ဇန်နဝါရီ ၂၂၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ ဝိန်းဆိုင်ရွာမှာ MNDAA တပ်ဖွဲ့က ရုံးသစ်ဖွင့်ဖို့ ပြည်သူပိုင် ဆန်စက်ရုံကို ဖယ်ရှားခိုင်းလို့ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်ခန့်ကစ ပြည်သူ ရာချီ ဆန္ဒပြခဲ့ကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီ စပါးကြိတ်စက်ရုံကို လုံးဝ မပြောင်းရွှေ့ပေးနိုင်ဘူး။ ဒေသခံ ပြည်သူတွေ စပါးကြိတ်နေတဲ့ စက်ပဲ။ ဒီစပါးကြိတ်စက်က ပြည်သူတွေ ဘာလုပ်လုပ် မင်းတို့ ( MNDAA)နဲ့ မဆိုင်ဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ အခုချိန်မှာ ပြည်သူတွေ ဆင်းရဲ ဒုက္ခ များစွာနဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေရတာဖြစ်ပြီး တိုက်ပွဲပြီးလို့ ပြည်သူတွေ အခုမှ နလန်ထလာနိုင်တာေကြာင့် အဲဒီ ဘုံ…
Read MoreMonth: January 2025
တူရကီမှာ နှင်းလျှောစီး အပန်းဖြေဟိုတယ် မီးလောင်မှု လူ ၇၆ ယောက်သေဆုံး
အန်ကာရာ၊ ဇန်နဝါရီ-၂၂-၂၀၂၅ မျိုးဆက်(VOM) တူရကီနိုင်ငံရှိ နာမည်ကြီးနှင်းလျှောစီး အပန်းဖြေဟိုတယ်တခုမှာ မီးလောင်မှုကြောင့် လူ ၇၆ ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဘိုလူရှိ သစ်သားနဲ့ တည်ဆောက်ထားတဲ့ ၁၂ ထပ်အမြင့်ရှိ ဂရန်းကာတယ်ဟိုတယ်မှာ မီးလောင်ကျွမ်းချိန်မှာတော့ အားလပ်ရက်အပန်းဖြေသူ ၂၃၄ ယောက ဟိုတယ်မှာ တည်းခိုနေထိုင်နေပါတယ်။ မီးလောင်ကျွမ်းမှုအပြီး နာရီပိုင်းအတွင်းမှာပဲ သေဆုံးသူ ၁၀ ယောက်ထိရှိခဲ့ပြီး ပြတင်းပေါက်ကနေခုန်ချလို့ လူနှစ်ယောက်သေဆုံးခဲ့ပါတယ်။ မီးကို ၁၂ ကြာငြှိမ်းသတ်ခဲ့ရပြီး ဟိုတယ်ပိုင်ရှင်အပါအဝင် လူကိုးယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တရားရေးဝန်ကြီးက ပြောပါတယ်။ ဒဏ်ရာရသူ ၅၁ ယောက်အနက် တယောက်မှာ အခြေအနေစိုးရိမ်ရပြီး ၁၇ ယောက်မှာ ဆေးရုံဆင်းခွင့်ရှိသွားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်ချိန်တွင် ဟိုတယ်ပိုင်ရှင်မိသားစုဟာ ဟိုတယ်မှာရှိနေခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပေမယ့် ကနဦးသတင်းတွေအရ ဟိုတယ်စတုတ္ထထပ်ရှိ စားသောက်ဆိုင်မှ မီးလောင်မှုစတင်ခဲ့ပြီး…
Read Moreဗန်းမော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ထား
ဇန်နဝါရီ ၂၂၊ ၂၀၂၅ Shy V VOM ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်ပေါင်းစုတွေက ဝိုင်းဝန်းပိတ်ဆို့ထားလိုက်ကြောင်း ဒေသခံတွေနဲ့ နှစ်ဖက် တပ်ဖွဲ့ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “တကယ်တော့ ဗန်းမော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်ပေါင်းစုတွေက ဝိုင်းဝန်းပိတ်ဆို့ထားတာပါ။ နစက တပ်ဖွဲ့တွေ ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ တော့ မပြောတတ်ဘူး။” လို့ KIA နဲ့ ပူးပေါင်းတပ်ပေါင်းစု အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ မြို့ထဲ ပြည်သူတွေ ရှိနေသေးတာကြောင့် အပြင်းအထန် ထိုးစစ်ဆင်လို့ မရပဲ မံစီဘက်က နစက တပ်ဖွဲ့ဝင် တချို့ ဗန်းမော်ဘက် ဝင်သွားအောင် လုပ်ထားပြီး ဝိုင်းရံ ပိတ်ဆို့ လိုက်တာလို့ သိရတယ်လို့ သူက ပြောပါတယ်။ “ဗန်းမော်မှာတော့ စစ်ရှောင်နေတဲ့ နေရာကနေတောင် ပစ်ခတ်သံ…
Read Moreနောင်ချိုမှာ ဒီနေ့လည်း လေကြောင်းတိုက်ခိုက်ခံရလို့ လူရှစ်ယောက်သေပြီး ဒဏ်ရာရသူတွေလည်းရှိနေ
ဇန်နဝါရီ ၂၂ – ၂၀၂၅ GG (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့မှာ ဒီနေ့ဇန်နဝါရီ ၂၂ ရက်နေ့မှာလည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ရှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ နောင်ချိုမြို့ရဲစခန်းအနီးကို လေကြောင်းကနေ ဗုံးနှစ်ကြိမ်ကြဲချတိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း၊ ဗုံးကလက်ဘက်ရည်ဆိုင်ပေါ်ကိုကျပြီး လူသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” လေယာဥ်ခုမနက်ဗုံးထပ်ကြဲပါတယ်။ကြဲတာတော့ရဲစခန်းကိုကြဲတာဖြစ်နိုင်ပေမယ့် ပါရမီလက်ဖက်ရည်ဆိုင်ပေါ်တည့်တည့်ကျတာ ။ဆိုင်ကဈေးအရှေ့ဘက် ၊ရဲစခန်းအနောက်ဖက်၊ ဂေါ်ရခါးဘုရားကျောင်းဘေးကဆိုင်ပါ။သေတဲ့အထဲ လက်ဖက်ရည် ဆိုင်ရှင်လင်မယားလည်းပါတယ်။သူတို့အပါ သေတာကလောလောဆယ်သိရတာရှစ်ယောက်ပေါ့။ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်သိရတယ်။ပြင်ဦးလွင်ဘက်ကနေလည်းလက်နက်ကြီးပစ်ခတ်မှုရှိနေတယ်။” လို့ ဒေသခံကပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေရှိနေပြီး ထိခိုက်သူအရေအတွက်အ တိအ ကျမသိရှိရသေးဘူးလို့ဆိုပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး နောင်ချိုမြို့ကိုထိန်းချုပ်နေတဲ့ TNLA ကလည်း လေကြောင်းဗုံးကြံခံရတာမှန်ကြောင်း၊ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့သတင်းထုတ်ထပေမယ့် အခြေအနေအသေးစိတ်ကိုထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ မနေ့ကဇန်နဝါရီ ၂၁ ရက်နေ့ကလည်း နောင်ချိုမြို့ပေါ်က စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးတဝိုက်ကို လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီးလူနှစ်ယောက်သေကာ တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ နစကဘက်ကတော့ နောင်ချိုမြို့လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး…
Read Moreအပစ်ရပ်ရေး ဒုတိယနေ့မှာ ဂါဇာအတွက် အကူအညီပေးရေးယာဉ် အစီး ၉၀၀ ကျော်ဝင်ရောက်
