ဂါဇာမှာ ဟားမတ်စ်တို့ သတ်ဖြတ်ထားတဲ့ အစ္စရေးဓါးစာခံခြောက်ယောက်ရဲ့ အလောင်းတွေ တွေ့ရှိ

ဂါဇာစီးတီး၊ စက်တင်ဘာ-၁-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသမှာ ဟားမတ်စ်တို့ ဖမ်းဆီးသွားတဲ့ အစ္စရေးဓါးစာခံခြောက်ယောက်ရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ရုပ်အလောင်းတွေကို ရာဖာဒေသရှိ မြေအောက်ဥမင်လိုဏ်ခေါင်းတခုထဲမှာ မနေ့ တွေရှိခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ဓါးစာခံတွေဟာ Carmel Gat၊ Eden Yerushalmi၊ Hersh Goldberg-Polin၊ Alexander Lobanov၊ Almog Sarusi နဲ့ Master Sgt Ori Danino တို့ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။ဒီထဲမှာ အမေရိကန်နိုင်ငံသား မစ္စတာ Goldberg-Polinလည်း ပါဝင်တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဝမ်းနည်းစကာဆိုပါတယ်။ ဓါးစာခံတွေဟာ အစ္စရေးစစ်တပ်မရောက်ခင် ဟားမတ်စ်တို့ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာကို ခံခဲ့ရတယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက ပြောပါတယ်။သူတို့ ခြောက်ယောက်ဟာ ၁၁ လကြာ ဖမ်းဆီးခံရမှုအတွင်း ညှင်းပန်းနှိပ်စက်မှု ၊ လူ့အခွင့်အရေးချိုးဖောက်မှု ၊ ငတ်မွတ်ခေါင်းပါးမှုဒဏ်တွေကိုခံရင်း ပြီးခဲ့တဲ့…

Read More

သတင်းထောက်ဟောင်း တယောက်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေဆီက သိန်းထောင်ချီ လိမ်လည်မှု ဖြစ်ပွားပြန်

စက်တင်ဘာ ၁ – ၂၀၂၄SN (VOM)သတင်းထောက်ဟောင်း တယောက်က လက်နက်ခဲယမ်းတွေ ဝယ်ယူပေးမယ်လို့ ဆိုကာ ဒေသတွင်း လက်နက်ကိုင်တပ်တွေဆီက ငွေသိန်းပေါင်း ထောင်နဲ့ချီ လိမ်လည်ခဲ့တယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်အရ သိရပါတယ်။အဲဒီ သတင်းထောက်ဟောင်းရဲ့ နာမည်ကတော့ ဘုန်းနိုင်ဖြိုး ဖြစ်တယ်လို့ သိရပြီး မုံရွာဇာတိဖြစ်ကာ အရင်က စကိုင်းနက် ရုပ်/သံ နယ်သတင်းထောက်နဲ့ မဇ္ဈိမ သတင်းဌာနတို့မှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်တယ်လို့ သိရပါတယ်။“ဘုန်းနိုင်ဖြိုးဟာ အဖွဲ့တွေ လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူဖို့ အချိတ်အဆက်ရှိတယ်၊ မှာပေးမယ်လို့ ဆိုကာ စရံတွေ တောင်းယူပြီး လိမ်လည်တယ်။ မှာယူထားတဲ့ လက်နက်အနည်းငယ်ရောက်ရင် ငွေပိုပေးနိုင်တဲ့သူတွေကို လက်ငင်းရောင်းချ အယုံသွင်းပြီး ထပ်မှာလိုရင်တော့ ငွေကြိုပေးဖို့ ပြောတယ်။ ကနဦး စရံကြိုပေးထားသူကိုတော့ လမ်းမှာ ကြာနေတယ်၊ လက်နက်တွေ အဖမ်းခံရတယ် စသဖြင့် အကြောင်းအမျိုးမျိုးပြပြီး လိမ်လည်နေတာ…

