ခေမာသောင်၊ ရုက္ခမူ…သေလာတောင်၌

      ဆူးငှက်     ‘‘ တြင်းကြေအစ ဂဏန်းတွေနှင့် နဝင်းနေ ပထမတန်းပေမို့ (အိုကွယ်…) အမတနန်းကိုတဲ့ လှမ်းတော့မယ်၊   စိတ်ပုတီးရယ်နှင့်၊ ရိပ်ကြီးဆရာခိုရတော့ တဏှာကို လွတ်အောင်ရုန်းမယ် ပုန်းရှောင်ပေါ့ကွယ်၊   အဝိဇ္ဖာရှစ်ခွင်က မှိုင်းပါတဲ့ အနိဋ္ဌာ မြစ်ပြင်လှိုင်းကိုတော့ ကသိုဏ်းနှင့် ဖြတ်ပါမယ် နတ်ရွာနတ်နယ်တွင်ဖြင့် ဆိုင်းချင်ဘူး။   ခေမာသောင် ရုက္ခမူ သေလာတောင်၌ ရွှေဝါချောင် ဖလ်ဂူတွင်းဆီက စံမတူ ရန်သရှင်းမယ်လို့ (ကွယ်…) အင်း…သည်စိတ်ကူး။     မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုပ္ပားတောင်သည် မြန်မာပြည်၏သဘာဝအလှ၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ တခုတ်တရ ပြောဆိုညွှန်းပြရသည့်နေရာတစ်နေရာဖြစ်သည်။ မြန်မာပြည်တွင်း ဒေသခံအများစုကမူ ယခင်ကမီးတောင်ဟောင်းဖြစ်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ (၄၉၈) ပေရှိသော ပုပ္ပားတောင်မကြီးထက်၊ ပင်လယ်ရေမျက်နှာပြင်မှအထက် (၂၄၁၇) ပေမြင့်သော…

Read More

ကျွဲတပ်ဆုံ X-rayဂိတ်မှာ စစ်ဆေးမှုကြန့်ကြာလို့ ကားတွေပိတ်မိမှု အခြေအနေပိုဆိုးလာနေ

ဇန်နဝါရီ ၃၀- ၂၀၂၅ GG (VOM) မန္တလေးတိုင်း ၊ သာစည်မြို့နယ်ရှိ သာစည် – ကလောလမ်းပိုင်းပေါ်က ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေတင်းကြပ်ပြီး ကြန့်ကြာမှုတွေရှိနေတာကြောင့် နေ့စဥ်နဲ့အမျှကားတွေ အများအပြားပိတ်မိပြီး အခြေအနေကပိုဆိုး လာနေ တယ်လို့သိရပါတယ်။ ကျွဲတပ်ဆုံဂိတ်က ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ သာစည် – ကလောလမ်းပေါ်က စစ်ဆေးရေးဂိတ်ဖြစ်တာကြောင့် စစ်ဆေးမှု ကြန့်ကြာတာဟာ ကုန်စည်စီးဆင်းရေးကို နှောင့်နှေးကြန့်ကြာပြီး သီးနှံတွေပျက်စီးမှုရှိသလို ခရီးသွားတွေအတွက်လည်းအချိန်ကြန့်ကြာမှုတွေဖြစ်ပြီး ဒုက္ခရောက်နေ တယ်လို့သိရပါတယ်။ ကျွဲတပ်ဆုံဂိတ်မှာ ကားတွေအချိန်ကြာမြင့်စွာဆောင့်ဆိုင်းရတာကြောင့် ကားတွေပိတ်ဆို့နေတဲ့အခြေအနေက တနေ့ထက်တနေ့ပိုဆိုးလာတယ်လို့သိရပါတယ်။ ” ကျွဲတပ်ဆုံဂိတ်မှာက နေ့တိုင်းကားပိတ်ပါတယ်။ကုန်ကားတွေလည်း ပိတ်မိသလိုအိမ်စီးကားတွေလည်းပိတ်မိတယ်။ကုန်ကားတွေက ကုန်စိမ်းသီးနှံတွေများတယ်။တချို့ကုန်စိမ်းတွေဆိုပျက်စီးတဲ့အထိရှိကြတယ်။ခုတောင်အခြေအနေကဆိုးနေတာ ရှေ့လျှောက်နေကပြင်းလာပြီဆိုတော့ခုလိုသာ ဆက်ပိတ်မိနေရင်ကုန်ကားတွေပိုဒုက္ခရောက်မှာ။သူတို့က ဂိတ်ရောက်ရင် လုံခြုံရေးအရဆိုပြီး ကုန်စိမ်း ကားတွေ ရော အိမ်စီးကား တွေကိုပါ ဂိတ်မှာ X-R+ray စက်နဲ့ အစစ်အဆေးခံရတယ်။ ကားပေါ်မှာ ပါတဲ့သူတွေက…

