အောက်တိုဘာ ၈ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က စစ်ရှောင်ပြည်သူ သုံးသောင်းကျော်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။ လက်ရှိ ရမ်းဗြဲမြို့နယ်မှာ ဒေသခံ စစ်ရှောင်တွေအပြင် တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင် စတဲ့ မြို့နယ်တွေက စစ်ရှောင်လာသူတွေလည်း ရောက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ “အဓိက လိုအပ်နေတာကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပေါ့။ ဒီမှာရှိနေတွေတာက တော်တော်ကို နည်းနေပြီ။ ဘယ်လိုမှ လောက်ငှမှု မရှိတော့ဘူး။ ကုန်းလမ်း၊ ရေလမ်းတွေလည်း ဖြတ်တောက်ထားတော့ ဘာမှလည်း ဝယ်လို့မရဘူးလေ။ စားတာသောက်တာဆိုလည်း ချွေတာနေကြရတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူက ပြောပါတယ်။ လတ်တလောမှာ အဲဒီစစ်ရှောင်တွေကို ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုက စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးထားပေမယ့်လည်း လုံလောက်မှုမရှိ ဖြစ်နေတယ်လို့…
Read MoreYear: 2024
အစ္စရေး ဟိုင်ဖာမြို့ကို ဟဇ်ဘိုလာက ဒုံးကျည်တွေနဲ့ တိုက်ခိုက်၊ အစ္စရေးကလည်း မြေပြင်ထိုးစစ် အရှိန်မြှင့်နေ
တဲလ်အဗစ်၊ အောက်တိုဘာ-၈-၂၀၂၄မျိုးဆက်(VOM)လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးရဲ့ တတိယအကြီးဆုံးမြို့ ဟိုင်ဖာမြို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်းကို မြေပြင်ထိုးစစ်ချဲ့ဖို့ အရှိန်မြှင့်နေပါတယ်။အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့ဟာ ဟိုင်ဖာမြို့တောင်ဘက် စစ်အခြေစိုက်စခန်းကို ဖာဒီ-၁ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ၆၅ ကီလိုမီတာအကွာရှိ တီဘီရီယစ်ကိုလည်း နောက်ထပ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ဒါအပြင် ဟိုင်ဖာမြောက်ဘက်ရှိ ဒေသတွေကိုလည်း ဒုံးကျည်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နေ့ ညနေ ၅ နာရီထိ အစ္စရေးပိုင်နက်ထဲကို ဒုံးကျည် ၁၃၅ စင်းလောက် ဝင်ရောက်ခဲ့ပြီး ဟိုင်ဖာမြို့မှာ လူ ၁၀ ယောက်ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ဒီအတောအတွင်း အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုအကြီးအကျယ် ပြုလုပ်နေပြီး နှစ်ဘက်တိုက်ပွဲတွေအတွင်း အစ္စရေးစစ်သား ၁၁ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့နေ့က လက်ဘနွန်နယ်စပ်မြို့ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း မီးသတ်သမား ၁၀ ယောက်သေဆုံးခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ဒါအပြင်…
Read Moreနျူကလီးယား စူပါပါဝါဖြစ်လာဖို့ အရှိန်မြင့်လုပ်ဆောင်သွားမယ်လို့ ကင်ဂျုံအန်ပြော
ပြုံးယမ်း၊ အောက်တိုဘာ-၈-၂၀၂၄ရတီ (VOM)မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားစူပါ ပါဝါနိုင်ငံဖြစ်လာဖို့ အရှိန်မြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး ရန်သူကကျူးကျော်တိုက်ခိုက်လာမယ်ဆိုရင် ဒီလက်နက်တွေကို အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဒီနေ့မှာ ဖော်ပြထားပါတယ်။ဒေသတွင်းမတည်မငြိမ်ဖြစ်စေဖို့ အမေရိကန်နဲ့ ပူးပေါင်းနေတဲ့အပေါ် တပတ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုလ်အမည်တပ်ကာ ကင်ဂျုံအန်က