အမေရိကန်ရောက် အထောက်အထားမဲ့တွေကို နှင်ထုတ်ဖို့ ထရန့်သမ္မတဖြစ်တဲ့နေ့မှာ အမိန့်ထုတ်ပြန်ဖို့ရှိ

ဝါရှင်တန်၊ ဇန်နဝါရီ-၂၀-၂၀၂၅ ရတီ(VOM)     အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ဟာ သူသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ အစီအမံချမှတ်ဖို့ အမိန့်ထုတ်ပြန်မယ်လို့ ပြောပါတယ်။     သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ တရက်အလို ဝါရှင်တန်မှာ ပြုလုပ်တဲ့ စုဝေးပွဲမှာ ထောက်ခံသူတွေကို ထရန့်က ကတိပြုပြောဆိုခဲ့တာဖြစ်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေးအမိန့်တွေကို မြင်တွေ့ရမှာဖြစ်ကာ နို်ငငံနယ်နိမိတ်တွေကို ကျူးကျော်နေမှု ရပ်တန့်သွားလိမ့်မယ်လို့ ထရန့်က ဆိုပါတယ်။   မနက်ဖြန် သမ္မတအဖြစ် ပထမဆုံးမိန့်ခွန်းမှာ ကြေညာမယ့် နယ်စပ်လုံခြုံရေးအစီအမံတွေဟာ ကမ္ဘာပေါ်မှာ နယ်နိမိတ် ကာကွယ်ရေးအစီအမံတွေထဲမှာ ပြင်းထန်ပြီး အရှိန်အဟုန်နဲ့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဘယ်မြို့ကနေစမယ်ဆိုတာ မပြောပေမယ့် မြန်မြန်ဆန်ဆန် စတင်ပြီး လူတွေ မျက်မြင်တွေ့ရလိမ့်မယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။   ဒေါ်နယ်ထရန့်ဟာ အမေရိကန်ရဲ့ ၄၇…

Read More

ရုပ်ရှင် ၊ဂီတ၊ သရုပ်ဆောင်၊ ဒါရိုက်တာ ရွှေခြံသန်းမြင့်ကွယ်လွန်

ဇန်နဝါရီ ၂၀ – ၂၀၂၅ GG (VOM) ရုပ်ရှင် ၊ဂီတ၊သရုပ်ဆောင်ဒါရိုက်တာ ရွှေခြံသန်းမြင့် ဒီနေ့ဇန်နဝါရီ၂၀ ရက်နေ့မနက် ၅ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားပြီလို့သိရပါတယ်။ ရွှေခြံသန်းမြင့်က တော်လှန်ရေးဇာတ်ကားတွေမှာ သူကြီးအဖြစ်အများဆုံးသရုပ်ဆောင်ခဲ့ပြီး ဘုန်းကြီးဇာတ်ရုပ်ကိုလည်းသရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ” မနက်ပိုင်းကလူကြီးရောဂါနဲ့ပဲ ဆုံးသွားပြီလို့သိရပါတယ်။သန်ဘက်ခါသဂြိုလ်မယ်။ကိုဗစ်တွေဒီမှာ စဖြစ်ကတည်းက ရူပ်ရှင်တွေလည်းသိပ်မရိုက်ကြတော့ဘူးလေ။ အဘခြံလည်းအဲဒီထဲက ဇာတ်ကားတွေ သိပ်မရိုက်တော့ဘူး။ရန်ကုန်လောက်ပဲသူရိုက်တယ်။အနုပညာလောကအတွက်တော့ ဆုံးရှုံးမှုပါ။ဒါပေမယ့်လည်းသေခြင်းတရားက ဘယ်သူမှရှောင်လို့မရတာ။ကျွန်တော်တို့လည်း ရှောင်လွှဲမရဘူးလေ။” လို့ အနုပညာရှင်တယောက်က ပြောပါတယ်။ ရွှေခြံသန်းမြင့်က သေဆုံးချိန်မှာအသက် ၈၃ နှစ်ရှိပြီဖြစ်ပါတယ်။ နာရေးစျာပနအခမ်းအနားကိုတော့ ဇန်နဝါရီ၂၂ ရက်နေ့ ကျီစုသုဿန်မှာမီးသဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။ ရွှေခြံသန်းမြင့်ဟာ အိမ်ထောင်ကျပြီးနောက် အသက်၄၂ နှစ်ရောက်မှ အနုပညာလောကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အနုပညာလောကကိုစတင်ဝင်ရောက်ချိန်မှာ အသံကက်ဆက်ဇာတ်လမ်းတွေမှာ အသံသွင်းခဲ့ပြီးမှ သရုပ်ဆောင်အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ရွှေခြံသန်းမြင့်ဟာ အသံကက်ဆက်ဇာတ်လမ်းပေါင်း၁၂၀၀ ကျော် အသံသွင်းခဲ့ပြီး ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်း ၇၀၀ ကျော်ရိုက်ကူးခဲ့တယ်လို့သိရပါတယ်။ Photo…

