝန်မကြီးတယောက် ဆေးခန်းအတွင်း ဓားထိုးခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။အဲဒီဖြစ်စဉ်ဟာ မကွေးမြို့၊ ပြည်တော်သာလမ်းနဲ့ ဆေးရုံလမ်းထောင့်အနီးက ဆေးရုံလမ်းရဲ့ အနောက်ဘက်မှာရှိတဲ့ “စိမ်း” ဆေးခန်းမှာ မနေ့ ညနေ ၅ နာရီကျော်ဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၆၅ နှစ်ဝန်းကျင်အရွယ် ဆရာဝန်မကြီးတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။“ဆရာမကြီးက အသပြာဆရာမကြီး မဟုတ်ဘူး။ သူက လူနာတိုင်းကို ပိုက်ဆံယူပြီး ကုပေးတာမဟုတ်ဘူး။ မရှိတဲ့သူတွေကို စေတနာနဲ့ အခမဲ့ ကုပေးနေတာ။ ပြစ်မှုကျူးလွန်တဲ့သူက မနက်ပိုင်းတခေါက် ဆေးခန်းလာပြသေးတယ်ပြောတယ်။ ပိုက်ဆံမပါလာတော့ ဆရာဝန်မကြီးက ရတယ် မပေးနဲ့လို့ ပြောတာကို သူက ညနေလာပြန်ပေးမယ်လို့ ပြောတယ်တဲ့။ ညနေ တခေါက်ပြန်လာတဲ့အချိန်မှာ အခင်းဖြစ်တာပေါ့။…

Read More

အစ္စရေးဝန်ကြီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ ဟားမတ်စ်တပ်မှူးတို့ကို ICC ဖမ်း၀ရမ်းထုတ်ပြီ

သည်ဟိတ်၊ နိုဝင်ဘာ-၂၂-၂၀၂၄မျိုးဆက်(VOM)နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC )က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ရော့ဗ်ဂယ်လန့်နဲ့ ဟားမတ်စ်ထိပ်တန်းတပ်မှူးတို့ကို စစ်ရာဇဝတ်မှုများကျူးလွန်တယ်ဆိုကာ ဖမ်း၀ရမ်းထုတ်ပြန်လိုက်ပါတယ်။ဂါဇာမှာ အရပ်သားတွေကို တမင်တကာပစ်မှတ်ထားနေတယ်လို့ ICC က အခြေအမြစ်မရှိ လွဲမှားစွာ စွပ်စွဲနေတာဖြစ်ပြီး မိမိတို့အနေနဲ့ အရပ်သားထိခိုက်မှုတွေကို ရှောင်ရှားဖိုး နည်းလမ်းအားလုံး လုပ်ဆောင်နေခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဝေဖန်ပြောဆိုပါတယ်။အိုင်စီစီဟာ အစ္စရေးဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းတို့အပြင် ဟားမတ်စ်တပ်မှူး မိုဟာမက်ဒိဖ်ကိုလည်း ဖမ်း၀ရမ်းထုတ်ခဲ့ပြီး သူဟာ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနဲ့ ဓါးစာခံဖမ်းဆီးမှုတွေ အပါအဝင်စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိတယ်လို့ အိုင်စီစီတရားသူကြီးတွေက ပြောပါတယ်။ဟားမတ်စ်တပ်မှူး မိုဟာမက်ဒိဖ်ကတော့ ဂါဇာဒေသမှာ ဇူလိုင်လအတွင်းက သုတ်သင်ခံခဲ့ရကြောင်း အစ္စရေးက ပြောဆိုထားပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ စစ်ပွဲအတွင်း စစ်ရာဇဝတ်မှုမျာစွာအပြင် ငတ်မွတ်ခေါင်းပါးမှုကို စစ်ပွဲနည်းလမ်းအဖြစ် အသုံးပြုခြင်းအတွက် ဖမ်း၀ရမ်းအထုတ်ခံရသူသုံးယောက်မှာ တာဝန်ရှိကြောင်းယုံကြည်ရတဲ့ အကြောင်းပြချက်တွေရှိတယ်လို့ တရားသူကြီးတွေကပြောပါတယ်။အစ္စရေးနဲ့ဟားမတ်စ်တို့ကတော့ ဒီစွပ်စွဲချက်တွေကို ပယ်ချထားခဲ့ပါတယ်။ အိုင်စီစီက…

Read More

မြေမြုပ်မိုင်းကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲ မြန်မာ နံပါတ် ၁ ချိတ်

