ဇန်နဝါရီ ၂၃ – ၂၀၂၅ SS (VOM) ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်၊ မနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး တယောက်သေ၊ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ သိရပါတယ်။ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်းနဲ့ တောင်ငူလမ်းထောင့်မှာ ဒီမနက် ၅ နာရီ ၂၁ မိနစ်ဝန်းကျင်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ရပ်ထားတဲ့ တွဲကားကို ဟိုက်ဂျက်ယာဉ်က ဝင်တိုက်ခဲ့တာကြောင့် ဟိုက်ဂျက်ယာဉ်ပေါ်ပါ ငါးယောက်အနက် အမျိုးသမီးတယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ “တွဲကားက လှိုင်သာယာ (၁) ရပ်ကွက်က တောင်ငူနဲ့ တပင်ရွှေထီးလမ်းဆုံမှာ ဘေးကပ်ပြီးရပ်ထားတာ။ အဲဒါကို ဟိုက်ဂျက်က နောက်ကဝင်တိုက်တာ။…
Read MoreMonth: January 2025
မလွှဲတောင်အတက်မှာ ကားချောက်ထဲကျပြီး ငါးယောက်သေပြီး ငါးယောက်ဒဏ်ရာရ
ဇန်နဝါရီ ၂၃ – ၂၀၂၅ GG (VOM) ရေး-ထားဝယ်လမ်းမကြီး၊ မလွှဲတောင်အတက်၊ ၁၄ မိုင်ဘုန်းကြီးကျောင်းအကွေ့မှာ ခရီးသည်တင်ကား လမ်းဘေး ချောက်ထဲကျတိမ်းမှောက်ပြီး ငါးယောက်သေဆုံးကာငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့ ၊နေ့လယ်၂ နာရီလောက်မှာ ရေးမြို့ကနေပြန်လာတဲ့ ခရီးသည်တင်ကားတိမ်းမှောက်ခဲ့တာဖြစ်ပြီး သေဆုံးသူငါးယောက်ထဲမှာ Grade-11 ကျောင်းသူနဲ့ ဘွဲ့ယူပြီးပြန်လာတဲ့ကျောင်းသူ တွေပါဝင်တယ်လို့သိရပါတယ်။ “သေတာက အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီးသုံးယောက်ပါ။ သေတဲ့အထဲမှာ မန္တလေးကနေဘွဲ့ယူပြန်လာတဲ့ကောင်မလေးလည်းပါတယ်။သူနဲ့အတူပါတဲ့အဖိုးနဲ့အဖွားလည်းဆုံးတယ်။ကားကအရှိန်လွန်ပြီးချောက်ထဲကျတယ်လို့ယူဆရတယ်။ သူတို့ကိုမေးတော့လည်းကားက ဝုန်းဒိုင်းဆိုပြီးမှောက်သွားတာပဲသိတယ်။ကားပေါ်မှာက ၁၁ယောက်ပါတာကို တယောက်ပဲခုန်ချလို့လွတ်သွားတယ်။ဒဏ်ရာရတာက ယောကျ်ားလေးသုံးယောက်နဲ့အမျိုးသမီးနှစ်ယောက်ပါ။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ အောင်မင်္ဂလာနာရေးကူညီမှုနှင့်လူမှုကယ်ဆယ်ရေး အသင်းဝင်ကပြောပြပါတယ်။ အဆိုပါ ခရီးသည်တင်ကားက တနင်္သါရီတိုင်း ၊ရေဖြူမြို့နယ်၊ မင်းသားအုပ်စု၊ မော်ကြီးကျေးရွာက ကားဖြစ်ပြီး ရေးမြို့နယ်ကနေပြန်လာစဥ် အရှိန်များပြီးတိမ်းမှောက်ခဲ့တာဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူတွေထဲကလေးယောက်ကိုရေးဆေးရုံကိုပို့ထားပြီး ဒဏ်ရာပြင်းထန်တယောက်ကိုတော့ မော်လမြိုင်ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ အဆိုပါ မလွှဲတောင်တက်လမ်းမှာ ခရီးသည်တင်ကားတွေ မကြားခဏတိမ်းမှောက်လေ့ရှိပြီး မိုးတွင်းကာလမှာပိုပြီးအဖြစ်များတယ်လို့သိရပါတယ်။ဒါကြောင့် ယာဥ်မောင်းတွေအနေနဲ့…