Read More

အဆိုတော်ကောင်းမြင့်စံ အင်းလျားကန်ထဲခုန်ချ အဆုံးစီရင်

ဇန်နဝါရီ ၂၀- ၂၀၂၅ CC (VOM) အဆိုတော် ကောင်းမြင့်စံ ခေါ် စုဗူးက ရန်ကုန်က အင်းလျားကန်ဘောင်အတွင်း ခုန်ချကာ မိမိကိုယ်ကိုသတ်သေခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့မှာနေအိမ်ကနေ ထွက်သွားပြီးနောက် အဆက်သွယ်ပြတ်တောက်သွားကာ ဇန်ဝါရီ ၁၉ ရက်မှာမှ အင်းလျားကန်ဘောင်ထဲကနေ အလောင်းတွေ့ရှိရတာဖြစ်တယ်လို့ သိရတယ်။ ” အင်းလျားကန်ထဲ ခုန်ချသတ်သေသွားတာပါ။အလောင်းလည်းတွေ့ပါပြီ။ ဘဝကိုခုလိုလွယ်လွယ်အရှုံးပေးသွားတာလည်းမ​ပြောတတ်ပါဘူး။စိတ်သဘောထားကောင်းတဲ့ညီလေးပါ။ နောက်ဘဝခုလိုမဖြစ်ပါစေနဲ့ဆုတောင်းပေးပါတယ်။ တကယ်စိတ်မကောင်းဘူးဗျာ။မနက်ဖန်သဂြိုလ်မယ်ပြောတယ် ။” လို့ မိသားစုနဲ့နီးစပ်တဲ့ အဆိုတော်တယောက်ကပြောပါတယ်။ အဆိုတော်ကောင်းမြင့်စံ ခေါ် စုဗူးရဲ့အလောင်းကို မြောက်ဥက္ကလာဆေးရုံကိုပို့ဆောင်ထားပြီးနာရေးစျာပနကိုတော့ ဇန်နဝါရီ ၂၀ ရက်နေ့ ဒီနေ့ ထိမ်ပင်သုဿန်မှာ သဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။ ” စိတ်မကောင်းဘူး။ စိတ်ဓာတ်ကျဆင်းနေတယ်ဆိုတာတော့သိတယ် ။ဒါပေမယ့် ဘယ်လိုကြောင့်ဒီလောက်အထိလုပ်သွားရတာလဲမသိဘူး။ ကိုယ့်ကိုယ်ကိုသတ်သေရလောက်တဲ့အထိဗျာ ဘဝကိုအရှုံးပေးသွားတယ်။သူသိပ်ချစ်တဲ့ သီချင်းတွေဆက်မလုပ်ရတော့ဘူး။” လို့ အဆိုတော်တယောက်က ဝမ်းနည်းကြောင်းပြောဆိုထားပါတယ်။ အဆိုတော်ကောင်းမြင့်စံက သေဆုံးချိန်မှာအသက် ၃၉…

