နစက တပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက် နယ်စပ်ဂိတ်တွေပြန်ပွင့်လာ

ဇန်နဝါရီ ၂၁၊၂၀၂၅ Shy V(VOM) တရုတ်နိုင်ငံရဲ့ ကြားဝင် စေ့စပ်‌ပေးမှုကြောင့်နစက တပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း ဇန်နဝါရီ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောကြားထားပါတယ်။ နစကတပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့ တို့အကြား သတ္တမအကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယူနန်ပြည်နယ် ကူမင်းမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးခဲ့ကြကြောင်းလည်း ပြောထားပါတယ်။ အဲဒီ အပစ်အခတ် ရပ်‌စဲရေးက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ ပေကျင်း စံတော်ချိန် ၀၀:၀၀ နာရီက စတင် အသက်ဝင်ကြောင်းလည်း ပြောကြားထားပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆက်လက်မြှင့်တင်သွားမှာပြီး မြန်မာနိုင်ငံ မြောက်ပိုင်း…

Read More

အမေရိကန် ရွှေခေတ်စပြီလို့ သမ္မတသစ် ဒေါ်နယ်ထရန့်ပြော

ဝါရှင်တန်၊ ဇန်နဝါရီ-၂၁-၂၀၂၅ ရတီ(VOM) အမေရိကန်ရဲ့ ၄၇ ယောက်သမ္မတအဖြစ် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ဟာ ဝါရှင်တန်ဒီစီမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ပါရီရာသီဥတုပြောင်းလဲမှု သဘောတူညီချက်ကနေ နုတ်ထွက်တာအပါအဝင် အမိန့်အများအပြားကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ သူဟာ ငြိမ်းချမ်းရေးဖန်တီးသူနဲ့ ညီညွှတ်ရေးသမားဖြစ်တယ်လို့ ထရန့်ကဆိုထားပြီး အမေရိကန်ရဲ့ ရွှေခေတ် စတင်ပြီလို့ ပြောပါတယ်။ အခမ်းအနားမှာ ဒုတိယသမ္မတအဖြစ် ဂျေဒီဗန့်စ်လည်း ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ မိမိတို့အနေနဲ့ အရှုံးနဲ့ဘယ်တော့မှ ရင်ဆိုင်ရမှာမဟုတ်ဘဲ အမေရိကန်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံအနေနဲ့ အနာဂတ်က မိမိတို့လက်ထဲမှာရှိပြီး အမေရိကန်ရဲ့ ရွှေခေတ်အစုပြုတော့မယ်လို့ ဒေါ်နယ်ထရန့်ကပြောပါတယ်။ ဒေါ်နယ်ထရန့်ဟာ အမေရိကန်-မက္ကဆီကိုနယ်စပ်မှာလည်း အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ ဒါအပြင် ဘိုင်ဒင်အစိုးရလက်ထက် လူဝင်မှုကြီးကြပ်ရေးတွေကို ပြင်ဆင်မှုအဖြစ် ခှိုလှုံခွင့်တောင်းသူတွေ နယ်စပ်မှာ ရက်ချိန်းယူရတဲ့ CBP One အက်ပလီကေးရှင်းကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ အမျိုးသားစွမ်းအင် အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီး အမေရိကန်မြေမှာ ရေနံနဲ့သဘာ၀ဓါတ်ငွေ့ တူးဖော်ရေးတွေ တိုးလုပ်မယ်လို့လည်း ထရန့်ကပြောပါတယ်။ နိုင်ငံမှာ ငွေကြေးဖောင်းပွမှု၊…

