Voice of Myanmar ၁၉၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်၊ နံနက် ၅ နာရီတွင် မဟာမိတ်အင်အားကြီးနိုင်ငံများနှင့် ဂျာမနီတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ခြောက်နာရီအကြာတွင် ပထမကမ္ဘာစစ်ကြီး အဆုံးသတ်ခဲ့လေသည်။
Read MoreMonth: November 2024
ကျပ်ငွေစက္ကူတချို့ ဖျက်သိမ်းဖွယ်ရှိကြောင်း ကောလာဟလ ဖြန့်ဝေသူတွေကို အရေးယူမယ်
နိုဝင်ဘာ ၁၁ – ၂၀၂၄SS (VOM)တရားဝင် ထုတ်ဝေထားတဲ့ ကျပ်ငွေစက္ကူတချို့ ဖျက်သိမ်းဖွယ်ရှိကြောင်း ကောလာဟလ ဖြန့်ဝေသူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့ နိုဝင်ဘာက ၁၀ ရက်မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လက်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ မြန်မာ့ငွေစက္ကူတချို့ ဖျက်သိမ်းနိုင်ဖွယ် ရှိနေတဲ့အပြင် အသစ်တွေ အစားထိုးဖွယ် ရှိနေပြီး ဘဏ်တွေလည်း ပိတ်သိမ်းတော့မှာဖြစ်တဲ့အကြောင်း သတင်းမှားတွေ ဖြန့်ဝေမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ဒါကြောင့် ဗဟိုဘဏ်အနေနဲ့ လက်ရှိမှာ သတင်းမှားတွေ ဖြန့်ဝေနေတဲ့ လူပုဂ္ဂိုလ်တွေ၊ Page နဲ့ Group တွေရဲ့ Admin တွေကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူနိုင်ဖို့အတွက် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထု အမှန်အတိုင်း သိရှိစေဖို့ ဗဟိုဘဏ်…
Read Moreရုရှား မော်စကိုမြို့တော်ကို ယူကရိန်းက ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်
မော်စကို၊ နိုဝင်ဘာ-၁၁-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းဟာ ရုရှားနိုင်ငံ မော်စကိုနဲ့ အခြေားဒေသခြောက်ခုကို ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး ရုရှားကလည်း ယူကရိန်းကို ဒရုန်းအများအပြားနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ဒါဟာ ယူကရိန်းစစ်ပွဲစတင်ကတည်းက ရုရှားနိုင်ငံ မြို့တော်မော်စကိုမှာ အကြီးအကျယ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆိုပါတယ်။ ဒရုန်း ၃၄ စင်းကို မော်စကိုမြို့ပေါ်မှာ ပစ်ချခဲ့တယ်လို့ ပြောပါတယ်။ရုရှားနိုင်ငံ မော်စကိုနဲ့ အနီးဝန်းကျင်ဒေသတွေကို ချဉ်းကပ်လာတဲ့ ယူကရိန်း ဒရုန် ၈၄ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ယူကရိန်းဒရုန်းတွေကြောင်း အဓိက လေဆိပ်သုံးမှာ လေယာဉ်တွေ လမ်းကြောင်းပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ရုရှားဟာလည်း ယူကရိန်းဘက်ကို ပြီးခဲ့တဲ့ စနေနေ့ညက ဒရုန်း၁၄၅ စင်းနဲ့ ပစ်ခတ်ခဲ့ပြီး အများစုကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က နှစ်ဘက်စလုံးကို ဖိအားပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိနေချိန်မှာ ဒရုန်းတိုက်ခိုက်မှုတွေ အပြန်အလှန် လုပ်ဆောင်ခဲ့တာပါ။လက်ရှိမှာတော့…
Read Moreတန်ဆောင်တိုင်ပွဲဧရိယာအတွင်း လိုင်စင်မဲ့ကား/ဆိုင်ကယ်တွေ တွေ့ရှိပါက အရေးယူမယ်