Read More

မြောင်းမြမြို့ညောင်ပင်လေးဈေး မီးလောင်မှု ဆိုင်ခန်းအားလုံးနီးပါး ဆုံးရှုံး

ဇန်နဝါရီ ၂၀ – ၂ဝ၂၅ KKO(VOM) ဇန်နဝါရီလ ၁၉ ရက်၊နံနက်အစောပိုင်းအချိန်မှာ ထလောင်တဲ့ မြောင်းမြမြို့က ညောင်ပင်လေးဈေး မီးလောင်မှုမှာ ဆိုင်ခန်းအားလုံးနီးပါးဆုံးရှုံးသွားခဲ့တယ်လို့ မြောင်းမြမြို့ဒေသခံတွေရဲ့ပြောပြမှုတွေအရ VOM က စုံစမ်းသိရှိရပါတယ်။ မြောင်းမြမြို့၊ညောင်ပင်လေးဈေးမီးလောင်မှုဟာ ဇန်နဝါရီလ ၁၉ ရက်၊အစောပိုင်းအချိန်ဖြစ်တဲ့ နံနက် ၁ နာရီခွဲ အချိန်ခန့်မှာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးကိုအချိန်တနာရီကျော်ကြာအောင် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အတူ ဒေသခံတွေကညတွင်းချင်းကြိုးစားပမ်းစားငြှိမ်းသတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသတွင်းသတင်းတွေအရ မြောင်းမြမြို့၊ ညောင်ပင်လေးစျေးမီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်း ၁၀၀ နီးပါးဆုံးရှုံးသွားခဲ့တယ်လို့ သိရပြီး ဈေးအတွင်းမှာရှိတဲ့ ဆိုင်ခန်းအများစုကတော့ ဆန်ဆိုင်တွေအများဆုံးဖြစ်တယ်လို့ မြောင်းမြမြို့ဒေသခံတွေက VOM ကို ပြောပါတယ်။ “မနက် ၁ နာရီ ၁ဝ မိနစ်မှာစလောင်တာပါ။‌စံပြမုန့်တိုက်ရှေ့ကနေ စလောင်တာပါ။‌မနက် ၂ နာရီခန့်မှာမှ မီးညွန့်ကျသွားတယ်။ညောင်ပင်လေးစျေးတော့ကုန်သွားပေမဲ့တခြားနေရာတွေကိုတော့ကူးစက်လောင် ကျွမ်းခဲ့ခြင်းမရှိပါဘူး”လို့ မြောင်းမြမြို့ ဒေသခံတယောက်က ပြောပါတယ်။ မြောင်းမြမြို့၊ညောင်ပင်လေးဈေးမီးလောင်မှုဟာ ဝါယာရှော့ကြောင့် မီးလောင်မှုဖြစ်နိုင်တယ်လို့…