Ms(VOM) နိုဝင်ဘာ၂၂၊၂၀၂၄ ၂၀၂၃ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ တကမ္ဘာလုံးမှာ မြေမြုပ်မိုင်းကြောင့်သေဆုံးရမှုက ထိပ်ဆုံးအဆင့်ထိရောက်ရှိလာတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ မြေမြှုပ်မိုင်းများ တားဆီးရေး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ (ICBL)ကနေ ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာပေါ်က စစ်ပွဲနဲ့ပဋိပက္ခ ဖြစ်ပွားနေတဲ့နိုင်ငံအများကြားမှာ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ကာလတွေကထက် မြေမြုပ်မိုင်းကြောင့်သေဆုံးရသူဦးရေ ဆတိုးပွားများလာရာ ၂၀၂၃ခုနှစ်အတွင်း မှာ သေဆုံးသူအရေအတွက် ၁၀၀၃ဦးအထိ ရှိလာတယ်လို့ ICBL ရဲ့ အခုလနိုဝင်ဘာ၂၀ရက်ကထုတ်ပြန်တဲ့စစ်တမ်းစာရင်းမှာဖော်ပြလာပါတယ်။ ဒါ့အပြင် အခုနှစ်မှာ ကမ္ဘာတစ်ဝှမ်း မြေမြှုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်သော စစ်ပွဲအကြွင်းအကျန်တွေကြောင့် သေဆုံး ဒဏ်ရာရသူ (၅၇၅၇) ဦးထက်မနည်း ရှိခဲ့ရာမှာ မြန်မာနိုင်ငံအနေနဲ့ ယခင်က စစ်ပွဲများအပြင်းအထန်ဖြစ်ပွားနေတယ်လို့ နာမည်ကြီးခဲ့တဲ့ ဆီရီးယားနိုင်ငံထက်ကို လူပေါင်း၇၀ကျော်ပမာဏထိ အရေအတွက်ပိုတဲ့ထိခိုက်သေဆုံးမှုတွေကို ကြုံတွေ့နေရတာလို့လည်းဆိုပါတယ်။ ” မြေမြုပ်မိုင်းတွေကြောင့် ထိခိုက်မှုနဲ့သေဆုံးမှုတွေ အတွက်အရေအတွက်တွေဟာ ICBL ရဲ့သိရှိရသလောက် အရေအတွက်နဲ့အခြေအနေတွေကိုသာမှတ်တမ်းတင်ထားတာဖြစ်လို့ မသိရှိနိုင်တဲ့ စစ်ပွဲဒေသတွေက ဖြစ်စဉ်တွေလည်း ရှိနိုင်သေးကြောင်းနဲ့အခုနှစ်အစီရင်ခံစာထဲမှာ မြေမြှုပ်မိုင်းကြောင့် ကလေးငယ်…

Read More

ဒေါ်စောမြရာဇာလင်း ( ဥက္ကဌ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP )နဲ့ တွေ့ဆုံခြင်း