Read More

တရုတ်မှာ ဓါးကိုင်တိုက်ခိုက်သူနဲ့ လူအုပ်ထဲကားဝင်တိုက်သူ နှစ်ယောက်ကို ကွပ်မျက်

ပေကျင်း၊ ဇန်နဝါရီ-၂၁-၂၀၂၅ ရတီ (VOM) တရုတ်နိုင်ငံမှာ ဓါးကိုင်တိုက်ခိုက်သူနဲ့ လူအုပ်ထဲကားနဲ့ဝင်တိုက်သူ အမျိုးသားနှစ်ယောက်ကို အာဏာပိုင်တွေက ကွပ်မျက်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ လူ ၃၅ ယောက်ထိ သေဆုံးခဲ့တဲ့ ကားတိုက်မှုဖြစ်စဉ်မှာ ကျူးလွန်သူ အသက် ၆၀ အရွယ်အမျိုးသားကို မနေ့က ကွပ်မျက်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ဂွမ်ဒေါင်းပြည်နယ် ရှူဟိုင်ခရိုင်ရှိ အားကစားရုံပြင်ပမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ သူဟာကွာရှင်းမှုနဲ့ပတ်သက်ပြီး မကျေလည်မှုတွေကြောင့် အခုလိုကျူးလွန်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီနိုဝင်ဘာလမှာပဲ အသက် ၂၀ အရွယ်လူငယ်တယောက်က ကျန်ဆုပြည်နယ်ရှိ အသက်မွေးပညာသင်ကျောင်းမှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူရှစ်ယောက်သေဆုံးခဲ့ပြီး ၁၇ ယောက်ဒဏ်ရာရခဲ့ပါတယ်။ သူကတော့ ဘွဲ့ရရှိတဲ့အပေါ် မကျေနပ်ချက်ကြောင့်လို့ဆိုပါတယ်။ ဒါဟာ တရုတ်လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးပေါ် ပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို ထင်ဟပ်စေတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ သူတို့တွေကို ကျူးလွန်ပြီးနှစ်လအကြာမှာ အလျင်အမြန်အရေးယူမှုဟာ…

Read More

ရေးတိုက်ပွဲကြောင့် ကျေးရွာပေါင်း ငါးရွာထက်မနည်း ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေရ

ဇန်နဝါရီ ၂၁ – ၂၀၂၅ SN (VOM) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းအနီး တိုက်ပွဲကြောင့် ကျေးရွာပေါင်း ငါးရွာထက်မနည်း ရွာလုံးကျွတ်နီးပါး စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကျုံလောင်းရွာဟောင်းအနီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ကစပြီး နစကတပ်က နယ်မြေရှင်းလင်းရေး လုပ်လာတဲ့အတွက် ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတို့ကြောင့် ကျုံလောင်း၊ ကျောက်မိကျောင်း၊ ဝယ်ပေါင်၊ ဝယ်ဇင်၊ ကျောင်းရွာ စတဲ့ ကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “စစ်ရှောင်အရေအတွက်က ခန့်မှန်းခြေ ထောင်ကျော်လောက်တော့ ရှိမယ်။ အတိအကျတော့ မသိရဘူး။ ရှောင်တာကတော့ ရေးမြို့ပေါ်နဲ့ ဓမ္မပါလကျေးရွာဘက်ကို ရှောင်ကြတာ။ ကျန်ခဲ့တဲ့ ရွာခံတွေကလည်း အပြင်မထွက်ရဲကြဘူး။…

Read More

စိတ်မနှံ့တဲ့ မိခင်ဖြစ်သူက ၅ နှစ်အရွယ် သမီးငယ်ကိုသတ်ပြီး သူကိုယ်တိုင် ကြိုးဆွဲချအဆုံးစီရင်သွားခဲ့မှု နေပြည်တော်မှာ ဖြစ်ပွား