Read More

ဒေါ်နယ်ထရန့်က အာမခံပြီးနောက် အမေရိကန်မှာ TikTok ဝန်ဆောင်မှုတွေ ပြန်သုံးလို့ရ

ဝါရှင်တန်၊ ဇန်နဝါရီ-၂၀-၂၀၂၅ ရတီ(VOM) အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က သူသမ္မတဖြစ်လာရင် TikTok ကိုပိတ်သိမ်းထားတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အမိန့်တရပ် ထုတ်ပြန်မယ်လို့ အာမခံလိုက်ပြီးနောက် အမေရိကန်မှာ TikTok အသုံးပြုမှုတွေ ပြတ်တောက်ခဲ့ရာကနေ ပြန်ရရှိနေပြီဖြစ်ပါတယ်။ တရုတ်အခြေစိုက် ဘိုက်ဒန့်ကုမ္ပဏီပိုင် TikTok ကို လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် ရောင်းချခြင်းမပြုရင် အမေရိကန်မှာ ပိတ်ပင်မယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ပြီးနောက် စနေနေ့ ညနေကတည်းက အမေရိကန်သုံးစွဲသူ သန်း ၁၇၀ ဟာ TikTok အသုံးပြုမရဖြစ်ခဲ့ပါတယ်။ TikTok ပိတ်ပင်တာကို ယခင်ကထောက်ခံတဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ဒီဥပဒေ အကောင်အထည်ဖော်မှုကို နှောင့်နှေးစေပြီး သဘောတူညီချက်တခုပြုရန် အချိန်ပိုပေးမယ်လို့ ကတိပြုလိုက်ပြီးနောက် ဝန်ဆောင်မှုတွေ ပြန်လည်သုံးစွဲနိုင်ပြီလို့ TikTok က မနေ့က ဆိုပါတယ်။ သမ္မတဖြစ်လာမယ့် ထရန့်က လိုအပ်တဲ့ရှင်းလင်းမှုတွေနဲ့ အာမခံချက်တွေပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ TikTok ကိုအမေရိကန်မှာ ရေရှည်လည်ပတ်လုပ်ကိုင်နိုင်ရေးအတွက်…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဇန်နဝါရီ ၂၀ – ၂၀၂၅ SN (VOM) ဒီတပတ်မှာလည်း ရွှေဈေးတွေက အတက်ဈေးမှာပဲ ရှိနေပါတယ်။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း အတက်ဘက်မှာသာ ရှိနေတာဖြစ်ပါတယ်။ စက်သုံးဆီဈေးကွက်မှာတော့ ၉၂ ဓာတ်ဆီတမျိုးတည်းသာ အရင်တပတ်ဈေးနှုန်းအတိုင်း မပြောင်းမလဲ ရှိနေပါတယ်။ ၉၅ ဓာတ်ဆီဈေးကတော့ ကျနေပြီး ဒီဇယ်ဈေးတွေကတော့ မြင့်တက်နေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ ကုန်စည်တချို့ အမြင့်ဈေးမှာရှိနေပြီး တချို့ ကုန်စည်ဈေးတွေကတော့ ပြန်တက်နေပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း အခု ၂၀၂၅ ခုနှစ်၊ နှစ်စမှာ အတက်ဘက်ကို ပြန်ရောက်လာတဲ့ ပြည်တွင်းက အခေါက်ရွှေဈေးဟာ လက်ရှိမှာတော့ ၆၅ သိန်းဝန်းကျင်ကို ရောက်ရှိလို့နေပါတယ်။ ရွှေဈေးဟာ ဒီတပတ် ဇန်နဝါရီ ၁၅ ရက်၊ နေ့လယ်ပိုင်းမှာ ၆၇ သိန်းဝန်းကျင်အထိ အတက်ကြမ်းခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇန်နဝါရီ ၁၆ ရက်၊ မနက်ပိုင်းမှာတော့ ၆၆…

Read More

တစ်ခါလာလဲ မန္တလေးပဲလား

    ဆူးငှက်   ကုန်လွန်ခဲ့သော ဆယ်စုနှစ် ၂စုကျော် ၂၀၀၀ခုနှစ် နိုဝင်ဘာလဆန်းရက်က မန္တလေး-လားရှိုးလမ်းမကြီးဘေး အောင်ချမ်းသာရွာစွန်ရှိ ဘုန်းကြီးကျောင်းတွင် ကထိန်ခင်းရန် ၂ညအိပ် ရောက်ရှိကြသည်။ ကျွန်တော်တို့ တည်းခိုကြသည့် ဘုန်းကြီးကျောင်းကလေးက ၂ပင် ၄ခန်းလောက်ပဲ ရှိမည်။ ခေါင်းရင်းတစ်ခန်းမှာ ဘုရားစင်အုတ်ပလ္လင်က နေရာ ယူထား၏။ “ပန်းစိုက်မြေ”မို့ ငွေ ပန်းစိုက်အိုးကြီးတွေမှာ ပန်းရောင်စုံနှင့် ကြည်နူးစရာကောင်းလှသည်။ ဆီမီးကိုးတိုင်ကား မနေ့က တစ်နေ့ခင်းလုံး၊ မနေ့ကတစ်ညလုံး၊ အခု မနက်ခင်းအထိ မီးမပြတ်ဘဲ ယိမ်းနွဲ့လင်းလက်။ ကြွေအိုးလေးများမှ အမွှေးတိုင် ရနံ့တို့လည်း ကြိုင်လှောက်နေသည်။ အုန်းပွဲ၊ ငှက်ပျောပွဲများကား ဆင်းတုတော်တိုင်းရှေ့တွင် စိမ်းစို ဝင်းဝါလျက်။     သင်္ကန်းကပ်ဖို့အချိန်က စောသေးသည်။ တချို့လည်း လမ်းလျောက်ထွက်ကြ၊ လက်ဖက်ရည်သောက် ထွက်ကြ၊ ကျွန်တော်တို့သာ ဝီရိယကြီးစွာ မနက်မလင်းခင်ကတည်းက မှောင်ကြီးမည်းမည်း ပိုးမကြောက်၊…