“တိုက်ပွဲရဲ့ သံသရာထဲမှာအများကြီး အလူးအလဲခံနေကြရတာက ပြည်သူတွေဖြစ်တယ်”နိုဝင်ဘာ-၂၂-၂၀၂၄KKO(VOM)လက်ရှိတိုင်းပြည်အတွင်းမှာ ကျယ်ပြန့်စွာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပြည်တွင်းစစ်ပွဲတွေ အခြေအနေ၊မြန်မာ့နိုင်ငံရေးအလားအလာ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်းအရာတွေနဲ့ ပတ်သက်လို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်မှာပထမဦးဆုံးအနေနဲ့ ပါဝင်လက်မှတ်ရေးထိုးထားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ရဲ့ ဥက္ကဌ ဖြစ်သူ ဒေါ်စောမြရာဇာလင်းနဲ့ Voice of Myanmar သတင်းဌာနတို့ တွေ့ဆုံမေးမြန်းခဲ့မှုတွေကို ဖော်ပြပေးလိုက်ရပါတယ်။မေး။ ။ ဆရာမ မင်္ဂလာပါခင်ဗျာ့။ဖြေ။ ။ ဟုတ်ကဲ့ မင်္ဂလာပါရှင့်။မေး။ ။ ပထမဦးဆုံးအနေနဲ့ လက်ရှိတိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခအခြေအနေတွေဟာ ဘယ်လိုအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာရလဲဆိုတာကို ဆရာမရဲ့သုံးသပ်မှုအမြင်လေးကို ဦးစွာသိလိုပါတယ် ခင်ဗျာ့။ဖြေ။ ။ ကျွန်မမြင်တာကတော့ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာတိုက်ပွဲပေါင်းမျိုးစုံနဲ့ နေရာဒေသအသီးသီးမှာလက်နက် ကိုင်တော်လှန်ရေးတွေပေါ်ပေါက်လာခဲ့တယ်။ အဲဒီလိုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေပေါ်ပေါက်လာတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင် NCA ဟာပထမဆုံးဖြစ်ပေါ်လာတဲ့အပစ်အခတ်ရပ်စဲရေးစာချုပ်တစ်ခုဖြစ်တာပေါ့။အရင်က အဲဒီလိုမဖြစ်ခဲ့လို့ဘဲ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကိုမဖြေရှင်းနိုင်ခဲ့သလို လူထုအုံကြွမှုတွေမကြာခဏပေါ်ပေါက်ခဲ့တာရှိတယ်။ဥပမာဆိုလို့ရှိရင်(၈၈)အရေး တော်ပုံတို့ ၂၀၀၇ မှာဆိုလို့ရှိရင်ရွှေ၀ါရောင်လှုပ်ရှားမှုတွေအဲ့လိုဖြစ်တာပေါ့လေ၊ပေါ် ပေါက်ခဲ့တာပေါ့၊ အဲဒီလိုပုံစံမျိုးတွေအများကြီးဖြစ်ခဲ့တယ်။အခုရွေးကောက်ပွဲရဲ့နောက်ပိုင်းမှာလည်းပြည်သူတွေအားလုံးကမကြုံဘူးတဲ့ကိစ္စတွေတိုင်းပြည်မှာအများကြီးပေါ်ပေါက်လာခဲ့တာကတော့အားလုံးသိတဲ့အတိုင်းပဲဖြစ်ပါတယ်။အဲ့ဒါကတော့အကြောင်းအရာပေါင်းများစွာမြန်မာနိုင်မှာရှိခဲ့တယ်လို့…

Read More

မြောက်ကိုရီးယားအတွက် ရေနံစည်ပေါင်း တသန်းကျော် ရုရှားထောက်ပံ့

လန်ဒန်၊ နိုဝင်ဘာ-၂၂-၂၀၂၄မျိုးဆက်(VOM)ရုရှားဟာ ပြီးခဲ့တဲ့မတ်လကတည်းက မြောက်ကိုရီးယားအတွက် ရေနံစည်ပေါင်း တသန်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း ဗြိတိန်အခြေစိုက် Open Source Centre ရဲ့ ဂြိုဟ်တုဓါတ်ပုံဆန်းစစ်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။အဲဒီနေရေနံတွေကို ရုရှားအတွက် လက်နက်တွေထောက်ပံ့တာနဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်ပေးတာအတွက် အပြန်အလှန်အားဖြင့် ပေးအပ်ခဲ့တာလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီကလည်း ပြောပါတယ်။မြောက်ကိုရီးယား ရေနံတင်သင်္ဘော တဒါဇင်ကျော်ဟာ ရုရှားနိုင်ငံအရှေ့ဖျားပိုင်းရှိ ရေနံဆိပ်ကမ်းတခုကို လွန်ခဲ့တဲ့ရှစ်လအတွင်း ၄၃ ကြိမ်ထိ ဆိုက်ကပ်ခဲ့ပြီး သင်္ဘောတွေဟာ အပြန်မှာတော့ ဆီအပြည့်တင်ဆောင်ပြီး ထွက်ခွာသွားကြတယ်လို့ ဂြိုဟ်တုဓါတ်ပုံမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ပထမဆုံး ရေနံလွှဲပြောင်းမှုကိုတော့ မြောက်ကိုရီးယားက ရုရှားအတွက် လက်နက်ခဲယမ်းမီးကျောက်တွေ ပထမဆုံးအကြိမ် ပေးပို့မှုကို ဒီနှစ်မတ်လ ၇ ရက်မှာ စတင်ခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ယူကရိန်းစစ်ပွဲအတွက် စေလွှတ်မှုတွေရှိကြောင်း သတင်းတွေထွက်နေချိန်မှာ ရေနံလွှဲပြောင်းမှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးအကြိမ်ကတော့ နိုဝင်ဘာ ၅ ရက်နေ့ဖြစ်တယ်လို့…

Read More

This Day in History

Voice of Myanmarအမေရိကန်၏ ၃၅ ယောက်မြောက်သမ္မတ ဂျွန်အက်ဖ်ကနေဒီသည် တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့တွင် ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

Read More
VOM News

FREE
VIEW