ဇန်နဝါရီ ၂ဝ – ၂ဝ၂၅ KKO(VOM) စိတ်မနှံ့တဲ့ မိခင်ဖြစ်သူက ၅ နှစ်အရွယ်သမီးငယ်ကိုသတ်ပြီး သူကိုယ်တိုင် ကြိုးဆွဲချအဆုံးစီရင်သွားခဲ့တဲ့ဖြစ်စဉ်တခု နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းက ရွာသစ်ကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “ကလေးလည်းသေဆုံးသွားတယ်၊ မိခင်လည်းသေဆုံးသွားပါတယ်။ သားအမိနှစ်ယောက်နဲ့အတူ အဘွားအိုတယောက်နေပါတယ်။ အဘွားအိုကလည်းစိတ်မနှံ့တဲ့သူလို့ပြောတယ်။ မိခင်က စိတ်ကမမှန်တဲ့သူ စိတ်ကမနှံ့တဲ့ စိတ်ကျန်းမာရေးရောဂါသည်ပေါ့၊သူက ကလေးကို ဓါးနဲ့လည်ပင်းဒဏ်ရာရ‌အောင်လုပ်တယ်။ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာရအောင်လုပ်တယ်။အဲဒီဒဏ်ရာတွေနဲ့ ကလေးငယ်ကသေဆုံးသွားတယ်။ကလေးကို သေလောက်တဲ့ နေရာတွေကိုဓါးနဲ့ထိုးပြီးတော့မှ မိခင်ဖြစ်သူက သူ့ကိုယ်သူ ကြိုးဆွဲချအဆုံးစီရင်သွားတာပါ။ DeadBody က ကလေးတယောက်၊ လူကြီးတယောက်ပါ”လို့ နယ်ခံ လူမှုကူညီရေးသမားတယောက်က VOM ကို ပြောပါတယ်။ ယခုဖြစ်စဉ်ဟာ ဒီနေ့ ဇန်နဝါရီ ၂ဝ ရက်၊မွန်းလွဲ ၂ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပြီး မိခင်ဖြစ်သူ ဒေါ်—— စိတ် ကျန်းမာရေးမကောင်းသူ​ဟာ သမီးဖြစ်သူ (၅)နှစ်အရွယ် မ——-ကို လည်ပင်လှီးဖြတ်၊ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတွေနဲ့ ကွယ်လွန်စေခဲ့ပြီး…

Read More

ပွဲဈေးတန်းနှင့် ဆိတ်ပုဆိုးကြမ်းဟင်း

  ဆူးငှက် သီတင်းကျွတ်လဆန်းကစခဲ့တဲ့ ဘုရားပွဲတွေနှင့်အတူ တန်ဆောင်မုန်းလမှာလည်း ကထိန်ပွဲတွေရှိတယ်။ ကထိန်တွေဆို တာကလည်း မန္တလေးမှာက သီတင်းကျွတ်လပြည့်ကျော် ၁ ရက် နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ ရုံးတွေ၊ ကျောင်းတွေ၊ ရပ်ကွက်တွေ၊ အသင်းအဖွဲ့တွေ၊ ဈေးတွေက ခင်းလိုက်ကြတာ ခြိမ့်ခြိမ့်သည်းပါပဲ။ အရင်ကတော့ မန္တလေးရဲ့အသည်းနှလုံး ဈေးချိုတော် ၁၂ နှင့် ဈေးတန်းအသီးသီးက ကထိန်တွေဟာ ထင်ရှားတယ်။ နေ့လယ်နေ့ခင်းမှာပဲ ဈေးရုံထဲ၊ ဈေးတန်းထဲမှာ လှူဖွယ်ပဒေသာပင်တွေသီး၊ ဉာပ်မကြီးပြင်ပြီး အငြိမ့်တွေ၊ တီးဝိုင်း တွေနဲ့ ဧည့်ခံကြ ကေþးမွေးကြကာ အုန်းခြိမ့်ခြိမ့်ညံပါ။ အလားတူ ဝါးတန်းကထိန်၊ ဒေါင်းရိုးကထိန်၊ ပိုက်ကျုံးကထိန်၊ ပွဲကုန်းကထိန်၊ ပွဲစားကုန်သည် စက်ပိုင်များကထိန် ဆိုတာတွေကလည်း အပြိုင် အဆိုင်ပေါ့။ ဒီကထိန်ကြီးတွေမှာ အချို့ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းကဆိုတော့ အကြိမ် ၁၀၀ မြောက်တောင် ခင်းကျင်း…