Read More

ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်မြင့်တက်

ဇန်နဝါရီ ၁၉ – ၂၀၂၅ SS (VOM) ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံ အများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲတွေကြောင့် ဇန်နဝါရီ ၆ ရက်ကနေ ၁၃ ရက်နေ့အထိ တပတ်အတွင်း ကြာအင်းဆိပ်ကြီးမြို့နယ်ကို တိမ်းရှောင်လာသူ ၁၂၀၃ ယောက်ရှိပြီး သံတောင်ကြီးမြို့နယ်ကို ၉၅ ယောက်၊ ဖာပွန်မြို့နယ်ကို ၉၉ ယောက် တိမ်းရှောင်ခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ကရင်ပြည်နယ်တွင်း နစကတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အဆက်မပြတ် ရှိနေတဲ့အတွက် ကော့ကရိတ်၊ လေးကေ့ကော်၊ ဖာပွန်၊ မြဝတီ…

Read More

မတ်ပဲတတင်းကို တသိန်းအောက်သာ ​ပေါက်​​စျေးရှိလို့ တောင်သူတွေဒုက္ခရောက်

ဇန်နဝါရီ ၁၉- ၂၀၂၅ CC (VOM) ပြည်ပပို့ကုန် ပဲစျေးကွက်မှာ မတ်ပဲစျေးနူန်းကဆက်တိုက်ကျဆင်းလာပြီး တစ်တန်ကိုသိန်း ၃၀ အောက်အထိပင်ကျဆင်းသွားတာကြောင့် တောင်သူတွေမှာ အကျိုးအမြတ်မရတဲ့အပြင်အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ မတ်ပဲ FAQ တစ်တန်ကို ၂၉၉၅၀၀၀ ကျပ်သာ စျေးတန်းရှ်ပြီး နယ်ကုန်စည်ဒိုင်နဲ့ပွဲရုံတွေမှာဆိုရင်လည်း အရည်အသွေးကောင်း မတ်ပဲပိဿာ ၂၀ တတင်းကိုမှ ကျပ်၉၀၀၀၀ ကျော်သာရှိတော့တဲ့အတွက် တောင်သူတွေအရှုံးပေါ်နေရတာဖြစ်တယ်လို့သိရပါတယ်။ အရည်အသွေးညံ့ပြီး ပဲအလုံးသေးတဲ့မတ်ပဲတွေဆိုရင် ပိဿာ၂၀ တတင်းကို၇၀၀၀၀ ၊၈၀၀၀၀ ဝန်းကျင်သာ စျေးပေးဝယ်ယူနေကြတယ်လို့သိရပါတယ်။ ” မတ်ပဲစျေးကတော့ ကျွန်တော်တို့ကိုအသေသတ်နေသလိုပဲ။စျေးကဆက်တိုက်ကျတယ်။အခု၉၀၀၀၀ ကျော်ဆိုတာ သူတို့ကြိုက်တယ်ဆိုတဲ့ပဲမျိုးမှပေးတာ။မဟုတ်ရင်မရပါဘူး။အခုကပဲရွေးနေတယ်။မနှစ်ကထက်ကိုအခြေအနေဆိုးပါတယ်။ခုနှစ် စိုက်ပျိုးစရိတ်တွေပိုပြီးသုံးရ ကုန်ကျတဲ့နှစ်မှစျေးကကျနေတော့ ကျွန်တော်တို့ရှုံးတာပေါ့။ ပဲမရောင်းပဲလှောင်ထားနိုင်ရင်တော့ အတိုင်းအတာတခုအထိတော်အုံးမယ်။” လို့ မတ်ပဲစိုက်တောင်သူ ကပြောပါတယ်။ ခုနှစ်မှာ မတ်ပဲစိုက်ခင်းတွေမှာ ရောဂါပိုးကျရောက်မှုတွေများတာကြောင့် စိုက်ပျိုးရေးဆေးသုံးစွဲရမှုက အရင်နှစ်ထက်ကုန်ကျမှုများတဲ့အပြင် လယ်ထွန်စက်ငှားရမ်းခ၊အလုပ်သမားငှားရမ်းခ၊ပဲမျိုးစျေး စတဲ့အထွေထွေကုန်ကျသရိတ်တွေမြင့်လာတာကြောင့် မတ်ပဲတတင်းကို ၁၅၀၀၀၀ ကျပ်နူန်းရောင်းရမှသာ တောင်သူတွေမှာအကျိုးအမြတ်ခံစားခွင့်ရှိမှာဖြစ်တယ်လို့သိရပါတယ်။ ”…