ရှုတ်ချခဲ့ပြီး တောင်ကိုရီးယားမှာ မဟာဗျူဟာမြောက် လက်နက်တွေမရှိဘူးဆိုတာ ပေါ်လွင်နေတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။မြောက်ကိုရီးယားကို အဆုံးသတ်မယ်ဆိုတဲ့ တောင်ကိုရီးယားသမ္မတ ပြောဆိုမှုတွေဟာ မဟာမိတ်အမေရိကန်ရဲ့ အစွမ်းအပေါ် လုံးလုံးလျားလျား မျက်ကန်းလို ယုံကြည်နေခြင်းဖြစ်ကြောင်း အမေရိကန်နဲ့တောင်ကိုရီးယား မဟာမိတ်ဆက်ဆံရေးကို ကိုးကားပြီး ကင်ဂျုံအန်က ပြောပါတယ်။ရန်သူက ကျူးကျော်တိုက်ခိုက်ဖို့ ကြိုးပမ်းလာမယ်ဆိုရင်တော့ မြောက်ကိုရီးယားစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကို ရပ်တန့်မှမဟုတ်ဘူးဘဲ နျူကလီးယား စူပါပါဝါဖြစ်လာဖို့ အားထုတ်မှုတွေကို အရှိန်မြှင့်သွားမယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကတော့ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်တွေ မသုံးဖို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ထပ်မံသတိပေးခဲ့ပြီး ဒီလက်နက်တွေအသုံးပြုမယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ…
Read MoreThis Day in History
Voice of Myanmarကျူးဘားတော်လှန်ရေးတွင် ထင်ရေးသော ကွန်မြူနစ်နိုင်ငံရေးသမားနှင့် တောင်အမေရိက ပြောက်ကျားခေါင်းဆောင် ချေဂွေဗားရားသည် ၁၉၆၇ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် ဖမ်းဆီးခံရပြီး နောက်ပိုင်းတွင် ဘိုလီးဗီးယားစစ်တပ်က ပစ်သတ်ခဲ့သည်။
Read Moreတရက်ကို ကင်ဆာလူနာ ၂ဝဝ အထိကုသပေးနိုင်တဲ့ဆေးရုံသစ် ဒဂုံဆိပ်ကမ်းမှာဖွင့်မယ်
အောက်တိုဘာ ၈ – ၂၀၂၄KKO(VOM)ရန်ကုန်မြို့၊ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာ တရက်ကို ကင်ဆာလူနာ ၂ဝဝ အထိ ကုသပေးနိုင်တဲ့ ဆေးရုံသစ်ကြီးကို မကြာမီကာလအတွင်း ဖွင့်လှစ်ပေးသွားပြီး ကုသမှုတွေကို စတင်လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ကနဦးအနေနဲ့ အမျိုးသားကင်ဆာရောဂါကုသရေးဌာန(ဒဂုံဆိပ်ကမ်း)မှာ တရက်လျှင် ကင်ဆာလူနာ ၅၀ မှ ၁၀၀ အထိ ကုသမှုပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားရှိပြီး လာမယ့် ဒီဇင်ဘာလမှစတင်လို့ တရက်ကို လူနာ အရေအတွက် ၂၀၀ အထိကို ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။“လူနာသစ်တွေကို ကုသမှုပေးနိုင်ဖို့စီစဉ် နေပါတယ်။အခုအောက်တိုဘာလကစလို့ လူနာတွေကိုဘေးကင်းလုံခြုံစိတ်ချစွာနဲ့ စိတ်အေးချမ်းသာစွာ ကုသနိုင်ဖို့လုပ်ဆောင်နေပါတယ်။လိုအပ်တဲ့ လူ့စွမ်းအားအရင်း အမြစ်တွေပြည့်ဝစွာထားရှိနိုင်ရေးကိုလည်းစီစဉ်ထားပါတယ်”လို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။လက်ရှိတွင် အမျိုးသားကင်ဆာရောဂါကုသရေးဌာန(ဒဂုံဆိပ်ကမ်း)မှာ ဓာတ်ရောင်ခြည်ကုသစက်တွေနဲ့အတူ တွဲဖက်အသုံးပြုရမယ့် ဓာတ်ရောင်ခြည်ကုသမှုအထောက်အကူပြုစက်(CT Simulator)တပ်ဆင်ခြင်းလုပ်ငန်း တွေကိုဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။စက်တပ်ခြင်းတွေဟာ မကြာမီပြီးစီး တော့မှာဖြစ်တဲ့အတွက် အခုအောက်တို ဘာလ တတိယပတ်မှစလို့ ကနဦးလက်တွေ့သင်ကြားကုသမှုတွေကိုစတင်နိုင်တော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။လက်ရှိမှာတော့…
Read Moreတောင်ကြီးနဲ့ ညောင်ရွှေမှာ သဘာဝဘေးကြောင့် ကျပ်သိန်းပေါင်း ငါးသောင်းကျော် ပျက်စီးဆုံးရှုံးခဲ့