Read More

တမူးမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေ

ဇန်နဝါရီ ၃၀ – ၂၀၂၅ SN (VOM) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မင်းသာကျေးရွာနဲ့ ကျွန်းပင်သာကျေးရွာတွေမှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ကျေးရွာတွေမှာရှိတဲ့ နစက ပူးပေါင်းတပ်တွေကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် လက်ရှိအချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲကတော့ လက်ရှိက ကျွန်းပင်သာရွာမှာ မနေ့ (ဇန်နဝါရီ ၂၉ ရက်) ကစပြီး ငြိမ်နေတယ်။ အဲဒီမှာရှိတဲ့ နစကတပ်စခန်းတွေကို လက်နက်ကိုင်တပ်တွေက ထိန်းချုပ်လိုက်ပြီလို့လည်း ကြားတယ်။ ဒါပေမယ့် ဆက်သွယ်ရေးလိုင်း အခြေအနေအရ သတင်းတော့ အတည်ပြုလို့ မရသေးဘူး။ လက်ရှိကတော့ မင်းသာရွာဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ။ အခု ဖြစ်နေတဲ့၊…

Read More

အမေရိကန်မှာ လေယာဉ်နှစ်စင်းတိုက်မိပြီး မြစ်ထဲပျက်ကျမှု ရုပ်အလောင်း ၁၉ လောင်း ရှာဖွေတွေ့ရှိထား

ဝါရှင်တန်၊ ဇန်နဝါရီ-၃၀-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်နဲ့ အမေရိကန်စစ်တပ်ရဲ့ Black Hawk ရဟတ်ယာဉ်တစင်းတို့ ဝါရှင်တန်မှာ တိုက်မိပြီး မြစ်ထဲပျက်ကျခဲ့ရာ လက်ရှိအချိန်ထိ ရုပ်အလောင်း ၁၉ လောင်း ရှာဖွေတွေ့ရှိထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ခရီးသည်တင် လေယာဉ်ပေါ်မှာ ခရီးသည် ၆၀ နဲ့ လေယာဉ်အမှုထမ်းလေးယောက် လိုက်ပါသွားပြီး ရဟတ်ယာဉ်ပေါ်မှာတော့ အမေရိကန်စစ်သားသုံးယောက် ပါဝင်ပါတယ်။ လေယာဉ်တွေတိုက်မိပြီးနောက် ပိုတိုမက်မြစ်ထဲကို ပျက်ကျခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးတွေကိုတော့ ဆက်လက်လု်ပဆောင်နေပါတယ်။ ဒီမတော်တဆမှုဟာ ဒေသစံတော်ချိန် ည ၉ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။ ဆိုးရွားတဲ့ ဒီမတော်တဆမှုမှာ ရဟတ်ယာဉ်ဟာ ရှောင်ဖို့အတွက် ဘာကြောင့် အတက်အဆင်း မလုပ်တာလဲလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေးခွန်းထုတ်ထားပါတယ်။ ရဟတ်ယာဉ်ဟာ လေ့ကျင့်ပျံသန်းမှုလုပ်တာလို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မြစ်ထဲမှာတော့ လေယာဉ်နှစ်စင်းစလုံးရဲ့ အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေးသမား ၃၀၀ ကျော်က…