ZY(VOM)နိုဝင်ဘာ ၁၁၊ ၂၀၂၄ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လာမယ့် နိုဝင်ဘာလ ၁၁ရက်ကနေ ၁၇ရက်အထိ ကျင်းပပြုလုပ်မယ့် တန်ဆောင်တိုင်ပွဲတော်ရဲ့ ပွဲဧရိယာအတွင်း လိုင်စင်မဲ့ကား/ဆိုင်ကယ်တွေ တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ဒေသခံအာဏာပိုင်တွေက အသိပေးထားပါတယ်။တန်ဆောင်တိုင်ပွဲကို တောင်ကြီးတက္ကသိုလ်အနီးရှိ အဝေရာကုန်းသာယာကွင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပွဲဧရိယာအတွင်းကို လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေကို လုံးဝဝင်ခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။“မိန်းလမ်းကနေတော့ ဝင်လို့မရဘူး။ သစ်တောဂိတ်ဖက်ကနေ ဝင်လို့ရမယ်၊ အနောက်မြို့ပါတ်လမ်းအတိုင်း မြို့ရှောင်လမ်းကနေ ရထားသံလမ်းလမ်းဆုံဂိတ်ဖက်ကနေ ဝင်လို့ရမယ်။ အဲဒီ ၂နေရာလုံးမှာ ဂိတ်တွေရှိမယ်။ ကား၊ ဆိုင်ကယ်တွေ လိုင်စင်မပါရင် ဝင်လို့မရဘူး။ ဆိုင်ကယ်အပ်တဲ့နေရာတွေအထိ လိုက်စစ်မယ်လို့ ပြောတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက VOMကို ပြောပါတယ်။ဒါ့အပြင် ပွဲဝင်မုဒ်ဦးဝင်ပေါက်မှာ X-Rayစက်ထားရှိကာ လုံခြုံရေးစစ်ဆေးသွားမှာဖြစ်ကြောင်းနဲ့ နစကဥက္ကဌ တက်ရောက်မှာဖြစ်ကြောင်း သတင်းထွက်ပေါ်နေပေမယ့် VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။အခုနှစ်မှာ ကျင်းပမယ့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို…
Read Moreမြောက်ဥက္ကလာလျှပ်စစ်ရုံးနဲ့ မှော်ဘီမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့
နိုဝင်ဘာ ၉ – ၂၀၂၄ SS (VOM) မနေ့ နိုဝင်ဘာ ၈ ရက်၊ ညပိုင်းနဲ့ ဒီကနေ့ နိုဝင်ဘာ ၉ ရက်၊ မနက်အစောပိုင်းတွေမှာ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံး နဲ့ မှော်ဘီမှာပေါက်ကွဲမှုဖြစ်ပွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ နိုဝင်ဘာ ၈ ရက်၊ ည ၇ နာရီဝန်းကျင်ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ လျှပ်စစ်ရုံး လုံခြုံရေးဂိတ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ “မြောက်ဥက္ကလာ အဝိုင်းနားက လျှပ်စစ်ရုံးမှာ ပေါက်ကွဲမှုဖြစ်တာ။ ခဏနေတော့ နစက လုံခြုံရေးအဖွဲ့တွေရောက်လာတာ အများကြီးပဲတွေ့ရတယ်။ လူနာတင်ကားလည်း တွေ့တယ်။ သူတို့ (နစက) ဘက်ကလူတွေ ထိခိုက်သွားတာ ရှိတယ်ထင်တယ်။ လဲကျနေတာတွေ တွေ့ခဲ့တယ်။ နောက်တော့ လုံခြုံရေးအဖွဲ့တွေက ထုံးစံအတိုင်းပါပဲ။ လမ်းပိတ်စစ်ဆေးတာတွေ လုပ်ကြတာပေါ့” လို့…
Read Moreတောင်ကြီးတန်ဆောင်တိုင် ရက်ရွေ့လိုက်လို့ ဟိုတယ်ဘိုကင်တင်ထားသူတွေ အခက်ကြုံ
ZY(VOM) နိုဝင်ဘာ ၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီကနေ့ နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ ၇ရက်ကြာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ တန်ဆောင်တိုင်ပွဲတော်ကို ပွဲရက်ရွေ့ဆိုင်း လိုက်တဲ့အတွက် ဟိုတယ်ဘိုကင်တင်ထားသူတွေဟာ အခက်ကြုံနေရတယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေထံကနေ သိရပါတယ်။ မူလက တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားပေမယ့် လက်ရှိ မိုးလေဝသခန့်မှန်းချက်များအရ ရာသီဥတုအခြေအနေအပေါ်မူတည်ပြီး လာမယ့် နိုဝင်ဘာလ ၁၁ရက်ကနေ ၁၇ရက်အထိ ပြောင်းလဲကျင်းပမယ်လို့ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီက နိုဝင်ဘာလ ၈ရက်၊ ညပိုင်းမှာ ထုတ်ပြန်အသိပေးထားပါတယ်။ ဒီပွဲတော်ရွေ့ဆိုင်းမှုကြောင့် နိုဝင်ဘာလ ၈ရက်ကနေ ၁၆ရက်အထိ မြို့တွင်းရှိ ဟိုတယ်၊ မိုတယ်အားလုံးမှာ ကြိုတင်ဘိုကင်ပြည့်နေတဲ့ ရန်ကုန်၊ နေပြည်တော်စတဲ့ ရပ်ဝေးက ဧည့်သည်တွေ အခက်ကြုံနေရပြီး ဟိုတယ်ဘိုကင်ထပ်မရရှိတဲ့အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ “၈ရက်ကနေ ၁၆ရက်အထိက…
Read Moreတောင်ငူအနီး တိုက်ပွဲပြင်းထန်နေလို့ ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရ
နိုဝင်ဘာ ၉ – ၂၀၂၄ SN (VOM) ပဲခူးတိုင်း၊ တောင်ငူမြို့အပြင်ရှိ ကျေးရွာတွေအနီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရတယ်လို့ အဲဒီ ဒေသခံတွေဆီက သိရပါတယ်။ တောင်ငူမြို့အပြင်က အိုင်စောက်၊ ကမ်းနီ၊ ကရင်နီကုန်း၊ သက်ကယ်ကျင်း၊ ညောင်စခန်း၊ ကွမ်းသီးပင်နဲ့ ဇီးဖြူကုန်းကျေးရွာတို့မှာ မနေ့ နိုဝင်ဘာ ၈ ရက်၊ မနက်အစောပိုင်းကစပြီး နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ဒီကနေ့ နိုဝင်ဘာ ၉ ရက်၊ မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ “တိုက်ပွဲက ရုတ်တရက်ကြီးထဖြစ်တာ။ နှစ်ဖက် ပစ်ခတ်တာတွေနဲ့ တော်တော်ပြင်းထန်တယ်။ ရွာထဲ၊ လယ်ကွင်းတွေထဲ လက်နက်ကြီးကျတာတွေ ရှိနေတော့ ဘယ်သူမှ မနေရဲကြတော့ဘူး။ ဘေးလွတ်ရာကို ချက်ချင်းရှောင်ရတာ။ အဝတ်အစားတွေကလွဲလို့ ဘာမှကိုမယူနိုင်ဘူး” လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။…
Read Moreရုရှားရဲ့ ယူကရိန်းစစ်ရေးရည်မှန်းချက် မပြောင်းလဲဘူးလို့ ပူတင်ပြော
မော်စကို၊ နိုဝင်ဘာ-၉-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းမှာ ပြုလုပ်နေတဲ့ ရုရှားရဲ့စစ်ဆင်ရေး ရည်မှန်းချက်တွေကို ပြောင်းလဲဖို့ သမ္မတပူတင်က ရည်ရွယ်ချက်မရှိကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောပါတယ်။သမ္မတပူတင်ဟာ စစ်ဆင်ရေးပန်းတိုင်ကို ပြောင်းမယ်လို့ တခုမှမပြောဘူးကြောင်း၊ ရည်မှန်းချက်တွေက ယခင်နည်းတူပဲလို့ ကြိမ်ဖန်များစွာ ပြောခဲ့တယ်လို့ သူကဆိုပါတယ်။ ပူတင်ဟာ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့လည်း ဆွေးနွေးဖို့ အသင့်ဖြစ်နေပြီလို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။အမေရိကန်ပြည်သူတွေ ယုံကြည်စိတ်ချလို့ ရွေးချယ်လိုက်တဲ့ ဘယ်သူနဲ့မဆို လက်တွဲလု်ပဆောင်သွားမယ်လို့ သမ္မတပူတင်က ပြောဆိုခဲ့ပါတယ်။ နေတိုးအဖွဲ့ထဲကို ယူကရိန်းဝင်ရောက်မယ့် ကိစ္စကို ပယ်ချခြင်းအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အဆိုပြုချက်တွေကို ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ ပူတင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသလေးခုနဲ့ ကရိုင်းမီးယားဒေသကို ရုရှားရဲ့ အချုပ်အခြာအာဏာစက်အတွင်း ထည့်သွင်းဖို့ဆိုတာ လက်ခံရမယ်လို့ ပူတင်က အခိုင်အမာဆိုပါတယ်။ ရုရှား-ယူကရိန်းနယ်နိမိတ်ဟာ ဒေသခံတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ရေးဆွဲသင့်တယ်လို့လည်း သူကပြောပါတယ်။ယူကရိန်းကတော့ ရုရှားရဲ့တောင်းဆိုချက်တွေကို ပယ်ချထားပြီး ယူကရိန်းပိုင်နက်တွေ ပြန်လည်ရရှိရေးနဲ့ ရုရှားတပ်တွေ…
