အောက်တိုဘာ ၅၊ ၂၀၂၄ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ပေါ်မှာ အောက်တိုဘာလ ၄ရက်၊ မနက်ပိုင်းအချိန်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုစတင်ဖြစ်ပွားကာ ရေဝင်ရောက်လာရာကနေ ဒီကနေ့ မနက်၉နာ ဝန်းကျင်အထိ ရေမြင့်တက်လာတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရေမြင့်လာမှုကြောင့် မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်ရှိ အဆောက်အအုံတွေဟာ ငါးပေခန့် ရေနစ်မြှစ်နေပြီဖြစ်ပြီး လူ၊ ကား၊ ဆိုင်ကယ်တွေလည်း သွားလာရလို့ မရတော့တာကြောင့် ဒေသခံတွေကတော့ အမြင့်ပိုင်းရပ်ကွက်ရှိ ဘာသာရေး အဆောက်အအုံတွေနဲ့ နေအိမ်တွေမှာ သွားရောက်ခိုလှုံနေရတယ်လို့ သိရပါတယ်။ “ပြီးခဲ့တဲ့ အကြိမ် ရေကြီးတုန်းကလည်း အကုန်ပျက်စီးကုန်တာ၊ အိပ်ယာတောင် မကျန်ဘူး။ အခုလည်း ထပ်ကြီးနေပြီ။ ရေပြန်ကျသွားလို့ အကုန်သန့်ရှင်းရေးလုပ်ပြီး ပင်ပန်းနေကြတဲ့အချိန်မှာ ရေက ပြန်ကြီး လာတော့ ထပ်ပြီး စိတ်ဆင်းရဲရပြန်တယ်။ ကလေးတွေလည်း စာမသင်ရ၊ လူကြီးတွေလည်း စိတ်ကော၊ လူကော…
Read MoreYear: 2024
တလနှစ်ကြိမ်ဖွင့်မယ့် ဂဏန်းငါးလုံးပါ အောင်ဘာလေအွန်လိုင်းထီ လူစိတ်ဝင်စားမှုနည်း
အောက်တိုဘာ ၅ – ၂၀၂၄GG (VOM )၁၀၀၀ ကျပ်တန်အောင်ဘာလေအွန်လိုင်းထီကို တလမှာ နှစ်ကြိမ်ဖွင့်လှစ်ရောင်းချပေးမယ့်အပြင် ဂဏန်းကိုလည်း အရင် ခြောက်လုံးအစား အက္ခရာ တလုံးနဲ့ဂဏန်း ငါးလုံးအဖြစ် ပြောင်းလဲရောင်းချမှာဖြစ်တယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာန၊အောင်ဘာလေသိန်းဆုဌာနခွဲ ကသိရပါတယ်။ဂဏန်းငါးလုံးနဲ့ပြောင်းလဲရောင်းချမယ့်အွန်လိုင်းထီကို လစဉ် ၁ ရက်နေ့မှ ၁၄ ရက်အထိရောင်းချပေးပြီး ၁၆ ရက်နေ့တိုင်းမှာ ပထမအကြိမ်ထီဖွင့်မှာဖြစ်ကြောင်း၊ဒုတိယအကြိမ်ကိုတော့ လစဥ် ၁၆ ရက်နေ့မှ လကုန်ရက်မတိုင်မီ တရက်အလိုထိရောင်းချကာ နောက်လ ၂ ရက်မှာဖွင့်လှစ်ပေးမယ်လို့သိရပါတယ်။” ပုံမှန်ရောင်းနေကြ ထီလက်မှတ်နဲ့ကလည်းရှိပါတယ်။သူကအရင်တိုင်းပဲ။အခုကအွန်လိုင်းထီကိုပဲ အကြိမ်ရေထပ်တိုးတဲ့သဘောပါ။အွန်လိုင်းထီတော့မသိဘူး၊ကျွန်တော်တို့ ပုံမှန်တလတကြိမ်ရောင်းတဲ့ထိတောင်ရောင်းအားကထိုးကျတာကြာပြီ။ကျွန်တော်တို့တောင် ထီဆိုင်သီးသန့်ဆို မရောင်းနိုင်ဘူး။တခြားပစ္စည်းတွေနဲ့တွဲပြီးရောင်းတာမို့ တင်ထားနိုင်သေးတာပါ။” လို့ ထီရောင်းချနေသူတယောက်ကပြောပါတယ်။အဆိုပါ အောင်ဘာလေအွန်လိုင်းထီကို Jackpot ဆု ၊ယူနစ်ဆု ၊နှစ်သိမ့်ဆုတွေနဲ့ထီဖွင့်လှစ်ပေးမှာဖြစ်ရာ Jackpot ဆုကို သုံးကြိမ်ရွေးချယ်ဖွင့်လှစ်မှာဖြစ်လို့ သုံးကြိမ်အတွင်းကံထားရှင်ထွက်ပေါ်လာခဲ့ရင်ဆုကို ရရှိမှာ ဖြစ်ကြောင်းနဲ့အကယ်၍ကံထူးရှင်မပေါ်ပါက နောက်တကြိမ်ထီဖွင့်ပွဲမှာ ပေါင်းထည့်ပေးသွားမယ်လို့သိရပါတယ်။ကံထူးရှင်ထွက်ပေါ်မလာတဲ့ Jackpot ထီငွေသားဆုကို ၆ ကြိမ်…