Read Moreတရုတ်နဲ့ ရုရှားထိ ပစ်ခတ်နိုင်တဲ့ တိုင်ဖွန်းဒုံးပစ်လောင်ချာစနစ်တွေကို အမေရိကန်စစ်တပ် နေရာပြောင်း
မနီလာ၊ ဇန်နဝါရီ-၂၃-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်စစ်တပ်ဟာ ကီလိုမီတာထောင်နဲ့ချီခရီးရောက်တဲ့ ဒုံးကျည်မျိုးစုံပစ်ခတ်နိုင်တဲ့ တိုင်ဖွန်းဒုံးပစ်လောင်ချာတွေကို ဖိလစ်ပိုင် လာအော့လေဆိပ်မှ လူဇွန်ကျွန်းရှိ အခြားနေရာတခုသို့ ပြောင်းရွှေ့ထားကြောင်း ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတယောက် ပြောပါတယ်။ လောင်ချာတွေမှာပါဝင်တဲ့ တွမ်မဟော့ဒုံးကျည်တွေဟာ ဖိလစ်ပိုင်ကနေ တရုတ်၊ ရုရှားနိုင်ငံပစ်မှတ်တွေကို ပစ်ခတ်နိုင်ပြီး အက်စ်အမ်-၆ ဒုံးကျည်ကတော့ ၁၆၅ မိုင်ထိ ပင်လယ်ပြင် ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒုံးပစ်လောင်ချာတွေကို ပြန်လည်နေရာချထားမှုဟာ ပစ်ခတ်မယ့်နေရာကို ဒီစနစ်ဘယ်လောက် မြန်မြန်ရွှေ့ပြောင်းနိုင်မလဲဆိုတဲ့အပေါ်ကို အထောက်အကူဖြစ်စေတယ်လို့ ဖိလစ်ပိုင်အစိုးရ ထိပ်တန်းတာဝန်ရှိသူက ပြောပါတယ်။ ဒါဟာ ပဋိပက္ခအတွင်း ဒီစနစ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကောင်းမွန်စေတဲ့ နည်းလမ်းတခုအဖြစ် ရှုမြင်တယ်လို့ ဆိုပါတယ်။ တိုင်ဖွန်းဒုံးပစ်လောင်ချာစနစ်ဟာ အာရှဒေသမှာ သင်္ဘောဖျက်လက်နက်တွေ အမေရိကန်စစ်တပ်ရဲ့ ဖြန့်ကြက်မှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ ဒီစနစ်တွေကို ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ ပြောင်းရွှေ့နေရာချထားကြောင်း အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်ကလည်း အတည်ပြုထားပြီး ဘယ်နေရာကို…
Read Moreဒေါ်နယ်ထရန့် ကျမ်းကျိန်ပြီးနာရီပိုင်းအကြာ ပူတင်နဲ့ ရှီကျင်းပင်တို့ဆွေးနွေးပြီး ရုရှား-တရုတ်ဆက်ဆံရေး တိုးမြှင့်ဖို့ ကတိပြု
ပေကျင်း၊ ဇန်နဝါရီ-၂၂-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့်ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နာရီပိုင်းအကြာမှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ရုရှားသမ္မတ ပူတင်တို့ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုတိုးမြှင့်ဖို့ ကတိပြုလိုက်ကြပါတယ်။ ရှီကျင်းပင်ကို ပူတင်က ချစ်လှစွာသော မိတ်ဆွေကြီးလို့ ခေါ်ဝေါ်သုံးစွဲခဲ့ပြီး ရုရှားနဲ့တရုတ်တို့ဟာ ပြင်ပဖိအားတွေ ရှိနေပမယ့် ချစ်ကြည်ရင်းနှီးမှု ၊ အပြန်အလှန်ယုံကြည့်မှုနဲ့ ပံ့ပိုးကူညီမှုစတာတွေကို အခြေခံပြီး ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်နေတယ်လို့ ရုရှားသမ္မတ က ပြောပါတယ်။ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုတွေကို ဆက်လက်နက်ရှိုင်းစေဖို့ ၊ အပြန်အလှန် ပံ့ပိုးကူညီမှုတွေ ခိုင်မာစေရေးနဲ့ တရားဝင်အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုတယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်က ပူတင်ကိုတိုက်တွန်းပါတယ်။ ထရန့်အစိုးရက စိတ်ဝင်စားတယ်ဆိုရင် နှစ်ဘက်အကျိုးရှိပြီး လေးစားမှုကိုအခြေခံတဲ့ အမေရိကန်နဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ဖို့ ရုရှားနဲ့တရုတ်က အဆင်သင့်ရှိတယ်လို့ သမ္မတနှစ်ယောက် ဆွေးနွေးပွဲပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး…
Read Moreချောင်းသာနဲ့ငွေဆောင်က ဒေသခံတွေ စစ်ရှောင်မှုတွေရှိနေ၊ ကမ်းခြေဟိုတယ်တွေ မပိတ်ပေမယ့် ခရီးသွားမရှိသလောက် နည်းပါး
ဇန်နဝါရီ ၂၂ – ၂၀၂၅ KKO(VOM) ချောင်းသာကမ်းခြေက ဟိုတယ်တွေကိုဆက်လက်ဖွင့်လှစ်ထားပေမယ့် ရွှေသောင်ယံတကြောက တိုက်ပွဲတွေကြောင့်လက်ရှိကာလ မှာ ခရီးသွားဧည့်သည်တွေ မရှိသလောက်နည်းပါးနေတယ်လို့ ချောင်းသာဒေသခံတွေထံကနေ သိရပါတယ်။ “ဧည့်သည်ကမရှိသလောက်နည်းသွားပြီ၊အတော်လေးပါးသွားပြီ။အခုဘောမိတို့ဘက်မှာဖြစ်တဲ့သတင်းတွေကြောင့် ချောင်းသာကိုဧည့်သည်တွေမလာကြတော့ဘူး။ဟိုတယ်တွေကတော့ မပိတ်ဘူး၊ ပိတ်လို့လည်း မရဘူးလေ။အခုတိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့ ဘောမိနဲ့ ချောင်းသာက အတော်လေးလှမ်းပါ သေးတယ်။သူကကြားမှာ မြစ်နှစ်ခုလောက်ဖြတ်ရသေးတယ်။ကုန်းလမ်းကဆိုရင်သူက ဘောမိကနေ ဒီဘက်ကိုလာဖို့ ဆိုင်ကယ်လမ်းပဲရှိမယ်။မြစ်ရှိတဲ့နေရာတွေဆို ဆိုင်ကယ်ကိုလှေပေါ်တင်ပြီး ကူးပေါ့။ရေလမ်းကဆိုရင်တော့တိုက်ရိုက်လာလို့ရတယ်။အခုဘောမိဘက်မှာလည်းအသံတွေကြားနေရတော့ ချောင်းသာဘက်က တချို့ရှောင်တဲ့သူတွေလည်းရှောင်၊ ပစ္စည်းရွှေ့တဲ့သူတွေလည်းရွှေ့ပေါ့၊ ဒါလေးတွေတော့ရှိတယ်၊ တွေ့ရတယ်။မဖြစ်သော် လည်းကြိုတင်ပြင်ဆင်ကြတဲ့သဘောပါ။ ခရီးသွားဧည့်သည်တွေကတော့ မရှိကြတော့ဘူး၊မလာကြတော့ဘူး” လို့ ချောင်းသာကမ်းခြေဒေသခံ တယောက်က VOM ကို ပြောပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေအနေနဲ့ ယခုချိန်ခါမှာ လာရောက်လည်ပတ်ဖို့မသင့်လျှော်ဘူးဆိုတဲ့ အသိပေးနှိုးဆော်မှုတွေလည်းရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ ပြောပြမှုအရ ချောင်းသာကမ်းခြေမှာ ခရီးသွားဧည့်သည်တွေမရှိသလောက်နည်းပါးသွားပြီး ခရီးသွားဝင်ရောက်မှုတွေမရှိသော်လည်း ဟိုတယ်တွေကိုတော့ ဆက်လက်ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။ “လမ်းကတော့…
Read Moreမဏ္ဍပ်၊ ကရဝိက်ဖောင် နှင့် ဖလားစုံ ကွမ်းအစ်
