ဝါရှင်တန်၊ ဇန်နဝါရီ-၂၀-၂၀၂၅
ရတီ(VOM)
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က သူသမ္မတဖြစ်လာရင် TikTok ကိုပိတ်သိမ်းထားတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အမိန့်တရပ် ထုတ်ပြန်မယ်လို့ အာမခံလိုက်ပြီးနောက် အမေရိကန်မှာ TikTok အသုံးပြုမှုတွေ ပြတ်တောက်ခဲ့ရာကနေ ပြန်ရရှိနေပြီဖြစ်ပါတယ်။
တရုတ်အခြေစိုက် ဘိုက်ဒန့်ကုမ္ပဏီပိုင် TikTok ကို လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် ရောင်းချခြင်းမပြုရင် အမေရိကန်မှာ ပိတ်ပင်မယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ပြီးနောက် စနေနေ့ ညနေကတည်းက အမေရိကန်သုံးစွဲသူ သန်း ၁၇၀ ဟာ TikTok အသုံးပြုမရဖြစ်ခဲ့ပါတယ်။
TikTok ပိတ်ပင်တာကို ယခင်ကထောက်ခံတဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ဒီဥပဒေ အကောင်အထည်ဖော်မှုကို နှောင့်နှေးစေပြီး သဘောတူညီချက်တခုပြုရန် အချိန်ပိုပေးမယ်လို့ ကတိပြုလိုက်ပြီးနောက် ဝန်ဆောင်မှုတွေ ပြန်လည်သုံးစွဲနိုင်ပြီလို့ TikTok က မနေ့က ဆိုပါတယ်။
သမ္မတဖြစ်လာမယ့် ထရန့်က လိုအပ်တဲ့ရှင်းလင်းမှုတွေနဲ့ အာမခံချက်တွေပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ TikTok ကိုအမေရိကန်မှာ ရေရှည်လည်ပတ်လုပ်ကိုင်နိုင်ရေးအတွက် ထရန့်နဲ့ လုပ်ဆောင်သွားမယ်လို့ အသုံးပြုလို့ ပြန်ရပြီးနောက် များမခင်မှာ TikTok က ထုတ်ပြန်ပါတယ်။
ထရန့်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို TikTok အမှုဆောင်အရာရှိချုပ် Shou Chew လည်းတက်ရောက်မှာ ဖြစ်ပါတယ်။ TikTok ကို ရောင်းချရန် သို့မဟုတ်ပါက အမေရိကန်မှာ ပိတ်ပင်မယ် ဥပဒေတရပ်ကို ပြီးခဲ့တဲ့နှစ်အတွင်း ကွန်ဂရက်က အတည်ပြုခဲ့ပါတယ်။
ထရန့်ကတော့ ဥပဒေကို ဘယ်လိုင်ကိုင်တွယ်သွားမလဲဆိုတာကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။ TikTok ဟာသုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရထံ မျှဝေနေတယ်ဆိုပြီး အမေရိကန်က စွပ်စွဲထားပေမယ့် TikTok ကတော့ ဒီကိစ္စကို ကြိမ်ဖန်များစွာ ငြင်းဆိုထားပါတယ်။
Ref:BBC
Photo:Getty Images