အောက်တိုဘာ ၈၊ ၂၀၂၄ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ရက်က စတင်ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု ကျပ်သိန်းပေါင်း ငါးသောင်းကျော် တန်ဖိုးရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ရက်က စတင်ပြီး တောင်ကြီးမြို့နယ်အတွင်း တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ကျောက်တလုံးကြီး၊ ပုံးအင်းစတဲ့ ဒေသတွေနဲ့ ညောင်ရွှေမြို့နယ်၊ ညောင်ရွှေမြို့ပေါ်၊ နမ့်ပန်၊ အင်းလေးဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “အင်းလေးနဲ့ ပုံးအင်း၊ နမ့်ပန်ကတော့ ရေမကျသေးဘူး။ ကျန်တဲ့နေရာကတော့ ကျသွားကြပြီ။ စပါးခင်းတွေတော့ ရေမြှုပ်နေတုန်းပဲ။ ပျက်စီးဆုံးရှုံးမှုကတော့ တော်တော်လေး များတယ်။ သိန်း ၅သောင်း ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ ကူညီကယ်ဆယ်ရေးလုပ်ကိုင်ပေးနေသူတွေနဲ့ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ ပိုင်ရှင်တွေက စာရင်းပြုစုပြီး တွက်ချက်ထားတာပေါ့။ ဒါတောင်…
Read Moreနစကဥက္ကဋ္ဌ ဘီလာရုဇ်နိုင်ငံကို သွားရောက်ဖွယ်ရှိ
အောက်တိုဘာ ၆-၂၀၂၄KKO(VOM)နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယခုအောက်တိုဘာလလယ်အတွင်း ဘီလာရုဇ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ဖို့ရှိနေတယ်လို့ နေပြည်တော်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။“နစက ဥက္ကဋ္ဌ က ဘီလာရုဇ်နိုင်ငံကို သွားဖို့ရှိနေတယ်လို့ သိရတယ်။ အခုအောက်တိုဘာလလယ်ပိုင်းလောက်တော့ဖြစ်ဖို့များပါတယ်။ ခရီးစဉ်ကတော့နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်ပါပဲ”လို့ သူက ပြောပြပါတယ်။ယခု နစကလက်ထက်မှာ မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံ အပါအဝင် ဘီလာရုဇ်နိုင်ငံတို့နဲ့ ရင်းနှီးသောဆက်ဆံမှုတွေရှိထားတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်၂၀၂၂ ခုနှစ်၊စက်တင်ဘာလ ၇ ရက်နေ့ မှာ နစက ဥက္ကဋ္ဌ ဟာ ရုရှားနိုင်ငံသမ္မတ ဗလာ ဒီမီယာ ပူတင်နဲ့ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေကိုလည်းပြုလုပ်ခဲ့ပါသေးတယ်။ဒါ့အပြင် ရုရှားနိုင်ငံမှာကျင်းပခဲ့တဲ့ (၇)ကြိမ်မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ်မျက်နှာစုံညီအစည်းအဝေးသို့လည်း နစက ဥက္ကဋ္ဌ က တက်ရောက်ခဲ့တာဖြစ်ပါတယ်။“ဘီလာရုဇ်နိုင်ငံက ရုရှားရဲ့ တကယ့်အမာခံနိုင်ငံပဲလေ။ ကျွန်တော်တို့ အမြင်ပြောရရင် ဒီခရီးစဉ်မှာ နှစ်နိုင်ငံစစ်ရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတာတွေရှိကောင်းရှိသလို အခြားသောနှစ်နိုင်ငံရေးရာ ကိစ္စရပ်တွေကိုလည်းဆွေးနွေးဖို့ရှိနိုင်ပါမယ်”လို့ ပြည်တွင်းရှိ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က သူရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။ဘီလာရုဇ်နိုင်ငံဟာ…
Read Moreဒေါက်တာ ဇော်မြင့်မောင့် ကျန်းမာရေး မကောင်းလို့ လွတ်/ငြိမ်းခွင့် ပေးတယ်လို့ သတင်းထွက်ပေါ်
