ထိုင်းမှာ ဥမင်ထဲပိတ်မိနေတဲ့ မြန်မာအပါအဝင် လူသုံးယောက် သေဆုံးပြီလို့ အာဏာပိုင်တွေ အတည်ပြု

ဘန်ကောက် ၊ ဩဂုတ်-၃၀-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ ပြိုကျနေတဲ့ရထားဥမင်အတွင်း ပိတ်မိနေတဲ့ မြန်မာအလုပ်သမားတယောက်နဲ့ တရုတ်နှစ်ယောက်ကို ငါးရက်ကြာ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ပေမယ့် သေဆုံးသွားပြီလို့ ထိုင်းအာဏာပိုင်တွေက ဒီနေ့မှာ အတည်ပြုပြောဆိုလိုက်ပါတယ်။ မနေ့ကတော့ မြေကြီးတွေနဲ့ ကျောက်တုံးတွေအောက်မှာ နစ်မြုပ်နေတဲ့ မြန်မာနိုင်ငံသား ထရပ်ကားမောင်းသူရဲ့ ရုပ်အလောင်းကိုတွေ့ခဲ့ရပြီး ကြီးကြပ်ရေးမှူးတယောက်နဲ့ တူးဖော်ရေးအော်ပရေတာဖြစ်တဲ့ တရုတ်နိုင်ငံသားတွေရဲ့ အလောင်းကိုတော့ ဒီနေ့မနက်အစောပိုင်းမှာ တွေ့ရှိခဲ့တာလို့ တာဝန်ရှိသူတွေကဆိုပါတယ်။ ပိတ်မိနေတဲ့ အလုပ်သမားတွေဟာ မနေ့ကထိ အသက်ရှင်နေသေးတယ်လို့ ယူဆရပါတယ်။ မြို့တော်ဘန်ကောက်ရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာရှိ ပတ်ခ်ချောင်ခရိုင်မှာ သူတို့တည်ဆောက်နေတဲ့ ဥမင်တခု ပြီးခဲ့တဲ့စနေနေ့က ပြိုကျပြီး ပိတ်မိနေခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပိတ်မိနေသူတွေ သေဆုံးသွားပြီလို့ အာဏာပိုင်တွေက အတည်ပြုထုတ်ပြန်လာပြီး ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ ဥမင်ထဲမှာ အောက်ဆီဂျင်ပြတ်တောက်မှုကြောင့်လို့ ဆိုပါတယ်။ ဆောက်လုပ်နေဆဲဖြစ်တဲ့ ထိုင်း-တရုတ်အမြန်လမ်း စီမံကိန်းရဲ့ တစိတ်တပိုင်ဖြစ်တဲ့ အဲဒီဥမင်ဟာ…

Read More

မီတာခတွေ တိုးကောက်ဦးမယ်လို့ ကြေညာ ၊ အိမ်သုံးမီတာ နှစ်ဆနီးပါးနဲ့ လုပ်ငန်းသုံးက သုံးဆနီးပါး စျေးတက်သွား

ဩဂုတ် ၃၀ – ၂၀၂၄ GG (VOM) လျှပ်စစ်မီတာခနူန်းထားတွေကိုလာမယ့် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး တိုးမြှင့် ကောက်ခံသွားမှာဖြစ်တယ်လို့ ဒီနေ့ဩဂုတ်လ၃၀ ရက်မှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက အသိပေးလာပါတယ်။ တိုးမြှင့်ကောက်ခံမယ့် မီတာခနူန်းထားမှာ လက်ရှိကောက်ခံနေတဲ့မီတာခနူန်းထားနဲ့ယှဥ်ရင် အိမ်သုံးအမျိုးအစားက နှစ်ဆနီးပါးတက်သွားပြီး အိမ်သုံးမဟုတ်တဲ့လုပ်ငန်းသုံးအမျိုးအစားက သုံးဆနီးပါးမြင့်တက်သွားတာကိုတွေ့ရပါတယ်။ အိမ်သုံးအမျိုးအစားအတွက် ဓာတ်အားခ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့အထက်ကို ၃၀၀ ကျပ် တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်ပါတယ်။ လုပ်ငန်းသုံးအမျိုးအစားအတွက်ကို ၁ ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅၀၀၁ ယူနစ်မှ ၂၀၀၀၀ ယူနစ်အထိ ၄၀၀…

Read More

ဂါဇာမှာ ပိုလီယိုကာကွယ်ဆေးထိုးအစီအစဉ်အတွက် တိုက်ပွဲတွေ ခေတ္တရပ်ဖို့ အစ္စရေးစစ်တပ် သဘောတူ

