ဗန်းမော် သံချပ်ကာ တပ်ရင်းနဲ့ ဝန်တင်တပ်ရင်း သိမ်းခံရပြီးနောက် လိုင်ဇာဘက် ဒရုန်းဗုံးကြဲ

ဇန်နဝါရီ ၂၅၊ ၂၀၂၅ Shy V (VOM ) ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ နစက သံချပ်ကာ တပ်ရင်းနဲ့ ဝန်တင်တပ်ရင်း ဇန်နဝါရီလ ၂၄ ရက်နေ့က သိမ်းခံရပြီးနောက် ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်က ကေအိုင်အို/ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာဘက်မှာ ဒရုန်းဗုံးကြဲခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဗန်းမော်မြို့ထဲ ဇန်နဝါရီ ၂၅ ရက်နေ့ မနက် ၅ နာရီခွဲ ခန့်ကစ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေ‌တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။ “မနေ့က တင့်ကား ၄ စီး သိမ်းရတယ်။ နစက အရာရှိ တယောက် ဒဏ်ရာနဲ့ ဖမ်းခံရတယ်လို့ ကြားတယ်” လို့ သူက ပြောပါတယ်။ ဗန်းမော်မြို့ရှိ အမှတ်…

Read More

ထမင်းကပူ…၊ ဟင်းကပူ…

    ဆူးငှက်   “ဖားပေါင်စင်းကို၊ ချင်းပလိုင်းဝယ်။ ခရုပီလော…၊ ရောနှော၍သာလွယ်။ ဟင်းရွက်ကယ်နုနယ်၊ တစ်သွယ်ကန်စွန်း။ ဆူးပုပ်ကယ်ကင်းပုံ၊ အလုံးစုံ။ ဖူးငုံသာရော၍ ပြွမ်းသည်နှင့်လေး…”   ဝန်ကြီးပဒေသရာဇာရဲ့ လယ်သမားက နေ့လယ်စာကို အခုလိုစားခဲ့တယ်။ မိုးရေထဲ ထွန်ရေးငင်အပြီး လယ်ကန်သင်းရိုးနဲ့ လယ်တောတစ်ခွင်က လတ်လတ်ဆတ်ဆတ်ရလာတဲ့ ဖားပေါင်စင်းနဲ့ တောရွက်သီးနှံတွေ ပူပူနွေးနွေးချက်ပြုတ်ပြီး နေ့လယ်စာကို မိသားတစ်စု ဝိုင်းဖွဲ့စားခဲ့ကြတာကိုး …။   လတ်တလောချက်ပြုတ်စားကြလို့ ထမင်းကပူ၊ ဟင်းကပူနဲ့ ရှမ်းငရုတ်တောင့်ကိုက်ပြီး နှာရည်တရွဲရွဲနဲ့ မြိန်ရေရှက်ရေစားကြတာပါတဲ့။   နန်းတော်ရှေ့ဆရာတင်ရဲ့ လက်ရေတစ်ပြင်တည်း သီချင်းထဲမှာလည်း “တံစို့ပေါ်မှာကင်တယ်၊ ဆူရင်ခပ်ပြီး၊ ဟင်းရွက်ကန်စွန်းပေါင်းနဲ့ ရေအင်တုံဝယ်၊ သောင်းပြောင်းရောလို့နယ်…”ပြီး “မိုးမျှော်ငရုတ်သီးထောင်းနဲ့ ကိုဘိုကေရယ်…၊ ဒေါင်းလန်းကြီးရဲ့အလယ်”မှာ နေ့လယ်စာကို ဝိုင်းဖွဲ့စားကြတာပဲ မဟုတ်ပါလား။   ဘာပဲပြောပြော…၊ စားကောင်းတဲ့သားငါးနဲ့ ဟင်းသီးဟင်းရွက်ကို လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးချက်ပြုတ်စားရရင် “မြိန်ဖွယ်ပ…

Read More

ဘန်ကောက်ရဲ့ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး စာသင်ကျောင်း ၃၅၀ ကျော်ထိ စံချိန်တင် ပိတ်ထားရ