Read More

အမေရိကန်အစိုးရက နေရပ်ပြန်ပို့မယ့် စာရင်းထဲမှာ မြန်မာနိုင်ငံသား ၆၇၉ ယောက်ပါဝင်

ဝါရှင်တန်၊ ဇန်နဝါရီ-၃၁-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အစိုးရက နေရပ်ပြန်ပို့မယ့် လူပေါင်း ၁ ဒဿမ ၄ သန်းကျော်ထဲမှာ မြန်မာနိုင်ငံသား ၆၇၉ ယောက် ပါဝင်နေတယ်လို့ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဒီလူတွေဟာ နိုင်ငံတွင်းရောက်နေတဲ့ အမေရိကန်နိုင်ငံသားတယောက်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတာမဟုတ်ပေမယ့် အမေရိကန်ကနေ ထွက်ခွာဖို့အမိန့်ပေးခံရသူတွေဖြစ်ပြီး .ယခုလမှာ သမ္မတတာဝန်ယူခဲ့တဲ့ ဒေါ်နယ်ထရန့်ကတော့ အထောက်အထားမဲ့တွေအပါအဝင် ပြည်နှင်ဒဏ်ပေးမှုတွေကို စတင်နေပါတယ်။ လက်ရှိပြည်နှင်ဒဏ်ပေးခံရမယ့်သူတွေထဲမှာ မက္ကဆီကိုကတော့ သူ့နိုင်ငံသား နှစ်သိန်းငါးသောင်ကျော်နဲ့ အယ်လ်ဆာဗေးဒိုးကလည်း နှစ်သိန်းကျော်၊ ဟွန်ဒူးရပ်စ်နဲ့ နီကာရာဂွါနိုင်ငံသားတွေက အများဆုံးရပ်တည်နေပါတယ်။ ဒါအပြင် မြောက်ကိုရီးယား၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားစတဲ့ အာရှနိုင်ငံတွေက နိုင်ငံသားတွေလည်း ပြန်ပို့ခံရမယ့် စာရင်းထဲမှာ ပါဝင်နေပါတယ်။ ဒီလူတွေဟာ ရာဇဝတ်မှုတခုခုကျူးလွန်းမှု ဒါမှမဟုတ် အမေရိကန်လူဝင်မှုကြီးကြပ်ရေး ဥပေဒကို ချိုးဖောက်ထားသူတွေလို့ ဆိုပါတယ်။ ဒီထဲမှာ ခှိုလှုံခွင့် ငြင်းပယ်ခံရသူတွေ၊ ဗီဇာသက်တမ်းကုန်နေသူတွေ၊…

