ZY(VOM) နိုဝင်ဘာ ၇၊ ၂၀၂၄ ရခိုင်ပြည်နယ်ကို ကုန်စည်တင်ပို့ရာလမ်းကြောင်း မကောင်းနိုင်သေးတဲ့အတွက် လာမယ့် ၂၀၂၅၊ ၂၀၂၆ခုနှစ် ၂နှစ်တာကာလ အတွင်း ချင်းလျှော့စိုက်ဖို့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသက တောင်သူတွေကို ကုန်သည်တွေက တိုက်တွန်းပြောဆိုမှုတွေ ရှိနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှ ထွက်ရှိတဲ့ ချင်းတွေကို အဓိကထား ဝယ်ယူနေတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်ပြီး ချင်းတင်ပို့ရောင်းချနိုင်ဖို့ သယ်ယူပို့ဆောင်ရေးအတွက် အလွယ်ကူဆုံးနဲ့ အသက်သာဆုံးဖြစ်တဲ့ လမ်းကြောင်းက ရခိုင်၊ တောင်ကုတ်လမ်းကြောင်းဖြစ်နေတယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။ အဲဒီလမ်းကြောင်းမှာ နစကတပ်ဖွဲ့နဲ့ AAတို့အကြား တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်တိုက်ရှိနေပြီး လာမယ့် ၂နှစ်တာ ကာလအတွင်း လမ်းကြောင်းပြန်မကောင်းသေးတဲ့အတွက် ချင်းတွေကို လျှော့ချပြီး အခြားသီးနှံတွေ အစားထိုးစိုက်ပျိုးသင့်တယ်လို့ ဆိုပါတယ်။ “ရခိုင်ပြည်နယ် လမ်းကြောင်းမကောင်းနိုင်သေးတဲ့အတွက် ချင်းအရောင်းအဝယ် မကောင်းနိုင်ဘူး။ ချင်းတွေကို အဓိကဝယ်တာက ဘင်္ဂလားဒေ့ရှ်။ သယ်ယူပို့ဆောင်ရေးအတွက် အလွယ်ကူဆုံးနဲ့ အသက်သာဆုံးဖြစ်တဲ့ လမ်းကြောင်းက ရခိုင်၊တောင်ကုတ်မလား။…
Read MoreMonth: November 2024
မြဝတီ-ကော့ကရိတ်လမ်းပိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဂိတ်ပေါင်း ၅ဝ ကျော်ကို လမ်းအသုံးပြုခ ပေးနေရလို့ အခက်ကြုံနေ
နိုဝင်ဘာ ၇ – ၂ဝ၂၄ KKO(VOM) အာရှလမ်းမကြီးမှလွဲလို့ မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွေအားလုံးကို ပြီးခဲ့တဲ့ အောက်တို ဘာလကုန်ပိုင်းမှစလို့ ပုံမှန်အတိုင်းအသုံးပြုသွားလာနိုင်ပြီဖြစ်သော်လည်း လမ်းတံတားဂိတ်ကြေးများစွာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ တွေကို လမ်းအသုံးပြုသူတွေက ပေးဆောင်နေရလို့ အခက်တွေ့နေရတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။ ဒီလမ်းပိုင်းအတွင်းမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင့်လက် နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့ တွေရဲ့ဂိတ်တွေဟာ ဂိတ်ပေါင်း ၅ဝ ကျော်အထိရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် လမ်းကြေးကောက်ခံမှုတွေကနေ တဆင့် ကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့တလပျမ်းမျှဝင်ငွေဟာ မြန်မာကျပ်ငွေသိန်းပေါင်းလေးသောင်းဝန်းကျင်အထိရရှိနေတယ်လို့လည်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)က သူတို့ရဲ့သုတေသနစာတမ်းတစ်စောင်မှာ ထုတ်ဖော်ရေးသားထားခဲ့ပါတယ်။ “အာရှလမ်းမကြီးကလွဲလို့ မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွေ အားလုံးပုံမှန်အတိုင်းသွားလာလို့ရပါပြီ။ လမ်းတွေအားလုံးသွားလို့ရပြီ။အာရှလမ်းမကြီးကတော့အသုံးပြုလို့မရသေးဘူး။အခုသွားလို့ရတယ်ဆိုတာက တောလမ်းတွေဘက်ပါ”လို့ မြဝတီမြို့ဒေသခံ တယောက်က VOM ကို ပြောပါတယ်။ မြဝတီမြို့ဒေသခံတွေနဲ့ ကုန်တင်ယာဉ်မောင်းနှင်သူတွေရဲ့ပြောကြားမှုအရအောက်တိုဘာ လကုန်ပိုင်းမှစလို့ မြဝတီ-ကော့ကရိတ်သွားလမ်းပိုင်းတွေဖြစ်တဲ့ ယခင်လမ်းဟောင်းဒေါနတောင်တက်လမ်းအပါအဝင် ၁၀၁၈ လမ်း၊ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်းပိုင်းတွေ ပြန်လည်ပြင်ဆင်ပြီးပြီဖြစ်လို့…