ဂါဇာစီးတီး၊ ဩဂုတ်-၃၀-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသမှာ ကလေးငယ်တွေကို ပိုလီယိုကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုအရ တိုက်ပွဲတွေကို ယာယီရပ်ပေးမယ်လို အစ္စရေးက သဘောတူခဲ့ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ဂါဇာကမ်းမြှောင်ဒေသရှိ ကလေးငယ်ပေါင်း ခြောက်သိန်းလေးသောင်းကျော်ကို ကာကွယ်ဆေးထိုးဖို့ စီစဉ်နေပြီး လာမယ့် တနင်္ဂနွေနေ့မှာ စတင်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တာဝန်ရှိသူ တယောက်ကပြောပါတယ်။ကာကွယ်ဆေးထိုးအစီအစဉ်ကို ဂါဇာအလယ်ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ သီးခြားစီပြုလုပ်သွားမှာဖြစ်ပြီး အဆင့်တခုစီတိုင်းမှာ ဒေသစံတော်ချိန် မနက် ၆ နာရီကနေ နေ့လယ် ၃ နာရီထိ သုံးရက်ဆက်တိုက် တိုက်ပွဲတွေ ခေတ္တရပ်နားပေးမယ်လို့ အစ္စရေးစစ်တပ်က သဘောတူထားပါတယ်။ဂါဇာကမ်းမြှောင်ဒေသမှာ ၂၅ နှစ်တာကာလအတွင်း ကလေးငယ်တယောက်မှာ ပထမဆုံး ပိုလီယိုရောဂါ ကူးစက်မှုတွေ့ရှိပြီးနောက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကာကွယ်ဆေးထိုးအစီအစဉ်အပေါ် အစ္စရေးစစ်တပ်က သဘောတူခဲ့တာဖြစ်ပါတယ်။ကလေးငယ်တွေကို ပါးစပ်မှတဆင့်တိုက်ကျွေးရတဲ့ အမျိုးအစားနှစ် ပိုလီယိုကာကွယ်ဆေး nOPV2 ၁ ဒသမ ၂၆ သန်းဟာ ဂါဇာကိုရောက်ရှိနေပြီး များမကြာခင်မှာ နောက်ထပ်ကာကွယ်ဆေးတွေ ထပ်မံရောက်ရှိမယ်လို့…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဩဂုတ် – ၃၀ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၁၅ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၀၂၁၆၇၈ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၉၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More

ဆန်ရည်ညွှန်စျေး သတ်မှတ်ထားပေမယ့် စျေးမကျတဲ့အပြင် မှောင်ခိုစျေးကွက်ပါဖြစ်ပေါ်နေ

ဩဂုတ် ၃၀၊ ၂၀၂၄ GG (VOM) ဆန်ရည်ညွှန်းစျေးသတ်မှတ်လိုက်တာကြောင့် နောက်ဆက်တွဲအနေနဲ့ ဆန်ဆိုင်တွေမှာ မှောင်ခိုပုံစံ တိုးတိုးတိတ်တိတ်ရောင်းချတဲ့ စျေးကွက်တခု ပေါ်ပေါက်လာနေတယ်လို့ စားသုံးသူတွေဆီကသိရပါတယ်။ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်MRF ကတော့ ပြည်တွင်း ဆန်စျေးနူန်း မြင့်တက်နေမှုကို ထိန်းချုပ်ဖို့နဲ့ ဆန်စျေးနူန်းတည်ငြိမ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆန်အမျိုးအစားလိုက် ရည်ညွှန်းစျေးကိုလစဥ် သတ်မှတ်ထုတ်ပြန်ပေးနေတာပါ။ ဒါပေမယ့် မြေပြင်အခြေအနေမှာတော့ မြို့ပေါ်ဆန်ဆိုင်အများစုဟာ ရွှေဘိုပေါ်ဆန်းထူးထူးရှယ် အမျိုးအစား၊ စလင်းနယ်ထွက် ဧရာပဒေသာစတဲ့အရည်အသွေးကောင်း ဆန်အမျိုးအစားတွေကို စျေးလည်းမကျတဲ့အပြင် အရင်လို ပေါ်ပေါ်ထင်ထင်မရောင်းချတော့ဘဲ ဝယ်သူရှိမှသာ ထုတ်ရောင်းချပေးနေတာဖြစ်ပါတယ်။ ” ရွှေဘိုပေါ်ဆန်းထူးရှယ်ဝယ်တာ ၆ပြည်အိတ်ကို ၅၀၀၀၀ ပေးရတယ်။သူတို့ကဆန်အိတ်ကိုရှေ့မှာချမထားဘူး။ရှေ့မှာချထားတာက တပြည် ၃၀၀၀ ဆိုတာပဲရှိတယ်။ ခုကျွန်တော်တို​့ဝယ်တဲ့ဆန်ဆို မေးမှထုတ်ရောင်းတာ။ရောင်းတော့လဲ ရိုးရိုးအိတ်နဲ့အပြင်ကနေထုတ်ပေးတာ။ဆန်ဝယ်ရတာတောင် မှောင်ခိုအရောင်းဝယ်လုပ်နေရသလိုပါပဲ။” လို့ စားသုံးသူ တယောက်ကပြောပါတယ်။ ရွှေဘိုပေါ်ဆန်း ထူးရှယ် ၂၄ ပြည်တအိတ်ကို အခုချိန်ထိ ၂၀၀၀၀၀ ကျပ်အထိရှိနေပြီး စလင်းဧရာပဒေသာ ၂၄…

Read More

This Day in History

Voice of Myanmarအပြန်အလှန်တိုက်ခိုက်ရန် လုံလောက်သော နျူကလီးယားစွမ်းရည် ပိုင်ဆိုင်ထားကြသည့် အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့အကြား မတော်တဆ စစ်ပွဲဖြစ်ပွားခြင်းမှ ရှောင်ရှားရန် ၂၄ နာရီ တိုက်ရိုက် အရေးပေါ်ဆက်သွယ်ရေးလိုင်းတခုကို ၁၉၆၃ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် စတင်ခဲ့သည်။

Read More

လားရှိုး စစ်ရှောင်အိမ်တွေမှာ အုပ်စုဖွဲ့ဝင်ရောက်နေထိုင်သူတွေကို ထိရောက်စွာ အရေးမယူနိုင်သေး

ဩဂုတ် ၊ ၃၀ ၊ ၂၀၂၄ Shy V (VOM) လားရှိုးမှာ MNDAA တပ်ဖွဲ့က လုံခြုံရေး တိုးမြှင့် ဆောင်ရွက်နေပေမယ့် လက်ရှိအထိ အုပ်စုဖွဲ့ ခိုးယူမှုရှိနေဆဲ ဖြစ်ပြီး စစ်ရှောင်ရဲ့ နေအိမ် တွေမှာ ဝင် ရောက်နေထိုင်သူတွေရှိနေပြီး ထိရောက်စွာ အရေးမယူနိုင်သေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အရင်ရက်ပိုင်း လားရှိုး ရပ်ကွက်တခုမှာ အိမ်ရှင်က အိမ်ပြန်လာကြည့်ချိန် သူခိုးအုပ်စု တွေ ခိုးနေကြတော့ မခိုးဖို့ ပြောတာ။ သူခိုးအုပ်စုက ပြောင်းပြန် အိမ်ရှင်ကို သူခိုး ဆိုပြီး ကိုးကန့်ရဲကို သွားတိုင်တာ။ အဲဒါနဲ့ အိမ်ရှင်က အဖမ်းခံရတာ လို့ကြားတယ်”လို့ ဒေသခံ တယောက်ကပြောပါတယ်။ အိမ်ရှင်က ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံပေးလို့ အဲဒီ အိမ်ရှင် ပြန်လွတ်လာပေမယ့် အိမ်က ပစ္စည်းတွေကို သူခိုး…

Read More

အတိုးနွံထဲက ရုန်းထွက်မရသူများ

သြဂုတ် ၃၀ ၊၂၀၂၄SN (VOM)အကြွေးနွံနစ်တယ် ဆိုတာက တော်တော်လေး စိတ်ဖိစီးစရာကောင်းတဲ့ ကိစ္စပါ။ အချိန်နဲ့အမျှ စိတ်မသက်မသာဖြစ်ရတဲ့ အခြေနေတခု ဆိုတာ အကြွေးနွံနစ်ဖူးတဲ့လူဆိုရင်တော့ ဒါက ဘယ်လောက် စိတ်ပင်ပန်းရလဲ ဆိုတာကို ကောင်းကောင်း သိမယ်ထင်ပါတယ်။လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၃၂ ဒသမ ၁ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေကြရပါတယ်။ အာဆီယံနိုင်ငံတွေမှာ ဆင်းရဲမှုဒဏ် အခံရဆုံးနိုင်ငံစာရင်းမှာ ပါဝင်နေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။မြို့ပြဒေသကြီးတွေနဲ့ ကျေးလက်တောရွာတွေမှာ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် လူထုဟာ ကိုယ့်အား ကိုယ်ကိုးတဲ့စနစ်နဲ့ပဲ ကျားကန် အားတင်းနေကြရတာပါ။ အစိုးရဘက်ကတော့ အကူအညီ မရှိသလောက်ကို နည်းပါးလှပါတယ်။ဆင်းရဲမွဲတေမှုဒဏ်ကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေကြရတဲ့ အခြေခံလူတန်းစား ပြည်သူတချို့ဟာ နေ့စဉ် စားဝတ်နေရေး ဖြေရှင်းဖို့၊ အလုပ်အကိုင်အတွက် အရင်းအနှီး ရရှိဖို့…