ဘန်ကောက်၊ ဇန်နဝါရီ-၂၅-၂၀၂၅ မျိုးဆက်(VOM) ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း ၃၅၀ ကျော်ထိ စံချိန်တင် ပိတ်ထားရပြီး ဒါဟာ ငါးနှစ်အတွင်း အမြင့်ဆုံးဖြစ်တယ်လို့ မြို့အာဏာပိုင်တွေက ပြောပါတယ်။ လေထုညစ်ညမ်းမှု နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘန်ကောက်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုကို လျှော့ချရေးအတွက် မြို့တော်ရဲ့ မိုးပျံရထား၊ ဘတ်စ်ကားဝန်ဆောင်မှုတွေအပါအဝင် အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေကို တပတ်ကြာ အခမဲ့စီစဉ်ပေးမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ ရာသီအလိုက် လေထုညစ်ညမ်းမှုဟာ ဒေသတွင်းရှိနိုင်ငံတွေနည်းတူ ခံစားရလေ့ရှိပေမယ့် ယခုသီတင်းပတ်အတွင်း မီးခိုးမြူတွေကြောင့် အကြီးစားမော်တော်ယာဉ်တွေ မောင်းနှင်မှုကို ကန့်သတ်ထားပြီး ဝန်ထမ်းတွေကိုလည်း နေအိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။ သောကြာနေ့မှာတော့ ဘန်ကောက်ရဲ့ လေထုညစ်ညမ်းမှုဟာ အဆုတ်ကနေ သွေးကြောထဲထိဝင်ရောက်နိုင်အောင် သေးငယ်တဲ့ အမှုန်းအမွှားပါဝင်မှုအဆင့်ဟာ ၁ ကုဗမီတာမှာ ၁၀၈ မိုခရိုဂရမ်ထိ ပါဝင်နေတယ်လို့ IQAir ရဲ့ အချက်အလက်တွေမှာ…

Read More

ဘိလပ်မြေတအိတ် ကျပ် ၃၅ဝဝဝ ထိမြင့်တက်လာပြီး ဈေးကွက်မှာပစ္စည်းပြတ်

ဇန်နဝါရီ ၂၅ – ၂ဝ၂၅ KKO(VOM) ပြည်တွင်းမှာ ဘိလပ်မြေတအိတ် ကျပ် ၃၅ဝဝဝ အထိ ဈေးမြင့်တက်လာပြီး လက်ရှိ ဈေးကွက်အတွင်းမှာလည်း ဝယ်မရဖြစ်နေလို့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ အခက်တွေ့နေရတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။ လတ်တလော ရန်ကုန်တိုင်းက ကုန်မာဆိုင်တွေနဲ့ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်တွေမှာ ဘိလပ်မြေတအိတ်ကို ကျပ် ၃၃၀၀၀ ကနေ ၃၅၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသော် လည်း လိုသလောက်ဝယ်ယူလို့ မရဘူးလို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဈေး ကွက်အတွင်းကနေ သိရပါတယ်။ “ဆိုင်တွေမှာက ဈေးနှုန်းတွေသာပြောနေကြတာ တကယ်က ပစ္စည်းတွေကပြတ်နေတယ်။ကာလ ပေါက်ဈေးနဲ့ ၀ယ်ချင်သူတွေရှိနေပေမယ့် လိုချင်တဲ့အတိုင်းအတာကို၀ယ်ယူလို့မရပါဘူး”လို့ ဆောက်လုပ်ရေးအသိုင်း အဝိုင်းနဲ့ နီးစပ်ပတ်သက်သူ တယောက်က ပြောပြပါတယ်။ ဒါအပြင် ရန်ကုန်မြို့က အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တယောက်ကလည်း “ဘိလပ်မြေက ဝယ်လို့ကိုမရတာပါ။ဈေးကွက်မှာ ပစ္စည်းလုံးလုံးမရှိတာပါ။အခု ၃၅ဝဝဝ ပေါက်နေတယ်ဆိုတာတောင်ဈေးတန်တယ်လို့ ပြောရပါမယ်”လို့…