Read More

တန်ဖိုးလည်းရှိ၊ ဂုဏ်သိက္ခာလည်း ရှိတဲ့ စာအုပ်

      ဆူးငှက်     စစ်ပြီးခေတ်ကာလ၊ လွတ်လပ်ရေးကြိုကာလ၊ လွတ်လပ်ပြီးကာလ၊ ပါလီမန်ဒီမိုကရေစီကာလများက မန္တလေးမှာ ထုတ်ဝေခဲ့တဲ့  ပထမဦးပိုင်းသတင်းစာ၊ စာစောင်တွေဟာလွတ်လပ်ရေးကြိုးပမ်းသူ မြန်မာကြည်သူလူထုဘက်ကလား ၊ အုပ်စိုးသ ူနယ်ချဲ့ဘက်ကလား…။ ဒီဘက် (၂)ဘက် ၊ဂိုဏ်း (၂) ဂိုဏ်းပဲရှိပါတယ်။ ဒီလိုပါပဲ။ လွတ်လပ်ရေးအကြိုကာလ၊ လွတ်လပ်ပြီးစကာလနဲ့ ပါလီမန်ဒီမိုကရေစီခေတ်ကာလများဆီကလည်းအလုပ်သမား၊ လယ်သမားလွတ်မြောက်ရေးဆိုတဲ့ တိုးတက်တဲ့ဘက်ကလား။ အုပ်စိုးသူမြေရှင်ပဒေသရာဇ် အရင်းရှင်ဘက်ကလားဆိုတဲ့ ဘက် (၂)ဘက်၊ ဂိုဏ်း (၂) ဂိုဏ်းပဲရှိမှာပေါ့။     လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတော်ကလည်းကုလသမဂ်္ဂဝင်ခွင့်ရ။ ဘန်ဒေါင်းမူ (၅)ချက်နဲ့ ဘက်မလိုက် အဖွဲ့ကြီးကိုလည်း ဦးဆောင်ဖွဲ့စည်းနိုင် စတဲ့ အရေးပါ မျက်နှာပန်းပွင့် လာတာနဲ့အတူ၊ အာရှ၊ အာဖရိက၊ လက်တင် အမေရိကရဲ့ လွတ်လပ်ပြီးစ နိုင်ငံများမှာတက်ကြွအားတက်ဖွယ် အယူအဆသစ်နဲ့ နိုင်ငံထူထောင်ရေး အားကောင်း မောင်းသန် လှုပ်ရှားနေချိန်လည်း…

Read More

အိန္ဒိယရဲ့ အကြီးဆုံးဘာသာရေးပွဲတော်မှာ လူအုပ်ပြိုကျလို့ ၁၅ ယောက်သေဆုံး

ဒေလီ၊ ဇန်နဝါရီ-၂၉-၂၀၂၅ ရတီ(VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဘာသာရေးပွဲတော်တခုအတွင်း လူအုပ်ပြိုကျပြီး တက်နင်းမှုကြောင့် လူတဒါဇင်ထက်မနည်း သေဆုံးသွားကြောင်း ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဖြစ်စဉ်အတွင်း လူဘယ်လောက်ထိခိုက်ဒဏ်ရာရသွားတယ်ဆိုတာ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်တခုဖြစ်တဲ့ Kumbh Mela ပွဲတော်မှာ ဂင်္ဂါမြစ်နဲ့ ယမုံနာမြစ်တို့ဆုံရာမှာ လူသန်းနဲ့ချီပြီး ရေချိုးခြင်းပြုကြတာဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားခဲ့တဲ့ မတော်တဆမှုအတွင်း လူ ၁၅ ယောက်သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကို ကုသပေးနေတယ်လို့ ပရာယာဂရာ့ဂ်မြို့ ဆေးရုံတာဝန်ရှိသူက ပြောပါတယ်။ ဒါဇင်များစွာသောလူများဟာ ပွဲတော်အနီးထားရှိတဲ့ ယာယီဆေးရုံအပြင်မှာ သတင်းစောင့်ဆိုင်းနေကြပါတယ်။ လူစုလူဝေး ထိန်းချုပ်တဲ့ အရံအတားအချို့ပြိုကျပြီးနောက် လူအုပ်ပြိုမှုစတင်ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပွဲစီစဉ်သူတွေကတော့ ဖေဖော်ဝါရီ ၂၆ ရက် နောက်ဆုံးနေ့မတိုင်ခင် လူပေါင်း သန်း ၄၀၀ လောက် ယခုနှစ်ပွဲတော်ကို လာရောက်ဆင်နွှဲမယ်လို့ ခန့်မှန်းထားကြပါတယ်။ ၁၉၅၄ ခုနှစ်က ပွဲတော်ကျင်းပချိန်ကလည်း လူအုပ်ပြိုကျမှုနဲ့…