Read Moreမြောက်ကိုရီးယား တပ်တွေနဲ့ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပြီလို့ ယူကရိန်းပြော
ကိဗ်ယက်၊ နိုဝင်ဘာ-၇-၂၀၂၄မျိုးဆက်(VOM)မြောက်ကိုရီးယားတပ်တွေနဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ယူကရိန်းစစ်တပ် တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၄ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာပါဝင်ခဲ့ပြီး မြောက်ကိုရီးယားစစ်သား အုပ်စုငယ်ကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတန်ယူမီရော့ဗ်က ကေဘီအက်စ် သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။မြောက်ကိုရီးယားတပ်တွေ ရုရှားကို ရောက်ရှိလာတာနဲ့ပတ်သက်ပြီး တုံ့ပြန်ခြင်းမရှိတဲ့ အနောက်မဟာမိတ်နိုင်ငံတွေကို ပြစ်တင်ပြောဆိုထားတဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ မြောက်ကိုရီးယားနဲ့ ပထမဆုံးတိုက်ခိုက်မှုဟာ ကမ္ဘာမှာ မတည်မငြိမ်ဖြစ်မှုရဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်တာလို့ သတိပေးထားပါတယ်။.ယူကရိန်တပ်တွေ ခြေကုပ်ယူထားတဲ့ ကာ့စ်နယ်စပ်ဒေသမှာ မြောက်ကိုရီးယားစစ်သား ၁၁၀၀၀ ရှိတယ်လို့ ယူကရိန်းက ပြောဆိုထားပြီး အများစုဟာ လေ့ကျင့်မှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။“ သူတို့က ရုရှားစစ်ယူနီဖောင်းတွေဝတ်ပြီး နည်းဗျူဟာပိုင်း လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး ရှေ့တန်းစစ်မျက်နှာတွေမှာ ရုရှားစစ်တပ်ရဲ့ ကွပ်ကွဲမှုနဲ့အတူ ဖြန့်ကြက်နေတယ် ”လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက…
Read MoreThis Day in History
Voice of Myanmar အင်္ဂါဂြိုဟ်ကို ကာလရှည်ကြာ လေ့လာနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် စက်ရုပ်အာကာသယာဉ် မားစ်ဂလိုဘယ်ဆာဗေယာသည် ဂြိုဟ်ပေါ်တွင် စတုတ္ထအကြိမ်မြောက် တိုးချဲ့မစ်ရှင်ပြုလုပ်စဉ် ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် အမေရိကန်အာကာသအေဂျင်စီ (နာဆာ) နှင့် အဆက်အသွယ်ပြတ် ပျောက်ဆုံးခဲ့သည်။
Read More.ရာသီဥတုပြောင်းလဲမှုရဲ့ အချက်ပေးခေါင်းလောင်းသံတွေ
သွေး (စစ်ကိုင်း)လူသားတွေ မှီတင်းနေထိုင်တဲ့ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးအောင် ထိန်းသိမ်းကာကွယ် ရမှာက အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက လူသားတွေရဲ့ လုပ်ဆောင်မှုကြောင့်ပဲ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နေရသလို ရာသီဥတုပြောင်းလဲမှု (Climate Change) ဖြစ်ပေါ်နေရတာပါ။ တစ်နှစ်ထက် တစ်နှစ် ပိုမို ဆိုးရွားလာနေ တဲ့ ရာသီဥတုဖြစ်စဉ်တွေကို