Read More

မော်စကိုဒေသ ၁၃ ခုနဲ့ ရုရှားရေနံချက်စက်ရုံကို ယူကရိန်းက ဒရုန်းအစင်း ၁၂၀ ကျော်နဲ့ တိုက်ခိုက်

ကိဗ်ယက်၊ ဇန်နဝါရီ-၂၅-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းဟာ ရုရှားကို အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုတွေထဲကတခုအဖြစ် မော်စကိုနဲ့ ရေနံချက်စက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။ မော်စကို အရှေ့တောင်ဘက် ရိုင်ဇန်ဒေသရှိ ရေနံချက်စက်ရုံနဲ့ ပို့ဆောင်ရေးနေရာတွေကနေ မီးခိုးလုံးတွေထွက်လာတာကို အတည်ပြုထားတယ်လို့ ယူကရိန်းအရာရှိတွေက ဆိုပါတယ်။ ရိုင်ဇန်နဲ့ မော်စကို အပါအဝင် ဒေသ ၁၃ ခုကို တိုက်ခိုက်လာတဲ့ ဒရုန်း ၁၂၁ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။ ရေနံစက်ရုံမီးလောင်မှုကို ရုရှားကလည်း အတည်ပြုထားပြီး ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် အလုပ်တွေ ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။ မော်စကိုမြို့တော်ဝန်ကလည်း မြို့တော်ရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေဟာ နေရာလေးခုမှာ ယူကရိန်းဒရုန်းတွေတိုက်ခိုက်မှုကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ပြောပါတယ်။ ဒီအတောအတွင်း ယူကရိန်း ကိဗ်ယက်ဒေသမှာရှိတဲ့ လူနေအဆောက်အအုံတခုကို ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် လူသုံးယောက်သေဆုံးပြီး တယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။ ရုရှားရဲ့…

Read More

ဂျာဗားကျွန်း မြေပြိုမှု သေဆုံးသူ ၂၅ ယောက်ရှိလာပြီး ရှာဖွေကယ်ဆယ်ရေးတွေ ခေတ္တရပ်ဆိုင်းထားရ

ဂျကာတာ၊ ဇန်နဝါရီ-၂၅-၂၀၂၅ ရတီ(VOM) အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ပြီးခဲ့တဲ့သုံးရက်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် သေဆုံးသူ ၂၅ ယောက်ထိ မြင့်တက်လာပြီး ရာသီဥတုဆိုးရွားမှုတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ခေတ္တရပ်နားထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျာဗားပြည်နယ် ပက်ကလောင်ဂန်မှာ မိုးသည်းထန်စွာရွာသွန်းမှုအတွင်း အင်္ဂါနေ့က မြေပြိုမှုဖြစ်ပွားခဲ့ရပြီး ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေ ဖြန့်ကြက်ခဲ့ရပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး မြူတွေထူထပ်တာကြောင့် ကယ်ဆယ်ရေးတွေ ရပ်နားထားရတယ်လိုပ ကယ်ဆယ်ရေးတာဝန်ရှိသူက ဆိုပါတယ်။ ရှာဖွေမှုတွေ မရပ်ခင်မှာ အလောင်းသုံးလောင်း ထပ်တွေ့ခဲ့တာကြောင့် သေဆုံးသူ ၂၅ ယောက်ထိ ရှိလာတယ်လို့ ပြောပါတယ်။ အင်္ဂါနေ့တရက်တည်းမှာ ၁၇ ယောက်ထိ သေဆုံးခဲ့ပါတယ်။ ပျောက်ဆုံးသူအရေအတွက်ကိုတော့ အတိအကျမသိသေးဘူး တာဝန်ရှိသူတွေက ပြောပါတယ်။ မြေပြိုမှုဟာ လူကြိုက်များတဲ့ ခရီးသွားနေရာတခုဖြစ်တဲ့ ပီကာလုံဂန်နဲ့ ဒင်းကုန်းပြင်မြင့်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ ကယ်ဆယ်ရေးသမားတွေဟာ အခင်းဖြစ်ရာနေရာကို နှစ်မိုင်ခွဲလောက် လမ်းလျှောက်ရတယ်လို့…