Read More

ရုရှားမှာ ရဟတ်ယာဉ်တစင်း ပျက်ကျမှု ပျောက်ဆုံးနေသူ ၂၂ ယောက်ကို အပူတပြင်းရှာဖွေနေ

မော်စကို၊ စက်တင်ဘာ-၁-၂၀၂၄ မျိုးဆက်(VOM) ရုရှားအရှေ့ဖျားပိုင်းမှာ ခရီးသည် ၂၂ ယောက်လိုက်ပါသွားတဲ့ ရဟတ်ယာဉ်တစင်း ပျောက်ဆုံးနေတာကြောင့် ကယ်ဆယ်ရေးသမားတွေက အပူအပြင်းရှာဖွေနေကြပါတယ်။ ဒီရဟတ်ယာဉ်ဟာ ခရီးသည်တွေနဲ့အတူ ကမ်ချက်ကာကျွန်းဆွယ်ရှိ ဗက်ချ်ကာဇက်စ်မီးတောင်အနီး လေယာဉ်ကွင်းကနေ ပျံတက်သွားပြီးနောက် သိပ်မကြာခင်မှာ ရေဒါကနေ ပျောက်သွားတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အဲဒီဒေသဟာ လှပတဲ့ ရှုခင်းတွေ မီးတောင်တွေကြောင့် ထင်ရှားကျော်ကြားတဲ့ ခရီးသွားနေရာတခုလည်းဖြစ်ပါတယ်။ မြူတွေထူထပ်စွာကျဆင်းပြီး ရာသီဥတုဆိုးရွားမှုတွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးနေပါတယ်။ Vityaz-Aero ကုမ္ပဏီက ပို်ငဆိုင်တဲ့ ရဟတ်ယာဉ်ဟာ ဆိုဗီယက်ခေတ်က ထုတ်လုပ်ထားတဲ့ အမ်အိုင်-၈ အမျိုးအစားဖြစ်ပြီး ရုရှားမှာ တွင်ကျယ်စွာ အသုံးပြုနေကြဆဲဖြစ်ပါတယ်။ ရေဒါကနေ ပျောက်ဆုံးပြီး အဆက်အသွယ်ပြတ်မသွားခင်ထိ လေယာဉ်မှူးတွေဟာ လေယာဉ်နဲ့ပတ်သက်ပြီး ထူးခြားချက်တစုံတရာကို သတင်းပို့ခဲ့တာမရှိဘူးလို့ ရုရှားနိုင်ငံပိုင် သတင်းဌာနက ဆိုပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ ခရီးသည် ၁၉ ယောက်နဲ့ အမှုထမ်း သုံးယောက်လိုက်ပါသွားပြီး…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၁ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၀၃ ဒေါ်လာ ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၇၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၇၁၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၇၀၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၉၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၆၀၀ ကျပ် ဝယ်ဈေး –…

Read More

This Day in History

Voice of Myanmarအမေရိကန် ရှာဖွေရေးသမား ရောဘတ်ဘောလ်လက် ဦးဆောင်သော ရှာဖွေရေးအဖွဲ့ဟာတိုက်တန်းနစ်သင်္ဘောပျက်ကို သမုဒ္ဒရာကြမ်းပြင် မီတာ ၄၀၀၀ အနက်တွင် ၁၉၈၅ ခုနှစ် စက်တင်ဘာ ၁ ရက်က ရှာဖွေတွေ့ရှိခဲ့ကြသည်။

Read More

အက်ဖ်-၁၆ တိုက်လေယာဉ် ပျက်ကျပြီးနောက် ယူကရိန်းလေတပ်အကြီးအကဲ ရာထူးကနေ ထုတ်ပယ်ခံရ

ကိဗ်ယက်၊ စက်တင်ဘာ-၁-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းကို အနောက်အုပ်စုမဟာမိတ်တွေ ထောက်ပံ့ပေးထားတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေချိန်မှာ ယူကရိန်းလေတပ်အကြီးအကဲကို သမ္မတ ဇီလန်စကီးက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ယူကရိန်းလေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး မိုင်ကိုလာအိုလပ်ချော့ခ်ကို ထုတ်ပယ်ရတဲ့အကြောင်းရင်းကို ဖော်ပြမထားပေမယ့် မိမိတို့ရဲ့ စစ်သည်တော်အားလုံးကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ဇီလန်စကီးက ပြောပါတယ်။ယူကရိန်းအတွက် ထောက်ပံ့ပေးထားတဲ့ အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တစင်းဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံးခဲ့ပါတယ်။ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြားမှာ ပျက်ကျခဲ့တာဖြစ်ပေမယ့် ရန်သူ့လက်ချက်တိုက်ရိုက်မိခဲ့တာမဟုတ်ဘူးလို့ ယူကရိန်းဘက်က ဆိုပါတယ်။အဖိုးတန်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံးခဲ့တဲ့ဖြစ်စဉ်အပေါ် ယူကရိန်းနိုင်ငံရေးသမားအချို့က လေတပ်အကြီးအကဲ မိုင်ကိုလာအိုလပ်ချော့ခ်ကို အပြစ်တင်ခဲ့ပြီးနောက် အခုလို ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ယူကရိန်းကို ရုရှားက ၂၀၂၂ ခုနှစ်မှာ အပြည့်အ၀ကျူးကျော်ပြီးနောက်မှာ ယူကရိန်းအရှေ့ပိုင်း နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းတပ်တွေဟာ ရုရှားအနောက်ပိုင်း ကာ့ဒ်ဒေသကို ဩဂုတ်လအစောပိုင်းက အံ့အားသင့်ဖွယ် ဝင်ရောက်တိုက်ခိုက်နေပါတယ်။ဒီလိုတိုက်ခို်ကမှုကို…