မျက်ဝါးထင်ထင် တွေ့မြင်နေရသလို လက်တွေ့အနေနဲ့လည်း ထိခိုက်ဆုံးရှုံးမှုတွေ ပိုများလာနေ ပါတယ်။မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်နေပြီလို့ ပညာရှင်တွေက လွန်ခဲ့တဲ့ နှစ်အတန်ကြာကတည်းက သတိပေးခဲ့ကြ ပေမဲ့ အလေးအနက်ထား ဂရုပြုမိသူ အင်မတန်နည်းပါးပါတယ်။ အထူးသဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမြေပြိုမှု တွေကြောင့် လူပေါင်း ၅၀၀ ကျော်အထိ သေဆုံးရတဲ့ ဖြစ်စဉ်တွေကြောင့် ဘာကြောင့် ဒီလောက် အထိ လူသေဆုံးမှု…
Read Moreရွေးကောက်ပွဲ အောင်ပွဲခံပြီလို့ ဒေါ်နယ်ထရန့် ကြေညာ၊ ပေးတဲ့ကတိ တည်မယ့် အစိုးရလို့ ပြော
ဝါရှင်တန်၊ နိုဝင်ဘာ-၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ဟာ လက်ရှိကျင်းပနေတဲ့ သမ္မတရွေးကောက်ပွဲမှာ အောင်ပွဲခံပြီလို့ သူ့ရဲ့ ထောက်ခံသူတွေကို အောင်ပွဲခံ မိန့်ခွန်းမှာ ကြေညာလိုက်ပါတယ်။ “အမေရိကန်ပြည်သူတွေက ကျွန်တော်တို့ကို မကြုံဖူးထောက်ခံခဲ့ပြီး စွမ်းအားအပြည့် လုပ်ပိုင်ခွင့် ပေးအပ်ခဲ့တယ် ” လို့ ထရန့်က ထောက်ခံသူတွေကို ပြောပါတယ်။ ဒီသမ္မတအလုပ်က ကမ္ဘာပေါ်မှာ အရေးကြီးပြီး သူ့ရဲ့ အစိုးရအနေနဲ့ ပေးတဲ့ကတိ တည်အောင်လုပ်မယ် ဆိုတဲ့ဆောင်ပုဒ်အတိုင်း လုပ်ဆောင်သွားမယ်လို့ သူကဆိုပါတယ်။ အရေးပါတဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ အနိုင်ရဖို့ အခြေအနေရှိနေတာကြောင့် သမ္မတရွေးကောက်ပွဲ အနိုင်ရဖို့ သေချာသလောက်ဖြစ်နေပြီဖြစ်ပါတယ်။ ထရန့်ဟာ အစောပိုင်းကတည်းက မြောက်ကယ်ရိုလိုင်းနားနဲ့ ဂျော်ဂျီယာတို့မှာ အနိုင်ရရှိပြီးနောက် ပြိုင်ဘက် ဒီမိုကရက်တစ်သမ္မတလောင်း ကမလာဟားရစ်ရဲ့ သမ္မတဖြစ်ရေး လမ်းကြောင်းက ကျဉ်းမြောင်းသွားခဲ့ပါတယ်။ ထရန့်ကတော့ ဖလော်ရီဒါမှာ သူ့ထောက်ခံသူတွေကို ဒီည မိန့်ခွန်းပြောမယ်လို့ ဆိုထားပြီး ထောက်ခံသူတွေကလည်း သူ့ရဲ့…
Read Moreကယားဒေသ ရေဘေးသင့်ပြည်သူတွေ ရေပြန်မကျသေးလို့ အခက်ကြုံနေ
နိုဝင်ဘာ ၆ – ၂၀၂၄ SN (VOM) ကယားပြည်နယ်မှာ ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ဒေသခံ သုံးသောင်းကျော်အတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ လူမှုကူညီရေး အဖွဲ့အစည်းတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် ကယားပြည်နယ်ထဲက လွိုင်ကော်၊ ရှားတော၊ နန်းမယ်ခုံ၊ မယ်စဲ့၊ ဟိုရာ၊ ဒီးမော့ဆို အပါအဝင် မြို့နယ် စုစုပေါင်း ၁၀ မြို့နယ်လောက်မှာ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေ ကြုံခဲ့ရပြီး အချိန် နှစ်လကျော်ကြာလာတဲ့အထိ လုံလောက်တဲ့အကူအညီတွေ မရရှိသေးဘူးလို့ သိရပါတယ်။ “တချို့မြို့နယ်က ရပ်ကွက်တွေဆို ရေလုံးဝ ပြန်မကျသေးတာတွေရှိတယ်။ ခုထိ ရေဘေးရှောင်စခန်းမှာ နေနေရတုန်း။ ရေကလည်း ရေသေကြီးလိုဖြစ်ပြီး ကျန်ခဲ့တာ။ မော်တာနဲ့ စုပ်ထုတ်မှ ရမယ်ထင်တယ်။ ရေတွေကလည်း အတော့်ကိုညစ်ပတ်နေပြီ။ ပြန်လည်ထူထောင်ရေးအတွက် အကူအညီ၊ အထောက်အပံ့တွေ အများကြီး လိုအပ်နေသေးတယ်။…
Read Moreအရှေ့အလယ်ပိုင်းအရေး တင်းမာနေချိန် အစ္စရေး ကာကွယ်ရေးဝန်ကြီး ထုတ်ပယ်ခံရ