ဂါဇာစီးတီး၊ ဇန်နဝါရီ-၂၁-၂၀၂၅ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ၁၅ လကြာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး ဒုတိယမြောက်နေ့မှာ ဂါဇာကမ်းမြှောင်ဒေသကို အကူအညီပေးရေးယာဉ် ၉၁၅ စင်း ဝင်ရောက်ခဲ့တယ်လို့ ကုလသဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ပြောပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေတင်ဆောင်ထားတဲ့ ယာဉ် ၆၃၀ ဟာ ပါလက်စတိုင်း အသိုက်အဝန်းအတွင်း ဖြန့်ဖြူးမှာဖြစ်ပြီး အစီးရေ ၃၀၀ ထက်မနည်းကတော့ အငတ်ဘေးဆိုက်နေတဲ့ ဂါဇာမြောက်ပိုင်းကို သွားရောက်နေတယ်ဆိုတာကို အပစ်အခတ်ရပ်စဲရေး အာမခံထားတဲ့ အမေရိကန်၊ ကာတာနဲ့ အီဂျစ်တို့ကို အကြောင်းကြားထားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကနဦး အပစ်ရပ်ကာလ ခြောက်ပတ်အတွင်းမှာ ထောက်ပံ့ရေးယာဉ် အစီး ၆၀၀ ကိုနေ့စဉ်ဝင်ရောက်ခွင့်ပြုရမှာပြီး ဒီထဲက ထက်ဝက်ကိုတော့ ဂါဇာမြောက်ပိုင်းကို ပို့ဆောင်ရမှာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ ဒီဇင်ဘာလအတွင်းမှာ ဂါဇာကမ်းမြှောင်ဒေသအတွက် ကယ်ဆယ်ရေးယာဉ် ၂၈၉၂ စီးဝင်ရောက်ခဲ့ပြီး လူသားချင်းစာနာမှုအကူအညီများကို ဖြန့်ဝေခဲ့သော်လည်း လုယက်…
Read Moreကျိုင်းတုံ အိမ်မီးလောင်မှု အိမ်ရှင်အမျိုးသားမီးလောင်သေဆုံး
ဇန်နဝါရီ ၂၁ – ၂၀၂၅ GG (VOM) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ နောင်ခေ့လမ်းမှာ ဒီနေ့ဇန်နဝါရီ ၂၁ ရက်နေ့မနက်ပိုင်းက နေအိမ်မီးလောင်မှုဖြစ်ပွားပြီး အိမ်ပိုင်ရှင်အမျိုးသားမီးလောင်သေဆုံးခဲ့တယ်လို့သိရပါတယ်။ မီးလောင်မှုက မနက်အစော ၁ နာရီကျော်လောက်မှာစတင်ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် မီးသတ်ကားတွေက မနက်၃ နာရီလောက်မှသိရှိပြီး ရောက်ရှိလာတာကြောင့် မီးလောင်ချိန်ကြာမြင့်ပြီးမှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့မျက်မြင်ဒေသခံတွေပြောပြချက်အရသိရပါတယ်။ “မြို့မရဲစခန်းထောင့် လမ်းဆုံက အောင်နိုင်စတိုးအိမ်မီးလောင်တာပါ။ မီးက ၁ နာရီကျော် လောက်ကတည်းကစလောင်တာကို ၃ နာရီကျော်လောက်မှမီးသတ်ကားတွေရောက်တယ်။ဆက်သွယ်တာနောက်ကျလို့ပဲလားဘာလားသေချာမသိဘူး။အိမ်ရှင်ဦးလေးကြီး ဦးအောင်နိုင်လည်းမီးထဲပါသွားတယ်။အိမ်လည်းမီးထဲအကုန်ပါသွားတယ်။” လို့ မျက်မြင်ဒေသခံတယောက်ပပြောပြပါတယ်။ အဆိုပါ နေအိမ်မီးလောင်မှုက ဝါယာကြိုးရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တာဖြစ်ကြောင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။ မီးလောင်မှုကိုတော့ ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ၃နာရီ ၅၃ မိနစ်မှာ မီးစတင်ငြှိမ်းသတ်ခဲ့ပြီး၄နာရီ၃၀မိနစ်မှာမီးငြိမ်းခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရီ ၁၈…
