ဆူးငှက် စစ်ပြီးခေတ်ကာလ၊ လွတ်လပ်ရေးကြိုကာလ၊ လွတ်လပ်ပြီးကာလ၊ ပါလီမန်ဒီမိုကရေစီကာလများက မန္တလေးမှာ ထုတ်ဝေခဲ့တဲ့ ပထမဦးပိုင်းသတင်းစာ၊ စာစောင်တွေဟာလွတ်လပ်ရေးကြိုးပမ်းသူ မြန်မာကြည်သူလူထုဘက်ကလား ၊ အုပ်စိုးသ ူနယ်ချဲ့ဘက်ကလား…။ ဒီဘက် (၂)ဘက် ၊ဂိုဏ်း (၂) ဂိုဏ်းပဲရှိပါတယ်။ ဒီလိုပါပဲ။ လွတ်လပ်ရေးအကြိုကာလ၊ လွတ်လပ်ပြီးစကာလနဲ့ ပါလီမန်ဒီမိုကရေစီခေတ်ကာလများဆီကလည်းအလုပ်သမား၊ လယ်သမားလွတ်မြောက်ရေးဆိုတဲ့ တိုးတက်တဲ့ဘက်ကလား။ အုပ်စိုးသူမြေရှင်ပဒေသရာဇ် အရင်းရှင်ဘက်ကလားဆိုတဲ့ ဘက် (၂)ဘက်၊ ဂိုဏ်း (၂) ဂိုဏ်းပဲရှိမှာပေါ့။ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတော်ကလည်းကုလသမဂ်္ဂဝင်ခွင့်ရ။ ဘန်ဒေါင်းမူ (၅)ချက်နဲ့ ဘက်မလိုက် အဖွဲ့ကြီးကိုလည်း ဦးဆောင်ဖွဲ့စည်းနိုင် စတဲ့ အရေးပါ မျက်နှာပန်းပွင့် လာတာနဲ့အတူ၊ အာရှ၊ အာဖရိက၊ လက်တင် အမေရိကရဲ့ လွတ်လပ်ပြီးစ နိုင်ငံများမှာတက်ကြွအားတက်ဖွယ် အယူအဆသစ်နဲ့ နိုင်ငံထူထောင်ရေး အားကောင်း မောင်းသန် လှုပ်ရှားနေချိန်လည်း…
Read MoreDay: January 29, 2025
အိန္ဒိယရဲ့ အကြီးဆုံးဘာသာရေးပွဲတော်မှာ လူအုပ်ပြိုကျလို့ ၁၅ ယောက်သေဆုံး
ဒေလီ၊ ဇန်နဝါရီ-၂၉-၂၀၂၅ ရတီ(VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဘာသာရေးပွဲတော်တခုအတွင်း လူအုပ်ပြိုကျပြီး တက်နင်းမှုကြောင့် လူတဒါဇင်ထက်မနည်း သေဆုံးသွားကြောင်း ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဖြစ်စဉ်အတွင်း လူဘယ်လောက်ထိခိုက်ဒဏ်ရာရသွားတယ်ဆိုတာ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်တခုဖြစ်တဲ့ Kumbh Mela ပွဲတော်မှာ ဂင်္ဂါမြစ်နဲ့ ယမုံနာမြစ်တို့ဆုံရာမှာ လူသန်းနဲ့ချီပြီး ရေချိုးခြင်းပြုကြတာဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားခဲ့တဲ့ မတော်တဆမှုအတွင်း လူ ၁၅ ယောက်သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကို ကုသပေးနေတယ်လို့ ပရာယာဂရာ့ဂ်မြို့ ဆေးရုံတာဝန်ရှိသူက ပြောပါတယ်။ ဒါဇင်များစွာသောလူများဟာ ပွဲတော်အနီးထားရှိတဲ့ ယာယီဆေးရုံအပြင်မှာ သတင်းစောင့်ဆိုင်းနေကြပါတယ်။ လူစုလူဝေး ထိန်းချုပ်တဲ့ အရံအတားအချို့ပြိုကျပြီးနောက် လူအုပ်ပြိုမှုစတင်ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပွဲစီစဉ်သူတွေကတော့ ဖေဖော်ဝါရီ ၂၆ ရက် နောက်ဆုံးနေ့မတိုင်ခင် လူပေါင်း သန်း ၄၀၀ လောက် ယခုနှစ်ပွဲတော်ကို လာရောက်ဆင်နွှဲမယ်လို့ ခန့်မှန်းထားကြပါတယ်။ ၁၉၅၄ ခုနှစ်က ပွဲတော်ကျင်းပချိန်ကလည်း လူအုပ်ပြိုကျမှုနဲ့…