တဲလ်အဗစ်၊ နိုဝင်ဘာ-၆-၂၀၂၄ ရတီ (VOM) အစ္စရေးကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂဲလ်လန့်ကို ဝန်ကြီးချုပ်နေတန်ယာဟုက ရာထူးမှထုတ်ပယ်လိုက်ပါတယ်။ ဒီနောက်မှာတောပ နိုင်ငံတွင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ် နုတ်ထွက်ပေးရေးကို ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။ အစ္စရေးဟာ အရှေ့အလယ်ပိုင်းဒေသမှာ အီရန်၊ မဟာမိတ်တွေနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်လိုက်တာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး အစ္စရေးကတ်ဇ်က အစားထိုးတာဝန်ယူမည်ဟု နေတန်ယာဟုက ပြောပါတယ်။ စစ်ပွဲကာလအတွင်း ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့အကြား ယခင်ကထက်ပိုပြီး ယုံကြည်မှုအပြည့်အ၀ရှိဖို့ လိုအပ်ပြီး ဂါဇာစစ်ပွဲအစပိုင်းလတွေမှာတော့ ယုံကြည်မှုနဲ့ အကျိုးရှိရှိ အလုပ်လုပ်ခဲ့ကြပေမယ့်လည်း မကြာသေးမီလများအတွင်း ယုံကြည်မှု ပြိုကွဲခဲ့တယ်လို့ သူကဆိုပါတယ်။ သူ့ရဲ့ ကြေညာချက်အပြီးမှာတော့ ဝန်ကြီးချုပ်နေတန်ယာဟု နုတ်ထွက်ပေးဖို့နဲ့ ကာကွယ်ရေးဝန်ကြီးသစ်အနေနဲ့ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးကို ဦးစားပေးလုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြပြီး ဆန္ဒပြသူအချို့ဟာ အယာလွန် အဝေးပြေးလမ်းမကြီး နှစ်ဘက်စလုံးကို ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးဟာ…
Read Moreတောင်ကြီးမှာ ဟိုတယ်ဘိုကင်ယူထားပြီး တန်ဆောင်တိုင်လာမယ့် ဧည့်သည်တွေကို ဈေးတင်ကာ ပြန်လည်ငှားရမ်းမှုတွေ ရှိနေ
ZY(VOM) နိုဝင်ဘာ ၆၊ ၂၀၂၄ ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော် ကျင်းပပြုလုပ်မယ့်ရက်တွေကို ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကို ဘိုကင်ကြိုတင်ယူထားပြီးနောက် တန်ဆောင်တိုင် လာမယ့် ဧည့်သည်တွေကို ဈေးတင်ကာ ပြန်လည်ငှားရမ်းမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေ ထံကနေ သိရပါတယ်။ တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်ကို လာမယ့် နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလ ၈ရက်ကနေ ၁၆ရက်အထိ မြို့တွင်းရှိ ဟိုတယ်၊ မိုတယ်အားလုံး ဘိုကင်ပြည့်နေပြီဖြစ်တယ်လို့ ဟိုတယ်ဝန်ထမ်းတွေထံကနေ သိရပါတယ်။ အဲဒီဘိုကင်အများစုတွေကို လူတစုက ပြီးခဲ့တဲ့ အောက်တိုဘာလ၊ နောက်ဆုံးပါတ်မတိုင်ခင်ကတည်းက ကြိုတင်မှာယူထားတာဖြစ်ပြီး တောင်ကြီးနဲ့ပါတ်သက်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေ၊ ခရီးသွားဝန်ဆောင်မှုနဲ့ ပါတ်သက်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဈေးတင်ကာ ပြန်လည်ငှားရမ်းမှုတွေကို ရှိနေတယ်လို့ သိရပါတယ်။…
Read MoreThis Day in History
Voice of Myanmarအမေရိကန်ပြည်သူများသည် အေဘရာဟမ်လင်ကွန်းကို သမ္မတအဖြစ် ၁၈၆၀ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် ရွေးကောက်တင်မြှောက်ခဲ့ပြီး ၎င်းလက်ထက်တွင် အမေရိကန်ပြည်တွင်းစစ်နှင့် ကျွန်စနစ်ကို အဆုံးသတ်ခဲ့နိုင်ခဲ့သည်။
Read More