ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအရှေ့ဖက်ကမ်းရှိ ညောင်ရွှေမြို့နယ်ထဲကို ဇန်နဝါရီလ ၁၇ရက်၊ နေ့လည်ပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ သုံးယောပ်သေဆုံးပြီး ၁၄ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေထံကနေ သိရပါတယ်။
ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ကျေးရွာထဲက လွယ်နွဲ့စစ်ရှောင်စခန်းကို လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဲဒီစစ်ဘေးရှောင်စခန်းမှာ နေထိုင်နေကြသူ သုံးယောက်သေဆုံးပြီး ၁၄ ယောက်ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“လက်နက်ကြီး ၂လုံးဆက်တိုက် ကျလာတာ။ ၃ယောက်ကတော့ အဲဒီနေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်။ ၁၄ ယောက်ကတော့ ဆေးကုသမှုခံယူနေတုန်း၊ ၂ယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိသေးတယ်”လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ယောက်က VOM ကို ပြောပါတယ်။
အဲဒီလို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆ နှစ်အရွယ် မိန်းကလေးတဦး၊ အသက် ၅၀ ကျော် ဦးစိုင်းနဲ့ အသက် ၂၆ နှစ်အရွယ် မောင်သိန်းအောင်တို့ လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အခုဖြစ်စဉ်နဲ့ဖြစ်ပွားခဲ့တဲ့ ဘုရားတောင်ကျေးရွာမှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် အနီးပါတ်ဝန်းကျင်ဒေသတွေမှာတော့ နစက၊ PNO ပူးပေါင်းတပ်ဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး နစက၊ PNO ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရာဖန်ရံခါရှိနေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local
VOM Telegram Channel: https://t.me/VOMNEWS2023/11796
VOM Viber Channel: https://invite.viber.com/…
VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g
VOM Website Link: http://tinyurl.com/ywyd7eyn.n.