Read More

ရန်ကုန်ရဲ့ လေထုညစ်ညမ်းမှုဟာ သတိပေးချက် အဆင့်ရောက်နေ

Ms(VOM) ဇန်နဝါရီ၂၉- ၂၀၂၅ ကမ္ဘာ့လေထု အရည်အသွေးတိုင်းတာတဲ့အဖွဲ့အစည်း IQ Air ကနေ ရန်ကုန်မြို့ရဲ့လေထုညစ်ညမ်းမှုဟာ အနီရောင်အဆင့်ဖြစ်ကြောင်းထုတ်ပြန်လာရာ ဒါဟာ အဆိုးရွားဆုံးအဆင့်ကို မရောက်ရှိသေးပဲ သတိပေးချက်အဆင့်မှာသာရှိနေတာလို့ မိုးလေဝသနဲ့ဇလဗေဒ ဦးစီးဌာနက ညွှန်ကြားရေးမှူးဦးလှထွန်း ကပြောပါတယ်။ IQ Air ဝက်ဘ်ဆိုက် ကနေ ကမ္ဘာ့နိုင်ငံ ၂၃၀ကျော်က မြို့တော်တွေရဲ့ လေထုညစ်ညမ်းမှု အခြေအနေတွေကို ယခုဇန်နဝါရီလအတွင်း တိုင်းတာထုတ်ပြန်ရာမှာ ကျန်းမာရေးထိခိုက်စေတဲ့ လေထုညစ်ညမ်းမှု အခြေအနေရှိနေတဲ့ မြို့တွေကိုအဆင့်အလိုက်ဖော်ပြထားရာရန်ကုန်မြိုရဲ့ လေထုညစ်ညမ်းမှုက အဆင့်၄ အထိရောက်ခဲ့ကာ အနီရောင်နဲ့လိ‌‌မ္မော်ရောင် အရောင်အဆင့်သတ်မှတ်ချက်တွေနဲ့ဖော်ပြ သတိပေးထားတယ်လို့ဆိုပါတယ်။ “လေထုညစ်ညမ်းတာကို IQ Air ကပြောတာတော့အနီရောင်အဆင့်ပေါ့ များသောအားဖြင့်တော့သူကမနက်ပိုင်း‌တွေမှာ သိပ်သည်းဆများတယ်။အေးတော့သိပ်သည်းဆများတာက ပိုပြီးတော့ လေထုမှာအမှုန်တွေနဲ့မြင်ရတဲ့အနေအထားရှိတယ်။ဒါပေမယ့် နေအပူရှိန်ရလာရင်တော့ တဖြည်းဖြည်းနေမြင့်လာတဲ့အခါ လေကမအေးတော့သိပ်သည်းဆပါးသွားပေါ့သွားတော့ဒီ လေထုညစ်ညမ်းမှုကလည်းနည်းနည်းလေးတော့ပြန်လျော့သွားတယ်။ အခုက အနီရောင်အဆင့်လို့ပြောထားတော့ တစ်ကယ်တမ်းကျတော့ ခရမ်းရောင်တို့ ဘာတို့မှသာ အခုကတော့အနီရောင်က သတိပေးတဲ့အဆင့်ပေါ့ ခရမ်းရောင်ကမှသာ လုံးဝကျန်းမာရေးနဲ့မကိုက်ညီတဲ့အခြေအနေမျိုးပေါ့…

Read More

တောင်ကိုရီးယား ခရီးသည်လေယာဉ်တစင်း ဘူဆန်မှာမီးလောင်လို့ ခရီးသည် ၁၇၆ ယောက်ကို ကယ်ထုတ်