Read Moreစက်သုံးဆီ ဝယ်ယူခွင့် ကဒ်စနစ်လုပ်မယ့်အပေါ် ဝေဖန်မှုတွေရှိနေ
အောက်တိုဘာ ၄ – ၂၀၂၄ GG (VOM) စက်သုံးဆီကို ဝယ်ယူခွင့်ကဒ်နဲ့သာ ရောင်းချပေးဖို့အတွက် ဝယ်ယူခွင့်စမတ်ကဒ်စနစ်ကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိသူတွေက လုပ်ဆောင်နေပြီး ဒီစနစ်အပေါ် ပြည်သူတွေက ဝေဖန်မှုတွေလည်းရှိနေပါတယ်။ လက်ရှိ လူမှုကွန်ရက်မှာတော့ စက်သုံးဆီ ဝယ်ယူခွင့်ကဒ်ဆိုပြီး အစိမ်းရောင်နဲ့အဝါရောင်ကဒ် တွေထွက်ပေါ်နေရာ အဝါရောင်စမတ်ကဒ်က ကားအတွက် စက်သုံးဆီဝယ်ယူနိုင်မှာဖြစ်ပြီး အစိမ်းရောင်ကဒ်က ဆိုင်ကယ်နဲ့အခြားစက်တပ်ယာဥ်တွေအတွက် စက်သုံးဆီ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။ ဆီဝယ်ယူခွင့်ကဒ်ကို ယာဉ်နဲ့ တပါတည်း ယူဆောင်လာရမှာဖြစ်သလို ဝယ်ယူခွင့်ကတ်မှာ ပါရှိတဲ့ ယာဉ်အမှတ်နဲ့သာ ဆီဝယ်ယူခွင့်ရရှိမှာဖြစ်ကြောင်း၊ကဒ်က ယာဉ်ပိုင်ဆိုင်မှုနဲ့သာ သက်ဆိုင်ခြင်းမရှိစေရလို့ ကဒ်မှာဖော်ပြထားပါတယ်။ ” အဝါနဲ့အစိမ်းကဒ်တော့တွေ့တယ်။အပြင်မှာတော့ ကဒ်လုပ်ရတာလည်းမရှိသေးဘူး။ ပိုက်ဆံပေးဝယ်ရတာတောင်လိုသလောက်မရတော့ဘူးဆိုတော့ ခက်တယ်။အလကားပေးတာလည်းမဟုတ်ဘူး။ ဝယ်ယူခွင့်ကဒ်ဆိုကတည်းက သူတို့အကန့်အသတ်နဲ့ပဲရောင်းမှာ မေးစရာမလိုဘူးအကုန်သိတယ်။အဲဒီစနစ်မျိုး ကျွန်တော်မှမဟုတ်ဘူး ဘယ်သူမှမမကြိုက်သလိုလက်မခံဘူး။” လို့ ပြည်သူတယောက်ကပြောပါတယ်။ လက်ရှိမှာ စက်သုံးဆီဝယ်ယူခွင့်စမတ်ကဒ်ပုံစံတွေလည်း ထွက်ပေါ်နေပြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနဘက်ကလည်း စက်သုံးဆီကို ကဒ်နဲ့ဝယ်ယူတဲ့စနစ်ကို အကောင်ထည်ဖော်နေတယ်လို့…
Read Moreမြောက်ကိုရီးယားကို ထိပါးရင် နျူကလီးယားလက်နက် ထုတ်သုံးမယ်လို့ ကင်ဂျုံအန် သတိပေး
ပြုံးယမ်း၊ အောက်တိုဘာ-၄-၂၀၂၄မျိုးဆက်(VOM)မြောက်ကိုရီးယားရဲ့ အချုပ်ခြာအာဏာကို ထိပါးတိုက်ခိုက်လာမယ်ဆိုရင် နျူကလီးယားလက်နက် ထုတ်သုံးဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သတိပေးပြောဆိုလိုက်ပါတယ်။မြောက်ကိုရီးယား အစိုးရကို အဆုံးသတ်ဖို့ ခြိမ်းခြောက်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ဝေဖန်ခဲ့ပြီး ဒါဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံတနိုင်ငံရဲ့ တံခါး၀မှာ စစ်တပ်အင်အားလာပြီး ကြွားလုံးထုတ်တဲ့ တောင်ကိုရီးယားသမ္မတဟာ ပုံမှန်မဟုတ်တဲ့လူလို့ မြောက်ကိုရီးယားခေါင်းဆောင်က ပြောပါတယ်။“ တကယ်လို့ ရန်သူတွေက မဆင်မချင်မိုက်မဲပြီး မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကိုထိပါးဖို့ စစ်အင်အားသုံးလာမယ်ဆိုရင် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်တွေ အပါအဝင် ပိုင်ဆိုင်ထားတဲ့ လက်နက်အကုန်သုံးမယ် ” လို့ ကင်ဂျုံအန်က ပြောပါတယ်။မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကို ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့ပြီး နျူကလီးယားလက်နက် ဒါဇင်များစွာ ထုတ်လုပ်ရန် လုံလောက်တဲ့ ယူရေနီယံ ပမာဏရှိတယ်လို့ ယုံကြည်ရပြီး လက်ရှိချိန်ထိ မြေအောက်နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ်ပြုလုပ်ထားပါတယ်။Ref:ReutersPhoto:Reuters
Read MoreMNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို လေကြောင်းနဲ့ လေးကြိမ် ထပ်တိုက်
အောက်တိုဘာ ၄ -၂၀၂၄ Shy V VOM ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို နစကတပ်ဖွဲ့က အောက်တိုဘာ ၄ ရက်နေ့ မနက် အစောပိုင်းမှာ လေကြောင်းနဲ့ လေးကြိမ် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ “လေးခေါက်တောင်ရှိသွားပြီ။ ပထမ တခေါက်က ရပ်ကွက် ၈ ထဲက 121 အနောက်ဘက် လမ်းကြား လို့ပြောတယ်။ လူ ထိခိုက်မှု မရှိဘူးလို့တြော သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ မနက် ၂ နာရီ ၁၃ မိနစ်မှာ တခေါက်၊ ၄ နာရီ ၈ မိနစ်မှာ တခေါက်၊ ၅…
Read MoreThis Day in History
Voice of Myanmarတရုတ်နိုင်ငံသည် ၎င်း၏ပထမဆုံးသော ဟိုက်ဒရိုဂျင်ဗုံးကို တရုတ်ပြည်မကြီး အနောက်ဘက်ဒေသတွင် စမ်းသပ်အောင်မြင်ခဲ့ကြောင်း ၁၉၆၉ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကြေညာခဲ့သည်။
Read Moreယခုနှစ်သီတင်းကျွတ်ကာလ အပန်းဖြေနဲ့ ဘုရားဖူးခရီးထွက်ဖို့ ကြိုတင်စီစဉ်သူ နည်းပါး