မန္တလေး ၊ အောက်တိုဘာ ၆-၂၀၂၄Voice Of Myanmar (VOM)မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေး မကောင်းတဲ့အတွက် လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ အခုတပတ်အတွင်းမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကတော့” မနေ့က သွေးတွင်းအောက်ဆီဂျင်ထိုးကျတယ်၊မနေ့ နေ့လယ်လောက်က ပြည်သူ့ဆေးရုံ ICU မှာ အောက်ဆီဂျင်နှာခေါင်းပိုက်ပေးပြီးကုသတယ်၊အသက်သိပ်မရှုနိုင်ဘူးထင်တယ်၊အောက်ဆီဂျင်တက်မလာသေးဘူး။အကျဥ်းဦးစီးကတော့ လွတ်ငြိမ်းပေးတယ်”လို့ ပြောပါတယ်။နောက်ထပ် လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူတဦးကလည်း” ဒီတပတ်ထဲမှာ လွတ်ငြိမ်း ပေးထားတယ်လို့ သိရတယ်၊ ကျန်းမာရေးအခြေအနေကတော့ မကောင်းပါဘူး၊ အခုတပတ်အတွင်းမှာပဲ ဖြစ်သွားတာပါ”လို့ ပြောပါတယ်။ဒေါက်တာဇော်မြင့်မောင် ရဲ့ မိသားစုအသိုင်းအဝိုင်းကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရသေးတဲ့အတွက် သတင်းအတည်ပြုဖို့ ခက်ခဲနေပါတယ်။နောက်ထပ်အသေးစိတ်သိရသမျှကိုတော့ ထပ်မံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပုံစာ – ယခင် NLDအစိုးရလက်ထက်က VOMရဲ့ အင်တာဗျူးကို လက်ခံဖြေဆိုနေပုံ
Read Moreတပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
အောက်တိုဘာ ၆ – ၂၀၂၄SN (VOM)လက်ရှိ ပြင်ပ ရွှေဈေးကွက်အတွင်းမှာ ဈေးနှုန်းတွေ ပြန်လည် ကျဆင်းနေပြီ ဆိုပေမယ့် သိန်း ၆၀ စွန်းစွန်းမှာပဲ တဝဲလည်လည်နဲ့ ရှိနေသေးပြီး လက်ရှိအချိန်အထိ ထိပ်စီး မပြောင်းသေးပါဘူး။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း ကျပ် ၅၀၀၀ နီးပါးမှာပဲ အတက်အကျ အနည်းငယ်စီနဲ့ ရှိနေဆဲ ဖြစ်ပါတယ်။စက်သုံးဆီဈေးတွေကတော့ ဒီတပတ်မှာ ပြန်လည် ကျဆင်းလာတာကို တွေ့ရပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ တချို့ ကုန်စည်ဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေဆဲဖြစ်သလို တချို့ ကုန်စည်ဈေးတွေကတော့ ပုံမှန်အတိုင်း ရှိနေပါတယ်။#ပြည်တွင်းရွှေဈေးနှုန်းပြီးခဲ့တဲ့တပတ်က ပြင်ပဈေးကွက်ရဲ့ အခေါက်ရွှေ ဈေးနှုန်းတွေဟာ ကျပ် ၆၃ သိန်းဝန်းကျင်အထိကို ပြန်လည် ကျဆင်းလာတာပါ။ ဒါပေမယ့် ၆၅ သိန်း၊ ၆၃ သိန်းဝန်းကျင်မှာပဲ အတက်အကျ အနည်းငယ်စီနဲ့ အပြောင်းအလဲ ရှိနေပြီး ဈေးကွက်အေးနေပါတယ်။ဒီတပတ်ထဲ…
Read Moreဖယ်ခုံအနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတွေမှာ ဆေးဝါးပြတ်လပ်နေလို့ အခက်ကြုံနေရ
အောက်တိုဘာ-၆၊ ၂၀၂၄ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်း အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတွေမှာ အောက်တိုဘာလအစပိုင်းကနေ ဒီကနေ့အချိန်ထိ ဆေးဝါးပြတ်လပ်မှု ဖြစ်ပေါ်နေတာကြောင့် ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေထံကနေ သိရပါတယ်။ အဲဒီစစ်ရှောင်စခန်းတွေမှာ စက်တင်ဘာလကုန်ပိုင်းကနေ ဒီကနေ့အထိ ရာသီတုပ်ကွေး၊ ဖျားနာမှုတွေအပြင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အရေပြားရောဂါတွေ၊ ဝမ်းရောဂါတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။ “အဲဒီကတော့ ရေပြဿနာကြောင့်ဖြစ်တာပေါ့၊ သောက်ရေကော သုံးရေကောက တမျိုးတည်း သုံးနေရတာ။ အဲဒီကနေ အရေပြားရောဂါတွေက စဖြစ်ပြီး ကူးကုန်ကြတယ်။ ဝမ်းရောဂါဖြစ်တာကလည်း ဆက်တိုက် ဖြစ်လာပြီ။ နောက်တစ်ခုက ဆောင်းတွင်းရောက်လာတာရယ်၊ ခြင်ထောင်တွေမရှိတာတွေကြောင့် ရာသီ တုပ်ကွေးတွေလည်း ဖြစ်နေကြပြီ”လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတယောက်က VOMကို ပြောပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ ဆေးခန်းတွေနဲ့ သူနာပြုတွေရှိပေမယ့် ဈေးဝါးပြတ်လပ်မှုတွေကြောင့် လူနာတွေကို…
Read More