Read More

မြ၀တီ နယ်စပ်ဒေသတွေကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ဖို့ ထိုင်းအစိုးရ စီစဉ်

ဘန်ကောက်၊ ဇန်နဝါရီ-၂၅-၂၀၂၅ မျိုးဆက်(VOM) ထိုင်းနိုင်ငံဟာ ဆိုက်ဘာရာဇဝတ်မှုတွေကို ဖြိုခွင်းဖို့ အားထုတ်မှုအဖြစ် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနယ်စပ်မြို့ ဒေသတွေကို လျှပ်စစ်ဓါတ်အားပေးတာတွေကို ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ဖြတ်တောက်ထားတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖွမ်သမ်ဝီချာရာချိုင်းက မနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကရင်ပြည်နယ် မြ၀တီ ရွှေကုက္ကိုလ်နဲ့ KK Park တို့လို ကာစီနိုနဲ့အွန်လိုင်း လောင်းကစားတွေနဲ့ ရာဇဝတ်မှုထူပြောရာနေရာတွေမှာ ဒီလုပ်ငန်းတွေအဆင်ပြေစေဖို့ အိမ်နီးချင်းနိုင်ငံက လျှပ်စစ်နဲ့ အင်တာနက်တွေ ရရှိနေတယ်လို့ မြန်မာဘက်က ပြောဆိုပြီးနောက် ဒီကိစ္စအပေါ် ထိုင်းကာကွယ်ရေးဝန်ကြီးက ငြင်းဆိုထားပါတယ်။ ထိုင်းနိုင်ငံဟာ အမှတ် ၂ ချစ်ကြည်ရေးတံတား၊ မြ၀တီနယ်စပ် မဲရမက်နဲ့ မဲဆောက်ခရိုင်တို့ကို အရင်က လျှပ်စစ်မီးပေးခဲ့ပေမယ့် တရုတ်သရုပ်ဆောင်တယောက် လူကုန်ကူး အဖမ်းခံရမှုအပါအဝင် အွန်လိုင်း ကျားဖြန့်လုပ်ငန်းတွေရဲ့ ခြိမ်းခြောက်မှုတွေ တိုးပွားလာပြီးနောက် ဒီလုပ်ငန်းတွေကို ပစ်မှတ်ထား ဖြတ်တောက်လိုက်တာလို့ ထိုင်းကာကွယ်ရေး ဝန်ကြီးကပြောပါတယ်။ ဒါအပြင် နှစ်နိုင်ငံနယ်စပ်မှာ…

Read More

ပန်ဝါဘက်မှာ ကေအိုင်အေက စစ်သားစုဆောင်းမှုတွေကြောင့် ခရီးသွားနဲ့ ကားသမားတွေပါ အခက်ကြုံ

ဇန်နဝါရီ ၂၅၊ ၂၀၂၅ Shy V(VOM) ကချင်ပြည်နယ်၊ ပန်ဝါဘက် ဒီရက်ပိုင်း‌ေတွမှာ ကေအိုင်အေက စစ်သား စုဆောင်း လူခေါ် နေတာကြောင့် ခရီးသွားနဲ့ ကားသမားတွေပါ အခက်ကြုံနေရကြောင်း ကားသမားတွေနဲ့ ခရီးသွား တွေဆီက သိရပါတယ်။ “စစ်သား ခေါ်တာပေါ့။ ခရီးသည်တွေ၊ ဆိုင်ကယ်သမားတွေလည်း ဆိုင်ကယ်နဲ့ တယောက်ထဲ သွားရင် ဆိုင်ကယ်ရော မှတ်ပုံတင်ရော ဖုန်းရော သိမ်းတယ်။ လိုင်းကားနဲ့ ဆိုရင်လည်း လိုင်းကားပေါ် ယောက်ျားတွေ စစ်ဆေး ဖမ်းဆီးတာတွေရှိတယ်။” လို့ ကားကြီးသမား တယောက်က ပြောပါတယ်။ ကားကြီးနဲ့ ကတော့ ‌ယောက်ျားလေး နှစ်ယောက် သွားလို့ ရတယ်လို့ သူက ပြောပါတယ်။ ပန်ဝါဘက် တပ်သား စုဆောင်းတာ ရှိပေမယ့် ကံပိုင်တည်ဘက်ကတော့ တပ်သားစုဆောင်းတာ မရှိပဲ အေးအေးဆေးဆေး သွားလာလို့ရတယ်လို့ သူက ထပ်ပြောပြပါတယ်။…