အောက်တိုဘာ ၄ ၊၂၀၂၄ Ms(VOM) ပွင့်လင်းရာသီကာလ သီတင်းကျွတ်ချိန်ကိုရောက်ရှိတော့မှာဖြစ်ပေမယ့် ယခုရက်ပိုင်း ခရီးသွားလုပ်ငန်းဆောင်ရွက်သူများ ထံ အပန်းဖြေနဲ့ ဘုရားဖူးခရီးစဉ်တွေကို မေးမြန်းကာ ခရီးစဉ်ကြိုတင်စီစဉ်သူနည်းပါးလာတယ်လို့ ပြည်တွင်းခရီးသွားလက်မှတ်ရောင်းချသူတွေထံကသိရပါတယ်။ သီတင်းကျွတ်ပိတ်ရက်များအတွက် ခရီးသွားလိုသူတွေကနှစ်စဉ် စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလအစတွေမှ ခရီးစဉ်ကြိုတင်စုံစမ်းကာမေးမြန်းမှုတွေရှိပေမယ့် ယခုနှစ် သီတင်းကျွတ်ပိတ်ရက်ခရီးစဉ် တွေကိုတော့ စုံစမ်းမေးမြန်းသူနည်းပါနေတယ်လို့ဆိုပါတယ်။ ” အခုက ကိုယ်တွေ ခရီးသွားစီစဉ်သူတွေလည်း ပြီးခဲ့တဲ့လက မုန်တိုင်းရေကြီးတာတွေနဲ့ အပန်းဖြေခရီးတွေ အပျော်ခရီးစဉ်တွေအတွက် လက်မှတ်ရောင်းဖို့ အဆင်ပြေပါ့မလားစဉ်းစားပြီး package tourတွေ ကြေငြာတာနောက်ကျတယ်။ အခုလအစမှ ခရီးစဉ်နဲ့ဈေးနှုန်းတွေ ကြော်ငြာကြရတယ်။ လက်ရှိတော့ ခရီးစဉ်တွေကို စိတ်ဝင်စားပြီးလာမေးသူနည်းနေပါတယ်”လို့ travel me ပြည်တွင်းပခရီးသွား ဝန်ဆောင်မှုမှ တာဝန်ရှိသူကပြောပါတယ်။ ပွင့်လင်းရာသီခရီးသွားလာသူတွေအနေနဲ့ ပုဂံ၊ ချောင်းသာ၊ငွေဆောင်၊ ကလော၊အင်းလေး၊ ပင်းတယ၊တောင်ကြီး ခရီးစဉ်တွေကို အများဆုံးသွားလာတတ်ကြပေမယ့် ယခုနှစ်မှာ ရှမ်းပြည်နယ်ကခရီးသွားဒေသတွေ ရေကြီးနစ်မြုပ်မှု ဖြစ်နေသလို ပုဂံဒေသမှာလည်း ရေကြီးမှုတွေဖြစ်ပေါ်ခဲ့လို့…
Read Moreမြန်မာအပါအဝင် ငါးနိုင်ငံက တရားမဝင် ရွှေ့ပြောင်းလာသူတွေကို ထိုင်းအစိုးရက ပန်းရောင်ကတ် ထုတ်ပေးမယ်
အောက်တိုဘာ ၄၊ ၂၀၂၄ZY(VOM)မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်း ငါးနိုင်ငံက တရားမဝင် ရွှေ့ပြောင်းလာသူတွေကို ထိုင်းနိုင်ငံအစိုးရက ပန်းရောင်ကတ် ထုတ်ပေးမှာဖြစ်တာကြောင့် အောက်တိုဘာလ (၃၁)ရက် မတိုင်ခင် နောက်ဆုံးထားပြီး လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ အလုပ်သမားအရေးကူညီနေသူတွေထံကနေ သိရပါတယ်။ထိုင်းအစိုးရအဖွဲ့ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံသားတွေကို အလုပ်သမားလူသစ်မှတ်ပုံတင်ခွင့် ပြုထားတဲ့ အပြင် အတူနေ ၁၈ နှစ်အောက် ကလေးငယ်တွေကိုလည်း တရားဝင်နေထိုင်ဖို့ သဘောတူမှာ ဖြစ်တယ်လို့ သိရပါတယ်။“အဲဒီကြေညာချက်ထွက်ပြီးနောက်ပိုင်း မဲဆောက်နဲ့ ချင်းမိုင်မှာတော့ ဘတ်ရိုက်အကျိုးဆောင်တွေ လူသစ်စတင် လက်ခံနေပြီ။ လုပ်မယ့်သူတွေအနေနဲ့ ပွဲစားတွေကို အလုပ်မအပ်ခင် သေချာလေ့လာပြင်ဆင်ဖို့ အကြံပေးချင်တယ်။ ဒီမှာက ပွဲစားတွေထဲမှာ လူလိမ်တွေ အများကြီးရှိတယ်။ ရှိစုမဲ့စုနဲ့ လုပ်ပြီးတော့ လိမ်ခံရတဲ့ မြန်မာတွေလည်း အများကြီးပဲ။ အခုကတော့ ဘတ်…
Read Moreစစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ၄၈ နာရီအတွင်း မိုးကြီးမြေပြိုမှု သတိပြုဖို့လို