Read Moreနောင်ချိုမှာလေကြောင်းတိုက်ခိုက်ခံရ နှစ်ယောက်သေ တယောက်ထက်မနည်းဒဏ်ရာရ
ဇန်နဝါရီ ၂၁ – ၂၀၂၅ CC (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်ကို ဒီနေ့ဇန်နဝါရီ ၂၁ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်ခံရလို့ နှစ်ယောက်သေဆုံးကာ တယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ နောင်ချိုမြို့ပေါ် စည်ပင်ရုံးနဲ့ထွေအုပ်ရုံးတဝိုက်ကို လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပြီး အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက် သေဆုံးကာ နောက်ထပ် တယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စည်ပင်အဆောက်အဦးနဲ့ နေအိမ် အဆောက်အဦးတွေလည်းထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ ” ၂ နာရီကျော်လောက်မှာလေယာဥ်ဗုံးကြဲသွားတာပါ။ နှစ်ကြိမ်လာကြဲသွားတယ်။ ထွေအုပ်ရုံးတဝိုက်ကအိမ်တွေထိတယ်။ တစညပါတီရုံးထိတယ်။ ခုသိရသလောက်အမျိုးသမီးတယောက်နဲ့ အမျိုးသားသေတယ်။ လင်မယားလို့လည်းပြောတယ်။ နောက်ထပ်ဒဏ်ရာရတဲ့ထဲမှာလည်း အမျိုးသမီးတယောက်ပါတယ်။ ဒဏ်ရာရတာကတယောက်မကဘူးလို့ သိထားတယ်။ အိမ်တွေလည်းထိတယ်။ “လို့ ဒေသခံကပြောပါတယ်။ နောင်ချိုမြို့ကိုတော့ TNLA နဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး TNLA ဘက်ကလည်း နစကမှလေကြောင်းတိုက်ခဲ့ကြောင်းပြောဆိုထားပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စည်ပင်ရုံးနဲ့နေအိမ်အချို့ပျက်စီးခဲ့သလို မီးလောင်ခဲ့တာကြောင့်…
Read Moreသည်းခေါင် ကြွေလုပန်း
ဆူးငှက် ရွက်ကြွေ… မိုးစက်… မြေသက်နှင်းပန်း ဤသို့ဖြင့် ရာသီအခါခါအလီလီ ပြောင်းပြန်လေတော့ ဘဝဆိုသော အတွေ့အကြုံကို ပျော်ရွှင်မှုနည်းနည်း ခါးသီးမှုများ စွာဖြင့် ကျော်ဖြတ်ရသောအခါ ‘ပန်းမြိုင်လယ်’ကို ကျွန်တော် မေ့လျော့နေတာ ကြာပါပြီ။ သို့ပေမယ့် ကြောင်းခြင်းရာများစွာဖြင့် ဖိစီးမှုတွေ ကြောင့် တစ်ခါတစ်ရံ ရှားပါးစွာ ညအိပ်ရာဝင်ချိန် ကက်ဆက်သံ တိုးတိုးလေးမှ တင်တင်မြ၏ ပန်းမြိုင်လယ်သည် ဘဝအမောကို ပြေနေဆဲဖြစ်ပါ၏။ ‘အို… ဘုန်း မြင်တော်မူလှည့်ဦး၊ ကြော့ယဉ်မဆုံးငယ် ရွှေကေရှင်းသော်တာ လနန်းငွေတိမ်စင် ကြေးမုံပြင် သွင်မြသား’ ဟူသော အပိုဒ်ရောက်မှသာ ‘အို… ဘုန်း မြင်တော်မူလှည့်ဦး’ဟူ၍ ဘယ်ဆီဘယ်ဝယ်မသိ အော်ဟစ် တမ်းတချင်စိတ်ပိုမိသလို ငယ်လွမ်းစိတ်ဖြင့် လတ်ဆတ်သွားပြန်သည်။ မည်သို့ပင် လှုပ်ရှားရုန်းကန်ရစေ နက်ဖြန် နက်ဖြန်ဆို သော ပူပန်စိတ်ဟာ…