Read More

ဗန္ဓုလတံတားအဆင်း ယာဥ်တိုက်မှု အမျိုးသမီး နှစ်ယောက်သေ​ပြီး ကားသမားထွက်ပြေး

ဇန်နဝါရီ ၂၀ – ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် ၊ ဗန္ဓုလတံတားအဆင်းမှာ ဇန်နဝါရီ ၁၉ရက်နေ့ညပိုင်းက အမျိုးသမီးနှစ်ယောက် ကားတိုက်ခံရပြီးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ မနေ့က ည၆ နာရီကျော်လောက်မှာ ကားတိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီးနှစ်ယောက် ကိုဝင်တိုက်ခဲ့တဲ့ကားသမားကတော့ ကားမောင်းပြီးထွက်ပြေးသွားကြောင်း၊ တိုက်ခံရတဲ့အမျိုးသမီးနှစ်ယောက်ရဲ့မိသားစုဝင်တွေနဲ့လည်းအဆက်သွယ်မရသေးဘူးလို့သိရပါတယ်။ “ဒေါပုံဘက်ခြမ်းအဆင်းမှာဖြစ်တာပါ။လမ်းဖြတ်ကူးတာကိုတိုက်သွားတဲ့ပုံပါ။အဝေးကတော့ဖြစ်ပုံမရဘူး။ဒါပေမယ့်ခုချိန်ထိသူတို့နဲ့ပတ်သက်လို့ဘာမှစုံစမ်းလို့မရသေးဘူး။မနေ့က ၆ နာရီ၂၀လောက်ကတိုက်တာ။လက်ရှိယာဥ်ထိန်းရဲ့သုံးသပ်ချက်အရတော့တိုက်သွားတဲ့ကားကိုတော့ခန့်မှန်းထားတယ်။တိုက်သွားတဲ့ကားရဲ့ကျန်ခဲ့တဲ့ပစ္စည်းအပိုင်းအစကိုကြည့်ပြီးခန့်မှန်းတာပေါ့။ယာဥ်တိုက်မှုဖြစ်ချိန်မီးကလည်းပြတ်နေတော့CCTV ကလည်းကြည့်မရဘူးဖြစ်နေတယ်။” လို့ မြေပြင်ကူညီရေးသွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းဝင်ကပြောပါတယ်။ လက်ရှိမှာ တာဝန်ရှိသူတွေကတော့ လူသေစေ တဲ့အထိ တိုက်ပြီးမောင်းပြေးသွားတဲ့ ကားကိုစုံစမ်းရှာဖွေနေကြောင်း၊ သေဆုံးအမျိုးသမီးတွေက အသက် ၂၀ ဝန်းကျင်နဲ့၂၇ ဝန်းကျင်လောက်တွေဖြစ်ပြီး ရုပ်အလောင်းတွေကိုတော့ ရန်ကုန်ဆေးရုံ ကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ထဲမှာ Light Truck ယာဥ်တစီး အရှိန်လွန်ပြီး လမ်းဘေးသစ်ပင်ကိုဝင်ရောက်တိုက်မိပြီး အမျိုးသားငါးယောက်၊ အမျိုးသမီးငါးယောက်နဲ့ ကလေး နှစ်ယောက်တို့ ထိခိုက် ဒဏ်ရရှိခဲ့တယ်လို့သိရပါတယ်။ နှစ်သစ်ကူးညကလည်း ရန်ကုန် တိုင်း ၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊…

Read More

ဓါးစာခံ သုံးယောက် ဟားမတ်စ်တို့လက်မှ လွတ်မြောက်လာပြီး အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၉၀ ပြန်လွှတ်

ဂါဇာစီးတီး၊ ဇန်နဝါရီ-၂၀-၂၀၂၅ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ အပစ်အခတ်ရပ်စဲရေးရဲ့ တစိတ်တပိုင်းအဖြစ် အစ္စရေးဟာ ပါလက်စတိုင်းကအကျဉ်းသား ၉၀ ကိုလွှတ်ပေးခဲ့တယ်လို့ အစ္စရးအကျဉ်းထောင် အာဏာပိုင်တွေက အတည်ပြုပါတယ်။ အပြန်အလှန်အားဖြင့် ဟားမတ်စ်တို့ကလည်း အစ္စရေးဓါးစာခံ သုံးယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဟားမတ်စ်တို့ လွှတ်ပေးလိုက်တဲ့ အသက် ၃၁ နှစ်အရွယ် Doron Steinbrecher ၊ ဗြိတိန်-အစ္စရေးနိုင်ငံသား ခံယူထားတဲ့ ၂၈ နှစ်အရွယ် Emily Damari နဲ့ ၂၄ နှစ်အရွယ် Romi Gonen တို့ဖြစ်ပြီး တဲလ်အဗစ်ဆေးရုံမှာ အခြေအနေတည်ငြိမ်တယ်လို့ ဆိုပါတယ်။ Emily Damari ကတော့ လက်ချောင်းနှစ်ချောင်း ဆုံးရှုံးတဲ့အခြေအနေမျိုးနဲ့ ပတ်တီးတွေမြင်တွေ့ရပါတယ်။ ဟားမတ်စ်တို့ကတော့ ပါလက်စတိုင်းအကျဉ်းသား ၃၀ လွှတ်ပေးတိုင် ဖမ်းဆီးထားတဲ့ အစ္စရေးဓါးစာခံ တယောက်ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။ ဂါဇာကမ်းမြှောင်ဒေသ အပစ်အခတ်ရပ်စဲရေး စတင်သက်ဝင်လာပေမယ့်…