ဆူးငှက် ကျွန်တော် ငယ်စဉ်ကတည်းက အဖေနှင့် လိုက်ကာ ဆိုင်းတွေ အငြိမ့်တွေ ဇာတ်တွေ ကြည့်နေလို့ ဆိုင်းဆရာ ဖြစ်ချင်တာလား၊ လူပြက်ဖြစ်ချင်တာလား၊ ဇာတ်မင်းသား ဖြစ်ချင်တာလား ဆိုသည်ကို အခုပြန်စဉ်းစားတော့ တစ်ခုမှ မဟုတ်။ တကယ်တော့ အိမ်နှင့် အိမ်ဝန်းကျင်မှာ ရွယ်တူ ကစားဖော်မရှိဘဲ နိစ္စဓူ၀ ဒီလူကြီးတွေအနားပဲ လူကြီးစကားတွေချည်း နားထောင်နေရလို့ အပြင်ကို လူအများကြား နေလိုခြင်း သွားလိုခြင်း ကြားလိုခြင်း ဖြစ်ပေမည်။ သို့သော် တစ်ခုတော့ ရှိသည်။ ငယ်စဉ်က ဝါသနာပါသည်က ပန်းချီ ပုံဆွဲ ဖြစ်လိမ့်မည်။ အင်း… ဒါလည်း သိပ်မရေရာလှပေ။ သတိထားမိတာ တစ်ခုကတော့ ကျွန်တော်တို့ နေအိမ်တည်ရှိရာ ဝင်း၏ မြောက်ဘက်ကပ်လျှက် ဘုန်းကြီးကျောင်းတိုက်ရှိသည်။ ဒက္ခိဏဝံကျောင်းတိုက်ဟု ကမ္ပည်းတင်သည်။ ဒက္ခိဏဝံကျောင်းထဲက အလှူများ မကြာခဏ…
Read Moreနစက နဲ့ MNDAA တပ်ဖွဲ့တို့အကြား အပစ်အခတ် ရပ်စဲပြီလို့ တရုတ်ထုတ်ပြန်ပြီးနောက် ဒေသခံတွေရဲ့ သဘောထားအမြင်
ဇန်နဝါရီ ၂၂၊ ၂၀၂၅ Shy V (VOM) နစက တပ်ဖွဲ့နဲ့ MNDAA တပ်ဖွဲ့တို့အကြား အပစ်အခတ် ရပ်စဲပြီးနောက် လားရှိုး ဒေသခံ လူငယ် တေယာက်ကတော့ MNDAA က တပ်မဆုတ်ပေမယ့် အရပ်ဖက် အုပ်ချုပ်ရေး ပုံစံ ပြောင်းလဲ သွားနိုင်တယ်လို့ ထင်မြင် ယူဆကြောင်း ပြောပါတယ်။ “ကိုးကန့်က မဆုတ်ပါဘူး။ ဝ လည်း ထိမ်းမှာမဟုတ်ဘူး။ ကိုးကန့်ကနေပြီး အရပ်ဖက်အဖွဲ့တခုကို လွှဲပြောင်းနိုင်ပါတယ်။ ဖြစ်နိုင်ခြေပါဗျ။ အတိအကျတော့ မပြောနိုင်ပါဘူး။” လို့ သူက ပြောပါတယ်။ စစ် ေဘး ရှောင်နေကြရတဲ့ ဒေသခံတွေကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက် လေကြောင်း အန္တရာယ် ကင်းသွားရင် နေရပ် ပြန်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ “တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ မော်နင်း…
Read Moreကန့်ဘလူမှာ ဒရုန်းဗုံးကြောင့် ဒေသတွင်းလက်နက်ကိုင်တွေ ထိခိုက် ကျဆုံးများခဲ့
ဇန်နဝါရီ ၂၂ – ၂ဝ၂၄ KKO(VOM) စစ်ကိုင်းတိုင်း ကန့်ဘလူဒေသတွင်းတိုက်ပွဲတခုမှာ ဒရုန်းဗုံးထိမှန်လို့ ဒေသတွင်းလက်နက်ကိုင်တွေ အကျအဆုံးအထိအခိုက်များပြားခဲ့တယ်လို့ တိုက်ပွဲဖြစ်တဲ့အရပ်တွေရဲ့ သတင်းတွေအရ သိရပါတယ်။ နစက တပ်ပိုင်းဆိုင်ရာနဲ့ နီးစပ်သူတွေရဲ့တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြမှုတွေအရ နမခနယ်မြေ ကျွန်းလှမြောက်ခြမ်းဒေသကို နစက တပ်ဘက်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတခုကိုလုပ်ဆောင်ခဲ့ရာမှ ဒေသခံကာကွယ် ရေး လက်နက်ကိုင်တပ်တွေဖြစ်တဲ့ နယ်ခံ PDF တပ်ဖွဲ့ဝင်တွေ အများအပြားထိခိုက်ဒဏ်ရာရခဲ့သလို အကျအဆုံးတွေလည်းအများအပြားရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကန့်ဘလူဒေသအခြေပြု သတင်းမီဒီယာဌာနတခုကတော့ ကန့်ဘလူမြို့နယ်အတွင်းမှာ နစက တပ်ဘက်က တိုက်ခိုက်လာတဲ့ ဒရုန်းဗုံးထိမှန်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးပြီး ၁၄ ဦးဒဏ်ရာရခဲ့တယ်လို့ ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။ “ကန့်ဘလူတို့ ကျွန်းလှတို့ဆိုတာက စစ်ကိုင်းတိုင်းအလယ်ပိုင်းမှာရှိတာပေါ့။ မုံရွာဟိုဘက်ခြမ်းပေါ့။အခုကြားနေရတဲ့ သတင်းတွေအရ တပ်ကစစ်ကိုင်းတိုင်းဘက်ကိုလေကြောင်းကနေ တိုက်ခိုက်မှုတွေကို တော်တော်လေးလုပ်နေတယ်ကြားတယ်။ စစ်ကိုင်းကိုပြန်ဖိနေတဲ့သဘောလားတော့မသိဘူးပေါ့။ နောက်တခုကြားနေရတာက PDF တပ်တွေက စစ်ကိုင်းတိုင်းထဲက ကလေးနဲ့ တမူးဘက်တွေကိုဝင်တိုက်မယ်လို့လည်းကြားနေရတယ်။…