Read More

အီရန်တရားရုံးချုပ် တရားသူကြီးနှစ်ယောက် တရားရုံးထဲ ဝင်ပစ်သတ်ခံရ

တီဟီရန်၊ ဇန်နဝါရီ-၁၉-၂၀၂၅ မျိုးဆက်(VOM) အီရန်တရားရုံးချုပ် တရားသူကြီးနှစ်ယောက် ပစ်သတ်ခံခဲ့ရကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ဖော်ပြပါတယ်။ မြို့တော်တီဟီရန်ရှိ တရားရုံးထဲကို စနေ့နေ့မနက်ပိုင်းက လက်နက်ကို်ငအမျိုးသားတယောက် ဝင်ရောက်လာပြီးနောက် တရားသူကြီး အလီရာဇီနီနဲ့မိုဟာမက်မိုဟီဆာချ်တို့ သေဆုံးခဲ့တာလို့ အီရန်တရားရေးဌာနကလည် ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း သက်တော်စောင့်တယောက်လည်း ဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားဟာ အခင်းဖြစ်ရာနေရာကနေ ထွက်ပြေးပြီးနောက် ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်မှုရဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပေမယ့် သေဆုံးသွားတဲ့ တရားသူကြီးနှစ်ယောက်စလုံးဟာ ၁၉၉၀နဲ့ ၁၉၉၀ ခုနှစ်များအတွင်း အီရန်အစိုးရဆန့်ကျင်သူတွေကို နှိပ်စက်ညဉ်းပမ်း သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့ကြသူတွေလို့ သတင်းတွေက ဆိုပါတယ်။ ဒါဟာ ကြိုတင်ကြံစည်တိုက်ခိုက်မှုဖြစ်တယ်လို့ အီရန်တရားရေးဌာနကို ကိုးကားပြီး နိုင်ငံပိုင် အိုင်အာအင်န်အေ သတင်းဌာနက ဆိုပါတယ်။ သေဆုံးသွားတဲ့ တရားသူကြီးဖြစ်တဲ့ ရာဇီနီဟာ ၁၉၉၈ ခုနှစ်ကလည်း လုပ်ကြံသတ်ဖြတ်မှုနဲ့ ကြုံခဲ့ရပြီး အသက်ဘေးက လွတ်မြောက်လာသူဖြစ်ပါတယ်။…

Read More
VOM News

FREE
VIEW