Read More

ရွေးကောက်ပွဲထက် အပစ်ရပ်ရေး ဦးစားပေးဖို့ မြန်မာကို အာဆီယံတိုက်တွန်း၊ အထူးကိုယ်စားလှယ် စေလွတ်ဖို့ စီစဉ်နေ

ကွာလာလမ်ပူ၊ ဇန်နဝါရီ-၂၀-၂၀၂၅ မျိုးဆက်(VOM) မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတရပ်ကို မလေးရှားနိုင်ငံမှာ ကျင်းပခဲ့ပြီး အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံစေလွှတ်ဖို့ စီစဉ်နေပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ယခုနှစ်အာဆီယံအလှည့်ကျဥက္ကဖြစ်တဲ့ မလေးရှာနိုင်ငံ လန်ကာဝီကျွန်းမှာ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ အစည်းအဝေးကျင်းပခဲ့ကြပြီး မြန်မာဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး အမြဲတမ်းအတွင်းဝန် တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်ဘက်က ရှင်းလင်းတင်ပြခဲ့ပေမယ့် မလေးရှားအပါအဝင် အာဆီယံနိုင်ငံအချို့တော့ ရွေးကောက်ပွဲထက် အပစ်အခတ်ရပ်စဲရေးကို ဦးစားပေးဖို့ တိုက်တွန်းနေကြပါတယ်။ အခြားနိုင်ငံအချို့တော့ ရွေးကောက်ပွဲကို လွတ်လပ်ပွင့်လင်းပြီး တရားမျှတဖို့ တိုက်တွန်းမှုတွေလည်း ရှိခဲ့ပါတယ်။ သူတို့တွေက ရွေးကောက်ပွဲလုပ်ချင်နေတာ သိထားတယ်။ ဒါပေမယ့် ဒီအချိန်မှာ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူးဆိုတာ အရမ်းရိုးရှင်းနေတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က အစည်းအဝေးမှာ ပြောပါတယ်။ လွန်ခဲ့တဲ့လေးနှစ်က အာဆီယံနဲ့ မြန်မာအာဏာပိုင်တွေအကြား ရရှိခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ကိုလည်း မလေးရှားကတိုက်တွန်းခဲ့ပြီး အသစ်ခန့်အပ်ထားတဲ့…

Read More

ရွှေလီ အထည်ချုပ်စက်ရုံရောက် မြန်မာလုပ်သားတွေ အချိန်ပိုများစွာ ဖိအားပေးစေခိုင်းခံရ ၊ စက်ရုံ တိုက်ပေါ်က ခုန်ချမှုတွေထိ ဖြစ်ပွား

ဇန်နဝါရီ ၂၀၊ ၂၀၂၅ Shy V (VOM) ရွှေလီ အထည်ချုပ် စက်ရုံရောက် မြန်မာလုပ်သားတွေ အချိန်ပို များစွာ ဖိအားပေး စေခိုင်းခံရလို့ စက်ရုံ တိုက်ပေါ်က ခုန်ချတဲ့ထိဖြစ်လာကြောင်း အထည်ချုပ် စက်ရုံ လုပ်သားတွေနဲ့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။ “ရွှေလီက အထည်ချုပ် စက်ရုံ တခုမှာ အလုပ် တအားခိုင်းလို့ မြန်မာ အလုပ်သမား သုံးယောက် စက်ရုံ ပေါ်ကနေ ခုန်ချသွားတယ်။ အခု ဆေးရုံ ရောက်နေတယ်။ စက်ရုံ ပိုင်ရှင်တွေက သတင်း မပေါက်ကြားဖို့ လိုက်ဖုံးနေတာ။ ဒါပေမယ့် အကုန် သိကုန်ပြီလေ” လို့ နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။ အထည် လိုချင် တဲ့ အရေအတွက် မပြည့်မချင်း မနက် သုံး နာရီ အထိ ဖိအားပေး…

Read More
VOM News

FREE
VIEW