ဆိုးလ်၊ ဇန်နဝါရီ-၂၉-၂၀၂၅ ရတီ(VOM) တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ လေဆိပ်တခုမှာ အဲဘတ်စ်လေယာဉ်တစင်း မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ခရီးသည် ၁၇၆ ယောက်ကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရတယ်လို့ မီးသတ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဘူဆန်လေကြောင်းလိုင်းက ခရီးသည်လေယာဉ်ဟာ နိုင်ငံအရှေ့တောင်ပိုင်းလေဆိပ်မှာ မီးလောင်ခဲ့တာဖြစ်ပြီး အရေးပေါ်လှေကားကနေ ခရီးသည်တွေအရေးပေါ်ဆင်းသက်ရာမှာ လူလေးယောက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဟောင်ကောင်ကို ထွက်ခွာမယ့် အဲဒီလေယာဉ်ရဲ့ အမြီးပိုင်းကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လေယာဉ်ကိုယ်ထည်ထိ ပျံ့နှံ့သွားတဲ့မီးကို မိနစ်ပိုင်းအတွင်းရောက်ရှိလာတဲ့ မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့ရပါတယ်။ ဂျယ်ဂျူလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်တစင်း နိုင်ငံအနောက်တောင်ပိုင်း မူအန်းလေဆိပ်မှာ ပျက်ကျခဲ့ပြီး လူ ၁၇၉ ယောက်သေဆုံးခဲ့တဲ့ အဆိုးရွားဆုံး လေကြောင်းမတော်တဆဖြစ်ပြီး တလမပြည့်ခင်မှာ အခုလို လေယာဉ်မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ မီးလောင်ခဲ့တဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ၁၆၉ ယောက်နဲ့ လေယာဉ်အမှုထမ်း ခုနှစ်ယောက်တို့ လိုက်ပါခဲ့ပြီး မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသည်။ ဘူဆန်လေကြောင်းလိုင်းဟာ ဘက်ဂျက်လေကြောင်းလိုင်းတခုဖြစ်ပြီး မိခင်ကုမ္ပဏီကတော့…

Read More

ဧရာ၀တီ သာပေါင်းမြို့နယ်အစပ်က ကျေးရွာတွေကို AA ဝင်တိုက်လာလို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

ဇန်နဝါရီ ၂၉ – ၂၀၂၅ KKO(VOM) ရခိုင့်တပ်တော် AA အဖွဲ့က ဧရာဝတီတိုင်း သာပေါင်းမြို့နယ်အစပ်က ကျေးရွာတွေကို ဝင်တိုက်လာလို့ ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်၊ နံနက်ပိုင်းအထိ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ အဲဒီမြို့နေ ဒေသခံတွေရဲ့ပြောပြမှုတွေအရ VOM က သိရှိရပါတယ်။ တိုက်ပွဲတွေဟာ ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်၊ညနေပိုင်းအချိန်ကစတင်လို့ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်အစပ်က မကျီးဇင်၊သဲဖြူ အစရှိတဲ့ကျေးရွာတွေအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲအတွင်း သာပေါင်းမြို့နယ်ရဲစခန်းမှူးတယောက်လည်း ကျဆုံးမှုတွေရှိခဲ့တာကို ကြားရတယ်လို့လည်း ပုသိမ်မြို့ခံတယောက်က VOM ကို ပြောပြပါတယ်။ “AA က မကျီးဇင်နဲ့ သဲဖြူဘက်ကနေ သာပေါင်းကိုဝင်လာတာပါ။တိုက်ပွဲတွေက အဲနားအစပ်ကရွာတွေမှာ ဖြစ်တာပါ။ သာပေါင်းရဲစခန်းမှူးကျသွားတယ်ဆိုတဲ့သတင်းကတော့ အတည်ဖြစ်တယ်။ ကွန်ဖန်းဖြစ်တယ် ။စခန်းမှူးရဲ့ Body ကိုပြန်သယ်ဖို့ ဒီဘက်ကနေ လူနာ တင်ယာဉ်တွေလည်းထွက်သွားတာလည်းရှိတယ်။AAက…

Read More
VOM News

FREE
VIEW