Read Moreရွေးကောက်ပွဲ ရှုံးနိမ့်မှု သမ္မတဂျိုးဘိုင်ဒင်ကို အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပလိုစီ အပြစ်တင်
ဝါရှင်တန်၊ နိုဝင်ဘာ-၉-၂၀၂၄မျိုးဆက်(VOM)အမေရိကန်သမ္မတရွေးကောက်ပွဲ့နေ သမ္မတဂျိုးဘိုင်ဒင် စောစောစီးစီးနုတ်ထွက်ခဲ့မယ်ဆိုရင် ဒီမိုကရက်တစ်တွေအတွက် ရွေးကောက်ပွဲမှာ အခြေအနေပိုကောင်းနိုင်တယ်လို့ အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပလိုစီက ပြောဆိုလိုက်ပါတယ်။သမ္မတဘိုင်ဒင်သာ ရွေးကောက်ပွဲယှဉ်ပြိုင်မှုကနေ မြန်မြန်ထွက်ခဲ့မယ်ဆိုရင် တခြားကိုယ်စားလှယ်လောင်းတွေ ရှိကောင်းရှိလာနိုင်တယ်လို့ နယူးယောက်တိုင်းမ်သတင်းဌာနကို သူမက ပြောပါတယ်။ လက်ရှိမှာတော့ ပြိုင်ဘက် ရီပတ်ဘလီကန်တွေဟာ သမ္မတရာထူးရယူနိုင်တဲ့အပြင် လွှတ်တော်နှစ်ရပ်စလုံးမှာလည်း အများစုအနိုင်ရထားပါတယ်။ဒေါ်နယ်ထရန့်နဲ့ စကားစစ်ထိုးပြီးနောက် ဂျိုးဘိုင်ဒင်ရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ဖို့ သမ္မတဂျိုးဘိုင်ဒင်ကို ဖိအားပေးမှုတွေမှာ နိုင်ငံရေးဩဇာကြီးမားတဲ့ နန်စီပလိုစီက ဦးဆောင်ခဲ့တယ်လို့ ရှုမြင်ခြင်း ခံထားရပါတယ်။ဘိုင်ဒင်ဟာ အဲဒီနောက်ပိုင်းမှာတော့ သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ခဲ့ပြီး ဒုတိယသမ္မတဖြစ်သူ ကမလာဟားရစ်ကို ထောက်ခံခဲ့ပါတယ်။ ကမလာဟားရစ်ကတော့ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်သူ ဒေါ်နယ်ထရန့်ကို ရှုံးနိမ့်ခဲ့ပါတယ်။ရွေးကောက်ပွဲ ရလဒ်ကို လက်ခံကြောင်းနဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကို ငြိမ်းချမ်းစွာ စနစ်တကျ အာဏာလွှဲပြောင်းရေးကို ကတိပြုကြောင်း သမ္မတဂျိုးဘိုင်ဒင်က ကတိပြုထားပြီး ထရန့်ကတော့ လက်ရှိမှာ…
Read Moreထိုင်းမှာ သက်တမ်းလွန်နေထိုင်သူတွေ ဒဏ်ကြေးပေးရမယ့်အပြင် ပြည်ဝင်ခွင့်ပါ ပိတ်ခံရမယ်
နိုဝင်ဘာ ၉ – ၂၀၂၄SS (VOM)ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန် နေထိုင်သူတွေအနေနဲ့ ဘတ် နှစ်သောင်းထက် မပိုတဲ့ ဒဏ်ကြေး ပေးဆောင်ရမယ့်အပြင် ပြည်ဝင်ခွင့်ပါ ပိတ်ပင်ခံရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက မနေ့ နိုဝင်ဘာ ၈ ရက်မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူတွေ (မည်သည့်အထောက်အထား၊ လက်မှတ် ကိုင်ဆောင်သူမဆို) တရက်ကို ဘတ် ၅၀၀ နှုန်းနဲ့ စုစုပေါင်း ဘတ် နှစ်သောင်းထက်မပိုတဲ့ ဒဏ်ကြေးငွေကို လူဝင်မှုကြီးကြပ်ရေးဗျူရိုမှာ ခြွင်းချက်မရှိ ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ဒါအပြင် နေထိုင်ခဲ့တဲ့ သက်တမ်းလွန် ကာလအလိုက် ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ခွင့်ကိုလည်း ပိတ်ပင်သွားမှာ ဖြစ်တယ်လို့ သံရုံးရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ဒါနဲ့ ပတ်သက်လို့ ထိုင်းရောက် မြန်မာလုပ်သားတယောက်က “ကိုယ့်လူမျိုးတွေရဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးဖို့ထက် ပိုပြီး ဒုက္ခရောက်အောင်ကိုပဲ အကြောင်းအမျိုးမျိုး ရှာနေကြတယ်။ သူများနိုင်ငံမှာ…
Read More