Read Moreလာနီညာအရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး တောင်သူတွေ သတိပြုဖို့ လို
ဇန်နဝါရီ ၂၂ – ၂၀၂၅ SS (VOM) လာနီညာအရှိန်ကြောင့် လာမယ့် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့အတွက် တောင်သူတွေအနေနဲ့ သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ လာနီညာရာသီဥတု ဖြစ်စဉ်ကြောင့် ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေ အဖြစ်များနိုင်တဲ့အတွက် အဲဒီအရှိန်ကြောင့် မိုးရွာသွန်းတာတွေ ရှိလာနိုင်ကာ အထူးသဖြင့် မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေ သတိပြုဖို့လိုတယ်လို့ ဦးလှထွန်းက ပြောပါတယ်။ “ဒါက လာနီညာရဲ့သက်ရောက်မှုပေါ့။ သူက ဖေဖော်ဝါရီ၊ မတ်လောက်အထိ ရှိနိုင်တယ်။ အချိန်အခါမဟုတ် မိုးတွေရွာနိုင်တယ်။ ရွာရန်ရွာနှုန်း ၆၀ ၊ ၇၀ လောက်အထိ ရှိနိုင်တယ်။ ဒါကြောင့် စိုက်ရေးပျိုးရေး အပါအဝင် ရာသီဥတုနဲ့ ဆက်စပ်မှုရှိတဲ့ ကဏ္ဍတွေမှာ သတိထားဖို့လိုတယ်” လို့ သူက ပြောပါတယ်။…
Read Moreတရုတ်သွင်းကုန်တွေကို ဖေဖော်ဝါရီ ၁ ရက်ကစပြီး အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံနိုင်တယ်လို့ ထရန့်ပြော
ဝါရှင်တန်၊ ဇန်နဝါရီ-၂၂-၂၀၂၅ ရတီ(VOM) ဥရောပသမဂ္ဂအပေါ် အခွန်စည်းကြပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကတိပြုလိုက်ပြီး တရုတ်သွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမှုကို ဖေဖော်ဝါရီ ၁ ရက်မှ စတင်နိုင်တယ်လို့ ပြောပါတယ်။ ဖန်တနိုင်းမူးယစ်ဆေးတွေ အမေရိကန်ကို ဝင်ရောက်မှုနဲ့ပတ်သက်ပြီး တရုတ်ကို အခွန်ကောက်ဖို့ ရည်မှန်းထားပြီး အီးယူ-အမေရိကန် ကုန်သွယ်ရေးမညီမျှမှုကိုလည်း ပြုပြင်ဖို့လိုတယ်လို့ ထရန့်က အိမ်ဖြူတော်မှာသတင်းထောက်တွေကို ပြောပါတယ်။ ဒီနိုင်ငံတွေက အမေရိကန်ကို ဆိုးဆိုးရွားရွားဆက်ဆံနေပြီး ဒါကြောင့်သူတို့ဟာ အခွန်အခတွေ ပေးဆောင်ရမှာဖြစ်ပြီး ဒီလိုမလုပ်ရင် တရားမျှတမှုမရှိဘူးလို့ အီးယူနဲ့ပတ်သက်ပြီး သူကပြောပါတယ်။ အီးယူဟာ လုံလောက်တဲ့ အမေရိကန်ထုတ်ကုန်တွေကို တင်သွင်းမှုမရှိကြောင်း၊ ဒါကြောင့်အ ခွန်စည်းကြပ်တာ ဒါမှမဟုတ် အမေရိကန်ရဲ့ ရေနံနဲ့ သဘာ၀ဓါတ်ငွေ့တွေကို ပိုမိုဝယ်ယူဖို့ လိုတယ်လို့ ထရန့်က ဆိုပါတယ်။ မက္ကဆီကိုနဲ့ ကနေဒါတို့ကိုတော့ ဖန်တနိုင်းမူးယစ်ဆေးတွေ တားဆီးနိုင်မလားဆိုတဲ့အချက်အပေါ် အခြေခံပြီး တရုတ်ကိုတော့ အခွန်…
Read More