Read More

စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေ ပြည်ပထွက်ခွင့်ပိတ်ပြီး အစိုးရဝန်ထမ်းတွေပါ စစ်မှုထမ်းရမယ့်ဥပဒေ နစက ပြဋ္ဌာန်း

ဇန်နဝါရီ ၂၅ – ၂၀၂၅ SS (VOM) နစက က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က ထုတ်ပြန် ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေထဲမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေကို ပြည်ပထွက်ခွင့် ပိတ်ပင်လိုက်ပြီး အစိုးရဝန်ထမ်းတွေပါ စစ်မှုထမ်းရမယ် ဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်ပါတယ်။ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမှာ ပုဒ်မ – ၅၉ ခု ပါဝင်ပြီး ပုဒ်မ – ၅၀ မှာ စစ်မှုထမ်းဖို့ ဆေးစစ် အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိစေရ ဆိုပြီး ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး ပုဒ်မ – ၅၁ မှာလည်း စစ်မှုထမ်းဖို့ အမိန့်စာရရှိသူတွေဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ…

Read More

အမေရိကန်ရဲ့ လက်ရှိနိုင်ငံရပ်ခြားအကူအညီတွေ ရပ်ဆိုင်းလိုက်ပြီး ကူညီရေး ပြန်လည်သုံးသပ်မယ်

ဝါရှင်တန်၊ ဇန်နဝါရီ-၂၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်ရဲ့ နိုင်ငံရပ်ခြားအကူအညီတွေအားလုံးနီးပါးကို ရပ်ဆိုင်းထားပြီး အကူအညီသစ်တွေ ပေးအပ်မှုတွေကိုလည်း ခေတ္တရပ်ဆိုင်းဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရပ်ခြားရှိအမေရိကန်သံရုံးတွေကို ပေးပို့တဲ့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံခြားရေး မူဝါဒနဲ့ ကိုက်ညီမှုမရှိတဲ့ အကူအညီတွေကို ကိုက်ညီမှုရှိမရှိ ပြန်လည်သုံးသပ်ဖို့ အကူအညီပေးတာတွေကို ရက် ၉၀ ဆိုင်းငံ့ထားမှာဖြစ်ပါတယ်။ အစိုးရရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဟာ ကမ္ဘာအကြီးဆုံး အလှူရှင်နိုင်ငံဖြစ်ပါတယ်။ လက်ရှိအကူအညီပေးအပ်မှုတွေ ရပ်ဆိုင်းမှုဟာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကနေ စစ်ရေးအကူအညီ ပေးအပ်မှုတွေထိ သက်ရောက်လာနိုင်ပါတယ်။ အဆိုပြုထားတဲ့ အကူအညီအသစ် သို့မဟုတ် အကူအညီတွေကို ဆက်ပေးဖို့တွေကိုလည်း ဒီကာလအတွင်းမှာ ပြန်လည်သုံးသပ်သွားမှာဖြစ်ပါတယ်။ အဲဒီအချိန်ကာလအတွင်းမှာ အကူအညီပေးမှုလုပ်ငန်းတွေကို ရပ်ဆိုင်းထားရမယ်လို့ ညွှန်ကြားချက်မှာ ဖော်ပြထားပြီး လုပ်ငန်းစဉ်ကို ၈၅ ရက်အတွင်း အပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်ထောက်ပံ့ပေးထားတဲ့ စစ်ရေးအပါအဝင် နိုင်ငံရပ်ခြား အကူအညီပေးရေးအစီအစဉ်အပေါ် များစွာ…

Read More
VOM News

FREE
VIEW