အောက်တိုဘာ ၂ – ၂၀၂၄ GG (VOM) စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ လာမယ့်အောက်တိုဘာလ ၅ ရက်နေ့အတွင်း မိုးကြီးပြီး လေပြင်းတိုက်ခြင်းနဲ့အတူမြေပြိုနိုင်တာတွေနဲ့ ပတ်သက်ပြီး မိုး/ဇလနဲ့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။ “၄၈ နာရီအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်းမှာမိုးကြီးနိုင်တယ်။ ဒေသအလိုက်နဲ့နေရာကွက်ပြီး မိုးကြီးနိုင်မယ့်အခြေအနေရှိနိုင်တဲ့အနေအထားဆိုတော့ အရမ်းကြီးစိုးရိမ်ရလောက်တဲ့အနေထားမဟုတ်သလို အရမ်းကြီးပေါ့လို့ရတဲ့ အနေအထားလည်းမဟုတ်ဘူး။ သဘာဝဘေးဆိုတာက မမျှော်လင့်တဲ့အချိန်မှာဖြစ်နိုင်တယ်။ ဒါပေမယ့် တချို့ခန့်မှန်း ပြောဆိုထားတဲ့ မိုးရေချိန်ကတော့ အရမ်းများလွန်းနေကြတယ်။ အဲဒီလောက်သာရွာရင် ဒါမှန်တယ် အရေးပေါ်ရွှေ့ပြောင်းရမယ့်အနေအထားမျိုးပါ။ အများကြီးရွာရင်တော့ မြေပြိုတောင်ပြိုတာကတော့ ဖြစ်တတ်တယ် ” လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းပြည်နယ်မှာ ဒီနေ့အောက်တိုဘာလ ၂ရက်နေ့လယ်ကစပြီး ၄၈ နာရီအတွင်း မိုးအလွန်များနိုင်တာကြောင့် အဆိုပါဒေသနေထိုင်သူတွေအနေနဲ့ သတိထားပြုဖို့ သတိပေးပြောဆိုထားပါတယ်။ ” နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးနဲ့ လဟယ်ကြား၊ စစ်ကိုင်းတိုင်းအထက်ပိုင်းက ခန္တီး…
Read Moreကျောက်ဆည်မှာ တောင်ကျရေနဲ့ မျောပါသွားတဲ့ကား ပြန်တွေ့ပြီး ယာဉ်မောင်း သေဆုံးနေ
အောက်တိုဘာ ၂ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာ တောင်ကျချောင်းရေနဲ့အတူ မျောပါသွားသွားတဲ့ ကားကို သေဆုံးနေတဲ့ ယာဉ်မောင်းနဲ့အတူ ဒီကနေ့ အောက်တိုဘာ ၂ ရက်၊ မနက် အစောပိုင်းမှာ ပြန်လည် တွေ့ရှိခဲ့ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ဦးစီးမှူးရုံး) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ ကျောက်ဆည်မြို့နယ်၊ ဘိလပ်မြေစက်ရုံအနီးမှာ မနေ့ အောက်တိုဘာ ၁ ရက်၊ ည ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး တောင်ကျရေအရှိန်ကြောင့် probox အမျိုးအစားယဉ်တစီးနဲ့ ယာဉ်မောင်း အမျိုးသားတယောက် မျောပါသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ဘိလပ်မြေစက်ရုံ အနီးတဝိုက်မှာပဲ ကားကို မနက် ၈ နာရီဝန်းကျင်လောက်မှာ ပြန်တွေ့ခဲ့တာပါ။ ယာဉ်မောင်းကိုလည်း ကားပေါ်မှာပဲ သေဆုံးလျက် ပြန်တွေ့တယ်။ တွေ့တာကတော့ နယ်ခံတယောက်က ပြန်တွေ့တာပါ။…
Read More