Read Moreရန်ကုန်ရဲ့ လေထုညစ်ညမ်းမှုဟာ သတိပေးချက် အဆင့်ရောက်နေ
Ms(VOM) ဇန်နဝါရီ၂၉- ၂၀၂၅ ကမ္ဘာ့လေထု အရည်အသွေးတိုင်းတာတဲ့အဖွဲ့အစည်း IQ Air ကနေ ရန်ကုန်မြို့ရဲ့လေထုညစ်ညမ်းမှုဟာ အနီရောင်အဆင့်ဖြစ်ကြောင်းထုတ်ပြန်လာရာ ဒါဟာ အဆိုးရွားဆုံးအဆင့်ကို မရောက်ရှိသေးပဲ သတိပေးချက်အဆင့်မှာသာရှိနေတာလို့ မိုးလေဝသနဲ့ဇလဗေဒ ဦးစီးဌာနက ညွှန်ကြားရေးမှူးဦးလှထွန်း ကပြောပါတယ်။ IQ Air ဝက်ဘ်ဆိုက် ကနေ ကမ္ဘာ့နိုင်ငံ ၂၃၀ကျော်က မြို့တော်တွေရဲ့ လေထုညစ်ညမ်းမှု အခြေအနေတွေကို ယခုဇန်နဝါရီလအတွင်း တိုင်းတာထုတ်ပြန်ရာမှာ ကျန်းမာရေးထိခိုက်စေတဲ့ လေထုညစ်ညမ်းမှု အခြေအနေရှိနေတဲ့ မြို့တွေကိုအဆင့်အလိုက်ဖော်ပြထားရာရန်ကုန်မြိုရဲ့ လေထုညစ်ညမ်းမှုက အဆင့်၄ အထိရောက်ခဲ့ကာ အနီရောင်နဲ့လိမ္မော်ရောင် အရောင်အဆင့်သတ်မှတ်ချက်တွေနဲ့ဖော်ပြ သတိပေးထားတယ်လို့ဆိုပါတယ်။ “လေထုညစ်ညမ်းတာကို IQ Air ကပြောတာတော့အနီရောင်အဆင့်ပေါ့ များသောအားဖြင့်တော့သူကမနက်ပိုင်းတွေမှာ သိပ်သည်းဆများတယ်။အေးတော့သိပ်သည်းဆများတာက ပိုပြီးတော့ လေထုမှာအမှုန်တွေနဲ့မြင်ရတဲ့အနေအထားရှိတယ်။ဒါပေမယ့် နေအပူရှိန်ရလာရင်တော့ တဖြည်းဖြည်းနေမြင့်လာတဲ့အခါ လေကမအေးတော့သိပ်သည်းဆပါးသွားပေါ့သွားတော့ဒီ လေထုညစ်ညမ်းမှုကလည်းနည်းနည်းလေးတော့ပြန်လျော့သွားတယ်။ အခုက အနီရောင်အဆင့်လို့ပြောထားတော့ တစ်ကယ်တမ်းကျတော့ ခရမ်းရောင်တို့ ဘာတို့မှသာ အခုကတော့အနီရောင်က သတိပေးတဲ့အဆင့်ပေါ့ ခရမ်းရောင်ကမှသာ လုံးဝကျန်းမာရေးနဲ့မကိုက်ညီတဲ့အခြေအနေမျိုးပေါ့…
Read Moreတောင်ကိုရီးယား ခရီးသည်လေယာဉ်တစင်း ဘူဆန်မှာမီးလောင်လို့ ခရီးသည် ၁၇၆ ယောက်ကို ကယ်ထုတ်
ဆိုးလ်၊ ဇန်နဝါရီ-၂၉-၂၀၂၅ ရတီ(VOM) တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ လေဆိပ်တခုမှာ အဲဘတ်စ်လေယာဉ်တစင်း မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ခရီးသည် ၁၇၆ ယောက်ကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရတယ်လို့ မီးသတ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဘူဆန်လေကြောင်းလိုင်းက ခရီးသည်လေယာဉ်ဟာ နိုင်ငံအရှေ့တောင်ပိုင်းလေဆိပ်မှာ မီးလောင်ခဲ့တာဖြစ်ပြီး အရေးပေါ်လှေကားကနေ ခရီးသည်တွေအရေးပေါ်ဆင်းသက်ရာမှာ လူလေးယောက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဟောင်ကောင်ကို ထွက်ခွာမယ့် အဲဒီလေယာဉ်ရဲ့ အမြီးပိုင်းကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လေယာဉ်ကိုယ်ထည်ထိ ပျံ့နှံ့သွားတဲ့မီးကို မိနစ်ပိုင်းအတွင်းရောက်ရှိလာတဲ့ မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့ရပါတယ်။ ဂျယ်ဂျူလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်တစင်း နိုင်ငံအနောက်တောင်ပိုင်း မူအန်းလေဆိပ်မှာ ပျက်ကျခဲ့ပြီး လူ ၁၇၉ ယောက်သေဆုံးခဲ့တဲ့ အဆိုးရွားဆုံး လေကြောင်းမတော်တဆဖြစ်ပြီး တလမပြည့်ခင်မှာ အခုလို လေယာဉ်မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ မီးလောင်ခဲ့တဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ၁၆၉ ယောက်နဲ့ လေယာဉ်အမှုထမ်း ခုနှစ်ယောက်တို့ လိုက်ပါခဲ့ပြီး မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသည်။ ဘူဆန်လေကြောင်းလိုင်းဟာ ဘက်ဂျက်လေကြောင်းလိုင်းတခုဖြစ်ပြီး မိခင်ကုမ္ပဏီကတော့…
Read Moreဧရာ၀တီ သာပေါင်းမြို့နယ်အစပ်က ကျေးရွာတွေကို AA ဝင်တိုက်လာလို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ
ဇန်နဝါရီ ၂၉ – ၂၀၂၅ KKO(VOM) ရခိုင့်တပ်တော် AA အဖွဲ့က ဧရာဝတီတိုင်း သာပေါင်းမြို့နယ်အစပ်က ကျေးရွာတွေကို ဝင်တိုက်လာလို့ ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်၊ နံနက်ပိုင်းအထိ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ အဲဒီမြို့နေ ဒေသခံတွေရဲ့ပြောပြမှုတွေအရ VOM က သိရှိရပါတယ်။ တိုက်ပွဲတွေဟာ ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်၊ညနေပိုင်းအချိန်ကစတင်လို့ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်အစပ်က မကျီးဇင်၊သဲဖြူ အစရှိတဲ့ကျေးရွာတွေအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲအတွင်း သာပေါင်းမြို့နယ်ရဲစခန်းမှူးတယောက်လည်း ကျဆုံးမှုတွေရှိခဲ့တာကို ကြားရတယ်လို့လည်း ပုသိမ်မြို့ခံတယောက်က VOM ကို ပြောပြပါတယ်။ “AA က မကျီးဇင်နဲ့ သဲဖြူဘက်ကနေ သာပေါင်းကိုဝင်လာတာပါ။တိုက်ပွဲတွေက အဲနားအစပ်ကရွာတွေမှာ ဖြစ်တာပါ။ သာပေါင်းရဲစခန်းမှူးကျသွားတယ်ဆိုတဲ့သတင်းကတော့ အတည်ဖြစ်တယ်။ ကွန်ဖန်းဖြစ်တယ် ။စခန်းမှူးရဲ့ Body ကိုပြန်သယ်ဖို့ ဒီဘက်ကနေ လူနာ တင်ယာဉ်တွေလည်းထွက်သွားတာလည်းရှိတယ်။AAက…
Read Moreအင်းတော်ရှိ လက်ကျန် နစကတပ်စခန်းတခုကို KIA တိုက်ခိုက်နေ