Read More

ဘဏ်ချေးငွေ ယူသူတွေနဲ့ အရစ်ကျ ပစ္စည်းဝယ်ထားသူတွေ ထပ်ဆောင်းအတိုးပေးရမယ့်အပေါ် ဝေဖန်နေ

သြဂုတ် ၂၉ ၊၂၀၂၄Ms(VOM)ဗဟိုဘဏ်က လာမယ့် စက်တင်ဘာ ၁ ရက်ကစပြီး ဘဏ်တွေရဲ့အတိုးနှုန်းကို တိုးမြှင့်လိုက်ဖို့ ကြေညာထားတဲ့အတွက် ဘဏ်ချေးငွေ ယူထားသူတွေ၊ ဘဏ်အရစ်ကျစနစ်နဲ့ပစ္စည်း ဝယ်ယူထားသူတွေ အနေနဲ့ ထပ်ဆောင်းအတိုး ပိုမိုပေးရမှာဖြစ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ဘဏ်အပ်ငွေ ၊ ချေးငွေ အတိုးနှုန်းတွေ အပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယခင်အတိုးနှုန်း ၇ ရာခိုင်နှုန်းအစား ၉ရ ရာခိုင်နှုန်း ကနေ ၁၅ရာခိုင်နှုန်းအထိ တိုးမြှင့် သတ်မှတ်လိုက်တာကိုသြဂုတ်လ ၁၄. ရက်က ကြေညာခဲ့ကာ စက်တင်ဘာ ၁ ရက်မှာ ပြောင်းလဲလိုက်တဲ့ အတိုးနှုန်း အတိုင်းကောက်ခံမယ်လို့အသိပေးထားပါတယ်။ဘဏ်ချေးငွေ နဲ့ အရစ်ကျချေးငွေတွေနဲ့ပတ်သက်ပြီးထပ်တိုးနှုန်းဟာ လာမယ့်စက်တင်ဘာလက စကာ ယခင်အတိုးထက်၂ရာခိုင်နှုန်း တိုးထပ်တိုးပေးဆောင်ရမယ့်အပေါ် ဒီဝန်ဆောင်မှု ရယူထားသူတွေအတွက် အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။” အရစ်ကျနဲ့ကားဝယ်ထားတာ လေးနှစ်ကို တလမှာ သုံးသိန်းကျော်နဲ့သွင်းနေတာ ၁၀ လလောက်ပဲ ကျန်တော့ကာမှ အခုအတိုးထပ်တက်လို့…

Read More

အိန္ဒိယရေဘေး သုံးရက်အတွင်း ၂၈ ယောက်သေပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်မှာလည်း ရေကြီးနေ

ဒေလီ၊ ဩဂုတ်-၂၉-၂၀၂၄ ရတီ(VOM) အိန္ဒိယနို်ငငံ ဂူဂျာရက်ပြည်နယ်မှာ မုတ်သုံမိုးရွားသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် သုံးရက်အတွင်း လူ ၂၈ ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ သေဆုံးသူတွေဟာ ရေနစ်တာနဲ့ သစ်ပင်ပိတာမျိုးတွေကြောင့် အများဆုံး သေဆုံးခဲ့တာပါ။ နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းပြည်နယ်မှာ ဒီနေ့လည်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ မြစ်ချောင်းတွေရေလျှံလာလို့ လူသုံးသောင်းကျော်လည်း ဘေးလွတ်ရာ ပြောင်းရွှေ့နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသတွင်း သတင်းဌာနအချို့ကတော့ သေဆုံးသူ ၃၅ ယောက်ထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ရေဘေးအတွင်း ပိတ်မိနေသူ ၁၈၅၆ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စစ်တပ်ကို ဖြန့်ကြက်ထားပါတယ်။ ဗာဒိုဒါရာမြို့ဟာ ရေဘေးဒဏ်အဆိုးရွားဆုံးခံရတဲ့ မြို့ဖြစ်ပါတယ်။ ရေးဘေးကြောင့် ကျေးရွာပေါင်း ၁၀၀၀ ကျော်မှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ်မှာလည်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ရေကြီးပြီး မြေပြိုမှုတွေကြောင့်…

Read More
VOM News

FREE
VIEW