Read Moreကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ နုတ်ထွက်ဖို့အပါအဝင် အမိန့်များစွာကို ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဇန်နဝါရီ-၂၁-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတဖြစ်လာပြီးနောက် နာရီပိုင်းအတွင်းမှာပဲ ဒေါ်နယ်ထရန့်ဟာ အမိန့်များစွာကို လက်မှတ်ရေးထိုးထုတ်ပြန်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ နုတ်ထွက်မယ့်လုပ်ငန်းစဉ် စတင်ဖို့ အမိန့်ရပ်ကိုလည်း လက်မှတ်ထိုးလိုက်ပါတယ်။ ဒီကိစ္စကလည်း ကိစ္စကြီးတခုပဲလို့ အိမ်ဖြူတော်ကို တကျော့ပြန်ရောက်လာတဲ့ ထရန့်ကပြောပါတယ်။ ဒါဟာ အမေရိကန်အနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ ဒုတိယအကြိမ်မြောက် နုတ်ထွက်ဖို့ကြိုးပမ်းမှုလည်း ဖြစ်ပြီး သူ့ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ကိုဗစ်ကပ်ရောဂါအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိုင်တွယ်မှုကြောင့် နုတ်ထွက်ဖို့ စီစဉ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဂျိုးဘိုင်ဒင်တက်လာပြီးနောက် ဒီဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ပါတယ်။ ဒါအပြင် ပါရီရာသီဥတုပြောင်းလဲဆိုင်ရာ သဘောတူညီချက်ကနေလည်း နုတ်ထွက်မယ်လို့ ထရန့်က ကတိပြုလိုက်ပြန်ပါတယ်။ ထရန့်လက်ထက် ၂၀၁၇ ခုနှစ်ကလည်း အလားတူလုပ်ဆောင်ခဲ့ပေမယ့် ဂျိုးဘိုင်ဒင်လက်ထက်မှာ ပြောင်းပြန်ဆုံးဖြတ်ခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာစည်းမျဉ်းတွေကို ပြောင်းပြန်လှန်ကာ ရေနဲ့နဲ့ သဘာ၀ဓါတ်ငွေ့ တိုးထုတ်မယ့် အမျိုးသားစွမ်းအင် အရေးပေါ်အခြေအနေကိုလည်း အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။ ဒါအပြင် ဒေါ်နယ်ထရန့်ဟာ တစ်တော့ကို ရောင်းချဖို့နဲ့…
Read Moreပုသိမ်မြို့နယ်တိုက်ပွဲ ပိုမိုပြင်းထန်လာပြီး လူထိခိုက် သေဆုံးမှုတွေ ရှိလာ
ဇန်နဝါရီ ၂၁ – ၂၀၂၅ SS (VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး လူထိခိုက် သေဆုံးမှုတွေလည်း ရှိလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရွှေသောင်ယံမြို့၊ မကျီးဇင်အနီးရှိငှက်ပျောတောင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့က နစကတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၁၇ ရက်နေ့၊ မနက်ပိုင်းမှာတော့ ဘောမိကျေးရွာ ချောင်းဖျားပိုင်းထိ တိုက်ပွဲ ရောက်ရှိလာကာ ပိုမို ပြင်းထန်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ “အခုကတော့ ဘောမိအထိ တိုက်ပွဲရောက်လာတာပေါ့။ လက်ရှိ တိုက်ပွဲအခြေအနေက လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိတယ်။ နစကဘက်က ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုံပေါင်းပြီး ခုခံနေတာ။ အခုဆို ကျေးရွာ သုံးရွာလောက်က နေအိမ် အလုံး ၄၀၀ လောက်လည်း ပျက်စီးသွားပြီ။…
Read More