ဇန်နဝါရီ ၂၉- ၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊ ကသာခရိုင် ၊အင်းတော်မြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် မြို့မှာနောက်ဆုံး ကျန်ရှိနေတဲ့ နစကရဲ့တပ်စခန်းတခုကို KIA ဦးဆောင် ပူးပေါင်းတပ်တွေက တကျော့ပြန် ဝင်ရောက်တိုက်ခိုက်နေလို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့သိရပါတယ်။ လက်ရှိ အင်းတော်မြို့မှာနောက်ဆုံး ကျန်နေတဲ့ နစကတပ်စခန်းက စစ်တပ်ကုန်းခေါ် (ဂျပန်လှိုင်ဂူကုန်း) ဖြစ်ပြီး လက်ကျန်တပ်စခန်းကို သိမ်းပိုက်ရရှိဖို့အတွက် ဇန်နဝါရီ ၂၇ ရက်ကစပြီး ထပ်မံဝင်ရောက်တိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ဂျပန်လှိုင်ဂူကုန်းတပ်စခန်းမှာက တပ်မ (၇၇) လက်အောက်ခံ နစကတပ်ဖွဲ့ဝင်တွေ တပ်စွဲနေတာဖြစ်တယ် သိရပါတယ်။ “အရင်လတုန်းက တခါဝင်တိုက်တယ်။အဲဒီတုန်းက ဘုရားကုန်းစခန်းနဲ့ဂျပန်လှိုင်ဂူစခန်းနှစ်ခု ကျန်တာကိုတိုက်နေကြတာ။တိုက်ကြတော့ ဘုရားကုန်စခန်းပါသွားတယ်။ အခုဂျပန်လှိုဏ်ဂူပဲကျန်တော့တယ်။ အဲဒီတပ်စခန်းကလည်းခံစစ်တော့တော်တော်လုပ်ထားတဲ့နေရာတွေပါ။ရှိသမျှနစကတပ်တွေအဲဒီလက်ကျန်မှာအကုန်ပေါင်းခံစစ်လုပ်ထားတဲ့သဘောပါ။မြေပြင်ကတော့အခု KIA ပူးပေါင်းတပ်တွေဘက်က သိမ်းထားတယ်။အဲဒီလက်ကျန်စခန်းကိုလေကြောင်းကနေပဲ ရိက္ခာလက်နက်ပို့တယ်ယူဆရတယ်။ လေကြောင်းရှိနေတယ်။” လို့ အင်းတော်ကနေ စစ်ရှောင်နေရပြီး စစ်ရှောင်တွေကိုကူညီနေသူ ဒေသခံကပြောပါတယ်။ လက်ရှိ အင်းတော်မြို့မှာတော့ မြို့လုံးကျွတ်…
Read Moreတောင်သာမှာ လေထီးနဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်လို့ လူသေဆုံးမှုတွေရှိ
ဇန်နဝါရီ ၂၉ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၂၈ ရက်၊ မနက်အစောပိုင်းက လေထီးအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မနေ့ ဇန်နဝါရီ ၂၈ ရက်၊ မနက် အစောပိုင်း ၁ နာရီခွဲဝန်းကျင်က ရွာတန်းရှည်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တယောက် သေဆုံးကာ နှစ်ယောက် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ရွာတန်းရှည်ကျေးရွာက တောင်သာ – မလှိုင်မြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာပေါ့။ မနေ့မနက်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ဖြစ်ခဲ့တာ။ တယောက်သေတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာ အနီရောင်အဆင့် ရတယ်။ နေအိမ်တလုံးလည်း ပျက်စီးတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ တောင်သာဖြစ်စဥ်နဲ့…
Read More