Read More

လားရှိုးကို နစကဘက်က လေကြောင်းနဲ့ ပြန်တိုက်လာ

ဩဂုတ် ၃၁၊ ၂၀၂၄ Shy (VOM) ဩဂုတ်လ ၃၀ ရက်နေ့ မနေ့ည ၉နာရီဝန်းကျင်က လားရှိုးမြို့ပေါ်ကို နစကတပ်ဘက်ကနေ လေကြောင်းနဲ့ ပြန်တိုက်လာ‌ ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “လားရှိး ရပ်ကွက် ၉ ဘက် အထက ၈ မရောက်ခင် မီးပွိုင့်နားဘက်ကျတာက အိမ် တအိမ်ထိတယ်။ တိုင်းရုံးဘက်နဲ့ လေယာဉ်ကွင်းဘက်ရော ကျတယ် ကြားတယ်။” လို့ဒေသခံ တယောက်က ပြောပါတယ်။ ဖြစ်စဥ်ဖြစ်တဲ့ဘက်ဟာ ဘူတာနဲ့လည်း နီးသလို ၆၀၂ ထောက်ပို့ တပ်နဲ့လည်း နီးတာဖြစ်ပြီး ညပိုင်းအချိန်မို့ အထိအခိုက်တော့ အသေးစိတ် မသိရသေးဘူး လို့ ပြောပါတယ်။ “လူတွေတော့ ဘာမှတော့ မဖြစ်ဘူးတဲ့။ တော်သေးတာပေါ့။ တချို့က မပေါက်ကွဲဘူးလို့ ပြောတယ်။စစ်တပ်တွေထဲမှာ MNDAA တွေ နေနေမယ်ထင်လို့ လာချသွားတာ နေမယ်၊…

Read More

This Day in History

Voice of Myanmar ဘရာဇီး၏ ပထမဆုံး အမျိုးသမီးသမ္မတ ဒီလ်မာရပ်ဆဲဖ်သည် ၎င်းပြန်လည်ရွေးကောက်ခံရသော ၂၀၁၄ ခုနှစ်ရွေးကောက်ပွဲတွင် ဘက်ဂျက်လိုငွေပြမှုကိုကာမိစေရန် နိုင်ငံပိုင် ရန်ပုံငွေများကို အသုံးပြုခဲ့ကြောင်း လွှတ်တော်ကစွပ်စွဲ ပြစ်တင်ပြီးနောက် ၂၀၁၆ ခုနှစ် ဩဂုတ် ၃၁ ရက်တွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

Read More

ပူတင်ကို ဖမ်းဆီးပေးဖို့ အိုင်စီစီအဖွဲ့ဝင် မွန်ဂိုလီးယားကို ယူကရိန်းသမ္မတ တောင်းဆို

ကိဗ်ယက်၊ ဩဂုတ်-၃၁-၂၀၂၄မျိုးဆက်(VOM)ရုရှားသမ္မတ ပူတင်ဟာ လာမယ့်သီတင်းပတ်အတွင်းမှာ မွန်ဂိုလီးယားကို သွားရောက်ဖို့ရှိနေပြီး ဒီခရီးစဉ်မှာ ပူတင်ကို ဖမ်းဆီးဖို့ အိုင်စီစီ အဖွဲ့ဝင်ဖြစ်တဲ့ မွန်ဂိုလီးယားကို ယူကရိန်းသမ္မတ ဇီလန်စကီးက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ဒီခရီးစဉ်ဟာ အိုင်စီစီက ဖမ်း၀ရမ်းထုတ်ပြီးနောက်မှာ အိုင်စီစီအဖွဲ့ဝင်နိုင်ငံတနိုင်ငံကို ရုရှားသမ္မတပူတင် ပထမဆုံးအကြိမ် သွားရောက်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် ယူကရိန်းမှာဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပူတင်မှာတာဝန်ရှိတယ်လို့ အိုင်စီစီက စွပ်စွဲထားပါတယ်။အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မွန်ဂိုလီးယားဟာ အိုင်စီစီရဲ့စည်းမျဉ်းတွေကို လိုက်နာဖို့ တာဝန်ရှိတယ်လို့ အိုင်စီစီတာဝန်ရှိသူတယောက်က ပြောပါတယ်။ လာမယ့် အင်္ဂါနေ့မှာ စတင်မယ့် ဒီခရီစဉ်အတွက် စိုးရိမ်စရာမရှိဘူးလို့ ရုရှားဘက်က ပြောဆိုထားပါတယ်။“မွန်ဂိုလီးယားက ကျွန်တော်တို့ရဲ့ လု်ပဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ် ။ သမ္မတရဲ့ခရီးစဉ်ကို အသေအချာပြင်ဆင်ထားတယ် ” လို့ ရုရှားသမ္မတနန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ပြောပါတယ်။အိုင်စီစီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖာဒီအယ်လ်အဗ္ဗဒယ်လာကတော့ မွန်ဂိုလီးယားအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေဟာ…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဩဂုတ် – ၃၁ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၀၃ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၀၂၁၆၇၈ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၇၁၀၀၀၀၀ ကျပ် ဝယ်ဈေး ၇၀၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၉၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၈၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More
VOM News

FREE
VIEW